Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
အရေးကြီးသောအချက်
ဤလက္ခဏာများထဲမှ တချို့သည် အလွန်သာမန်ဖြစ်နိုင်ပြီး အခြားအခြေအနေများကြောင့်လည်း ဖြစ်လာနိုင်ပါသည်။ လက္ခဏာများ ရှိခြင်းကအူမကြီး ကင်ဆာရှိကြောင်း သေချာစွာ ပြောနိုင်သည်မဟုတ်သော်လည်း၊ GP (ဆရာဝန်) ဖြင့် စစ်ဆေးခြင်းမှာ အရေးကြီးပါသည်။
သင့်လက္ခဏာများသည် ကင်ဆာကြောင့် ဖြစ်ပါက၊ စောစောရှာဖွေတွေ့ရှိနိုင်ခြင်းက ကုသရလွယ်ကူနိုင်သည်ကို ဆိုလိုပါသည်။
အကျဥ်းချုပ်
အူမကြီး ကင်ဆာ ဆိုတာက အူရဲ့ အကြီးဆုံးအပိုင်း အူမကြီးမှာ စတင်ဖြစ်ပွားတဲ့ ကင်ဆာ အမျိုးအစားပါ။
အူမကြီးဆိုတာက အစာခြေစနစ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အစာတွေကနေရေကိုစုပ်ယူပေးပြီး မလိုအပ်တဲ့ အစာအဟောင်းအညစ်အကြေးတွေကို စွန့်ပစ်ဖို့ ကူညီပေးပါတယ်။
အူမကြီးကင်ဆာ၏ အခြေအနေကို စမ်းသပ်သတ်မှတ်ရာတွင် ကင်ဆာသည် ဘယ်လောက်ကြီးမားလဲ၊ ကင်ဆာက ပြန့်နှံ့သွားပါသလား၊ သင့်ရဲ့ ပုံမှန်ကျန်းမာရေးအခြေအနေ အားလုံး ပါဝင်စဉ်းစားရပါသည်။
လက္ခဏာများ
အူမကြီးကင်ဆာရဲ့ ရောဂါလက္ခဏာတွေကတော့:
- ဝမ်းသွားတဲ့အလေ့အထ ပြောင်းသွားတာ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တာ၊ ဝမ်းချုပ်တာ
- အမြဲလိုလို ဝမ်းသွားချင်နေတာ
- ဝမ်းထဲမှာသွေးပါတာ
- စအိုကနေသွေးကျတာ
- ဝမ်းကျန်သလိုခံစားရတာ
- ဗိုက်အောင့်တာ,ဗိုက်နာတာ
- ဗိုက်မှာအလုံးအကြိတ်တွေ့တာ
- လေပွ လေအောင့်တာ
- အကြောင်းအရင်းမရှိပဲ ဝိတ်ကျလာတာ
- အကြောင်းအရင်းမရှိပဲ ပင်ပန်းနွမ်းနယ်တာ စတာတွေဖြစ်ပါတယ်။
အူမကြီးကင်ဆာက သွေးအားနည်းရောဂါကိုလည်းဖြစ်စေနိုင်ပါတယ်။
ဖြစ်ပွားရသောအကြောင်းအရင်း
အူမကြီးကင်ဆာကိုဖြစ် စေတဲ့ အေကြာင်းအရင်းကိုသေချာမသိရပါဘူး။ မျိုးရိုးဗီဇ,နေထိုင်မှု စတိုင်လ် ,ပတ်ဝန်းကျင်မှသက်ရောက်မှု စတာ တွေကြောင့် ဖြစ်နိုင်ပါတယ်။
အန္တရာယ်တိုးစေသောအကြောင်းရင်းများ
တချို့ ကျန်းမာရေးအခြေအနေတွေကြောင့်လည်း အူမကြီးကင်ဆာဖြစ်ဖို့ အလားအလာရှိနိုင်ပါတယ်။
အောက်ဖော်ပြပါ အခြေအနေများရှိပါက သင် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ ပိုမိုရှိနိုင်ပါသည်:
- အသက် ၅၀ ကျော်တာ
- ဆေးလိပ်သောက်တာ
- အဝလွန်တာ
- မျိုးရိုးဗီဇ
- အူရောင်ရမ်းတဲ့ ပြဿနာ ခံစားနေရတာ Crohn's disease , ulcerative colitis
- အူမကြီးမှာ အသားပို၊
- အဖုအကျိတ် ဖြစ်ဖူးတာ စတဲ့ အချက်တွေကြောင့် အူမကြီးကင်ဆာဖြစ်နိုင်ပါတယ်။
ကုသမှု
အူမကြီး ကင်ဆာကိုကုသရာမှာ:
- ကင်ဆာဖြစ်တဲ့ ပမာဏ
- ကင်ဆာ က အူရဲ့ ဘယ် အပိုင်းမှာ ဖြစ်တာလဲ
- ကိုယ်ခန္ဓာရဲ့ အခြားအစိတ်အပိုင်းတွေကို ပျံ့နှံ့မှုရှိမရှိ
- ကင်ဆာက မျိုးဗီဇဆိုင်ရာ အပြောင်းအလဲရှိမရှိ
- အသက်အရွယ် , ကျန်းမာရေးအခြေ အနေ စတာတွေ ပေါ်မူတည်ပြီးကုသရပါတယ်။
ခွဲစိတ်ကုသမှု, ဓာတ်ရောင်ခြည်ကုထုံး, ဆေးဝါးဖြင့် ကင်ဆာဆဲလ်တွေကိုဖျက်စီးခြင်း စတဲ့ ကုသမှုအမျိုးအစားတွေပါဝင်ပါတယ်။
သင့်အထူးကုကုသမှုအဖွဲ့သည်:
- ကုသမှုများ၊ ၎င်း၏ အကျိုးကျေးဇူးများနှင့် ဘေးထွက်ဆိုးကျိုးများကိုရှင်းပြပေးမည်။
- သင့်အတွက် အကောင်းဆုံးဖြစ်သည့် ကုသမှုအစီအစဉ်တစ်ရပ်ကို သင့်နှင့်အတူဆွေးနွေးသေချာဆောင်ရွက်မည်။
- ကုသမှု၏ ဘေးထွက်ဆိုးကျိုးများကို စီမံခန့်ခွဲရန် ကူညီပေးမည်။
မေးခွန်းများ သို့မဟုတ် စိုးရိမ်မှုများရှိပါက သင့်အထူးကုအဖွဲ့နှင့် ဆွေးနွေးနိုင်ပါသည်။
ခွဲစိတ်ကုသခြင်း
အူလမ်းကြောင်းမှာရှိတဲ့ ကင်ဆာဖြစ်တဲ့ အစိတ်အပိုင်းကိုခွဲစိတ်ပြီးဖယ်ရှားတာပါ။
သင့် ပြန်လည်ကောင်းမွန်ရေးအတွက် ကိုလိုစတိုမီ (colostomy) သို့မဟုတ် အိုင်လီအိုစတိုမီ (ileostomy) လုပ်ဆောင်ရန် လိုအပ်နိုင်ပြီး၊ ၎င်းသည် ယာယီ သို့မဟုတ် အမြဲတမ်းဖြစ်နိုင်ပါသည်။
သင့်ကို ခွဲစိတ်လုပ်ငန်းနှင့် ပြန်လည်ကောင်းမွန်ရေးအတွင်း အထူးကုကုသမှုအဖွဲ့မှ အပြည့်အဝ ထောက်ပံ့ပေးလိမ့်မည်။
ကင်ဆာဆဲလ်များကို ဆေးသွင်းပြီးဖျက်စီးခြင်း
ကင်ဆာဆဲလ်များကို ဆေးသွင်းပြီးဖျက်စီးပစ်တာကိုchemotherapy လို့ခေါ်ပါတယ်။
ကင်ဆာဆဲလ်များကို ဆေးသွင်းပြီးဖျက်စီးခြင်းကို:
- ခွဲစိတ်ပြီး ကင်ဆာပြန်မဖြစ်အောင်
- ခွဲစိတ်မှု လုပ်လို့မရတဲ့ အ ခြေအနေ
- ကင်ဆာက တခြားအစိတ်အပိုင်းတွေကိုပျံ့ကုန်တာ စတဲ့ အခြေအနေတေွမှာ အသုံးပြုပါတယ်။
ဓာတ်ရောင်ခြည်ကုထုံး
ဓာတ်ရောင်ခြည်ကိုအသုံးပြုပြီး ကင်ဆာဆဲလ်တွေကိုဖျက်စီးပစ်တာပါ။ ဓာတ်ရောင်ခြည်က ကင်ဆာဖြစ်စေတဲ့ အလုံးအကြိတ် တွေကို တိုက်ရိုက်ထိတွေ့ပြီးဖျက်စီးပေးပါတယ်။
ဓာတ်ရောင်ခြည်ကုထုံးကို:
- စအိုကင်ဆာ
- တခြား အစိတ်အပိုင်းတွေကိုပျံ့တာစတဲ့ အခြေအနေတွေမှာ သုံးပါတယ်။
ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်တဲ့ဆေး နှင့် ကိုယ်ခံအားကို လှုံ့ဆော်ပေးတဲ့ ကုထုံး
ကင်ဆာဆဲလ်တွေကို ဆေးဖြင့် ဖျက်ဆီးပေးတဲ့ကုထုံးပါ။
ကိုယ်ခံအားက ကင်ဆာဆဲလ်တွေကို တိုက်ထုတ်နိုင်စေဖို့ လှုံ့ဆော်ပေးတဲ့ ကုထုံးတစ်ရပ်ပါ။
အခြားအပိုင်းများသို့ ပြန့်နှံ့သွားသော အဆင့်မြင့်အူမကြီးကင်ဆာကို ကုသရန် ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်တဲ့ဆေးသို့မဟုတ် ကိုယ်ခံစွမ်းအားကုထုံးများကို အချိန်အခါအလိုက် အသုံးပြုနိုင်ပါသည်။
ကာကွယ်ရန်အချက်များ
အူမကြီးကင်ဆာကို အပြည့်အဝ ကာကွယ်လို့ မရနိုင်ပေမယ့် ဖြစ်နိုင်ခြေကို လျော့ချရန် အချို့အရာများကို လုပ်ဆောင်နိုင်ပါသည်။
လိုက်နာရန်:
- တစ်နေ့ကို သစ်သီးနှင့် ဟင်းသီးဟင်းရွက် အပါအဝင် ကျန်းမာသောအစားအစာကို များများစားသုံးပါ
- တက်ကြွလှုပ်ရှားနေပြီး ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ
- ကိုယ်အလေးချိန်ပိုနေရင် ကိုယ်အလေးချိန်လျှော့ချပါ
- ဆေးလိပ်ဖြတ်ပါ
- အရက်လျှော့ သောက်ပါ
- အနီရောင်ရှိသော အသားနှင့်အသင့်ပြုပြင်ထားသော အစားအသောက်များကို လျှော့စားပါ
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.