အစားအလွန်အကျွံစားခြင်းရောဂါ (Binge Eating Disorder)

Patient Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

အကျဥ်းချုပ်

အစားလွန်ရောဂါဆိုတာ အချိန်တိုအတွင်းမှာ အစားကို အလွန်အကျွံမရပ်မနား ဗိုက် အတင်းလွန်သည် ထိ လိုတာထက်ပိုစားသောက်ခြင်းဖြစ်ပါတယ်။

အစားစားတာကိုမထိန်းချုပ်နိုင်ပဲ စားတာက စိတ်ကျန်းမာရေးကို လွန်စွာ ထိခိုက်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အဲ့လိုအလွန်အကျွံစားပြီးသွားပြီဆိုရင် အပြစ်ရှိသလိုခံစားရမယ်, ကိုယ့်ကိုကိုယ်မထိန်းချုပ်နိုင်တာမျိုးဖြစ်မယ် နောက်ဆက်တွဲအနေနဲ့ အဝလွန်တာပါဖြစ်လာနိုင်ပါတယ်။

အစာအလွန်အကျွံစားသောက်မှုများကို တစ်ခါတစ်ရံ ကြိုတင်စီစဉ်နိုင်သလို ရုတ်တရက် ဖြစ်တတ်ပါသည်။ ယေဘူယျအားဖြင့် တစ်ယောက်တည်း အပြင်ဆောင်လုပ်တတ်ပြီး "အထူး" စားသောက်မှုအလွန်အကျွံအစားအစာများ ပါဝင်နိုင်ပါသည်။ စားသောက်ပြီးနောက် အပြစ်တင်မှု သို့မဟုတ် ရှက်ကြောက်မှု ခံစားရနိုင်ပါသည်။

အမျိုးသားရောအမျိုးသမီးတေွမှာပါအစားလွန်ရောဂါဖြစ်နိုင်ပြီး အသက်၂၀ နဲ့ အထက် အရွယ် တွေမှာစဖြစ်ကြတာများပါတယ်။

လက္ခဏာများ

အစားကို အချိန်တိုအတွင်း အလွန်အကျွံ စားမိပြီး ဗိုက်ပြည့်သွားတာတောင်မရပ်နိုင်ပဲ ဆက်တိုက်စားမိနေတာက အစားလွန်ခြင်းရဲ့ အဓိက လက္ခဏာပါ။ တခြားလက္ခဏာတွေကတော့ :

  • ဗိုက်မဆာပဲ စားခြင်း
  • အစားကို ဗိုက်ပြည့်နေချိန်မှာတောင်အမြန်စားမိခြင်း
  • တစ်ယောက်တည်းဘယ်သူမှမသိအောင်ကျိတ်စားခြင်း
  • အစားလွန်ပြီး မိမိကိုယ်မိမိ အပြစ်ရှိသလို ခံစားရခြင်း., စိတ်ကသိကအောင့်ဖြစ်ခြင်း, အားမလိုအားမရဖြစ်လာခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။

အစားအစာများကို ဆက်လက်ကြီးမားစွာ စားသုံးလေ့ရှိသူများသည် "အစားလွန်ရောဂါ" (Binge Eating Disorder) ခံစားနေရနိုင်ပါသည်။

ဖြစ်ပွားရသောအကြောင်းအရင်း

အစားလွန်ရောဂါဖြစ်ရတဲ့ အဓိကအကြောင်းအရင်းကိုတော့ သေချာမသိရသေးပါဘူး။ဒါပေမယ့်:

  • ယ့် မိသားစုမျိုးရိုးထဲမှာ အစားလွန်တာ ဖြစ််တတ်တဲ့ သူတွေရှိရင်
  • မိမိရဲ့ ပတ်ဝန်းကျင်ဒါမှမဟုတ် အလုပ် ကြောင့်ပိန်ဖို့ကိုပဲ အရမ်းအာရုံစိုက်နေရတဲ့ သူတွေ ,စိတ်ဖိစီးတဲ့ သူတွေ
  • မိမိကိုယ်မိမိ တန်ဖိုးမထားနိုင်တာ, အရမ်းအကောင်းဆုံးမှဖြစ်ချင်တာ
  • အထီးကျန်ဆန်ခြင်း စတဲ့ စိတ်တေွကြောင့်လည်း အစားလွန်‌ ရောဂါဖြစ်နိုင်ပါတယ်။

ကုသမှု

အစားလွန်ရောဂါကို ကုသရာမှာ ထိရောက်မှုရှိစေမယ့်နည်းလမ်းတွေရှိပါတယ်။

နည်းလမ်းတွေကတေ့:

  • မိမိဘာသာ လေ့ကျင့်နေထိုင်ခြင်း ပရိုဂရမ်
  • cognitive behavioural therapy (CBT) လို့ ခေါ်တဲ့ အပြုအမူဆိုင်ရာ ကုထုံး ကို အုပ်စုလိုက်ဖြစ်စေ တစ်ဦးချင်းဖြစ်စေ ကုသပေးတာ တွေဖြစ်ပါတယ်။

ဆရာဝန်နှင့်ပြသ ရန်အချိန်

သင့်မှာအစားလွန်ရောဂါဖြစ်နေပြီလို့ထင်တာနဲ့ ဆရာဝန်ပြသသင့်ပါတယ်။

ဆရာဝန်က သင့်ရဲ့ အစားသောက်အလေ့အထနဲ့ ဘယ်လိုခံစားရလဲဆိုတာကို မေးမြန်းပြီး သင့်ရဲ့ ကိုယ်အလေးချိန်, လိုအပ်တဲ့ ကျန်းမာရေးနဲ့ ပက်သက်တဲ့ မေးခွန်းအချို့ကိုမေးမြန်းပါလိမ့်မယ်။

လိုအပ်ရင် အထူးကုဆရာဝန်ဆီညွန်းပေးနိုင်ပါတယ်။

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
23 September 2024
မိန်းမကိုယ်ဘက်တီးရီးယားပိုးဝင်ရောင်ရမ်းရောဂါ (Bacterial Vaginosis)
Patient Guide