နာတာရှည်ကျောက်ကပ်ရောဂါ (Chronic Kidney Disease (CKD) | Kidney Failure)

Patient Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

Overview

နာတာရှည်ကျောက်ကပ်ရောဂါ (CKD) သည် ကျောက်ကပ်များ လိုအပ်သောအတိုင်း အလုပ်လုပ်ရန် မရရှိသော အခြေအနေ တစ်ခုဖြစ်သည်။

နာတာရှည်ကျောက်ကပ်ရောဂါ (CKD) သည် ကျောက်ကပ်များ လိုအပ်သောအတိုင်း အလုပ်လုပ်ရန် မရရှိသော အခြေအနေ တစ်ခုဖြစ်သည်။

နာတာရှည်ကျောက်ကပ်ရောဂါသည် အချိန်နှင့်အမျှ ဆိုးဝါးလာနိုင်ပြီး အချိန်တစ်ခုတွင် ကျောက်ကပ်များ လုံးဝ အလုပ်လုပ်ရပ်ဆိုင်းနိုင်သည်။ သို့သော် ဒါဟာ မကြာခဏ ဖြစ်ပွားသော အဖြစ်အပျက် မဟုတ်ပါ။ နာတာရှည်ကျောက်ကပ်ရောဂါရှိသူများက ရောဂါအခြေအနေကို ထိန်းချုပ်ပြီးသက်တမ်းစေ့နေနိုင်သူများလည်းရှိပါသည်။

Symptoms

နာတာရှည်ကျောက်ကပ်ရောဂါ (CKD) ရှိသော လူအများအပြားသည် အထူးသဖြင့် ဆိုးရွားသောအဆင့်သို့ရောက်သွားသည့်တိုင်အောင် ရောဂါလက္ခဏာမပြပဲဖြစ်နိုင်ပါတယ်။

နာတာရှည်ကျောက်ကပ်ရောဂါ၏ ကနဦးအဆင့်များ

ကျောက်ကပ်ရောဂါသည်ကနဦးအဆင့်တွင် ရောဂါလက္ခဏာများပေါ်လာခြင်းမရှိပါ။

ဘာကြောင့်လဲဆိုတော့ ကျောက်ကပ်လုပ်ဆောင်မှု အားနည်းသွားသောအခြေအနေကို ခန္ဓာကိုယ်ကလိုက်ပြီး ညှိနိုင်လို့ဖြစ်ပါတယ်။ ဒီအဆင့်မှာ အများအားဖြင့် အခြားရောဂါအခြေအနေတစ်ခုကြောင့် သေွး,ဆီးစစ်ရင်းနဲ့ မှ ပေါ်တာမျိုးဖြစ်ပါတယ်။

ဤအဆင့်တွင် ရှာဖွေတွေ့ရှိပါက ဆေးဝါးများနှင့်အခြေအနေထပ်မဆိုးအောင် ကူညီနိုင်သည်။

နောက်ထပ် အဆင့်များ

ကျောက်ကပ်ရောဂါကို စောင့်ကြည့်မှုမရှိခြင်း သို့မဟုတ် ကုသမှုမှမူတည်၍ ဆိုးဝါးလာလျှင် အခြေအနေများကလည်း ဖြစ်ပေါ်နိုင်သည်။

ရောဂါလက္ခဏာများတွင် ပါဝင်နိုင်သည်မှာ:

  • အလေးချိန်လျော့နည်းခြင်းနှင့် စားချင်စိတ်လျော့နည်းခြင်း
  • ဖောရောင်ခြင်း
  • အသက်ရှုခက်ခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • ဆီးတွင် သွေးပါခြင်း
  • ညဘက်ဆီးခဏခဏသွားခြင်း
  • အိပ်မပျော်ခြင်း
  • အသားအရေယားယံခြင်း
  • ကြွက်တက်ခြင်း 
  • နာမကျန်းဖြစ်ခြင်း
  • ခေါင်းကိုက်ခြင်း
  • ပန်းသေပန်းညှိုးခြင်း

ဤအဆင့်ကိုနောက်ဆုံးအဆင့်ကေျာက်ကပ်ရောဂါ ဟု အမည်ပေးသည်။ ၎င်းသည် အချို့သော ကုသမှုများမှတဆင့် ညွှန်ပြရန် လိုအပ်နိုင်သည်။

Causes

နာတာရှည်ကျောက်ကပ်ရောဂါ သည် အများအားဖြင့် ကျောက်ကပ်များကို ဖိအားပေးသော အခြားရောဂါများကြောင့် ဖြစ်ပေါ်ပါသည်။ အများအားဖြင့် အကြောင်းအရင်းများစုပြီး ဖြစ်တတ်ပါတယ်။

CKD ဖြစ်စေသော အကြောင်းရင်းများ:

  • သွေးဖိအားမြင့်ခြင်း  – အချိန်ကြာလာလျှင် ကျောက်ကပ်များအတွင်းရှိ သွေးကြောပေါင်းသေးများကို ဖိအားပေးပြီး ကျောက်ကပ်များသည် အလုပ်မလုပ်နိုင်တော့ပါ။
  • ဆီးချို–  သွေးထဲရှိ သကြား များလွန်းသောကြောင့် ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါသည်။
  • သွေးတွင်းအဆီဓာတ်မြင့်ခြင်း – ဤသည် ကျောက်ကပ် သွေးကြောများထဲတွင် အဆီစုစည်းမှုများ ဖြစ်စေပြီး သက်ဆိုင်ရာ အလုပ်လုပ်နိုင်မှုကို ခက်ခဲစေပါသည်။
  • ကျောက်ကပ်ရောဂါများ
  • ကျောက်ကပ်ပိုးဝင်ခြင်း (glomerulonephritis) - ကျောက်ကပ်ရောင်ခြင်း
  • autosomal dominant polycystic kidney disease –ကျောက်ကပ်များတွင် cysts ဟုခေါ်သော အရည်အိတ်များ ဖွံ့ဖြိုးခြင်း၊ မျိုးရိုးကြောင့်ဖြစ်သည်
  • ဆီးလမ်းကြောင်းပိတ်ခြင်း – ကျောက်ကပ်ကျောက်တည်ခြင်းကြီးမားသော prostate ကြောင့် ဖြစ်နိုင်ပါသည်။
  • အချိန်ကြာမြင့် သုံးစွဲသော ဆေးများ –  ဥပမာ lithium နှင့် non-steroidal anti-inflammatory drugs (NSAIDs)

နာတာရှည်ကျောက်ကပ်ရောဂါကို ကာကွယ်ရန် ကျန်းမာရေးဆိုင်ရာ နည်းလမ်းများ လိုက်နာပါက၊ သင့်တွင်ရှိသော အခြားရောဂါများကို သေချာစစ်ဆေးခြင်း၊ စောင့်ကြည့်မှုအရေးကြီးပါသည်။

Diagnosis

နာတာရှည်ကျောက်ကပ်ရောဂါ (CKD) ကို သွေးနှင့် ဆီးစစ်ဆေးမှုများဖြင့် ရှာဖွေစစ်ဆေးနိုင်ပါသည်။

အများအားဖြင့် CKD ကို သာမန်သွေးသို့မဟုတ် ဆီးစစ်ဆေးမှုများတွင် အခြားပြဿနာအတွက် စစ်ဆေးသောအခါတွင်သာ တွေ့ရှိရပါသည်။

CKD ရှိမရှိ စစ်ဆေးသင့်သူများ

သင့်တွင် နာတာရှည်ကျောက်ကပ်ရောဂါ လက္ခဏာများ ဖြစ်နေပြီး ရှာဖွေစစ်ဆေးရန်လိုအပ်သည်ဟု ထင်ပါက GP ဆရာဝန်ကိုတွေ့ဆုံပါ။နာတာရှည်ကျောက်ကပ်ရောဂါဖြစ်နိုင်သည့် လက္ခဏာများမှာ:

  • အလေးချိန်ကျခြင်း သို့မဟုတ် အစားအသောက်ပျက်ခြင်း
  • ခြေဖျား၊ လက်များ ဖောခြင်း
  • အသက်ရှုခက်ခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • ဆီးတွင် သွေးပါခြင်း
  • ဆီး မကြာခဏသွားခြင်း (အထူးသဖြင့် ညအချိန်တွင် ) 

ဆရာဝန်သည် လိုအပ်သည့် စစ်ဆေးမှုများ ကို လုပ်ရန် ညွှန်ကြားနိုင်ပါသည်။ 

CKD အစောပိုင်းတွင် လက္ခဏာမရှိနိုင်သော်လည်း အချို့သော လုပ်ဆောင်မှုများနှင့် ပြဿနာများကြောင့် စစ်ဆေးခြင်းလိုအပ်နိုင်ပါသည်။

နာတာရှည်ကျောက်ကပ်ရောဂါရှိလျှင် နေ့စဉ်စစ်ဆေးမှုများ လိုအပ်သည် အထူးသဖြင့် အောက်ပါ ရောဂါများရှိလျှင်

  • သွေးဖိအားမြင့်ခြင်း
  • ဆီးချိုရောဂါ
  • acute kidney injury – ကျောက်ကပ်များ ထိခိုက်ပျက်စီးခြင်း
  • နှလုံးသွေးကြောရောဂါ– coronary heart disease သို့မဟုတ် heart failure အပါအဝင် နှ လုံးနှင့် ပက်သက်သောရောဂါများ
  • ကျောက်ကပ်ကိုသက်ရောက်စေသော အခြားရောဂါများ – ကျောက်ကပ်ကျောက် သို့မဟုတ် ကျောက်ကပ်ကြီးလာခြင်း
  • မိသားစုတွင် နာတာရှည်ကျောက်ကပ်ရောဂါ သမိုင်းရှိသူများ
  • ဆီးတွင် သွေးနှင့် ပရိုတင်း ပါဝင်ခြင်း

Children and young people with one working kidney should also be tested regularly.

You're also more likely to develop kidney disease if you're black or of south Asian origin.

People taking long-term medicines that can affect the kidneys, such as lithium, omeprazole or non-steroidal anti-inflammatory drugs (NSAIDs), should also be tested regularly.

Talk to the GP if you think you may need regular testing for kidney disease.


CKD စစ်ဆေးခြင်းနည်းလမ်းများ

Blood test

CKD ကို စစ်ဆေးရန် အဓိက အစစ်အမှန် သွေးစစ်ဆေးမှုဖြစ်သည်။ သွေးထဲရှိ creatinine ကို စစ်ဆေးပေးပါသည်။

A doctor uses your blood test results, plus your age, size, and gender to calculate how many millilitres of waste your kidneys should be able to filter in a minute.

This calculation is known as your estimated glomerular filtration rate (eGFR).

Healthy kidneys should be able to filter more than 90ml/min. You may have CKD if your rate is lower than this.

ဆီးစစ်ဆေးမှု

ဆီးတွင်:

  • albumin နှင့် creatinine အဆင့်များကို စစ်ဆေးသည့် albumin ratio (ACR) ကို တွက်ချက်ခြင်းဖြစ်သည်။
  • check for blood or protein in your urine

Alongside your eGFR, urine tests can help give a more accurate picture of how well your kidneys are working.

အခြားစစ်ဆေးမှုများ

Sometimes other tests are also used to assess the level of damage to your kidneys.

These may include:

  • ultrasound, MRI, CT စကင်များ
  • ကျောက်ကပ် biopsy – ကျောက်ကပ်စစ်ဆေးမှု

နာတာရှည်ကျောက်ကပ်ရောဂါ၏ စမ်းသပ်မှုရလဒ်များနှင့် အဆင့်များ

သင့်စမ်းသပ်မှုရလဒ်များအရ ကျောက်ကပ်များတွင် ထိခိုက်မှုရဲ့ အဆင့်ကို သတ်မှတ်နိုင်ပြီး၊ CKD ၏ အဆင့်ကို သတ်မှတ်နိုင်ပါသည်။

ဤသတင်းအချက်အလက်များအရ သင့်ဆရာဝန်က သင့်အတွက် သင့်လျော်ဆုံးကုသမှုကို ဆုံးဖြတ်နိုင်မည်ဖြစ်ပြီး၊ သင့်အခြေအနေကို စောင့်ကြည့်ရန် မကြာခဏ စမ်းသပ်ခြင်း လိုအပ်မည်သည့်အကြောင်း ဆုံးဖြတ်နိုင်ပါသည်။

သင့် eGFR (estimated glomerular filtration rate) ရလဒ်ကို ၁ မှ ၅ အထိအဆင့်သတ်မှတ်ပါသည်။:

  • အဆင့် ၁ (G1) – eGFR ၉၀ ml/min ကျော်ကောင်းမှန်သောအခြေအနေဖြစ်သော်လည်း ကျောက်ကပ်ထိခိုက်မှု၏ အခြားအချက်များ ရှိပါသည်။
  • အဆင့် ၂ (G2) – eGFR ၆၀ မှ ၈၉ ml/min ဖြစ်ပြီး အခြားအချက်များအရ ကျောက်ကပ်ထိခိုက်မှု ရှိပါသည်။
  • အဆင့် ၃a (G3a) – eGFR ၄၅ မှ ၅၉ ml/min ဖြစ်ပါသည်။
  • အဆင့် ၃b (G3b) – eGFR ၃၀ မှ ၄၄ ml/min ဖြစ်ပါသည်။
  • အဆင့် ၄ (G4) – eGFR ၁၅ မှ ၂၉ ml/min ဖြစ်ပြီး ကျောက်ကပ်လုပ်ဆောင်မှု လျော့နည်းနေပါသည်။
  • အဆင့် ၅ (G5) – eGFR ၁၅ ml/min ထက် နည်းခြင်းဖြစ်ပြီး ကျောက်ကပ် လုပ်ဆောင်မှုများ အလွန်နည်းပါးသွားသည်။

သင့် ACR (albumin ratio) ရလဒ်ကို ၁ မှ ၃ အထိအဆင့်သတ်မှတ်ပါသည်။:

  • A1 – ACR ၃ mg/mmol ထက် နည်းပါသည်။
  • A2 – ACR ၃ မှ ၃၀ mg/mmol ဖြစ်ပါသည်။
  • A3 – ACR ၃၀ mg/mmol ကျော်သည်။

eGFR နှင့် ACR မှာ အဆင့်မြင့်လေလေ ကျောက်ကပ်‌ ရောဂါအခြေအနေဆိုးလေလေဖြစ်ပါသည်။

Treatment Options

နာတာရှည်ကျောက်ကပ်ရောဂါ (CKD) ကို ကုသနိုင်ခြင်း မရှိသော်လည်း ကုသမှုများက ရောဂါလက္ခဏာများကို သက်သာစေပြီး ပိုမိုဆိုးဝါးသွားခြင်းကို တားဆီးနိုင်သည်။

အဓိကကုသမှုများမှာ:

  • ကျန်းမာဖွံ့ဖြိုးမှုအတွက် နေထိုင်မှုပုံစံများ ပြောင်းလဲခြင်း – သင့်ကျန်းမာရေးကို အကောင်းဆုံးထားရှိနိုင်ရန် လိုအပ်ပါသည်။
  • ဆေးများ – သွေးပေါင်ချိန်မြင့်ခြင်းနှင့် သွေးဓာတ်ဆီဓာတ်များကို ထိန်းချုပ်နိုင်ရန် ဆေးကုသမှုများ ပါဝင်သည်။
  • ကျောက်ကပ်လှည့်ကွက်ပြုခြင်း (Dialysis) – ကျောက်ကပ်၏ အချို့သော လုပ်ဆောင်မှုများကို အစားထိုးရန် လိုအပ်ပါသည်။ဤကုသမှုသည် CKD ၏ အဆင့်မြင့်ရောဂါတွင် လိုအပ်နိုင်ပါသည်။
  • ကျောက်ကပ် အစားထိုးကုသမှု (Kidney transplant) – ဤအစားထိုးကုသမှုသည်လည်း CKD ၏ အဆင့်မြင့်ရောဂါတွင် လိုအပ်နိုင်ပါသည်။

သင့်အခြေအနေကို အစဉ်အမြဲ စောင့်ကြည့်ရန် သင့်အား စမ်းသပ်မှုများ ပြုလုပ်ရန် အကြံပြုမည်ဖြစ်ပါသည်။

Prevention Tips

နာတာရှည်ကျောက်ကပ်ရောဂါ (CKD) ကို အမြဲတမ်းတားဆီးနိုင်ခြင်း မရှိသော်လည်း၊ အခြေအနေဖြစ်ပေါ်စေမည့် အခွင့်အလမ်းကို လျော့နည်းစေနိုင်ရန် လိုက်နာနိုင်ပါသည်။

အောက်ဖော်ပြပါ အကြံဉာဏ်များကို လိုက်နာခြင်းဖြင့် သင့်ကျောက်ကပ်ရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်ပါသည်။

နာတာရှည်ရောဂါများကို ထိန်းချုပ်ပါ

သင့်တွင် ဆီးချိုရောဂါ (Diabetes) သို့မဟုတ် သွေးပေါင်ချိန်မြင့်ရောဂါ (Hypertension) ကဲ့သို့သော နာတာရှည်ရောဂါများ ရှိပါက CKD ဖြစ်ပွားနိုင်ခြေရှိသည်။ ထို့ကြောင့် ဤရောဂါများကို သေချာစွာ ထိန်းချုပ်ထားရန် အရေးကြီးပါသည်။

သင့်ဆရာဝန်၏ အကြံပြုချက်များကို လိုက်နာ၍ သင့်အားညွှန်ကြားထားသော ဆေးများကို စနစ်တကျ သောက်ပြီး ပုံမှန်ဆေးခန်းပြသခြင်းလုပ်ပါ။

ဆေးလိပ်ဖြတ်ရန်

ဆေးလိပ်သောက်ခြင်းသည် နလှံးနှင့်ဆိုင်သောရောဂါ (Cardiovascular diseases) ဖြစ်ပွားစေပြီး အထူးသဖြင့် နှလုံးရောဂါ (Heart attack) သို့မဟုတ် နှလုံးသွေးကြောပိတ်ရောဂါ (Stroke) ကဲ့သို့သော အခြေအနေများသည် CKD ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေပါသည်။

ဆေးလိပ်ဖြတ်ခြင်းသည် သင့်ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပြီး ဤရောဂါများဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်ပါသည်။

ကျန်းမာရေးကောင်းမွန်သော အစားအစာများ

ထိန်းချုပ်ထားသော သွေးပေါင်ချိန်နှင့် သွေးအဆီဓာတ်ကောင်းမွန်စေရန် ကျန်းမာရေး အလေ့အကျင့်များနှင့် သင့်စားဝတ်နေရေးကို ကောင်းမွန်စွာ ပြုပြင်ပါက ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါသည်။

ကျန်းမာသော အစားအစာများတွင်:

  • အသီးအနှံအသီးအရွက်များများစားရန်
  • အာဟာရပြည့်ဝသော အာလူး၊ပေါင်မုန့်ကြမ်း,ဆန်, ပါစတာခေါက်ဆွဲ များစားပေးပါ။
  • နို့ထွက်ပစ္စည်း သို့မဟုတ် နို့အစားထိုးဖြစ်သော စားစရာများ၊
  • ပဲအမျိုးမျိုး၊ ငါး၊ အသား၊ ဥများ ပရိုတင်းပါဝင်သောစားစရာများ၊
  • အဆီဓာတ်၊ ဆားနှင့် သကြားများ လျော့စားပါ။

အချို့သော CKD များအတွက်အထူး သတ်မှတ်ချက်များပေါ်တွင် အာဟာရပြုပြင်ရန် လိုအပ်နိုင်ပြီး ကော်လစီယမ်၊ ပိုတက်စီယမ် သို့မဟုတ် ဖော်စဖိတ်ဓာတ်များ အရွယ်အစား လျှော့နည်းစေရန် အကြံပြုနိုင်ပါသည်။

အရက်သောက်သုံးမှုကို ထိန်းချုပ်ပါ

အရက်ကို အလွန်အမင်းသောက်သုံးခြင်းဖြင့် သင့်သွေးပေါင်ချိန်နှင့် သွေးအဆီဓာတ်များ တက်စေပြီး ကျောက်ကပ်ရောဂါဖြစ်ပွားနိုင်ခြေရှိလာပါသည်။

လက်ရှိအကြံပြုချက်များအရ

  • အမျိုးသားနှင့် အမျိုးသမီးများသည် တစ်ပတ်လျှင် ၁၄ ယူနစ်ထက်မပိုသောက်သုံးသင့်ပါ။
  • တစ်ပတ်လျှင် ၁၄ ယူနစ် သောက်ရင်၊ သင့်ရဲ့အရက်သောက်မှုကို ၃ ရက် သို့မဟုတ် ရက်များအတွင်း မျှတစွာ ချိန်ညှိသောက်ပါ။

ပုံမှန်လေ့ကျင့်ခန်းများပြုလုပ်ပါ

ပုံမှန်အားကစားများက သင့်သွေးပေါင်ချိန်ကို လျှော့ချပြီး ကျောက်ကပ်ရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်ပါသည်။

တစ်ပတ်လျှင် အနည်းဆုံး မိနစ် ၁၅၀ (၂ နာရီ ၃၀ မိနစ်) ခန့် အလတ်စားအားကစားများ (စက်ဘီးစီးခြင်း သို့မဟုတ် လျှင်မြန်စွာလမ်းလျှောက်ခြင်း) ပြုလုပ်ပါ။

နာကျင်မှုသက်သာရန်ဆေးများ အသုံးပြုပါက သတိပြုပါ

NSAIDs (Non-steroidal anti-inflammatory drugs) ဖြစ်သော အဲစပရင် (Aspirin) နှင့် အိုက်ဘူပရိုဖင် (Ibuprofen) ကဲ့သို့သော ဆေးများကို အလွန်အကျွံ သောက်သုံးခြင်းက ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါသည်။

သင့်အား အကိုက်အခဲပျောက်ဆေးများကို သုံးရန်လိုအပ်ပါက ညွှန်ကြားချက်များကို သေချာ လိုက်နာပါ။

When To See A Doctor

ကျောက်ကပ်ရောဂါကြောင့် ဖြစ်နိုင်သော အမြဲတမ်း သို့မဟုတ် စိုးရိမ်ဖွယ် လက္ခဏာများရှိပါက GP ကို မေးမြန်းပါ။

ကျောက်ကပ်ရောဂါ၏ လက္ခဏာများသည် အခြား ရောဂါများကြောင့်လည်း ဖြစ်နိုင်သည်၊ ထို့ကြောင့် မှန်ကန်သော ရောဂါရှာဖွေခြင်း အရေးကြီးပါသည်။

သင့်မှာ CKD (နာတာရှည်ကျောက်ကပ်ရောဂါ) ရှိပါက ၎င်းကို အမြန်ဆုံး ရောဂါရှာဖွေရန် ကောင်းမွန်ပါသည်။ ကျောက်ကပ်ရောဂါကို သွေးနှင့် သည်းဆီးစစ်ဆေးခြင်းများမှတစ်ဆင့် ရှာဖွေနိုင်ပါသည်။

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
12 October 2024
ကာလဝမ်းရောဂါ (Cholera)
Patient Guide