Human Papillomavirus (HPV)

Patient Guide
15 July 2025 by
Human Papillomavirus (HPV)
Zwe Htoo
This page is for educational purposes only. Always consult a healthcare provider for medical concerns.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

အကျဥ်းချုပ်

HPV သည် အလွန်အဖြစ်များသော ဗိုင်းရပ်စ်အုပ်စုတစ်ခုဖြစ်ပြီး အရေပြားကို ထိခိုက်စေနိုင်သည်။ အများစုသည် လူအများစုအတွက် ကြီးမားသောပြဿနာမဖြစ်စေပါ။အချို့သောအမျိုးအစားများက လိင်အင်္ဂါကြွက်နို့များ (genital warts) ကင်ဆာ (သားအိမ်ခေါင်းကင်ဆာ၊ လိင်အင်္ဂါနှင့် လည်ချောင်းကင်ဆာများ) ကိုဖြစ်စေနိုင်သည်။

HPV သည် အရေပြားကို ထိခိုက်စေသော ဗိုင်းရပ်စ်အုပ်စုဖြစ်ပြီး မျိုးကွဲ ၁၀၀ ကျော်ရှိသည်။

လက္ခဏာများ

HPV သည် ရောဂါလက္ခဏာ ပြလေ့မရှိပါ။

လူအများစုသည် HPV ရှိမှန်း မသိဘဲ၊ ပြဿနာမရှိဘဲ နေတတ်ကြသည်။

တစ်ခါတစ်ရံ ဤဗိုင်းရပ်စ်သည် နာကျင်မှုမရှိသော အဖုအကျိတ်များ (genital warts) ကို ဖြစ်စေနိုင်ပြီး၊ ယင်းတို့ကို မိန်းမကိုယ်၊ လိင်တံ သို့မဟုတ် စအိုဝ တစ်ဝိုက်တွင် တွေ့ရနိုင်သည်။

ကူးစက်နိုင်သောနည်းလမ်းများ

HPV သည် ပါးစပ်၊ လည်ချောင်းနှင့် လိင်အင်္ဂါဧရိယာတို့ကို ထိခိုက်စေနိုင်ပြီး အလွယ်တကူ ကူးစက်နိုင်သည်။

HPVသည် ထိုးသွင်းလိင်ဆက်ဆံခြင်း ပြုလုပ်မှ ကူးစက်တာမျိုးမဟုတ်ပါဘူး။

ကူးစက်နိုင်သည့် အဓိကနည်းလမ်းများ:

  • လိင်အင်္ဂါဧရိယာ အရေပြားချင်း ထိတွေ့မှု (လိင်ဆက်ဆံမှုမပါဘဲ)
  • မိန်းမကိုယ်၊ စအို သို့မဟုတ် ပါးစပ်လိင်ဆက်ဆံမှု
  • လိင်သုံးပစ္စည်းများ အတူသုံးစွဲခြင်း

HPV သည် ရောဂါလက္ခဏာ မပြသောကြောင့် မိမိတွင် ရှိ/မရှိ သိရှိရန် ခက်ခဲသည်။

အလွန်အဖြစ်များပြီး၊ လူအများစုသည် ၎င်းကို ဘဝတစ်လျှောက် တစ်ချိန်ချိန်တွင် ကူးစက်ခံရနိုင်သည်။

အရေးကြီးသော အချက်

လိင်ဆက်ဆံဖော် များစွာနှင့် ဆက်ဆံမှသာ ကူးစက်သည်မဟုတ်ပါ။ ပထမဆုံးအကြိမ် လိင်ဆက်ဆံစဉ်တွင်ပင် ကူးစက်နိုင်သည်။

ရောဂါရှာဖွေခြင်း

HPV ကို သွေးစစ်၍မရပါ။

သားအိမ်ခေါင်းကင်ဆာ စစ်ဆေးမှု (cervical screening) တွင် သားအိမ်ခေါင်းမှ ဆဲလအနည်းငယ်ယူပြီး HPV ရှိ/မရှိ စစ်ဆေးသည်။

အသက် ၂၅ နှစ်မှ ၆၄ နှစ်အတွင်း အမျိုးသမီးများနှင့် သားအိမ်ခေါင်းရှိသူတိုင်း ဤစစ်ဆေးမှုကို ခံယူသင့်သည်။ ၎င်းသည် သားအိမ်ခေါင်းကင်ဆာမှ ကာကွယ်ပေးနိုင်သည်။

ကုသမှုနည်းလမ်းများ

HPV ပိုးကူးစက်မှုအတွက် တိုက်ရိုက်ကုသနိုင်သော ဆေးမရှိပါ။ HPV ပိုး အများစုသည် ပြဿနာမဖြစ်စေဘဲ၊ ခန္ဓာကိုယ်က ၂ နှစ်အတွင်း ဖယ်ရှားပေးနိုင်သည်။

သို့သော် HPV ကြောင့် လိင်အင်္ဂါကြွက်နို့ (genital warts) သို့မဟုတ် သားအိမ်ခေါင်းဆဲလ်ပြောင်းလဲမှုများ ဖြစ်ပါက ထိုပြဿနာများအတွက် ကုသမှုခံယူနိုင်သည်။

ကာကွယ်ရန် အချက်များ

HPV ကို အပြည့်အဝကာကွယ်နိုင်သော နည်းလမ်းမရှိသော်လည်း၊ အောက်ပါနည်းလမ်းများက အထောက်အကူဖြစ်စေပါသည်

  • ကွန်ဒုံးသုံးခြင်း - HPV ကူးစက်မှုကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးသော်လည်း၊ လိင်အင်္ဂါပတ်လည်ရှိ အရေပြားအားလုံးကို မဖုံးနိုင်သောကြောင့် လုံးဝမကာကွယ်နိုင်ပါ။
  • HPV ကာကွယ်ဆေးက လိင်အင်္ဂါကြွက်နို့၊ သားအိမ်ခေါင်းကင်ဆာအများစုနဲ့ အခြားကင်ဆာအချို့ကိုဖြစ်စေတဲ့ HPV အမျိုးအစားတွေမှ ကာကွယ်ပေးပါတယ်။ ဒါပေမယ့် HPV အမျိုးအစားအားလုံးကိုတော့ မကာကွယ်နိုင်ပါဘူး။

HPV နှင့်ဆက်စပ်သော ကျန်းမာရေးအခြေအနေများ

HPV ကို အပြည့်အဝကာကွယ်နိုင်သော နည်းလမ်းမရှိသော်လည်း၊ အောက်ပါနည်းလမ်းများက အထောက်အကူဖြစ်စေပါသည်

  • ကွန်ဒုံးသုံးခြင်း - HPV ကူးစက်မှုကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးသော်လည်း၊ လိင်အင်္ဂါပတ်လည်ရှိ အရေပြားအားလုံးကို မဖုံးနိုင်သောကြောင့် လုံးဝမကာကွယ်နိုင်ပါ။
  • HPV ကာကွယ်ဆေး - လိင်အင်္ဂါကြွက်နို့၊ သားအိမ်ခေါင်းကင်ဆာနှင့် အခြားကင်ဆာအချို့ကို ဖြစ်စေသော HPV အမျိုးအစားများမှ ကာကွယ်ပေးသည်။ သို့သော် HPV အမျိုးအစားအားလုံးကို မကာကွယ်နိုင်ပါ။
  • HPV သည် အများအားဖြင့် ပြဿနာမဖြစ်စေသော်လည်း၊

    အချို့သူများတွင် -:

    • လိင်အင်္ဂါကြွက်နို့များ (genital warts)
    • ကင်ဆာဖြစ်နိုင်သော ဆဲလ်များတွင် ပုံမှန်မဟုတ်သော ပြောင်းလဲမှုများ

    ကင်ဆာနှင့် ဆက်စပ်သော HPV အမျိုးအစားများကို "အပြင်းစား (high-risk) HPV" ဟုခေါ်ပြီး၊

    ၎င်းတို့နှင့် ဆက်စပ်သော ကင်ဆာများမှာ :

    • သားအိမ်ခေါင်းကင်ဆာ
    • စအိုကင်ဆာ
    • လိင်တံကင်ဆာ
    • မိန်းမကိုယ်အပြင်ပိုင်းကင်ဆာ (vulval cancer)
    • မိန်းမကိုယ်အတွင်းပိုင်းကင်ဆာ (vaginal cancer)
    • ဦးခေါင်း-လည်ပင်းကင်ဆာအချို့

    HPV ပိုးသည် နှစ်ပေါင်းများစွာ ခန္ဓာကိုယ်တွင်ရှိနေပြီး ဘာလက္ခဏာမှ မပြနိုင်ပါ။

    လိင်ဆက်ဆံမှုမရှိဘဲ (သို့) နှစ်ပေါင်းများစွာ လိင်ဆက်ဆံဖော်အသစ်မရှိသူများတွင်လည်း HPV ရှိနေနိုင်သည်။

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
27 April 2025