Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
ပါဝင်သောအကြောင်းအရာများ
အကျဥ်းချုပ်
အအေးမိခြင်းသည် ဗိုင်းရပ်စ်များကြောင့် ဖြစ်ပွားပြီး အခြားသူများသို့လွယ်ကူစွာကူးစက်နိုင်ပါသည်။
အအေးမိပြီဆိုလျှင် ပုံမှန်အားဖြင့် ၁ပတ်ကနေ ၂ ပတ် အတွင်း ဆရာဝန်ပြဖိုမလိုပဲသက်သာနိုင်ပါတယ်။
လက္ခဏာများ
အအေးမိခြင်း၏ ရောဂါလက္ခဏာများသည် ၂ မှ ၃ ရက်အတွင်း တဖြည်းဖြည်းဖြင့် ဖြစ်ပေါ်လာသည်။
ခံစားရတဲ့ ရောဂါလက္ခဏာတွေက -:
- နှာစေးနှာပိတ်ခြင်း
- နှာချေခြင်း
- လည်ချောင်းနာခြင်း
- အသံဝင်ခြင်း
- ချောင်းဆိုးခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
အခြား လက္ခဏာများ:
- အဖျားတက်ခြင်း
- ကြွက်သားများနာကျင်ကိုက်ခဲခြင်း
- အနံ့အရသာပျောက်ခြင်း
- နားအူခြင်း,မျက်နှာအမ်းခြင်းစတာတွေဖြစ်ပါတယ်။
ကလေးငယ်တွေမှာ အအေးမိတဲ့ လက္ခဏာတွေခံစားရတာ ပိုပြီးကြာနိုင်ပါတယ်။
ပုံမှန်မဟုတ်ပဲ ဂျီကျတာငိုတာ, အစားကျွေးရခက်တာ, မအိပ်တာ , ပါးစပ်ကနေအသက်ရှူတာ, ချောင်းဆိုးပြီးနောက် ဖျားတာစတာတွေဖြစ်နိုင်ပါတယ်။
ဖြစ်ပွားရသောအကြောင်းအရင်း
အအေးမိခြင်းသည် ဗိုင်းရပ်စ်များကြောင့် ဖြစ်ပွားပြီး အခြားသူများသို့လွယ်ကူစွာကူးစက်နိုင်ပါသည်။
ကုသမှု
အအေးမိခြင်းကို ဆရာဝန် ပြစရာမလိုဘဲ အိမ်တွင်ပင် သက်သာအောင် ကုသနိုင်ပါသည်။
အအေးမိပြီဆိုတာနဲ့ သက်သာအောင် မိမိဘာသာလုပ်လို့ရမယ့်နည်းလမ်းတွေကတော့-
လိုက်နာရန်:
- အနားများများယူပါ။
- ရေဓာတ်ဆုံးရှုံးမှုမဖြစ်ေအာင် ရေများများသောက်ပါ။
- ကျန်းမာရေးနှင့်ညီညွတ်သောအစားအသောက်များများစားပေးပါ။
- လည်ချောင်းနာတာသက်သာစေဖို့ ရေနွေးနဲ့ ဆားရည်ဖြင့် အာလုပ်ကျင်းပေးပါ။
- လည်ချောင်းရှင်းအောင် ရေနွေးထဲ ပျားရည်နဲ့ သံပုရာရည်ရောပြီး သောက်ပေးပါ။
- ရေနွေးငွေ့ရှူပေးပါ။ရေနွေးဖြင့်ရေချိုးပါ။
ရှောင်ကြဥ်ရန်:
- ကလေးငယ်တွေကိုတော့ ရေနွေး ငွေ့ မရှူခိုင်းပါနှင့်။
- အသက် ၁၆နှစ်အောက်အရွယ်ကို aspirin ဆေးမ ပေးသင့်ပါ။
- ဆေးလိပ်မသောက်ပါနှင့်။လက္ခဏာများပိုမိုဆိုးစေနိုင်သည်။
ကိုယ်အပူချိန်မြင့်နေခြင်း သို့မဟုတ် သင့်ရဲ့ နေ့စဉ်လုပ်ငန်းများကို ဆောင်ရွက်ဖို့မလုံလောက်အောင် ခံစားရပါက၊ အိမ်တွင်နေပြီး အခြားသူများနှင့် မထိတွေ့ ရန် ကြိုးစားပါ။ သက်သာသည်အထိ အိမ်ထဲမှာနေပါ။
ကာကွယ်ရန်အချက်များ
အအေးမိတာကိုကာကွယ်နိုင်မယ့်နည်းလမ်းတွေကတော့-:
- လက်ကို ဆပ်ပြာနှင့်ရေဖြင့် ဆေးကြောပါ။
- အအေးမိနေတဲ့ သူနဲ့ ပုဝါတဘက် များ အသု့းအ ဆောင်ပစ္စည်းများ အတူတကွဝေမျှသုံးစွဲခြင်းမလုပ်ပါနှင့်။
- မျက်လုံးနှာခေါင်းတို့ကိုလက်ဖြင့်မထိပါနှင့်
- ကျန်းမာသန်စွမ်းအောင်စားသောက်နေထိုင်ပါ။
တုပ်ကွေးကာကွယ် ဆေးက အအေးမိရောဂါကိုကာကွယ်နိုင်မှာမဟုတ်ပါဘူး။
ဆရာဝန်နှင့်ပြသ ရန်အချိန်
ဆရာဝန်နှင့်ပြသပါ။
- အဖျားကြီးတာက ၃ ရက်ထက်ပိုပြီးဖျားတာ
- လက္ခဏာတွေကပိုဆိုးလာတာ
- ချမ်းတုန်ပြီးအဖျားအလွန်တက်တာ
- ရင်ဘတ်အောင့်တာ, အသက်ရှူရခက်တာ
- သင့်ကလေးမှာစိုးရိမ်ရတဲ့ ရောဂါလက္ခဏာမျိုးတွေ့တာ
- ရောဂါလ္ခဏာတွေက ၁၀ရက်ကျော်တဲ့ အထိမသက်သာလာတာ
- ၃ ပတ်ထက်ကျော်ပြီးချောင်းဆိုးတာ
- အအေးမိတဲ့ လက္ခဏာတွေပြပြီး သင့်မှာ နာတာရှည်ရောဂါတစ်မျိုးမျိုးရှိနေတာ(ဆီးချို,သွေးတိုး,နှလုံးရောဂါစသည်ဖြင့်)
- ကိုယ်ခံအားနည်းစေတဲ့ အကြောင်းအရာတစ်ခုခုရှိတာ
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.