ပန်ကရိယရောင်ခြင်း(Acute Pancreatitis)

Patient Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

အကျဥ်းချုပ်

မုန့်ချိုအိတ်ရောင်ခြင်းဆိုသည်မှာ အချိန်တိုအတွင်းမုန့်ချိုအိတ်တွင် ရောင်ရမ်းခြင်းဖြစ်ပေါ်သောအခြေအနေတစ်ခုဖြစ်သည်။

မုန့်ချိုအိတ်သည် အစာအိမ်နောက်တွင် တည်ရှိသည့် သေးငယ်သောအင်္ဂါတစ်ခုဖြစ်ပြီး အစာချေစနစ်ကို အကူအညီဖြစ်စေပါသည်။

အများအားဖြင့် မုန့်ချိုအိတ်ရောင်ခြင်းဖြစ်သောလူများသည်ရက်ပေါင်းအနည်းငယ်အတွင်း သက်သာလာပြီး ထပ်မံ၍ပြဿနာများ မရှိတတ်ကြပါ။သို့သော် မုန့်ချိုအိတ်ရောင်ခြင်း ပြင်းထန်လွန်းသူများသည် အလွန်ပြင်းထန်သော ဆိုးကျိုးရလဒ်များ ရှိလာနိုင်ပါသည်။

Acute pancreatitis သည် နာတာရှည်မုန့်ချိုအိတ်ရောင်ခြင်း chronic pancreatitis နှင့် ကွဲပြားပါသည်။ Chronic pancreatitis တွင် မုန့်ချိုအိတ်သည် နှစ်ပေါင်းများစွာ ရောင်ခြင်းကြောင့် အပြီးတိုင်ပျက်စီးသွားပါသည်။

လက္ခဏာများ

မုန့်ချိုအိတ်ရောင်ခြင်း၏ အဓိကလက္ခဏာမှာ ဝမ်းဗိုက်အလယ်ပိုင်းတွင် ရုတ်တရက် ဖြစ်လာသည့် ပြင်းထန်သော နာကျင်မှု ဖြစ်သည်။

ဒီအမျိုးအစား နာကျင်မှုသည် တဖြည်းဖြည်း ပြင်းထန်လာနိုင်ပြီး ကျောဘက်သို့ ရွေ့နိုင်ပါသည်။  

မုန့်ချိုအိတ်ရောင်ခြင်း၏ အခြားလက္ခဏာများ

  • မူးဝေမှု၊ မအီမသာဖြစ်ခြင်း (တစ်ခါတစ်လေ အော့အန်ခြင်းပါရှိသည်)
  • အစာမကြေဖြစ်ခြင်း
  • ကိုယ်အပူချိန် ၃၈°C နှင့်အထက်ရှိခြင်း (အဖျားတက်ခြင်း)
  • မျက်လုံးဝါခြင်း နှင့် အရေပြားဝါခြင်း (အထူးသဖြင့်ညိုသောအသားရေပိုင်ရှင်များတွင် သိပ်မသိသာနိုင်ပါ)
  • ဝမ်းဗိုက်တင်းခြင်း သို့မဟုတ် ဝမ်းဗိုက်ဖောင်းပွခြင်း
  • နှလုံးခုန်နှုန်းမြန်ခြင်း (tachycardia) သို့မဟုတ် အသက်ရှူမြန်ခြင်း

အစာစားခြင်း သို့မဟုတ် အရည်သောက်ခြင်း မှ သင်၏လက္ခဏာများကို အလျင်အမြန်ဆိုးဝါးစေမည်ဖြစ်သည်၊ အထူးသဖြင့် အဆီများသောအစားအစာများစားသောက်ပါက ပို၍ ဆိုးရွားစေပါသည်

ရှေ့သို့ကိုင်းနေခြင်း သို့မဟုတ် ဘောလုံးတိုင်း ကွေးပြီးထိုင်ကာ နားခြင်းက သက်သာစေတတ်ပါသည်။သို့သော် ကုတင်ပေါ်တွင် ပြန့်လျက်အနေအထားဖြင့်လှဲနေပါက နာကျင်မှု ပိုမိုဆိုးရွားနိုင်ပါသည်။

သည်းခြေကျောက်ကြောင့်ဖြစ်သော မုန့်ချိုအိတ်ရောင်ခြင်းမှာ အစာအများကြီးစားပြီးအချိန်နောက်ပိုင်းတွင် စတင်ဖြစ်ပေါ်တတ်ပါသည်။

အရက်ကြောင့်ဖြစ်ပေါ်သော မုန့်ချိုအိတ်ရောင်ခြင်း သည် အရက်များစွာသောက်ပြီး ၆ နာရီမှ ၁၂ နာရီကြားတွင် နာကျင်မှုဖြစ်ပေါ်လာတတ်ပါသည်။


အကြောင်းအရင်းများ

"မုန့်ချိုအိတ်ရောင်ခြင်းသည် ပုံမှန်အားဖြင့် သည်းခြေကျောက်များ သို့မဟုတ် အရက်များစွာသောက်သုံးခြင်း ကြောင့် ဖြစ်ပေါ်တတ်ပါသည်။ သို့သော် တခါတရံမှာ ဖြစ်ရခြင်းအကြောင်းရင်းကို တိတိကျကျမတွေ့ရှိနိုင်သည့်အခါများလည်းရှိသည်။"

သည်းခြေကျောက်များ

သည်းခြေကျောက်များသည် သင့်သည်းခြေအိတ်တွင်းတွင် တည်ရှိသော ကျောက်အရွယ်အစားငယ်များဖြစ်သည်။

 အချို့အခါတွင် သည်းခြေကျောက်များသည် သည်းခြေအိတ်မှထွက်ပြီး မုန့်ချိုအိတ်၏ အပေါက်ကိုပိတ်ဆို့မှု ဖြစ်စေသည့်အတွက် မုန့်ချိုအိတ်ရောင်ခြင်းကို ဖြစ်စေနိုင်ပါသည်။ 

အရက်

အရက်ကြောင့် မုန့်ချိုအိတ်ရောင်ခြင်း အရက်သည်မုန့်ချိုအိတ်ကိုမည်သို့ရောင်ရမ်းစေသည်ကို အပြည့်အဝ မသိရသေးပါ။တစ်ခုသော သီအိုရီမှတ်ချက်မှာ အရက်သည် မုန့်ချိုအိတ်အတွင်းရှိ အင်ဇိုင်းများကို မုန့်ချိုအိတ်ကိုယ်တိုင်ကို ချေဖျက်စေခြင်း ဖြစ်စေသည်ဟု ဆိုသည်။  

မည်သည့်အကြောင်းကြောင့်ဖြစ်စေကာမူ၊ အရက်သောက်သုံးမှုနှင့် မုန့်ချိုအိတ်ရောင်ခြင်း အကြား သက်သေပြသချိတ်ဆက်မှု ရှိနေသည်မှာ ရှင်းလင်းနေပြီဖြစ်သည်။

အရက်အလွန်အကျွံသောက်ခြင်း အချိန်တိုအတွင်းအရက်အလွန်အကျွံသောက်သုံးခြင်း)သည်လည်း မုန့်ချိုအိတ်ရောင်ခြင်းဖြစ်နိုင်ခြေ ပိုမိုမြှင့်တင်ပေးသည်ဟု ယူဆရပါသည်။

အခြားအကြောင်းအရင်းများ

မုန့်ချိုအိတ်ရောင်ခြင်း (acute pancreatitis) ၏ အဖြစ်နည်းသော အကြောင်းအရင်းများမှာ အောက်ပါအတိုင်းဖြစ်သည် -

  • သွေးအတွင်းအဆီဓာတ်မြင့်ခြင်း (hypertriglyceridaemia)
  • မတော်တဆမုန့်ချိုအိတ်ဒဏ်ရာရခြင်း သို့မဟုတ် ထိခိုက်ပျက်စီးခြင်း – ဥပမာ၊ မုန့်ချိုအိတ်ကို စစ်ဆေးခြင်း သို့မဟုတ် သည်းခြေကျောက်များကို ဖယ်ရှားရာတွင် ဖြစ်နိုင်ပါသည်။
  • ဆေးဝါးများ၏ဘေးထွက်ဆိုးကျိုး
  • ပါးချိတ် ရောင်ခြင်း , ဝက်သတ် (mumps, measles) ကဲ့သို့သောဗိုင်းရပ်များ
  • သွေးအတွင်း ကယ်စီယမ်ဓာတ်အလွန်မြင့်ခြင်း (hypercalcaemia)
  • ကိုယ်ခံအားစနစ်က မုန့်ချိုအိတ်ကိုတိုက်ခိုက်ခြင်း (autoimmune pancreatitis)

ရောဂါဖြစ်နိုင်ချေရှိသောအချက်များ

ပြင်းထန်သော မုန့်ချိုအိတ်ရောင်ခြင်း

"သင်သည် အောက်ပါအခြေအနေများရှိပါက ပြင်းထန်သော မုန့်ချိုအိတ်ရောင်ခြင်း (severe pancreatitis) ဖြစ်ပွားရန် အလားအလာရှိနိုင်ပါသည် - အသက် ၇၀ ကျော်ပြီးပါက"

  • အသက်၇၀ ကျော်ပြီးပါက
  • ပြင်းထန်သော မုန့်ချိုအိတ်ရောင်ခြင်း
  • နေ့စဉ်အလွန်အကျွံ အရက် ၂ ခွက် သို့မဟုတ် ထို့ထက်ပိုသောက်သောအခါ
  • ဆေးလိပ်သောက်သောအခါ
  • မုန့်ချိုအိတ်ရောင်ခြင်းနှင့် ပတ်သက်သည့် မျိုးရိုးရာဇဝင်ရှိပါက

ရောဂါရှာဖွေ ရေး

မုန့်ချိုအိတ်ရောင်ခြင်း (acute pancreatitis) ကို ဆေးရုံတွင် ရောဂါရှာဖွေကြပြီး သင့်အား ကုသခြင်းနှင့် အနာဂတ်တွင်ဖြစ်ပေါ်လာနိုင်သည့် စပ်ဆိုင်မှုများကို စောင့်ကြည့်လေ့ရှိသည်။

ဆရာဝန်က - သင့်ရဲ့ ရောဂါလက္ခဏာများနှင့်မျိုးရိုးရာဇဝင်အကြောင်း မေးမြန်းမည်။ သင့်ဗိုက်ကို စမ်းသပ်ပါမည် - မုန့်ချိုအိတ်ရောင်ခြင်းရှိပါက သင့်ဗိုက်မှာ အလွန်နာကျင်လွယ်သည်။

"ဆရာဝန်များသည် - သင့်သွေးကို စစ်ဆေးမည်၊ တစ်ခါတစ်ရံ CT စကင်လုပ်၍ ရောဂါအား အတည်ပြုရန် အကူအညီပေးမည်။"

အစပိုင်းတွင် မုန့်ချိုအိတ်ရောင်ခြင်းသည် အလွန်ရှုပ်ထွေးနိုင်ပြီး ရောဂါသည် ပြင်းထန်လား မပြင်းထန်လားဆိုတာကို သိရန်ခက်ခဲပါသည်။သင့်ကို အင်္ဂါအစိတ်အပိုင်း စွမ်းဆောင်ရည်ကျဆင်းခြင်းရှိမရှိကို အနီးကပ် စောင့်ကြပ်ကြည့်ရှုနိုင်ပါသည်။

ပိုမိုခွဲခြမ်းစိတ်ဖြာခြင်း

သင့်ရောဂါ၏ အကြောင်းအရင်းနှင့် ပြင်းထန်မှုအဆင့်များကို သတ်မှတ်ရန် ပိုမိုခွဲခြမ်းစိတ်ဖြာခြင်းများကို လုပ်နိုင်သည်။

 ပါဝင်သော စမ်းသပ်ချက်များမှာ -

  • CT စကင် – အမြင်ပိုင်းခြားသော X-ray များအား တိုက်ရိုက်ယူပြီး မုန့်ချိုအိတ်အသေးစိတ် ပုံရိပ်ကို စစ်ဆေးသည်။
  • MRI စကင် – အားကောင်းသော သံလိုက်စွမ်းအားနှင့် ရေဒီယိုလှိုင်းများကို အသုံးပြု၍ သင့်ကိုယ်တွင်းအစိတ်အပိုင်းတစ်ခုခု၏ အပြည့်အစုံပုံရိပ်ကို ရယူသည်။
  • ultrasound စကင် – အသံလှိုင်းများကို အသုံးပြု၍ သည်းခြေကျောက်များရှိမရှိစစ်ဆေးခြင်း မုန့်ချိုအိတ်၏ ပုံရိပ်ကို ဖော်စစ်ဆေးခြင်း

ကုသမှုရွေးချယ်စရာများ

မုန့်ချိုအိတ်ရောင်ခြင်းအတွက်ကုသမှုမှာ ရောဂါကို ထိန်းချုပ်ရန်နှင့် ရောဂါလက္ခဏ,များသက်သာရန်ရည်ရွယ်ပါသည်။

"ဤအတွက် အများအားဖြင့် ဆေးရုံတွင် ဝင်ခွင့်ပြုခြင်း လုပ်ဆောင်မည်ဖြစ်သည်။ သင့်ကို သွေးပြန်ကြောထဲသို့ ဆေးသွင်းခြင်း (intravenous fluids)၊ နာကျင်မှုကို သက်သာစေခြင်း၊ အစာအိမ်ထဲသို့ အစာပိုက်ထည့်ခြင်းနှင့်အောက်စီဂျင်ပိုက်ထည့်ခြင်းကို လုပ်ပေးမည်ဖြစ်သည်။ "

မုန့်ချိုအိတ်ရောင်ခြင်းရှိသော လူများအနက် အများစုသည် တစ်ပတ်အတွင်း ကောင်းမွန်လာပြီး အချို့သောလူများသည် အချိန်အနည်းငယ်ကာလအတွင်း ဆေးရုံမှ ဆင်းနိုင်သည်။

ဆိုးရွားသောကိစ္စများတွင် ပြန်လည်ပျောက်ကင်းဖို့က အချိန်ပိုကြာနိုင်ပါသည်၊ အကြောင်းမှာတစ်ချို့သောလူများသည် နောက်ဆက်တွဲရောဂါများရှိတတ်ခြင်းကြောင့်ဖြစ်သည်။

ဆရာဝန်နှင့်ပြရန်အချိန်

ရုတ်တရက်ဆိုးရွားစွာဗိုက်အောင့်ခြင်းဖြစ်ပါက ဆရာဝန်နှင့် ချက်ချင်းပြသပါ။ 

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
20 December 2024
စိတ်အတက်အကျရောဂါ(Bipolar Disorder)
Patient Guide