Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
အရေးကြီးသောအချက်
ပါးစပ်နာဖြစ်နေစဥ်အတွင်းကလေးငယ်များကို နမ်းရှုံ့ပါက neonatal herpes( ကလေးများတွင် ဖြစ်သော ရေယုန်) ကူးစက်နိုင်ပြီး မွေးကင်းစကလေးငယ်များအတွက်အလွန်အန္တရာယ်များပါသည်။
အကျဥ်းချုပ်
ပါးစပ်နာများသည်အဖြစ်များကြပြီး ပုံမှန်အားဖြင့် ၁၀ ရက်အတွင်း ပျောက်ကင်းနိုင်ပါသည်။ နာကျင်မှုကို သက်သာစေရန် အတတ်နိုင်ဆုံး ကူညီနိုင်သော အရာများ ရှိပါသည်။
လက္ခဏာများ
ပါးစပ်နာသည် ပုံမှန်အားဖြင့် စူးခြင်း၊ ယားခြင်း သို့မဟုတ် လောင်ခြင်းခံစားမှုများဖြင့် စတင်ပါသည်။
နောက်ထပ် ၄၈ နာရီအတွင်း သင့်မျက်နှာပေါ်တွင် နာကျင်သောအရည်ကြည်ဖုများ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုပြီး ပေါ်လာပါလိမ့်မည်။
ပါးစပ်နာအဖုများသည် ပုံမှန်အားဖြင့် သေးငယ်ပြီး အရည်ဖြင့်ပြည့်နေပါသည်။အရည်ကြည်ဖုများသည် မျက်နှာပေါ်တွင် မည်သည့်နေရာ၌မဆို ပေါ်လာနိုင်ပါသည်။အရည်ကြည်ဖုများပေါက်ထွက်ပြီး အနာဖေးအဖြစ်ဖြစ်လာသည်။
ပါးစပ်နာသည် ၁၀ ရက်အတွင်း ပျောက်ကင်းသင့်သည်။ သို့သော် ၎င်းသည် ကူးစက်နိုင်ပြီး ကုသနေစဉ်နေရခက်ခြင်း သို့မဟုတ် နာကျင်မှုများ ဖြစ်ပေါ်နိုင်ပါသည်။
ပါးစပ်နာကို ဖြစ်စေခြင်းရှိသော အချက်များမှာ နေမကောင်းဖြစ်ခြင်း ၊ နေရောင်ခြည် သို့မဟုတ်ူ ဓမ္မတာလာခြင်း စသဖြင့် ဖြစ်ပါသည်။
ပါးစပ်နာမဟုတ်ပါက သင့်လက္ခဏာများ၏ ဖြစ်နိုင်သော အကြောင်းရင်းများမှာ အခြားသော ရောဂါများကြောင့် ဖြစ်နိုင်ပါသည်၊ ဥပမာ-
- အနာစက် သို့မဟုတ် boil - မျက်နှာပေါ်တွင် ပြည်ဖြင့်ပြည့်နေသောနာကျင်သော အနီရောင်အနာများ
- ပါးစပ်အနာ - ပါးစပ်သို့မဟုတ် နှုတ်ခမ်းအတွင်းရှိ အရည်ကြည်ဖု
- အင်ပီတိုင်ဂို - မျက်နှာပေါ်တွင် အနီရောင်အဖုများ သို့မဟုတ် အရည်ကြည်ဖုများထွက်ပြီး ရွှေညိုရောင်အနာဖတ်များဖြစ်ခြင်း
အကြောင်းရင်းများ
ပါးစပ်နာသည် herpes simplexဟုခေါ်သော ဗိုင်းရပ်စ်မှ ဖြစ်သည်။
လူအများစုသည် ကလေးဘဝတွင် ပါးစပ်နာရှိသူနှင့် အသားချင်းထိခြင်း နမ်းရှုံ့ခြင်း မှတစ်ဆင့် ဗိုင်းရပ်စ်ကူးစက်ခံရသည်။
တစ်ကြိမ်ဗိုင်းရပ်စ်ကို ရရှိသွားလျှင် သင်၏အရေပြားထဲမှာ တစ်ဘဝလုံးရှိနေပြီးတစ်ခါတစ်ရံမှာ ပါးစပ်နာဖြစ်စေသည်။
ကုသမှုရွေးချယ်စရာများ
ပါးစပ်နာကို ကုသခြင်းတွင် အကူအညီပေးရန် သင်တစ်ကိုယ်တိုင်လုပ်နိုင်သည့်အရာများ
ပါးစပ်နာကုသသည့်အခါတွင် သင်သည် ထပ်မံဖြစ်စေသော အခြေအနေများမှ ကာကွယ်ရန်အတွက် လုပ်ဆောင်နိုင်သောအရာများရှိသည်။
- သင်၏ပါးစပ်နာကို ဖြစ်စေသော အရာများ၊ ဥပမာအားဖြင့် နေပူဆာလှုံခြင်းမှ ရှောင်ကြဉ်ပါ။
- နေရောင်ထဲထွက်လျှင်နေရောင် ကာကွယ်ရန် SPF 15 သို့မဟုတ် ထက်ပိုသော နေရောင်ကာခရင်သုံးပါ။
- နာကျင်မှုနှင့် ရောင်ရမ်းခြင်းကို သက်သာစေရန် ပါရာဆီတမောလ် သို့မဟုတ် အိုင်ဘူပရိုဖင် ခံစားပါ (ကလေးများအတွက် အရည်ပါ ပါရာဆီတမောလ် ရရှိနိုင်ပါသည်) – ၁၆ နှစ်အောက်ကလေးများကို အက်စပရင်မပေးပါနဲ့။
- ရေများစွာ သောက်၍ ရေဓါတ်မဆုံးရှုံးအောင် ရေဓါတ်ထိန်းသိမ်းပါ။
- ပိုးသတ်ဆေးလိမ်းသည့်အချိန်မှလွဲ၍ သင်၏ ပါးစပ်နာကို မထိပါနှင့် – ဆေးမလိမ်းမီနှင့်လိမ်းပြီးတွင်လက်ကိုသေချာဆေးပါ။
- ပါးစပ်နာအပေါ် ဆေးကိုပွတ် မလိမ်းပါနဲ့ – ဆေးကိုခပ်ဖွဖွ တို့ပါ။
- သင့်ပါးစပ်နာကို ပို၍ နာကျင်စေသော အချဥ်ဓာတ် သို့မဟုတ် ငံသော အစားအစာများကို မစားပါနဲ့။
ပါးစပ်နာအတွက်ဆေးကုသမှု
ဆရာဝန်သည် သင့်ရဲ့ ပါးစပ်နာများသည် အရွယ်ကြီး၊ နာကျင်သော သို့မဟုတ် အကြိမ်ကြိမ် ပြန်လည်ဖြစ်ပေါ်သော အခါတွင် ဗိုင်းရပ်စ်ပိုးသတ် ဆေးများ ထုတ်ပေးနိုင်သည်။
မွေးကင်းစကလေးများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကိုယ်ခံအားနည်းသူများကို ဆေးကုသခြင်း သို့မဟုတ် အကြံဉာဏ်ပေးရန် ဆေးရုံသို့ ညွှန်ကြားခံရနိုင်ပါသည်။
ကာကွယ်ရန် အချက်များ
ပါးစပ်နာများ ဘယ်လောက်ကြာမြင့်အောင်ကူးစက်နိုင်သလဲ?
ပါးစပ်နာများသည် စတင်ထွက်ပေါက်မည့်သိသိသာသာထိခြင်း သို့မဟုတ် အခြားသတိပေးအချက်များကို ခံစားရန် စတင်သည့်အချိန်မှ စ၍ ပါးစပ်နာသည် အပြည့်အစုံကျန်းမာသွားသည်အထိ ကူးစက်နိုင်ပါသည်။
၎င်းသည် အခြားသူများထံနှင့် သင်၏ ကိုယ်ခန္ဓာအခြားအစိတ်အပိုင်းများသို့လည်း လွယ်ကူစွာ ကူးစက်နိုင်ပါသည်။
ပါးစပ်နာများ ပျံ့နှံ့မှုကို တားဆီးရန်အတွက်:
- သင့်ပါးစပ်နာကို ထိမိသောအခါတိုင်း ဆပ်ပြာနှင့်ရေဖြင့် သင့်လက်များကိုဆေးကြောပါ။
- ပါးစပ်နာရှိသည့်အချိန်တွင် တစ်စုံတစ်ဦးနှင့် မနမ်းပါနှင့်။
- ပါးစပ်နာသည်အပြီးတိုင်မပျောက်သေးသရွေ့ မိမိအဖော်နှင့် ပါးစပ်ဆက်ဆံမှု မပြုလုပ်ပါနှင့်၊ မိမိအဖော်အား လိင်အင်္ဂါရေယုန်ကူးစက်တတ်ပါသည်။
ဆရာဝန်နှင့်ပြရန်အချိန်
အောက်ပါအချက်များဖြစ်ပါက ဆရာဝန်နှင့်ပြပါ:
- ပါးစပ်နာသည် ၁၀ ရက်အတွင်း မသက်သာလာပါက
- ပါးစပ်နာကို စိုးရိမ်နေပါက သို့မဟုတ် အခြားသော ရောဂါတစ်ခုဖြစ်နေရင်
- ပါးစပ်နာသည် အရွယ်ကြီး သို့မဟုတ် နာကျင်သော အခါ
- သင့်ရဲ့ သို့မဟုတ် သင့်ကလေး၏ သွားဖုံးများနာခြင်း ရောင်ခြင်း ဖြစ်ပါက (gingivostomatitis)
- သင့်ရဲ့ ကိုယ်ခံအား စနစ်သည်အားနည်းနေပါက - ဥပမာ၊ ကင်ဆာဆေးကုသခြင်း သို့မဟုတ် ဆီးချိုရောဂါကြောင့်
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.