ပါဝင်သောအကြောင်းအရာများ
- သောက်သုံးနေသော ဆေးဝါးများစာရင်းပြုစုခြင်း
- ဆေးဝါးရှာဖွေရန် အကြံပြုချက်များ
- ဆေးအမှတ်တံဆိပ်ဘေးကင်းစွာပြောင်းလဲအသုံးပြုနည်း
- အစားထိုးသုံးနိုင်သော ဘေးကင်းသည့်ဆေးရှိမရှိ မေးမြန်းပါ
- ဆေးဝါးမျှဝေသုံးစွဲခြင်း
- ရက်လွန်ဆေးဝါးများ အသုံးပြုခြင်း
- ဆေးဝါးချွေတာခြင်း
- ဆေးဝါးများကို ဘေးကင်းစွာသိမ်းဆည်းနည်း
- အရေးပေါ်ဆေးကုသမှုလိုအပ်သည့် အခြေအနေများ
ဘေးအန္တရာယ်ကျရောက်ချိန်တွင် အရေးကြီးဆေးဝါးများ ရရှိမှု ပြတ်တောက်နိုင်ပါသည် ဆေးခန်းများ၊ ဆေးရုံများနှင့် ဆေးဆိုင်များ ပိတ်သိမ်းခံရခြင်း သို့မဟုတ် ပျက်စီးခြင်းများ ဖြစ်နိုင်ပါသည်။ သင်သို့မဟုတ် သင့်ဂရုစိုက်ရသူများ နေ့စဉ်သောက်သုံးရသော ဆေးဝါးများအတွက် ဘေးကင်းစွာဆောင်ရွက်နည်းများကို ဖော်ပြပေးလိုက်ပါသည်.
သောက်သုံးနေသော ဆေးဝါးများစာရင်းပြုစုခြင်း
- သင့်ဆေးများ၏ အမည်၊ ပမာဏ (သောက်သုံးရမည့်ပမာဏ)၊ အသုံးပြုရသည့်အကြောင်းရင်း (ဥပမာ- ဆီးချို၊ သွေးတိုး၊ ဝက်ရူးပြန်) တို့ကို ရေးမှတ်ထားပါ။
- ဤစာရင်းကို သင့်အိတ် သို့မဟုတ် ပိုက်ဆံအိတ်တွင် အမြဲထားပါ
- ဖြစ်နိုင်လျှင် ဆေးညွှန်း သို့မဟုတ် ဆေးဘူးအညွှန်းကို ဓာတ်ပုံရိုက်ထားပါ
အရေးကြီးသည့်အကြောင်းရင်း:
အရေးပေါ်အခြေအနေတွင် ဆေးစာရင်း (သို့) ဆေးအညွှန်းဓာတ်ပုံရှိခြင်းက ဆရာဝန်များအား သင့်လိုအပ်ချက်ကို နားလည်စေပါသည် (ဆေးပျောက်နေစေကာမူ သို့မဟုတ် အမည်မမှတ်မိတော့လျှင်ပင်)။ ပုံမှန်သောက်နေကျဆေးမရှိပါက အစားထိုးရန်လည်း ပိုမိုလွယ်ကူစေပါသည်။
.
ဆေးဝါးရှာဖွေရန် အကြံပြုချက်များ
- ပထမဦးစွာ ပိတ်မသွားသေးသော ဒေသခံဆေးဆိုင်/ဆေးရုံများကို စစ်ဆေးပါ
- မရှိပါက ဤနေရာများတွင် မေးမြန်းပါ: ကျန်းမာရေးစင်တာ၊ မိုဘိုင်းလ်ဆေးခန်း၊ အကူအညီပေးရေးစခန်းများ ရပ်ကွင်းအဖွဲ့များ၊ ဘာသာရေးဌာနများ သို့မဟုတ် အပိုဆေးဝါးရှိနိုင်သည့် အိမ်နီးချင်းများ.
- အဓိကပါဝင်ပစ္စည်း (active ingredient) နှင့် ပမာဏတူပါက မတူညီသောဆေးအမှတ်တံဆိပ်ကို ဘေးကင်းစွာအသုံးပြုနိုင်ပါသည်
ဥပမာ: ပါရာစီတမော (Paracetamol) သည် မည်သည့်အမှတ်တံဆိပ်ဖြစ်ဖြစ် အာနိသင်တူညီသည်
ဆေးအမှတ်တံဆိပ်ဘေးကင်းစွာပြောင်းလဲအသုံးပြုနည်း
သင့်ပုံမှန်ဆေးမရှိပါက အခြားအမှတ်တံဆိပ်ကို အသုံးပြုနိုင်ပါသည် — သို့သော် ဤအချက် ၂ ချက်တူညီရမည်:
- အဓိကပါဝင်ပစ္စည်း (Active Ingredient)
ဆေး၏အဓိကအာနိသင်ပေးသော ဓာတုပစ္စည်းအမည်
👉 ဆေးဘူးအညွှန်းတွင် သေးငယ်သောစာလုံးများဖြင့်ပါရှိ (ဥပမာ- paracetamol, amoxicillin) - ပမာဏ (Dose/Strength)
တစ်လုံးစီတွင်ပါဝင်သော ဆေးပမာဏ
👉 ဂဏန်းဖြင့်ဖော်ပြထား (ဥပမာ- 500 mg သို့မဟုတ် 5 mg/ml)
ဥပမာ:
သင် ပုံမှန်သောက်နေကျဆေးမှာ Panadol 500mg ဖြစ်ပါက Tylenol 500mg ကိုလည်း အစားထိုးသောက်သုံးနိုင်ပါသည် — အဘယ်ကြောင့်ဆိုသော် နှစ်မျိုးစလုံးတွင် paracetamol 500mg ပါဝင်သောကြောင့်ဖြစ်သည်။
သတိပြုရန်: ဆေးအမည်နှင့်ပမာဏကို အတည်ပြုရန် ဆေးဝါးကျွမ်းကျင်သူ၊ ကျန်းမာရေးဝန်ထမ်း သို့မဟုတ် အညွှန်းဖတ်နိုင်သူတစ်ဦးဦးကို အကူအညီတောင်းပါ။
အစားထိုးသုံးနိုင်သော ဘေးကင်းသည့်ဆေးရှိမရှိ မေးမြန်းပါ
- သင့်ပုံမှန်ဆေးမရှိပါက ဆရာဝန်/ကျန်းမာရေးဝန်ထမ်းများက အလားတူအာနိသင်ရှိသော အခြားဆေးတစ်မျိုး အကြံပြုနိုင်သည်
- ကျန်းမာရေးဝန်ထမ်း ခွင့်ပြုချက်မရှိဘဲ အသစ်သောဆေးကို မစတင်သောက်ပါနှင့်
- သတိပြုရန် : ဆေးနှစ်မျိုးတွင် မီလီဂရမ် (mg) ပမာဏတူညီနေခြင်းသည် အာနိသင်တူညီသည်ဟု မဆိုလိုပါ။ ဆေးအမျိုးအစားကွဲပါက ပမာဏတူညီသော်လည်း အာနိသင်အမျိုးမျိုးရှိနိုင်ပါသည်။ ဆေး၏အမည်နှင့် ပါဝင်ပမာဏကို အမြဲတမ်းစစ်ဆေးပါ။ မသေချာပါက ကျန်းမာရေးဝန်ထမ်းတစ်ဦးဦးကို မေးမြန်းပါ။
- ဆေးပညာရှင်နှင့် မတိုင်ပင်ဘဲ သူစိမ်းများ၏ဆေး (သို့) အမည်မသိဆေးများကို "အလားတူဆေး"ဟုဆိုစေကာမူ မသောက်ပါနှင့်
ဆေးဝါးမျှဝေသုံးစွဲခြင်း
- ကျန်းမာရေးဝန်ထမ်းများ ညွှန်ကြားချက်မရှိဘဲ ဆေးမျှဝေခြင်းကို ရှောင်ပါ
- အချို့ဆေးများသည် မှားယွင်းစွာသောက်မိပါက (အထူးသဖြင့် ကလေးများ၊ ကိုယ်ဝန်ဆောင်များ၊ အခြားရောဂါရှိသူများတွင်) ဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်မှုများ ဖြစ်စေနိုင်သည်
- အရေးပေါ်အခြေအနေတွင် ဆေးမျှဝေရမည်ဆိုပါက, ထိုသူ၏ ပုံမှန်သောက်ဆေးနှင့်ကိုက်ညီမှု (အမည်နှင့်ပမာဏတူ) ရှိမရှိ စစ်ဆေးပါ , ဆရာဝန်/ဆေးဝါးကျွမ်းကျင်သူ/အကူအညီစခန်းများထံ အမြန်ဆုံးအကြံဉာဏ်ရယူပါ
ရက်လွန်ဆေးဝါးများ အသုံးပြုခြင်း
အရေးကြီးဆေးဝါးများ ကုန်သွားပြီး ဆေးဆိုင်၊ ဆေးခန်းမရှိပါက ရက်လွန်ဆေးအချို့သည် မသောက်ဘဲနေခြင်းထက် ပိုကောင်းနိုင်သည် — သို့သော် နောက်ဆုံးရွေးချယ်မှုအဖြစ်သာ သုံးပါ။
ရက်လွန်ဆေးများ၏ အန္တရာယ်များ
- အာနိသင်လျော့နည်းခြင်း — ကုသမှုအကျိုးမရှိနိုင်ပါ
- ဘက်တီးရီးယားပေါက်ပွားနိုင်ခြင်း - (အထူးသဖြင့် အရည်/မျက်စဥ်းဆေးများ)
- တိကျသောပမာဏလိုအပ်သည့်ဆေးများ (ဥပမာ - အင်ဆူလင်၊ နှလုံးဆေး) အတွက် အန္တရာယ်ရှိနိုင်
အခြားရွေးချယ်စရာမရှိပါက:
- ရက်အနည်းငယ်သာလွန်ပြီး အေးပြီး ခြောက်သွေ့စွာသိုလှောင်ထားသော အောက်ပါဆေးပြားများကို အရေးပေါ်အခြေအနေတွင် သုံးနိုင်ပါသည်:
- ပါရာစီတမော (Paracetamol) / အိုင်ဗျူပရိုဖန် (Ibuprofen)
- ဓာတ်မတည့်မှုကျဆေး (Antihistamines)
- ချောင်းဆိုး/အအေးမိဆေးများ
- အက်စ်ပရင် (Aspirin) (အကိုက်အခဲပျောက်ဆေးအနေဖြင့်သာ)
သတိပြုရန် - မသုံးသင့်သောအခြေအနေများ ❌ ဆေးပြားများ အရောင်ပြောင်းနေ၊ စေးကပ်နေ၊ ကျိုးနေပါက ❌ အရည်ဆေးများ မှုန်နေ၊ အနံ့ဆိုးနေ၊ အပူဒဏ်ခံထားရပါက ❌ မူလထုပ်ပိုးမှု ပျက်စီးနေပါက
အန္တရာယ်များသောဆေးများ
⚠️ ဤဆေးများသည် ရက်လွန်ပါက အာနိသင်လျော့နိုင်ပြီး သင့်ရောဂါကို ထိရောက်စွာမထိန်းနိုင်တော့ပေ။ ထို့အပြင် ညစ်ညမ်းမှု၊ ပိုးဝင်ခြင်း သို့မဟုတ် ပြင်းထန်ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်သည်။
ဤအပိုင်းသည် သင့်အနေဖြင့် ဘေးကင်းသောရွေးချယ်စရာမရှိသည့်အခါ ဆုံးဖြတ်ချက်ချမှတ်ရာတွင် အထောက်အကူဖြစ်စေရန် သိထားသင့်သည့် အန္တရာယ်များကို ရှင်းလင်းစွာ ဖော်ပြထားပါသည်။
ဤဆေးများသည် ရက်လွန်ပါက အာနိသင်လျော့နိုင်ပြီးဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်သည်။:
- အင်ဆူလင် (Insulin) – အအေးခံထားရန် လိုအပ်သည် အဝါရောင်၊ နှစ်ခြမ်းကွဲနေ၊ အစိုင်အခဲပါနေပါက မသုံးပါနှင့် ပုံမှန်ပုံစံရှိသော်လည်း သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်စွမ်းလျော့နိုင်သည်
- EpiPen –ပြင်းထန်ဓာတ်မတည့်မှုတွင် အလုပ်မဖြစ်နိုင်ပါ အရေးပေါ်သုံးပြီးနောက် ဆေးကုသမှုချက်ချင်းခံယူပါ
- Inhalers အသက်ရှူလမ်းကြောင်းဆေးများ – ပန်းနာရင်ကြပ်တက်ချိန်တွင် လေပြွန်များကို ပြည့်ဝစွာမဖွင့်ပေးနိုင်ပါ
- Nitroglycerin – ရင်ဘတ်အောင့်ခြင်း/နှလုံးတိုက်ခိုက်မှုကို မကာကွယ်နိုင်တော့ပါ
- Antibioticsပဋိဇီဝဆေးများ – ပိုးဝင်ခြင်းကို အပြည့်အဝမတိုက်ထုတ်နိုင်တော့ပါ
- အတက်ကျဆေး၊ သိုင်းရွိုက်ဆေး၊ နှလုံးဆေးများ – ပမာဏတိကျမှုလိုအပ်သောဆေးများ — ရက်လွန်ပါက ရောဂါထိန်းချုပ်နိုင်မှုလျော့နိုင်သည်
- မျက်စဥ်းဆေး/နားဆေးနှင့် အရည်ဆေးများ – ဘက်တီးရီးယားပေါက်နိုင်ပြီး ပိုးဝင်စေနိုင်သည်
ရက်လွန်ဆေးကိုသာ လက်ဝယ်ရှိပါက (နောက်ဆုံးရွေးချယ်မှုအဖြစ်)
- အီပီပင် (EpiPen) သို့မဟုတ် အသက်ရှူလမ်းကြောင်းဆေး (Inhaler) ကို အရေးပေါ်အခြေအနေမျိုးတွင်သာ သုံးပါ
- ပဋိဇီဝဆေး (Antibiotics) ကို ယခင်က ဆရာဝန်ညွှန်ကြားထားသည့်ဆေးဖြစ်မှသာ သုံးပါ
- Seek medical help as soon as possible
ဘေးကင်းစွာအသုံးပြုနည်း
- မူလဘူးအခွံအတွင်း၊ အေးပြီးခြောက်သွေ့သောနေရာ၊ နေရောင်မထိုးသောနေရာတွင် သိမ်းဆည်းပါ
- ရေချိုးခန်း သို့မဟုတ် အပူများသည့်ားတွင် မထားပါနှင့်
- အရည်ထက် ဆေးပြားကို ဦးစားပေးရွေးချယ်ပါ
- အရောင်၊ အနံ့ကို အမြဲစစ်ဆေးပါ
( အချက်အလက်များရယူထားသော အရင်းအမြစ်: Cleveland Clinic, University Hospitals, Providence Health)
ဆေးဝါးချွေတာခြင်း (ဘေးကင်းမှသာ)
ဆရာဝန်ညွှန်ကြားချက်ဖြင့် ဆေးပမာဏကို ယာယီလျှော့ခြင်း သို့မဟုတ် အခြားဆေးသို့ပြောင်းခြင်းများ ပြုလုပ်နိုင်သည်
- ပမာဏမလျှော့ပါနှင့် :
- အင်ဆူလင် (Insulin)
- ပဋိဇီဝဆေးများ (Antibiotics)
- အတက်ကျဆေး
- နှလုံးဆေးများ
- ကုသမှုအကျိုးပျက်စီးနိုင်
- ညွှန်ကြားချက်မရှိဘဲ ဆေးရပ်မထားပါနှင့် ဆေးနည်းနေပါက ကျန်းမာရေးဝန်ထမ်းနှင့်တိုင်ပင်ပါ — ဘေးကင်းစွာ ညှိနှိုင်းပေးနိုင်သည်
ဆေးဝါးများကို ဘေးကင်းစွာသိမ်းဆည်းနည်း
- သန့်ရှင်း၊ ခြောက်သွေ့၊ အေးမြသောနေရာတွင် ထားပါ
- ပလပ်စတစ်ဘူး၊ ရေလုံအိတ် (ziplock) သို့မဟုတ် အဝတ်အိတ်ဖြင့် ထုပ်ပါ
- ကလေး၊ တိရစ္ဆာန်နှင့် အပူရှိန်မှ ဝေးရာတွင်ထားပါ
- ရက်လွန်နီးသောဆေးကို အရင်သုံးပါ (ရက်စွဲစစ်နိုင်ပါက)
အရေးပေါ်ဆေးကုသမှုလိုအပ်သည့် အခြေအနေများ
အောက်ပါလက္ခဏာများရှိပါက ချက်ချင်းအကူအညီရယူပါ
- တက်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူကြပ်ခြင်း
- သွေးတွင်းသကြားဓာတ်အလွန်မြင့်/နိမ့်ခြင်း
- လှုပ်ရှားမရ၊ အစာမစားနိုင်၊ အရည်မသောက်နိုင်ခြင်း
- ဆေးရပ်ပြီးနောက် ရောဂါပိုဆိုးလာခြင်း
- ကလေး သို့မဟုတ် သက်ကြီးရွယ်အိုများတွင် ပြင်းထန်သောရောဂါရှိပြီး ဆေးမရှိခြင်း