အူအတက်ရောင်ခြင်း (Appendicitis)

Patient Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

အကျဥ်းချုပ်

အူအတက်ရောင်ခြင်း ဆိုတာက အူအတက်ကပိုးဝင်ပြီးရောင်ရမ်းတာပါ။ အူအတက်ရောင်ရင် ဝမ်းဗိုက်၏အောက်ဘက်ခြမ်းမှာ နာကျင်မှုဖြစ်စေပြီး ဆေးရုံတွင် အရေးပေါ်ကုသမှုခံယူရန်လိုအပ်ပါတယ်။

လက္ခဏာများ

ချက်နားတစ်ဝိုက် နဲ့ ဝမ်းဗိုက်အလယ်မှာ နာကျင်မှုနဲ့ အစပြုလေ့ရှိတယ်။ နာရီအနည်းငယ်ကြာပြီးတဲ့နောက် နာကျင်မှုက ဝမ်းဗိုက်အောက်ဘက်ကို ရွေ့လျားသွားပြီး ပိုဆိုးလာတယ်။

ချောင်းဆိုးတာ ,လှုပ်ရှားတာ ဒါမှမဟုတ် အဲဒီနေရာကို ဖိနှိပ်တဲ့အခါ နာကျင်မှု ပိုဆိုးလာနိုင်တယ်။ သင့်ရဲ့ ဒူးကို ရင်ဘတ်ကိုဆွဲတင်လိုက်တဲ့အခါ အနည်းငယ်ပိုသက်သာနိုင်တယ်။

အူအတက်ရောင်သူတချို့မှာ ပုံမှန်နာကျင်မှုလက္ခဏာများ မရှိကြချေ။ ဥပမာ အစပိုင်းမှာ နည်းနည်းပဲအောင့်မယ်၊ အဲ့ဒါကနေ တဖြည်းဖြည်းပိုနာလာမယ်,ဗိုက်ရဲ့ တခြားနေရာတွေပါအောင့်လာမယ်။ကလေးငယ်တွေနဲ့ အသက်ကြီးသူတွေ, ကိုယ်ဝန်ဆောင်တွေမှာဆိုရင် ဒါက ပိုပြီး ဖြစ်နိုင်ခြေရှိနိုင်ပါတယ်။

အူအတက်ရောင်ခြင်းရဲ့ အခြားလက္ခဏာများကတော့:

  • ဖျားနာခြင်း သို့မဟုတ် အစားစားချင်စိတ်လျော့နည်းခြင်း
  • ကိုယ်ပူချိန်မြင့်တက်ခြင်း
  • ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်း
  • ပုံမှန်ထက်ဆီးသွားခြင်း
  • သက်ကြီးရွယ်အိုများတွင်ရုတ်တရက်တက်ခြင်း

အကယ်၍ အူအတက်ကို လျင်မြန်စွာ မကုသပါက အူအတက်ပေါက်တဲ့ အဆင့်ထိရောက်ပြီး အန္တရာယ်ရှိနို်ငပါတယ်။ အူအတက်ပေါက်ပြီဆိုရင် ရုတ်တရက်နာကျင်တာတွေခဏတာပျောက်သွားနိုင်ပြီး အချိန်တိုအတွင်း ရုတ်တရက် နာကျင်လာမယ်။ အဲဒီနောက် မှာ ဝမ်းဗိုက်တစ်ခုလုံးဆီ ပျံ့နှံ့သွားတဲ့ ပြင်းထန်တဲ့ နာကျင်မှုခံစားရပါလိမ့်မယ်။ လှုပ်ရှားလို့မရနိုင်လောက်တဲ့ထိ ကို နာကျင်စေနိုင်တယ်။

ဖြစ်ပွားရသောအကြောင်းအရင်း

အူအတက် သည် သင့်၏ အူလမ်းကြောင်း၏ အောက်ပိုင်း ညာဘက်တွင်သေးငယ်သောအိတ်လေးတစ်ခုအနေနှင့် ရှိသည်။

အူအတက်မှာ အစာအကြွင်းအကျန်တွေ ဒါမှမဟုတ် မစင်ကပိုးဝင်ပြီးရောင်ရမ်းလာတဲ့အခါ အူအတက်ရောင်ခြင်းကိုဖြစ်စေပါတယ်။

အူအတက်ရောင်ခြင်းသည် အလွန် သာမန်ဖြစ်သော ရောဂါတစ်ခုဖြစ်ပြီး၊ အရွယ်အစားမတည်မငြိမ် ဖြစ်နိုင်သည်။ သို့သော် ကလေးများမှာ ၁၀ နှစ်နှင့်အထက်နှင့် လူငယ်များတွင် ပိုမိုဖြစ်တတ်ပါသည်။ ၁၂ လအောက် အရွယ်ကလေးများတွင် တစ်မျိုးမျိုး အနည်းငယ် ဖြစ်ပါသည်။

ရောဂါရှာဖွေခြင်း

အူအတက်ရောင်တဲ့လက္ခဏာပြပြီဆိုရင် ဆရာဝန်က သင့်ရဲ့ ဝမ်းဗိုက်ကို စမ်းသပ်ပါလိမ့်မယ်။

လိုအပ်ရင်:

  • သွေးစစ်တာ
  • ဆီးစစ်တာ
  • ultrasound ,CT scan ရိုက်တာ
  • ကိုယ်ဝန်ရှိမရှိစမ်းသပ်တာ

အူအတက်ရောင်တာကို တိုက်ရိုက်သိနိုင်မယ့်ဆေးစစ်မှုမျိုးမရှိသေးပါ။ဒါကြောင့် တခြားအခြေအနေနဲ့လည်း‌ေ၇ာနိုင်တာမျိုးရှိပါတယ်။ အူအတက်ဟုတ်မဟုတ်ကို ဆရာဝန်က ဆေးရုံတက်ခိုင်းပြီး အချိန်တစ်ခုထိစောင့်ကြည့်ပြီးမှ လိုအပ်ရင် ခွဲစိတ်မှုလုပ်ပေးတာမျိုးလည်းရှိပါတယ်။

သင့်ရောဂါလက္ခဏာများကြောင့် သင်သည် အူအတက် ရောင်ရောဂါရှိသည်ဟု မြင်သာလွယ်ကူပါက၊ သို့မဟုတ် သင့်အူအတက်  ပေါက်ကွဲနိုင်သည်ဟု ယူဆရပါက ဆရာဝန်များသည် ထပ်မံစမ်းသပ်မှုများစောင့်ဆိုင်းရန် မလိုဘဲ ခွဲစိတ်ကုသမှုကို အကြံပြုနိုင်ပါသည်။

ကုသမှု

အူအတက်ရောင်ပြီ ဆိုရင်ခွဲစိတ်မှုလုပ်ပြီး အူအတက် ကိုဖယ်ရှားခြင်းဖြင့်ကုသလို့ရပါတယ်။အူအတက်က မလိုအပ်တဲ့ အပိုင်းဖြစ်လို့ အူအတက်ခွဲထုတ်လိုက်တဲ့အခါမှာလည်း အန္တရာယ်မဖြစ်နိုင်ပါဘူး။

ခွဲထုတ်ဖို့လိုပြီဆိုရင် တတ်နိုင်သမျှမြန်မြန်ခွဲထုတ်ဖို့လိုပါတယ်။ အော်ပရေးရှင်းကြာချိန်က တစ်နာရီလောက်ကြာနိုင်ပါတယ်။

တစ်ခါတစ်ရံမှာတော့ ပိုးဝင်တာကလည်းမပြန့်သေးဘူး ခွဲစိတ်ဖို့ကလည်း လူနာအနေနဲ့ အန္တရာယ် များနိုင်တယ်ဆိုရင် အူအတက်ကိုခွဲမထုတ်ပဲပိုးသတ်ဆေးနဲ့ ကုသတာမျိုးလည်းရှိပါတယ်။

တချို့ကျတော့ အူအတက်ကအစိုင်အခဲလိုမျိုးဖြစ်ပြီး အလုံးဖြစ်သွားတဲ့အခါ ပိုးသတ်ဆေးအရင်ပေးပြီးမှ ရင်အနည်းငယ်စောင့်ကြည့်ပြီး ခွဲထုတ်ဖို့လိုရင် ခွဲထုတ်ပါတယ်

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
09 August 2024
သိုင်းရွိုက်ဟော်မုန်းနည်းရောဂါ (Underactive Thyroid (Hypothyroidism))
Patient Guide