Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
ပါဝင်သောအကြောင်းအရာများ
အကျဥ်းချုပ်
နာတာရှည် မုန့်ချိုအိတ်ရောင်ရမ်းခြင်း ဆိုတာ မုန့်ချိုအိတ် (pancreas) အကြိတ်တွေ အမြဲတမ်းပျက်စီးသွားပြီး အလုပ်မလုပ်နိုင်တော့တဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။
မုန့်ချိုအိတ်ဆိုတာ ဗိုက်ထဲမှာရှိတဲ့ အစာခြေဖျက်မှုကို ကူညီပေးတဲ့ အင်္ဂါအသေးစားတစ်ခုဖြစ်ပါတယ်။
အသက်မရွေး ဖြစ်နိုင်ပါတယ် (အထူးသဖြင့် ယောက်ျားတွေမှာ ပိုအဖြစ်များပါတယ်)။
အချိန်တိုရောင်ရမ်းတဲ့ acute pancreatitis နဲ့မတူဘဲ နာတာရှည်ဖြစ်တာပါ။
အများစုမှာ acute pancreatitis တစ်ကြိမ်ထက်ပိုဖြစ်ဖူးတတ်ပါတယ်။
လက္ခဏာများ
နာတာရှည် မုန့်ချိုအိတ်ရောင်ခြင်း (Chronic Pancreatitis) ၏ အဓိကလက္ခဏာမှာ ဗိုက်အောင့်ခြင်းဖြစ်ပါတယ်။
ဗိုက်အလယ် (သို့) ဘယ်ဘက်ခြမ်းမှာ ပြင်းထန်စွာနာကျင်တတ်ပြီး နောက်ကျောထိ ပျံ့နိုင်ပါတယ်။
ပူစပ်ပူလောင် (သို့) စူးရှတဲ့နာကျင်မှု၊ တစ်ခါတစ်ရံ နာရီပေါင်းများစွာ (သို့) ရက်အနည်းငယ်ကြာအောင် နာနိုင်ပါတယ်။
အစာစားပြီးမှ နာတတ်သလို ဘာလက္ခဏာမှမပြဘဲလည်း ရုတ်တရက်နာနိုင်ပါတယ်။ပျို့အန်ခြင်း ပါတွဲဖြစ်တတ်ပါတယ်။
အခြေအနေဆိုးလာပါက နာကျင်မှုများ ပိုမကြာခဏနဲ့ ပိုပြင်းထန်လာပါမယ်။
အချိန်ကြာလာတာနဲ့အမျှ ပြင်းထန်တဲ့နာကျင်မှုတွေကြားမှာ ဗိုက်ထဲက တစ်ချိန်လုံးတောင့်တင်းနေတဲ့ နာကျင်မှုမျိုး ခံစားရနိုင်ပါတယ်။
အရက်ဆက်သောက်သူတွေမှာ ဗိုက်နာတာ ပိုဆိုးတတ်ပါတယ်။
အရက်/ဆေးလိပ်ဖြတ်ပါက နာကျင်မှု သက်သာနိုင်ပါတယ်။
နာတာရှည် မုန့်ချိုအိတ်ရောင်ရမ်းခြင်း (အဆင့်မြင့်) ၏ လက္ခဏာများ
မုန့်ချိုအိတ် ပျက်စီးမှုပိုဆိုးလာပါက အစာခြေရည်များ ထုတ်လုပ်နိုင်စွမ်း လျော့နည်းလာပါသည်။ ဤအခြေအနေတွင် အောက်ပါလက္ခဏာများ ပေါ်ပေါက်နိုင်ပါသည်။
အဆီနှင့် အချို့သော ပရိုတင်းများကို ခြေဖျက်ရန် ခက်ခဲလာခြင်း ဝမ်းများ အနံ့ဆိုးစွာထွက်ခြင်း၊ အဆီဓာတ်များပါဝင်ခြင်း အိမ်သာတွင် ရေဆွဲချရန် ခက်ခဲခြင်း
မုန့်ချိုအိတ်၏ လုပ်ငန်းဆောင်တာများ ဆုံးရှုံးရန် မူလလက္ခဏာများစတင်ပြီး နှစ်များစွာ ကြာတတ်ပါသည်။
အခြားသောလက္ခဏာများ:
- ကိုယ်အလေးချိန်ကျဆင်းခြင်း
- စားချင်စိတ်မရှိခြင်း
- အသားဝါခြင်း၊ မျက်လုံးဝါခြင်း (အသားဝါရောဂါ)
- ဆီးချိုရောဂါလက္ခဏာများ (ရေငတ်ခြင်း၊ ဆီးခဏခဏသွားခြင်း၊ မောပန်းနွမ်းနယ်ခြင်း)
- ပျို့အန်ခြင်းနှင့် မအီမသာဖြစ်ခြင်း
ဖြစ်စေသော အကြောင်းရင်းများ
နှစ်ပေါင်းများစွာ အရက်အလွန်အကျွံသောက်ခြင်းသည် အဖြစ်အများဆုံးအကြောင်းရင်းဖြစ်သည်။
မုန့်ချိုအိတ်ကို တဖြည်းဖြည်းပျက်စီးစေပါသည်။
ကလေးများတွင် ဆစ်စတစ်ဖိုင်ဘရိုးစစ် (Cystic Fibrosis) ရောဂါသည် အဖြစ်များဆုံးအကြောင်းရင်းဖြစ်ပါသည်။
အခြားဖြစ်နိုင်ခြေနည်းသောအကြောင်းရင်းများ :
- ဆေးလိပ်သောက်ခြင်း
- ကိုယ်ခံအားစနစ်က မုန့်ချိုအိတ်ကိုတိုက်ခိုက်ခြင်း (Autoimmune Chronic Pancreatitis)
- မုန့်ချိုအိတ်အလုပ်မလုပ်အောင် တားဆီးတဲ့ မျိုးရိုးဗီဇချွတ်ယွင်းမှု
- မုန့်ချိုအိတ်ထိခိုက်ဒဏ်ရာရခြင်း
- သည်းခြေကျောက်ပိတ်ဆို့ခြင်း
- ဗိုက်ပိုင်းကို ဓာတ်ရောင်ခြည်ကုသမှုခံယူထားခြင်း
တစ်ခါတစ်ရံတွင် ရောဂါဖြစ်ပွားရသည့်အကြောင်းရင်းကို အတိအကျမသိနိုင်ပါ။အကြောင်းရင်းမသိရသောအခြေအနေ (Idiopathic Chronic Pancreatitis)ဟုခေါ် သည်။
ရောဂါရှာဖွေခြင်း
ဆရာဝန်က သင့်လက္ခဏာများကိုမေးမြန်းပြီး စမ်းသပ်စစ်ဆေးမည်။
နာတာရှည်မုန့်ချိုအိတ်ရောင်ရမ်းခြင်းဟုသံသယရှိပါက အထူးကုဆရာဝန်ထံ လွှဲပေးမည်။
အထူးကုဆရာဝန်က သင့်မှာ နာတာရှည် မုန့်ချိုအိတ်ရောင်ရမ်းခြင်း ရှိ/မရှိ အတည်ပြုပေးနိုင်ပါမည်။
စစ်ဆေးမှုများ
ဒီစစ်ဆေးမှုတွေကို သင့်ဒေသခံဆေးရုံမှာ ပြုလုပ်လေ့ရှိပါတယ်။
စစ်ဆေးမှုအမျိုးအစားများ:
- အာထရာဆောင်း (Ultrasound Scan) အသံလှိုင်းများသုံး၍ မုန့်ချိုအိတ်ပုံရိပ်ဖမ်းယူခြင်း
- စီတီစကန် (CT Scan) ဓာတ်မှန်အကြိမ်များစွာရိုက်၍ မုန့်ချိုအိတ်၏ 3D အသေးစိတ်ပုံရိပ်ဖော်ခြင်း
- အဏုကြည့်မှန်ပြောင်း အာထရာဆောင်း (Endoscopic Ultrasound) ပါးစပ်မှတစ်ဆင့် ကင်မရာပါပြွန်ငယ်ကို အစာအိမ်ထဲထိုးသွင်း၍ မုန့်ချိုအိတ်ပုံရိပ်ရိုက်ခြင်း
- magnetic resonance cholangiopancreatography (MRCP) – သံလိုက်လှိုင်းသုံး MRI စကန်တစ်မျိုးဖြင့် မုန့်ချိုအိတ်နှင့် ပတ်ဝန်းကျင်အင်္ဂါများကို အသေးစိတ်ရိုက်ကူးခြင်း
အသားစယူစစ်ဆေးခြင်း (Biopsy)
နာတာရှည် မုန့်ချိုအိတ်ရောင်ရမ်းခြင်းလက္ခဏာများဟာ မုန့်ချိုအိတ်ကင်ဆာလက္ခဏာများနှင့် အလွန်ဆင်တူနိုင်ပါတယ်။
ဒါကိုဖယ်ရှားဖို့ အသားစယူစစ်ဆေးခြင်း (Biopsy) ပြုလုပ်ရနိုင်ပါတယ် - မုန့်ချိုအိတ်မှ ဆဲလ်နမူနာအသေးစားယူပြီး ဓာတ်ခွဲခန်းသို့ပို့ကာ စစ်ဆေးခြင်း
ကုသမှုနည်းလမ်းများ
မုန့်ချိုအိတ်ပျက်စီးမှုက အပြီးအပြတ်ဖြစ်သော်လည်း ကုသမှုဖြင့် အခြေအနေကို ထိန်းချုပ်ကာ လက္ခဏာများသက်သာအောင် ပြုလုပ်နိုင်ပါသည်။
နေထိုင်မှုပုံစံပြောင်းလဲခြင်း အရက်သောက်သုံးမှု လုံးဝရပ်တန့်ခြင်း ဆေးလိပ်ဖြတ်ခြင်း အဆီနည်းသော အစားအစာများ စားသုံးခြင်း၊ဆေးဝါးကုသမှု
ပြင်းထန်သောနာကျင်မှုရှိပါက ခွဲစိတ်ကုသမှုခံယူနိုင်ပါသည်
When To See A Doctor
ပြင်းထန်သောဗိုက်အောင့်ခြင်း ခံစားရပါက ချက်ချင်းဆရာဝန်ပြပါ
အောက်ပါလ က္ခဏာများဖြစ်ပါက ဆရာဝန်နှင့် အမြန် ပြသပါ
- အသားဝါခြင်း (မျက်လုံးနှင့် အသားဝါလာခြင်း)
- အန်ခြင်းများ ဆက်တိုက်ဖြစ်နေပါက
အသားဝါခြင်းသည် အခြားအစာခြေစနစ်ပြဿနာများကြောင့်လည်း ဖြစ်နိုင်သောကြောင့် အမြန်ဆုံးစစ်ဆေးသင့်ပါသည်။
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.