ခြေချင်းဝတ်နာခြင်း (Ankle pain)

Patient Guide
2025- မတ် 6 by
ခြေချင်းဝတ်နာခြင်း
(Ankle pain)
Zwe Htoo
This page is for educational purposes only. Always consult a healthcare provider for medical concerns.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

အကျဥ်းချုပ်

ခြေကျင်းဝတ်နာခြင်းသည် အကြောင်းရင်းများစွာကြောင့် ဖြစ်နိုင်ပါသည်။ များသောအားဖြင့် အိမ်တွင် ကုသခြင်းဖြင့် သက်သာစေနိုင်သော်လည်း၊ နာကျင်မှု မသက်သာပါက ဆရာဝန်နှင့် ပြသသင့်ပါသည်။

ဖြစ်ပွားရသည့်အကြောင်းရင်းများ

ခြေကျင်းဝတ်နာခြင်းသည် များသောအားဖြင့် လေ့ကျင့်ခန်း အလွန်အကျွံလုပ်ခြင်း သို့မဟုတ် ကျပ်လွန်းသော ဖိနပ်များ စီးခြင်းကြောင့် ဖြစ်နိုင်ပါသည်။

သင့်လက္ခဏာများကို ကြည့်ပြီး ခြေကျင်းဝတ်နာခြင်း၏ အကြောင်းရင်းကို ခန့်မှန်းနိုင်ပါသည်။

လက္ခဏာများဖြစ်နိုင်သောအကြောင်းရင်း
လက္ခဏာများ ဖြစ်နိုင်သောအကြောင်းရင်း ပြင်းထန်သော လေ့ကျင့်ခန်းလုပ်ပြီးနောက် နာခြင်း၊ ရောင်ခြင်း၊ သွေးခြည်ဥခြင်းခြေကျင်းဝတ်လွဲခြင်း (Sprained ankle)
ခြေကျင်းဝတ်နှင့် ခြေဖနောင့်နာခြင်း၊ ခြေဖျားထောက်ပြီး ရပ်လျှင် ခြေသလုံးနာခြင်း Achilles tendonitis
နီရဲခြင်း၊ ရောင်ခြင်း၊ အောင့်ခြင်းBursitis
ရုတ်တရက် ပြင်းထန်စွာနာခြင်း၊ ရောင်ခြင်း၊ ထိခိုက်စဉ် အသံမြည်ခြင်း၊ လမ်းလျှောက်ရခက်ခြင်း၊ ခြေကျင်းဝတ်ပုံစံပျက်ခြင်းခြေကျင်းဝတ်ကျိုးခြင်း (Broken ankle)

အကြောင်းရင်းကို သေချာမသိပါက၊  

ပြဿနာက ဘာလဲဆိုတာကို သေချာမသိဘူးဆိုရင်လည်း စိတ်ပူစရာ မလိုပါဘူး။ ဒီစာမျက်နှာပေါ်က အကြံဉာဏ်တွေကို လိုက်နာပြီး ၂ ပတ်အတွင်း နာကျင်မှု မသက်သာဘူးဆိုရင် GP (အထွေထွေရောဂါကု ဆရာဝန်) နဲ့ သွားပြပါ။

ကုသမှုရွေးချယ်စရာများ

ခြေကျင်းဝတ်နာခြင်းကို သက်သာစေရန်

ခြေကျင်းဝတ်နာခြင်းကို သက်သာစေရန် အိမ်တွင် ဘာလုပ်နိုင်သလဲ ဆရာဝန်နှင့် ပြသပါက၊ သူတို့သည် အောက်ပါနည်းလမ်းများကို အကြံပြုလေ့ရှိပါသည် -

လုပ်သင့်သည်များ

  • ခြေကျင်းဝတ်ကို အနားပေးပြီး မြှင့်ထားပါ။
  • ရေခဲအိတ် (သို့မဟုတ် ပဲခြောက်အိတ်) ကို တဘက်စဖြင့် ပတ်ပြီး ၂၀ မိနစ်ကြာ တစ်နေ့လျှင် ၂-၃ ကြိမ် ကပ်ပါ။
  • ခြေဖနောင့်နိမ့်ပြီး ချောင်ချောင်ချိချိ ဖိနပ်များ စီးပါ။
  • ဖိနပ်အတွင်း ခံခင်းပျော့ပျော့ သို့မဟုတ် ဖနောင့်ခုံပါးများ ထည့်ပါ။
  • ခြေကျင်းဝတ်ကို ပတ်တီးစည်းပါ။
  • ပုံမှန်လေ့ကျင့်ခန်း  အကြော လျှော့ ခြင်းလုပ်ပါ။ 
  •  ပါရာစီတမော (paracetamol) သို့မဟုတ် အိုင်ဗျူပရိုဖန် ဂျယ် (ibuprofen gel) (လိုအပ်ပါက အိုင်ဗျူပရိုဖန် ဆေးပြား) သောက်ပါ။

မလုပ်သင့်သည်များ

  • ကြာရှည်စွာ မတ်တပ်ရပ်ခြင်း သို့မဟုတ် လမ်းလျှောက်ခြင်းကို ရှောင်ပါ။
  • ခြေဖနောင့်မြင့်ဖိနပ် သို့မဟုတ် ကျပ်လွန်းသော ဖိနပ်များ မစီးပါနှင့်။

ဆေးဝါးပညာရှင် များထံမှ အောက်ပါအကူအညီများ ရယူနိုင်ပါသည် -

ဆေးဝါးပညာရှင်ကိုမေးမြန်း:နိုင်ပါသည်။ 

  • သောက်သင့်သော အကိုက်အခဲပျောက်ဆေး၊
  • ဖိနပ်အတွက် ခံခင်းနှင့် ဖနောင့်ခုံများ၊
  • ဆရာဝန်နှင့် ပြသရန် လိုအပ်မလား။

ဆရာဝန်နှင့်ပြသရန်အချိန်

အောက်ပါအခြေအနေများတွင် ဆရာဝန်နှင့် ပြသပါ :

  • ခြေကျင်းဝတ်နာခြင်းကြောင့် ပုံမှန်လှုပ်ရှားမှုများ မလုပ်နိုင်ပါက၊
  • နာကျင်မှု ပိုဆိုးလာခြင်း သို့မဟုတ် မကြာခဏ ပြန်ဖြစ်ခြင်း၊
  • အိမ်တွင် ကုသပြီး ၂ ပတ်ကြာသည်အထိ မသက်သာပါက၊
  • ခြေထောက်တွင် ထုံကျဉ်ခြင်း သို့မဟုတ် အာရုံခံစားမှု ပျောက်ဆုံးခြင်း၊
  • ဆီးချိုရောဂါရှိပြီး ခြေထောက်နာခြင်း – ဆီးချိုရှိပါက ခြေထောက်ပြဿနာများ ပိုဆိုးနိုင်ပါသည်။

  အရေးပေါ် ကုသမှု ခံယူပါ သို့မဟုတ် အရေးပေါ်ဌာနသို့ သွားပါ အကယ်၍:

  • ပြင်းထန်စွာ နာကျင်ခြင်း၊
  • နာကျင်မှုကြောင့် မူးဝေခြင်း၊ အော့အန်ခြင်း၊
  • ခြေကျင်းဝတ် သို့မဟုတ် ခြေထောက် ပုံစံပျက်ခြင်း၊
  • ထိခိုက်စဉ် အသံမြည်ခြင်း၊
  • လမ်းမလျှောက်နိုင်ခြင်း။

ဤလက္ခဏာများသည် ခြေကျင်းဝတ်ကျိုးခြင်း၏ လက္ခဏာများ ဖြစ်နိုင်ပါသည်။

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
10 October 2024