Waste Safety: What to Do Without a Toilet

Disaster Guide

စခန်းများ၊ ခိုလှုံရာနေရာများ သို့မဟုတ် ဘေးအန္တရာယ်ကျရောက်နေသော ဒေသများတွင် လူသားများ၏ အညစ်အကြေးများကို ဘေးကင်းစွာ မစီမံပါက ရောဂါများ အလျင်အမြန် ပျံ့နှံ့နိုင်ပါသည်။ အိမ်သာမရှိသည့်တိုင် ဤနည်းလမ်းများဖြင့် သန့်ရှင်းစွာနေထိုင်ကာ ကျန်းမာရေးကို ကာကွယ်နိုင်ပါသည်။

ပုံး ၂ လုံးနည်း (Two-bucket method)

ဆီးနှင့် မစင်ကို သီးခြားစီ စီမံရန် ပုံး ၂ လုံးကို အသုံးပြုပါ။

ပုံး ၁ - "အပေါ့"စွန့် ရန်  အတွက်:

  • ဆီးသွားရန်သာ အသုံးပြုပါ
  • အသုံးပြုပြီး အိမ်သာသုံးစက္ကူကို မစင်ပုံးထဲထည့်ပါ
  • မစင်နှင့် ရောမထားပါနှင့်  
  • ဆီးကို နေထိုင်ရာနေရာများမှ ဝေးရာတွင် သို့မဟုတ် မြေကြီးထဲစုပ်နိုင်သည့်နေရာ (ရေနှင့်နီးသောနေရာမဟုတ်) သို့ လောင်းချနိုင်ပါသည်

ပုံး ၂ - "အလေး" စွန့် ရန်အတွက်:

  • ရရှိပါက ပလပ်စတစ်အိတ်ခံထားပါ
  • အသုံးပြုပြီးတိုင်း ပြာ၊ အရွက် သို့မဟုတ် သစ်ဆွေးများဖြင့် ဖုံးအုပ်ပါ
  • ပုံးတစ်ဝက်ပြည့်လျှင် အိတ်ကိုချည်ပြီး အသစ်လဲပါ
  • အသုံးမပြုသည့်အချိန်တွင် ပုံးကိုဖုံးထားပါ
  • မစင်အိတ်များကို အစားအစာ၊ ရေ၊ ကလေးများ၊ အိမ်မွေးတိရစ္ဆာန်များ၊ ယင်နှင့် ကြွက်များမှ ဝေးရာတွင် သိမ်းဆည်းပါ

ဤနည်းလမ်းသည် မှန်ကန်စွာလုပ်ဆောင်ပါက ပိုမိုသန့်ရှင်းပြီး စီမံရလွယ်ကူပါသည်။

တွင်းအိမ်သာ တူးခြင်း (ဖြစ်နိုင်လျှင်)

နေရာလုံလောက်ပြီး ကိရိယာများရှိပါက ရိုးရှင်းသော တွင်းအိမ်သာတူးခြင်းသည် ကောင်းသောရွေးချယ်မှုတစ်ခုဖြစ်သည်။

  1. တည်နေရာ: ရေအရင်းအမြစ်များ (ဥပမာ - ရေတွင်း) နှင့် လူနေအိမ်များမှ အနည်းဆုံး ၁၀၀ ပေ (၃၀ မီတာ) အကွာတွင် တူးပါ
  2. အနက်: ၂-၄ ပေ အနက်အထိ တူးပါ (ရေမြင်ပါက ရပ်လိုက်ပါ)
  3. အကျယ်: ၂ ပေခန့်ကျယ်သော တွင်းဖြစ်သင့်သည်
  4. အသုံးပြုပြီးတိုင်း အညစ်အကြေးကို မြေသို့မဟုတ် ပြာဖြင့်ဖုံးပါ
  5. သီးသန့်နေရာဖြစ်စေရန် အဝတ်/ခြင်ထောင်ဖြင့် ကာရံထားပါ

အရေးကြီးသော ဘေးကင်းရေး အကြံပြုချက်များ (နည်းလမ်းအားလုံးအတွက်)

  • အိမ်သာများကို ရေအရင်းအမြစ်များမှ ဝေးရာတွင်ထားပါ
  • မြစ်၊ အင်း၊ သောက်သုံးရေအနီးတွင် အလေးမစွန့်ပါနှင့်
  • အိတ်များကို မြေမြှုပ်မထားပါနှင့်
  • ခိုလှုံရာ၊ ချက်ပြုတ်ရာနှင့် ကလေးများကစားရာနေရာများအနီးတွင် အညစ်အကြေးမထားပါနှင့်
  • ပုံးကို အလုံပိတ်အဖုံးမတပ်ပါနှင့်။ လေဝင်နိုင်စေခြင်းဖြင့် မစင် များ ခြောက်သွေ့ပြီး ထုထည်လျော့နည်းစေသည်  
  • ပုံးကို တစ်ဝက်ထက် ပိုမဖြည့်ပါနှင့်
  • အလေးအိတ်များ၊ တိရစ္ဆာန်အညစ်အကြေးနှင့် အသုံးပြုပြီး အနှီးများကို အခြားအမှိုက်များနှင့် ရောမထားဘဲ သီးခြားစီထားပါ  
  • ကလေးများကို အသုံးပြုပြီးအလေးအိတ်များ သို့မဟုတ် ဖွင့်ထားသော အိမ်သာနေရာများမှ ဝေးဝေးထားပါ
  • မစင်နှင့်ထိတွေ့နိုင်သော မျက်နှာပြင် (ဥပမာ - အိမ်သာခုံ) သည် ရေစုပ်မထားသော၊ သန့်စင်ရလွယ်သည့် ပစ္စည်းဖြင့် ပြုလုပ်ထားသင့်သည်
  • အိမ်သာသုံးပြီးတိုင်း လက်ကိုအမြဲဆေးကြောပါ
Handwashing & Personal Hygiene
Disaster Guide