Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
ပါဝင်သောအကြောင်းအရာများ
အကျဥ်းချုပ်
ကာလဝမ်းရောဂါ ဟာ cholera ရောဂါပိုးကြောင့် ဖြစ်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။
လက္ခဏာများ
ဖြစ်တတ်တဲ့ လက္ခဏာတွေကတော့:
- ဝမ်းအရည်များသွားခြင်း
- ဖျားနာခြင်း
- ဗိုက်နာခြင်း
- ရေဓာတ်ဆုံးရှုံးခြင်း
ဖြစ်ပွားရသောအကြောင်းအရင်း
ကာလဝမ်းရောဂါကို :
- မသန့်ရှင်းတဲ့ ရေသောက်မိခြင်း
- မသန့်ရှင်းသော ပင်လယ်စာများစားမိခြင်း
- ရောဂါပိုးရှိ သူနဲ့ ထိတွေ့ ချက်ပြုတ်ထားတဲ့ အစားအသောက်များစားမိခြင်း ကနေရနိုင်ပါတယ်။
အချို့ဒေသတွေကို ခရီးသွားတဲ့အချိန်မှာ ကာလဝမ်းရောဂါဖြစ်နိုင်ချေရှိနိုင်ခြေရှိပေမယ့်နည်းပါတယ်။
ကုသမှု
အဓိကကုသမှုကတော့ ရေဓာတ်ပြန်လည်ဖြည့်တင်းပေးခြင်းပဲဖြစ်ပါတယ်။ ဆုံးရှုံးသွားတဲ့ ရေဓာတ်နှင့်ဆားဓာတ် တွေကို ဓာတ်ဆားရည်,သောက်ပြီးပြန်လည်ဖြည့်တင်းပေးဖို့လိုပါတယ်
ရေပြန်လည်အားဖြည့်ရည် (Rehydration solution) သည် ဝမ်းလျှောခြင်းကြောင့် ကိုယ်ခန္ဓာမှ ဆုံးရှုံးသွားသော ဆားဓာတ်များ၊ သကြားဓာတ်များနှင့် သတ္တုဓာတ်များကို ပြန်လည်ဖြည့်စွက်ပေးရန်အတွက် ရေဖြင့်ရောစပ်သုံးစွဲရမည့်အမှုန့်တစ်မျိုးဖြစ်သည်။ ဆေးဆိုင်များတွင် ရရှိနိုင်ပါသည်။
လိုအပ်ရင်ဆေးရုံမှာကုသရပါတယ်။ :
- အကြောဆေးသွင်းခြင်း
- ပိုးသတ်ဆေး
ကာကွယ်ရန်အချက်များ
ကာလဝမ်းရောဂါကိုကာကွယ်နိုင်မယ့်နည်းလမ်းတွေကတော့-
လိုက်နာရန်:
- လက်ကို ရေနှင့် ဆပ်ပြာဖြင့်မကြာခဏ ဆေးပါ ။အထူးသဖြင့် အစာမစားခင် နှင့် အိမ်သာသွားပြီးချိန်
- ရေကိုကြိုချက်ပြီးမှသောက်ပါ။
- သွားတိုက်တဲ့အခါ ရေသန့်ဖြင့် ပလုတ်ကျင်းပါ။
ရှောင်ရန်:
- အသီးအရွက်များကို ရေသန့်ဖြင့်သေချာဆေးကြောပြီးမှချက်ပြုတ်ပါ။
- ကမာကောင်နှင့် ပင်လယ်စာများကို သတိပြုစားသုံးပါ။ မသန့်ရှင်းသောပင်လယ်စာများစားခြင်းကိုရှောင်ပါ။
- အအေးသောက်တဲ့ အခါ မသန့်သော ရေခဲများမ ထည့်ပါနှင့်။
ကာကွယ်ဆေး
ကာလဝမ်းရောဂါအတွက် ကာကွယ်ဆေးလည်းရှိပါတယ်။ ဒါပေမယ့်လူတိုင်းထိုးဖို့မလိုပါဘူး။
ဘယ်လိုအချိန်တွေ မှာထိုးဖို့လိုလဲဆိုတော့:
- ကာလဝမ်းရောဂါအဖြစ်များတဲ့ ဒေသတွေကိုခရီးသွားမယ်ဆိုရင် ကျန်းမာရေးစောင့်ရှောက်မှု ရဖို့ခက်ခဲတဲ့ ဒေသတွေကို သွားမယ်ဆိုရင်
- ကာလဝမ်းရောဂါဖြစ်ပွားနေတဲ့ ဒေသတွေကို သွားရောက်ကူညီပေးမယ့်သူဖြစ်ရင် ကာကွယ်ဆေးထိုးသွားနိုင်ပါတယ်။
ကာကွယ်ဆေးက သောက်ရတဲ့ ဆေးရည်အမျိုးအစားဖြစ်ပြီးပထမအကြိမ်ပြီးရင် ၁-၆ ပတ်ခြားပြီးနောက်တစ်ကြိမ် သောက်ဖို့လိုပါတယ်။ ( လူကြီးများအတွက် ) အများဆုံး ၂နှစ်လောက်ထိကာကွယ်ပေးနိုင်ပါတယ်။
အနည်းဆုံးခရီးမသွားခင် တစ်ပတ်လောက်ကြိုပြီး ကာကွယ်ထားဖို့လိုပါတယ်။
ဆရာဝန်နှင့်ပြသ ရန်အချိန်
အောက်ပါအခြေအနေများဖြစ်ရင် ဆရာဝန်နှင့်ပြသရပါမယ်။ :
- ဝမ်းကအရည်တွေဆက်တိုက်သွားတာ, ဆိုးဆိုးရွားရွားအန်တာတွေဖြစ်နေပြီဆိုရင်
- ဒါ့အပြင် ရေဓာတ်ခမ်းခြောက်တဲ့ လက္ခဏာတွေဖြစ်တဲ့ ရေအလွန်အမင်းငတ်ခြင်း, ဆီးအရောင်ရင့်ပြီး (အဝါရင့်ရောင်) အနံ့ပြင်းခြင်းစတာတွေဖြစ်ပြီဆိုရင်
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.