လေပြွန်ရောင်ခြင်း (Bronchitis)

Patient Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

အကျဥ်းချုပ်

လေပြွန်ရောင်ခြင်း ဆိုတာ ရောဂါပိုးဝင်ရောက်ခြင်းကြောင့် အဆုတ်ရဲ့အသက်ရှူလမ်းကြောင်းနံရံတွေရောင်ရမ်းခြင်းဖြစ်ပါတယ်။အများအားဖြင့် ကုသရန်မလိုပဲ၃ပတ် အတွင်းတဖြည်းဖြည်း သူ့ဘာသူပျောက်ကင်းနိုင်ပါတယ်။

လက္ခဏာများ

လေပြွန်ရောင်ရောဂါလက္ခဏာများက အအေးမိခြင်း သို့မဟုတ် တုပ်ကွေးရောဂါနှင့် ဆင်တူနိုင်ပါတယ်။

ရောဂါလက္ခဏာများမှာ :

  • ချောင်းဆိုး ခြင်း- အဖြူရောင်၊ အဝါရောင် သို့မဟုတ် အစိမ်းရောင်အချွဲ များထွက်ခြင်း
  • ချောင်းဆိုးသည့်အခါ ရင်ဘတ်နာခြင်း
  • အသက်ရှုရခက်ခြင်း
  • လည်ချောင်းနာခြင်း
  • နှာစေး နှာယိုခြင်း
  • အဖျားကြီးခြင်း

ဖြစ်ပွားရသောအကြောင်းအရင်း

လေပြွန်ရောင်တာက ရောဂါပိုးဝင်ရောက်ခြင်းကြောင့် ဖြစ်ပါတယ်။အသက်ရှူလမ်းကြောင်းကနေအဓိကကူးစက်တာဖြစ်လို့ ချောင်းဆိုး တာနှာချေတာကနေအလွယ်တကူ ကူးစက်နိုင်ပါတယ်။

ကုသမှု

၃ပတ်အတွင်း ကူသမှုခံယူရန်မလိုပဲ ပျောက်ကင်းနိုင်ပါတယ်။ ၃ပတ်ထက်ကြာနေပြီဆိုရင်တော့ ဆရာဝန်နှင့်ပြသပါ။

ဘက်တီးရီးယားပိုးဝင်ရောက်တာဖြစ်နိုင်ပြီး ဆရာဝန်နှင့်ပြသပြီး ပိုးသတ်ဆေးသောက်ရန်လိုနိုင်ပါတယ်။

ကာကွယ်ရန်အချက်များ

လေပြွန်ရောင်တာကို သက်သာစေမယ့် နည်းလမး်တချို့ နဲ့ မိမိမှတစ်ဆင့် တခြားသူများကို ကူးစက်မှုမရျိအောင် လိုက်နာရမယ့် နည်းလမ်းတွေကတော့:

  • အနားများများယူပါ။ နေထိုင်မကောင်း စဖြစ်ပြီဆိုတာနဲ့ မိမိနေအိမ်မှာပဲ အနားယူပြီးပြင်ပမှလူများနှင့်ထိတွေ့ခြင်းကိုတတ်နိုင်သလောက်‌ ရှောင်ပါ။
  • ရေများများသောက်ပါ။
  • ဖျားတဲ့ အခါ paracetamol (သို့မဟုတ်) ibuprofen သောက်ပါ။
  • လည်ချောင်းရှင်းစေဖို့ ပျားရည်နဲ့ ရေနွေးသောက်ပါ။ ( အသက် ၁နှစ်အောက်ကိုတော့ မတိုက်သင့်ပါ)
  • ချောင်းဆိုးနှာချေတိုင်း တစ်ရှူးကိုအသုံးပြုပြီး ပါးစပ်နှင့်နှာခေါင်းကိုအုပ်ပါ။ သုံးပြီးသားတစ်ရှူးကိုသေချာစွန့်ပစ်ပါ။
  • လက်ကိုဆပ်ပြာနင့်ရေဖြင့်ပုံမှန်ဆေးကြောပါ။
  • ဆေးလိပ်မသောက်ပါနှင့်။

ဆရာဝန်နှင့်ပြသ ရန်အချိန်

ရောဂါလက္ခဏာတွေက ၃ပတ် ကျော်တဲ့အထိ မသက်သာဘူးဆိုရင် ဆရာဝန်နှင့် ပြသဖို့လိုပါတယ်။

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
24 September 2024
အမျိုးသမီးရင်သားကင်ဆာ (Breast Cancer in women)
Patient Guide