ကိုယ်ခန္ဓာအစိတ်အပိုင်းများအဆမတန်ကြီးထွားခြင်း (Acromegaly)

Patient Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

အကျဥ်းချုပ်

ကိုယ်ခန္ဓာအစိတ်အပိုင်းများအဆမတန်ကြီးထွားခြင်းဆိုသည်မှာ ကိုယ်ခန္ဓာထဲကနေ ကြီးထွားမှု ဟော်မုန်း များပုံမှန်မဟုတ်ပဲ အဆမတန်ထုတ်ပြီး အရိုးအဆစ်တစ်ရှူးတွေ လျင်လျင်မြန်မြန် ကြီးထွားလာတာကိုခေါ်တာပါ။

အချိန်ကြာလာတာနဲ့ အမျှ ခြေလက်တွေ ပုံမှန်မဟုတ်ပဲကြီးတာ,အခြားလက္ခဏာ တွေဖြစ်နုငိ်ပါတယ်။

အသက် ၃၀ နဲ့ ၅၀ ကြားမှာအများဆုံးတွေ့ရ ပေမယ့် အသက်အရွယ်မ ‌‌ေရွးဖြစ်နိုင်ပါတယ်။ လူပျိုအပျိုဖော် ဝင်တဲ့အချိန် မပြီးခင် မှာ ဖြစ်တာဆိုရင် gigantisam လို့ခေါ်ပါတယ်။

လက္ခဏာများ

ကိုယ်ခန္ဓာအစိတ်အပိုင်းများအဆမတန်ကြီးထွားခြင်းရဲ့ လက္ခဏာတွေက အချိန်ကြာလာတာနဲ့ အမျှတဖြည်းဖြည်း ပေါ်ပေါက်လာတာမျိုးဖြစ်ပါတယ်။

စောစီးစွာဖြစ်လေ့ရှိတဲ့ လက္ခဏာတွေကတော့:

  • ခြေလက် ဖောရောင်ခြင်း- ဖိနပ်ဆိဒ်, လက်စွပ်ဆိုဒ် စသည်တို့ပြောင်းလဲတာကိုသတိပြုမိခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း, အိပ်မပျော်ခြင်း
  • မျက်နှာအနေအထား ပြောင်းလဲလာခြင်း ( မျက်ခုံ့း, မေးရိုး, နှာခေါင်းစသည်တို့ ကြီးလာခြင်း, သွားကြဲလာခြင်း )
  • လက်များထုံကျင်ခြင်း, အားနည်းခြင်း

ကလေးတွေနဲ့ ဆယ်ကျော်သက် အရွယ် တေွ အရပ်အဆမတန်ရှည်လာခြင်း

အချိန်ကြာလာတာနဲ့ အမျှ ဖြစ်လေ့ရှိတဲ့ လက္ခဏာတွေကတော့:

  • ခြေလက် အဆမတန်ကြီးထွားခြင်း
  • မျက်နှာ အစိတ်အပိုင်းများထင်းပြီးကြီးလာခြင်း
  • အ‌ ရေပြား ပုံစံပြောင်းလဲခြင်း ( အရေပြား ထူတာ, အဆီပြန်တာ, ချွေးထွက်သန်တာ )
  • အသံ အောလာတာ
  • အဆစ်အမြစ်ကိုက်ခြင်း
  • ပင်ပန်း နွမ်းနယ်ခြင်း , အားနည်းခြင်
  • ခေါင်းကိုက်ခြင်း
  • အမြင်အာရုံဝေဝါးခြင်း
  • လိင်စိတ်နည်းခြင်း
  • ရာသီမမှန်ခြင်း, အမျိုးသားများတွင် လိင်တံထောင်မတ်မှု မရှိနိုင်ခြင်း

ဒီလက္ခဏာ‌တွေက အသက်ကြီးလာတာနဲ့အမျှ ပိုပြီး သိသာထင်ရှားလာတတ်ပါတယ်။

ဖြစ်ပွားရသောအကြောင်းအရင်း

ဒီရောဂါက ဦးနှောက်ရဲ့ အောက်ဘက်နားမှာရှိတဲ့pituitary glandကနေ ကြီးထွားမှု ဟော်မုန်းကို အဆမတန်ထုတ်ရာမှဖြစ်တာပါ။  

အဲ့လိုဖြစ်တဲ့ အကြောင်းအရင်းက pituitary gland မှာ adenoma လို့ခေါ်တဲ့ ကင်ဆာမဟုတ်တဲ့ အကြိတ်ရှိနေတာကြောင့် ဖြစ်ပါတယ်။

ဒီရောဂါရဲ့ လက္ခဏာတော်တော်များများက ကြီးထွားမှုဟော်မုန်းကို ပုံမှန်ထက်ပိုထုတ်ပေးတာကြောင့်ဖြစ်တာပါ။ ဒါပေမယ့် တချို့လက္ခဏာတွေဖြစ်တဲ့ ခေါင်းကိုက်တာ အမြင်ဝေဝါးတာ စတာတွေက အကြိတ်က အနီးအနားမှာရှိတဲ့ တစ်ရှူးတွေကို ဖိအားပေးမိတာကြောင့်ဖြစ်တာပါ။

အက်ခရိုမီဂါလီသည် တစ်ခါတလေ မိသားစုတွင်အဆက်အဆက်ရှိနိုင်သော်လည်း အများအားဖြင့် အမွေမဖြစ်ပါ။ အက်ဒင်နိုမာများသည် ပုံမှန်အားဖြင့် pituitary gland ရဲ့ မျိုးဗီဇပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာကြသည်။ ယင်းပြောင်းလဲမှုသည် ထိခိုက်သည့်ဆဲလ်များ၏ မထိန်းနိုင်သောတိုးတက်မှုကို ဖြစ်စေပြီး အကြိတ်များကို ဖြစ်စေသည်။

adenoma အကြိတ်တွေက တဖြည်းဖြည်းနဲ့ ဆက်တိုက် ကြီးထွားလာတဲ့ အခါ ကြီးထွားမှု ဟော်မုန်းတွေကိုအမြောက်အမြားထုတ်စေပါတယ်။ အကြိတ်က အဆုတ်,မုန့်ချိုအိတ်, ဦးနှောက်ရဲ့ တခြားအစိတ်အပိုင်းစတာတွေမှာလည်း ဖြစ်နိုင်ပါတယ်။ အဲ့ဒါက မျိုးရိုးဗီဇ အခြေအနေအချို့နဲ့ သက်ဆိုင်နေနိုင်ပါတယ်။

ရောဂါရှာဖွေခြင်း

ရောဂါရှာဖွေတဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ပုံမှန်အားဖြင့် ဆရာဝန်တွေက လူနာရဲ့ ခန္ဒါကိုယ်နှင့် သွေးတွေကို စစ်ဆေးပြီး ကြီးထွား ဟော်မုန်းပမာဏတွေကို တိုင်းတာနိုင်ပါတယ်။

သွေးစစ်တိုင်းတာခြင်း

သင့်ရဲ့ ကြီးထွားမှုဟော်မုနး်ပမာဏကို သွေးစစ်တိုင်းတာပြီး ရှာဖွေအတည်ပြုလို့ရပါတယ်။

သွေးစစ်တိုင်းတာခြင်းကိုတိကျသေချာစေရန် သွေးမဖောက်ခင်အရင်ဆုံး သကြားဖျော်ရည်တစ်မျိုးကိုသောက်ရပါတယ်။အဲ့ ဒါကရောဂါမရှိတဲ့ သူတွေမှာ ကြီးထွားမှု ဟော်မုန်းထုတ်လွှတ်တာကို ရပ်တန့်ပေးပါတယ်။ အကယ်၍ ‌ေရာဂါရှိတယ်ဆိုရင်တော့ သွေးထဲမှာရှိတဲ့ ကြီးထွားမှု ဟော်မုန်းမပာဏက များနေမှာဖြစ်ပါတယ်။

ဆရာဝန်က IGF-1 ( insulin-like growth factor ) လို့ခေါ်တဲ့ ဟော်မုန်းပမာဏကိုလည်းတိုင်းတာပါလိမ့်မယ်။ ဒီဟော်မုန်းပမာဏမြင့်တက်နေပြီဆိုရင်‌ေတာ့ သင့်မှာ ဒီရောဂါဖြစ်နေနိုင်ပါတယ်။

ဦး နှောက်ဓာတ်မှန်ရိုက်ခြင်း

ဦးနှောက် ဓာတ်မှန်ရိုက် ပြီးတော့လည်းအကြိတ်ရဲ့အရွယ်အစား, တည်နေရာစတာတွေကို စစ် ဆေးလို့ရပါတယ်။

ကုသမှု

ရောဂါလက္ခဏာပေါ်မူတည်ပြီး ကုသမှုကကွဲပြားနိုင်ပါတယ်။

ပုံမှန်အားဖြင့်:

  • ကြီးထွားမှုဟော်မုန်းအမြောက်အများထုတ်လွှတ်တာကို ပုံမှန်ဖြစ်အောင်လျှော့ချခြင်း
  • အကြိတ်ရဲ့ ဖိအားကို လျော့နည်းအောင်လုပ်ခြင်း
  • လျော့နည်းနေတဲ့ ဟော်မုန်းများကို ပြန်လည် ကုသခြင်း
  • ရောဂါလက္ခဏာ သက်သာအောင်ကုသခြင်းစတာတွေဖြစ်ပါတယ်။

အကြိတ်ကိုဖယ်ဖို့အတွက် ခွဲစိတ်ကုသမှု လုပ်ရတာမျိုးရှိပါတယ်။ ခွဲစိတ်ပြီး ဆေးဝါး ဒါမှမဟုတ် ဓာတ်ရောင်ခြည်နဲ့ ထပ်ကုရတာလည်းရှိနိုင်ပါတယ်။

ဆရာဝန်နှင့်ပြသ ရန်အချိန်

အက်ကရိုမီဂါလီ (Acromegaly) ရှိပါက ဆရာဝန်နှင့် ချက်ချင်းပါ

အက်ကရိုမီဂါလီ ကို အမြန် ကုသနိုင်ပါသည်၊ သို့သော် အစောပိုင်း ရောဂါရပ်တန့်မှုနှင့် ကုသခြင်းသည် အလွန် အရေးကြီးပါသည်။ ၎င်းကို ကုသ၍ ရောဂါလက္ခဏာများ ပိုဆိုးလာခြင်းနှင့် မတော်တဆ ဖြစ်ရပ်များဖြစ်ပွားခြင်းကို ကာကွယ်နိုင်ပါသည်။

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
29 September 2024
ဝက်ခြံ (Acne)
Patient Guide