အမျိုးသမီးရင်သားကင်ဆာ (Breast Cancer in women)

Patient Guide
2024- ဒီဇင်ဘာ 6 by
အမျိုးသမီးရင်သားကင်ဆာ (Breast Cancer in women)
Zwe Htoo
This page is for educational purposes only. Always consult a healthcare provider for medical concerns.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

အရေးကြီးသောအချက်
ဤလက္ခဏာများထဲမှ တချို့၊ ဥပမာ၊ ရင်သားထဲတွင် မကြင်မထင် ကြိတ်တွေ့ရသောအရာများက အလွန်သာမန်ဖြစ်နိုင်ပြီး အခြားအခြေအနေများကြောင့်လည်း ဖြစ်လာနိုင်ပါသည်။ လက္ခဏာများ ရှိနေခြင်းက ရင်သားကင်ဆာရှိကြောင်း သေချာစွာ ပြောနိုင်သည်မဟုတ်သော်လည်း၊ GP (ဆရာဝန်) ဖြင့် စစ်ဆေးခြင်းမှာ အရေးကြီးပါသည်။
သင့်လက္ခဏာများသည် ကင်ဆာကြောင့်ဖြစ်ပါက၊ စောစောရှာဖွေတွေ့ရှိနိုင်ခြင်းက ကုသရလွယ်ကူနိုင်သည်ကို ဆိုလိုပါသည်။

အကျဥ်းချုပ်

ရင်သားကင်ဆာဆိုတာ ရင်သားထဲကနေ စတင်တဲ့ ကင်ဆာပါ။

ဒါက ဗြိတိန်နိုင်ငံက အမျိုးသမီးတွေမှာ အများဆုံး တွေ့ရတဲ့ ကင်ဆာ အမျိုးအစားပါ။

မည်သူမဆို ရင်သားကင်ဆာဖြစ်နိုင်ပါတယ်။

ရင်သားကင်ဆာဘယ်လောက်ဆိုးလဲဆိုတာ ဘယ်အနေအထားထိပြန့်ပွားနေပြီလဲပေါ်မူတည်ပါတယ်။

ရင်သားစစ်ဆေးခြင်း (mammogram)က ခံစားရန် သို့မဟုတ် မြင်နိုင်လောက်အောင် သေးငယ်လွန်းသော ရင်သားကင်ဆာကို စစ်‌ ဆေးနိုင်ပြီး အောင်မြင်နိုင်ခြေရှိတဲ့ ကုသမှုတွေလုပ်လို့ ရပါတယ်။

တစ်ခါတစ်ရံ ရင်သားကင်ဆာဟာ ကိုယ်ခန္ဓာရဲ့ အခြားအစိတ်အပိုင်းသို့ ပျံ့နှံ့သွားနိုင်ပြီး ယင်းကို ဒုတိယအဆင့် ရင်သားကင်ဆာလို့ ခေါ်ပါတယ်။

လက္ခဏာများ

ရင်သားကင်ဆာရဲ့ လက္ခဏာတွေက:

  • ရင်သား၊ ရင်ဘတ် ဒါမှမဟုတ် ချိုင်းထဲမှာအကြိတ်ဖြစ်ခြင်း ရောင်ရမ်းခြင်း
  • ရင်သားအရေပြားအရောင် ပြောင်းလဲခြင်း (လိမ္မော်ခွံရောင်ကဲ့သို့ ဖြစ်နိုင်သည်) သို့မဟုတ် အနီရောင်ဖြစ်ခြင်း ( အညိုရောင်အရေပြားပေါ်တွင် တွေ့မြင်ရန် ပို၍ခက်ခဲနိုင်သည်)
  • ရင်သားတစ်ဖက် ဒါမှမဟုတ် နှစ်ဖက်လုံး အရွယ်အစားပုံစံ ပြောင်းခြင်း
  • ကိုယ်ဝန်မဆောင်ပဲ ဒါမှမဟုတ် မိခင်နို့တိုက်ကျွေးတာမရှိပဲ ရင်သားမှ အရည်ကြည်ထွက်ခြင်း (တစ်ခါတစ်ရံသွေးလည်းပါနိုင်ပါတယ်)
  • နို့သီးခေါင်း ပုံစံအနေအထားပြောင်းလဲခြင်း (နို့သီးခေါင်းက အထဲဝင်နေတာမျိုး) , နို့သီးခေါင်းအရေပြားနီမြန်းခြင်းယားယံခြင်း
  • ရင်သား,ချိုင်းနေရာတစ်ဝိုက် နာကျင်မှုဆက်တိုက်ခံစားရခြင်း (ရိုးရိုးရင်သားနာတာဆိုရင် ခဏနဲ့ပြန်ပျောက်ပါတယ်)

ဒုတိယ ရင်သားကင်ဆာ၏ လက္ခဏာများ

ရင်သားကင်ဆာဟာ ကိုယ်ခန္ဓာရဲ့ တခြားအစိတ်အပိုင်းတွေဆီ ပျံ့နှံ့သွားရင် ဒုတိယ ရင်သားကင်ဆာလို့ ခေါ်ပါတယ်။

ရောဂါလက္ခဏာများက ကိုယ်ခန္ဓာ၏ဘယ်အစိတ်အပိုင်း ကို ပျံ့နှံ့သွားလဲအပေါ် မူတည်ပါတယ်။ မည်သည့်နေရာ၌မဆို ပျံ့နှံ့သွားနိုင်သော်လည်း အများအားဖြင့် အရိုး၊ အသည်း၊ အဆုတ် သို့မဟုတ် ဦးနှောက်ကို ပြန့်နိုင်ပါတယ်။

ဖြစ်တတ်တဲ့ လက္ခဏာများကတော့:

  • မောပန်းနေတယ် ဒါမှမဟုတ် စွမ်းအင်မရှိဘူးလို့ ခံစားရခြင်း
  • အစားစားချင်စိတ်မရှိခြင်း သို့မဟုတ် အကြောင်းအရင်းမရှိ ကိုယ်အလေးချိန်လျော့ခြင်း
  • အကြောင်းအရင်းမရှိနေထိုင်မကောင်းဖြစ်ခြင်း
  • ဖျားနာခြင်း
  • အိပ်စက်ဖို့ခက်ခဲခြင်း

ဖြစ်ပွားရသောအကြောင်းအရင်း

ဘယ်သူမဆို ရင်သားကင်ဆာရနိုင်ပြီး ဘာကြောင့်လဲဆိုတာ တိတိကျကျမသိရပါဘူး

အန္တရာယ်တိုးစေသောအကြောင်းရင်းများ

ရင်သားကင်ဆာဖြစ်စေနိုင်တဲ့ အချက်တေွရှိပါတယ်။ :

  • အသက်၅၀ ‌ကျော်ရင်
  • ရင်သားမှာရှိတဲ့ တစ်ရှုးစများထူးခြင်း(မမ်မိုဂရမ်စစ်ပြီးသိနိုင်ပါတယ်)
  • မျိုးရိုးဗီဇ
  • အခြားရင်သားနဲ့ ပက်သက်တဲ့ ရောဂါအခြေအနေတစ်ခုခုရှိတာ စတဲ့ အချက်တေွက ရင်သားကင်ဆာဖြစ်စေနိုင်ပါတယ်။

ထို့ပြင် ဟော်မုန်းများ အိုစထရိုဂျင်၊ ပရိုဂျက်စထရွန် သို့မဟုတ် တက်စတိုစထရွန်ဟော်မုန်းပမာဏမြင့်မားမည်ဆိုလျှင် ရင်သားကင်ဆာဖြစ်နိုင်ဖွယ်ရှိပါတယ်။:

  • အသက် ၁၂ နှစ်မတိုင်ခင် ဓမ္မတာလာတာ ဒါမှမဟုတ် အသက် ၅၅ နှစ်အရွယ် နောက်ပိုင်းမှာသွေးဆုံးပြီး ကလေးမမွေးဖူးတာ
  • ၃၀ နောက်ပိုင်းမှ ပထမဆုံးအကြိမ် ကလေးမွေးဖွားခြင်း
  • မိခင်နို့မတိုက်ကျွေးဖူးခြင်း
  • လွန်ခဲ့သော ၁၀ နှစ်အတွင်း သန္ဓေတားဆေးကို အသုံးပြုခဲ့ခြင်း သို့မဟုတ် ဟော်မုန်းအစားထိုးကုထုံး (အိပ်ခ်ျအာရ်တီ)ဖြင့်ကုသခဲ့ခြင်း တို့ပါဝင်ပါသော်လည်းယင်းတို့ကြောင့် ဖြစ်နိုင်ချေကတော့ အနည်းငယ်သာရှိပါတယ်။

ဆေးလိပ်သောက်ခြင်းကလည်း ရင်သားကင်ဆာနဲ့ စပ်ဆက်မှုရှိနေပါတယ်။

ကုသမှု

သင့်ရင်သားကင်ဆာအတွက် ခံယူမည့်ကုသမှုသည် အောက်ပါအချက်များပေါ်တွင် မူတည်ပါသည်:

  • ရင်သားကင်ဆာရဲ့ အရွယ်အစားနဲ့အ မျိုးအစား
  • ဖြစ်တဲ့နေရာ
  • ၎င်းသည် သင့်ကိုယ်အခြားအပိုင်းများသို့ ပြန့်နှံ့သွားပါက
  • ယေဘုယျ ကျန်းမာရေးစတာတေွပေါ်မူတည်ပြီး ကုသမှုကပြောင်းလဲနိုင်ပါတယ်။

အမျိုးသမီးများနှင့် ရင်သားကင်ဆာအတွက် အဓိကကုသမှုမှာ အများအားဖြင့် ခွဲစိတ်ကုသမှုဖြစ်ပါတယ်။ အခြား သာမန် ကုသ မှု များ တွင် ဓာတုကုထုံး ၊ ရေဒီယို ကုထုံး ၊ ဟော်မုန်း ( ဟော်မုန်း ကုထုံး ) နှင့် ဆေးဝါး များ နှင့် ကိုယ်ခံအား ကုထုံး တို့ ပါဝင်ပါတယ်။

ကျွမ်းကျင်တဲ့ ပြုစုစောင့်ရှောက်ရေးအဖွဲ့က :

  • အကျိုးကျေးဇူးများနှင့် ဘေးထွက်ဆိုးကျိုးများကို ရှင်းပြပါလိမ့်မယ်
  • သင့်အတွက် အကောင်းဆုံး ကုသမှု ပလန်ကို ပြုလုပ်ပေးပြီး
  • ဥပမာ၊ ဘေးထွက်ဆိုးကျိုးတွေရှိရင် ကုသမှုက သင့်အပေါ် ဘယ်လိုအကျိုးသက်ရောက်နိုင်တယ်ဆိုတာ ပြောပြမယ်

ကုသမှုခံယူနေစဥ် အတွင်းနှင့်ကုသမှု ပြီးနောက် ပုံမှန်စစ်ဆေးမှုများ ရှိပါလိမ့်မယ်။ စမ်းသပ်မှုတွေနဲ့ စကဲန်လုပ် တာတွေလည်း ရှိနိုင်ပါတယ်။

သင့်မှာ စိုးရိမ်ပူပန်နေတဲ့ လက္ခဏာတွေ ဒါမှမဟုတ် ဘေးထွက်ဆိုးကျိုးတွေ ရှိတယ်ဆိုရင် ကျွမ်းကျင်သူတွေကို ပြောပြပါ။ နောက်ထပ်စစ်ဆေးဖို့ အချိန်ကို စောင့်စရာမလိုပါဘူး။


ခွဲစိတ်ကုသခြင်း

ခွဲစိတ်ကုသမှုဟာ အများအားဖြင့် ရင်သားကင်ဆာအတွက် အဓိကကုသမှုဖြစ်တယ်။ ခွဲစိတ်ကုသမှုအမျိုးအစားက အခြေအနေဘယ်လောက်ထိ ဆိုးလဲပေါ်မူတည်ပါတယ်။

ရင်သားကင်ဆာအတွက် ခွဲစိတ်ကုသမှုတွင်:

  • ကင်ဆာဖြစ်တဲ့ ရင်သားအစိတ်အပိုင်းကိုပဲ ဖယ်ရှားခြင်း (breast-conserving surgery)
  • ရင်သားတစ်လုံးလုံးကို ဖယ်ရှားခြင်း (mastectomy)
  • ချိုင်းမှာရှိတဲ့ ပြန်ရည်ကြိတ်ကိုဖယ်ရှားခြင်း - ဒါတွေဟာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ဂလင်းငယ်လေးတွေပါ

ရင်သားခွဲစိတ်မှုပြုလုပ်ပြီးရင် ရင်သားပြန်လည်တည်ဆောက်ခြင်းကို ပြုလုပ်ကြပါတယ်။

သူ့ကို ခွဲစိတ်မှု ပြုနေစဉ် တစ်ခါတည်း (သို့) နောက်တစ်ခေါက်မှ ပြုလုပ်ကြပါတယ်။


ဓာတ်ရောင်ခြည်ကုထုံး

ဓာတ်ရောင်ခြည်ကုထုံးသည် ကင်ဆာဆဲလ်များကို သေစေရန် ဓာတ်ရောင်ခြည်ကို အသုံးပြုတဲ့ ကုသနည်းမျိုးပါ။

ဒုတိယ ရင်သားကင်ဆာရှိရင် :

  • ခွဲစိတ်ကုသမှုခံယူပြီးနောက်ကင်ဆာပြန်ဖြစ်နိုင်ခြေကို လျှော့ချရန်
  • ဒုတိယ ရင်သားကင်ဆာရှိရင်ရောဂါလက္ခဏာတွေကို ထိန်းချုပ်ရန်

ခီမိုကုထုံး

ခီမိုကုထုံးဆိုတာ ကင်ဆာဆဲလ်များကို သေစေရန် ဆေးဝါးများကို အသုံးပြုပြီးကုသတာဖြစ်ပါတယ်။

ခီမိုကုထုံးကို:

  • ခွဲစိတ်ကုသမှုမတိုင်ခင်ကင်ဆာကိုသေးငယ်အောင်
  • ခွဲစိတ်ကုသမှုပြီးတဲ့နောက် ကင်ဆာကပြန်ရည်ကျိတ်တွေဆီ ပျံ့နှံ့သွားရင် ဒါမှမဟုတ် အလျင်အမြန် ကြီးထွားလာတယ်ဆိုရင်
  • ရင်သားကင်ဆာ အမျိုးအစားတချို့ရှိမယ်ဆိုရင် ခွဲစိတ်ကုသမှုမတိုင်ခင် ဒါမှမဟုတ် ပြီးတဲ့နောက်မှာ
  • ဒုတိယရင်သား ကင်ဆာရှိပြီးကင်ဆာကို ပိုသေးငယ်စေဖို့နဲ့ ရောဂါလက္ခဏာတွေကို ထိန်းချုပ်နိုင်ဖို့ ခီမိုကုထုံးနဲ့ကုသပါတယ်။

ဟော်မုန်းကုထုံး

ရင်သားကင်ဆာအချို့ဟာ ကိုယ်ခန္ဓာအတွင်းရှိ ဟော်မုန်းအမျိုးမျိုးကြောင့် ကင်ဆာပြန့်ပွားနှုန်းမြန်တာမျိုးတေွရှိပါတယ်။

ဟော်မုန်းကုထုံးကဆေးဝါးများကိုသုံးပါတယ်။:

  • ကိုယ်ခန္ဓာထဲက ဟော်မုန်းတချို့ရဲ့ ပမာဏကို လျှော့ချဖို့လိုတဲ့ အခါ
  • ဟော်မုန်းတချို့ကို ရင်သားကင်ဆာဆဲလ်တွေဆီ မရောက်အောင် တားဆီးလိုတဲ့အခါ

ဟော်မုန်းကုထုံးကို အသုံးပြုပါတယ်။ :

  • ခွဲစိတ်ကုသမှုမတိုင်ခင်ကင်ဆာကိုသေးငယ်အောင်
  • ခွဲစိတ်ကုသမှုခံယူပြီးနောက်ကင်ဆာပြန်ဖြစ်နိုင်ခြေကို လျှော့ချရန်
  • ဒုတိယ ရင်သားကင်ဆာရှိရင်ရောဂါလက္ခဏာတွေကို ထိန်းချုပ်ရန်
  • ခွဲစိတ်လို့မရတဲ့ အခြေအနေ

ပစ်မှတ်ထားသော ဆေးဝါးများနှင့် ကိုယ်ခံအားကုထုံး

ကင်ဆာဆဲလ်တွေ ကိုသေစေနိုင်တဲ့ ဆေးဝါးတွေကိုပေးလေ့ရှိပါတယ်။

ကိုယ်ခံအားကုထုံးဆိုတာကတော့ဆေးဝါးတွေကိုအသုံးပြုပြီး ကိုယ်ခံအားကကင်ဆာဆဲလ်တွေကို သေစေတာမျိုးဖြစ်ပါတယ်။

ပစ်မှတ်ထားသော ဆေးဝါးများနှင့် ကိုယ်ခံအားကုထုံးကိုသုံးပါတယ်။ :

  • ခွဲစိတ်ကုသမှုမတိုင်ခင်ကင်ဆာကိုသေးငယ်အောင်
  • ခွဲစိတ်ကုသမှုခံယူပြီးနောက်ကင်ဆာပြန်ဖြစ်နိုင်ခြေကို လျှော့ချရန်
  • ဒုတိယ ရင်သားကင်ဆာရှိရင်ရောဂါလက္ခဏာတွေကို ထိန်းချုပ်ရန်
  • ခွဲစိတ်လို့မရတဲ့ အခြေအနေ

ဆရာဝန်နှင့်ပြသ ရန်အချိန်

ဆရာဝန်နဲ့ ပြသဖို့လိုအပ်ပါတယ်။ :

  • ရင်သား၊ ရင်ဘတ် ဒါမှမဟုတ် ချိုင်းထဲမှာ အဖု အလုံးအကြိတ် တွေ့ရင်
  • ရင်သားနဲ့ နို့သီးခေါင်းတွေမှာပုံမှန်မဟုတ်ပဲ အပြောင်းအလဲတစ်ခုခု ရှိရင်
  • ရင်သား ဒါမှမဟုတ်ချိုင်း နေရာတစ်ဝိုက် မှာ နာကျင်မှုခံစားရပြီး မပျောက်သွားဘူးဆိုရင်

တစ်ခု သိထားသင့်တာက ရင်သားမျာအလုံးအကြိတ်တေွ့တိုင်းကင်ဆာကြိတ်မဟုတ်ပါဘူး။အခြားအကြောင်းအရင်းကြောင့်လည်းဖြစ်နိုင်ပါသေးတယ်။

ဒါကြောင့် ကင်ဆာဟုတ်မဟုတ်စောစီးစွာသိဖို့ကဆရာဝန်နှင့်ပြသဖို့လိုပါတယ်။

သင့်၏ လက္ခဏာများသည် ကင်ဆာကြောင့် ဖြစ်နေပါက၊ ၎င်းကို ရောဂါကိုစောစီးစွာစစ်ဆေးတွေ့ရှိပါ က ကုသရန် ပိုမိုလွယ်ကူနိုင်ပါသည်။

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
23 September 2024