ကလာမိုင်ဒီးယားရောဂါ (Chlamydia)

Patient Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

အကျဥ်းချုပ်

ကလက်မိုင်ဒီးယားသည် လိင်မှတစ်ဆင့်ကူးစက်နိုင်သော ရောဂါများအနက် အဖြစ်များဆုံးရောဂါ (STIs) တစ်ခုဖြစ်သည်။

ဒါကို အကာအကွယ် မသုံးဘဲ လိင်ဆက်ဆံခြင်း (unprotected sex) မှ ကူးစက်နိုင်ပြီး လိင်ဆက်ဆံမှု ရှိသော လူငယ်များနှင့် လူပျိုလူသစ်များအတွက် အထူးဖြစ်လေ့ရှိသည်။

လက္ခဏာများ

ကလက်မိုင်ဒီးယားရှိသော လူအများစုသည် လက္ခဏာများကို မသိသာကြပါ။

သင်တွင် လက္ခဏာများပေါ်လာပါက ရောဂါဖြစ်စေသူနှင့် အကာအကွယ် မသုံးဘဲ လိင်ဆက်ဆံပြီး ၁ ပတ်မှ ၃ ပတ်အတွင်း ပုံမှန်အားဖြင့် ပေါ်လာသည်။ တချို့သောလူများတွင် လပိုင်းများအကြာမှ ပေါ်လာနိုင်သည်။

တခါတရံ လက္ခဏာများသည် ရက်အနည်းငယ်အကြာတွင် ပျောက်ကွယ်သွားနိုင်သည်။ လက္ခဏာများပျောက်သွားသည်ဆိုသော်လည်း သင့်တွင် ရောဂါရှိဆဲဖြစ်ပြီး အခြားသူများသို့ ကူးစက်နိုင်သည်။

အမျိုးသမီးများတွင် လက္ခဏာများ

ကလက်မိုင်ဒီးယား ရှိသော အမျိုးသမီးများ ၇၀% ခန့်သည် လက္ခဏာများကို မသိကြပါ။ လက္ခဏာများပေါ်လာပါက အများဆုံးဖြစ်သောလက္ခဏာများမှာ: 

  • ဆီးသွားစဉ် နာကျင်မှု
  • မိန်းမကိုယ် မှပုံမှန်မဟုတ်သောအဖြူဆင်းခြင်း
  • ဆီးခုံတစ်ဝိုက် သို့မဟုတ် ဝမ်းဗိုက်တွင် နာကျင်မှု
  • လိင်ဆက်ဆံစဥ်အတွင်း နာကျင်မှု
  • လိင်ဆက်ဆံပြီးနောက် သွေးထွက်ခြင်း
  • ရာသီစက်ဝန်းတစ်ခုနှင့်တစ်ခု ကြားတွင် ပုံမှန်မဟုတ်ပဲသွေးဆင်းခြင်း

မကုသပဲထားရင် ဆီးခုံရိုးရောင်ရမ်းရောဂါ ဖြစ်နိုင်ပြီး ၎င်းသည် အမျိုးသမီးများအတွက် နေရာမှားပြီ သန္ဓေတည်ခြင်းနှင့် မျိုးမအောင်ခြင်း ဖြစ်စေသော အကြောင်းများဖြစ်သည်။

အမျိုးသားများတွင် လက္ခဏာများ

ကလက်မိုင်းဒီးယားရှိသော အမျိုးသားအချို့တွင် လက္ခဏာများကို မသိသာကြပါ။ လက္ခဏာများရှိပါက ပုံမှန်လက္ခဏာများမှာ: 

  • ဆီးသွားစဉ် နာကျင်မှု
  • လိင်အင်္ဂါမှ အဖြူအနှစ် များထွက်ခြင်း
  • ဆီးလမ်းကြောင်း တစ်လျှောက်ဆီးသွားစဥ် ပူခြင်း
  • ဝှေးစေ့ရောင်ရမ်းခြင်း

ကလက်မိုင်းဒီးယားကို ကုသမှုမရှိပါက ရောဂါသည်ဝှေးစေ့ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်သည်။ ၎င်းသည် မျိုးပွားမှုနှင့်ဆိုင်သော ပြဿနာများဖြစ်နိုင်သည်။

စအို ၊ ပါးစပ်၊ မျက်စိတို့မှကူး စက်မှု

Chlamydia သည် အောက်ပါတို့မှတစ်ဆင့် ကူးစက်နိုင်သည်။ 

  • စအိုကနေလိင်ဆက်ဆံခြင်း
  • ပါးစပ်ကနေလိင်ဆက်ဆံခြင်းတို့မှလည်းကူးစက်နိုင်ပြီး
  • ရောဂါပိုးရှိသော သုတ်ရည် ,မိန်းမကိုယ်မှထွက်သောအရည်များ မျက်လုံးတွင်းဝင်ပါကလည်း ကူးစက်နိုင်ပါတယ်။

ရောဂါရှာဖွေခြင်း

ကလက်မိုင်းဒီးယား ရှိမရှိ သိရှိရန် တစ်ခုတည်းသောနည်းလမ်းမှာ စမ်းသပ်မှု (test) လုပ်ခြင်းဖြစ်သည်။ သင့်တွင် လက္ခဏာရှိခြင်းရှိမရှိမဆို စမ်းသပ်မှု လုပ်နိုင်သည်။ကလက်မိုင်းဒီးယားအတွက် အကြံပြုထားသော စမ်းသပ်မှုများမှာ ရိုးရှင်းပြီး နာကျင်မှုမရှိဘဲ ယုံကြည်စိတ်ချရသော စမ်းသပ်မှုများ ဖြစ်သည်။

စမ်းသပ်မှုတွင် ဆဲလ်နမူနာကို ဓာတ်ခွဲခန်းသို့ ပေးပို့ကာ စစ်ဆေးသည့် အစီအစဉ်ပါဝင်သည်။ သင့်ကို ဆရာဝန် သို့မဟုတ် သူနာပြုက စစ်ဆေးရန် မလိုအပ်ဘဲ၊ မိမိကိုယ်တိုင်နမူနာကို ရယူနိုင်ပါသည်။

နမူနာကို ရယူရန် နည်းလမ်း နှစ်မျိုးရှိသည်:

  • Swab ဖြင့် – ဝါဂွမ်းတံဖြင့် ရောဂါပိုးကူးစက်သည့်နေရာကို သုတ်ပြီး ရယူခြင်း
  • ဆီးစစ်ခြင်း– တစ်နာရီအနည်းဆုံး ဆီးသွားပြီးနောက် ဆီးကိုယူရမည်။

ရလဒ်များကို ၇ ရက်မှ ၁၀ ရက်အတွင်း ပြန်လည်ရရှိလေ့ရှိသည်။ သင့်တွင်ကလက်မိုင်းဒီးယား ရှိနိုင်ခြေ များလွန်းသောအခါ (ဥပမာ: သင့်တွင် ရောဂါလက္ခဏာများရှိခြင်း သို့မဟုတ် သင့်လိင်ဆက်ဆံဖော်ကလက်မိုင်းဒီးယား ရှိသည်ဟု အတည်ပြုခြင်းရှိပြီး ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံထားခြင်းရှိပါက) စမ်းသပ်မှုရလဒ် ရရှိမီ အစောဆုံး ကုသမှုကို စတင်နိုင်သည်။

ကုသမှု   

ကလက်မိုင်းဒီးယားကို ပုံမှန်အားဖြင့် ပိုးသတ်ဆေးများဖြင့် ထိရောက်စွာ ကုသနိုင်သည်။ လူဦးရေ ၉၅% ကျော်မှာဆေးကို မှန်ကန်စွာ သောက်ပါက ရောဂါမှ ပြန်လည်အမြန်ပျောက်ကင်းမည်။

သင့်တွင်ကလက်မိုင်းဒီးယား ရှိကြောင်း စမ်းသပ်မှုရလဒ်များအတည်ပြုပြီဆိုပါက ပိုးသတ်ဆေးဖြင့် ကုသမှု စတင်ပေးနိုင်သည်။ သင့်တွင် ရောဂါရှိနိုင်ခြေများလွန်းပါက ရလဒ်ရမီ အကြောင်းသိရှိမီလည်း ကုသမှုကို စတင်ပေးနိုင်သည်။

အသုံးပြုသော ပိုးသတ်ဆေး နှစ်မျိုးမှာ : 

  • Doxycycline 
  • Azithromycin

သင့်တွင် ဆေးမတည့်ခြင်း၊ ကိုယ်ဝန်ဆောင်နေခြင်း သို့မဟုတ် နို့တိုက်မိခင်ဖြစ်ပါက ဆရာဝန်မှ Amoxicillin သို့မဟုတ် Erythromycin ကဲ့သို့သော ဆေးများ ညွန်းပေးနိုင်သည်။ ဆရာဝန်က ကလက်မိုင်းဒီးယား၏ စိုးရိမ်ရသော သက်ရောက်မှုများအတွက် ပိုမိုရှည်လျားသော ဆေးသောက်ချိန် သတ်မှတ်ပေးနိုင်သည်။

တချို့သောလူများမှာ ကုသမှုအတွင်း ကိုယ်ခန္ဓာပြဿနာများ ကြုံတွေ့နိုင်ပေမယ့် ယင်းအရာများမှာ များအားဖြင့် ပြင်းထန်မှု မရှိသော အခြေအနေများဖြစ်သည်။ အများဆုံးတွေ့သော ကိုယ်ခန္ဓာပြဿနာများမှာ ဗိုက်နာခြင်း၊ ဝမ်းသွားခြင်း၊ ဝမ်းပျက်ခြင်း နှင့် မိန်းမကိုယ် မှိုစွဲခြင်းများဖြစ်နိုင်သည်


လိင်ဆက်ဆံဖော်များကို စမ်းသပ်ခြင်းနှင့် ကုသခြင်း

သင့်တွင် ကလက်မိုင်းဒီးယား ရှိကြောင်း အတည်ပြုပြီဆိုပါက သင်၏ လက်ရှိ လိင်ဆက်ဆံဖော် နှင့် မကြာသေးမီ လိင်ဆက်ဆံဖော်များကိုလည်း စမ်းသပ်ခြင်းနှင့် ကုသခြင်း လိုအပ်ပါသည်။

ဆရာဝန်က သင့်ရဲ့ လက်ရှိနှင့် အနီးကပ် လိင်ဆက်ဆံဖော်များအား ပြန်လည်ဆက်သွယ်နိုင်ပါသည်၊ သို့မဟုတ် ဆေးခန်းက ဆက်သွယ်ပေးနိုင်ပါသည်။

သင်ကလည်းဖြစ်စေ၊ သင့်ဆေးခန်းမှ တစ်ဦးဦးဖြစ်စေ၊ ထိုသူများကို ဆက်သွယ်နိုင်ပါသည်။ သို့မဟုတ် ဆေးခန်းမှ သတိပေးစာပေးပို့၍ ပိုးဝင်နိုင်သည့် လိင်ဖြင့် ကူးစက်ရောဂါ (STI) ကို ကြုံတွေ့ခဲ့နိုင်ကြောင်း အကြောင်းကြားနိုင်ပါသည်။


ဆေးခန်းသို့ ပြန်သွားရန် လိုအပ်ပါသလား?

ပိုးသတ်ဆေးကို မှန်ကန်စွာ သောက်ပါက ဆေးခန်းသို့ ပြန်သွားရန် မလိုအပ်ပါ။

သို့သော် သင်သည် အောက်ပါအခြေအနေများရှိပါက စမ်းသပ်မှု ပြန်လည်လုပ်ရန် အကြံပြုပါသည်။:

  • သင်နှင့် သင့်လိင်ဆက်ဆံဖော်သည် ကုသမှုမပြီးစီးမီ လိင်ဆက်ဆံခြင်းရှိပါက
  • သင်၏ ဆေးပမာဏကို မမှန်ကန်စွာ မသောက်မိခြင်း၊ သို့မဟုတ် မပြည့်စုံစွာ သောက်မိပါက
  • သင့်၏ ရောဂါလက္ခဏာများ မပျောက်ကင်းပါက
  • သင့်မှာ ကိုယ်ဝန်ရှိပါက

သင့်အသက် ၂၅ နှစ်အောက်ဖြစ်ပါက ၃ လမှ ၆ လအတွင်း ပြန်လည်စမ်းသပ်ရန် အကြံပြုပါသည်။

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
09 October 2024
ရေကျောက်ပေါက်ခြင်း (Chickenpox)
Patient Guide