Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
အကျဥ်းချုပ်
ဓါတ်မတည့်ခြင်းကြောင့် အရေပြားရောင်ရမ်းခြင်း သည် အချို့သော ပစ္စည်းတစ်ခုနှင့် ထိတွေ့ခြင်းကြောင့် ဖြစ်ပေါ်လာသော နှင်းခူရောဂါအမျိုးအစားတစ်ခုဖြစ်သည်။
နှင်းခူ သည် အရေပြားကို ခြောက်သွေ့စေပြီး အထိမခံစေနိုင်သော ရောဂါအခြေအနေကို ခေါ်ဆိုသည်။
ဓါတ်မတည့်ခြင်းကြောင့် အရေပြားရောင်ရမ်းခြင်း သည် ရောဂါဖြစ်စေသောအကြောင်းအရင်းကို ရှာဖွေပြီး လက္ခဏာများမှ ကာကွယ်ပါက ပုံမှန်အားဖြင့် ကောင်းမွန်သွားပါသည်။ဆေးကုသမှုများလည်း ရောဂါလက္ခဏာများကို သက်သာစေဖို့ ရနိုင်ပါသည်။
လက္ခဏာများ
ဓါတ်မတည့်ခြင်းကြောင့် အရေပြားရောင်ရမ်းခြင်း သည် အရေပြားကို ယားယံစေပြီး၊ အဖုအပိန့်များဖြစ်ခြင်း အရောပြားခြောက်၍ အက်ကွဲခြင်းဖြစ်စေသည်။
အသားရောင်ဖြူလျှင် အနီရောင်ပြောင်းလဲပြီး၊ အညိုရောင် အရေပြားသည် ပိုမိုရင့်သောအရောင်သို့ပြောင်းလဲနိုင်ပါသည်။
ဤတုံ့ပြန်မှုသည် အကြောင်းအရာ သို့မဟုတ် အလားအလာရှိသော ပစ္စည်းနှင့် ထိတွေ့ပြီး နာရီအနည်းငယ် သို့မဟုတ် ရက်အနည်းငယ် အတွင်း ဖြစ်ပေါ်သွားနိုင်ပါသည်။
လက္ခဏာများသည် ခန္ဓာကိုယ်၏ မည်သည့်နေရာမဆို သက်ရောက်နိုင်ပါသည်။ သို့သော် ပုံမှန်အားဖြင့် လက်များနှင့် မျက်နှာတွင် ပိုမိုတွေ့ရှိရပါသည်။
အကြောင်းအရင်းများ
ဓါတ်မတည့်ခြင်းကြောင့် အရေပြားရောင်ရမ်းခြင်း ဖြစ်ပေါ်နိုင်သော အကြောင်းရင်းများမှာ-
- မတည့်သောသော ပစ္စည်းများ – အရေပြားအပေါ်ယံ အလွှာကိုတိုက်ရိုက် ပျက်စီးစေသော ပစ္စည်း
- ဓာတ်တုံ့ပြန်မှုဖြစ်စေသောပစ္စည်းများ – ရောဂါပိုးကို ကာကွယ်ရေးစနစ်တွင် တုံ့ပြန်စေသော ပစ္စည်း
ဓါတ်မတည့်ခြင်းကြောင့် အရေပြားရောင်ရမ်းခြင်း သည် ပုံမှန်အားဖြင့် ပိုးသတ်ဆပ်ပြာများ၊ သန့်ရှင်းရေးဆေးများ၊ ဓာတုဆေးရည်များ သို့မဟုတ် ရေနှင့် ပုံမှန်ထိတွေ့ခြင်းကြောင့် ဖြစ်ပေါ်ပါသည်။
ဓာတ်မတည့်မှုကြောင့်အရေပြားရောင်ရမ်းခြင်း သည်ဖြစ်လေ့နည်းသော ဖြစ်စဉ်တစ်ခုဖြစ်ပြီး၊ အချို့သော ထုတ်ကုန်များတွင် အလားအလာရှိသော ပစ္စည်းများ (ဥပမာ - အလှကုန်ပစ္စည်းများ) သို့မဟုတ် သတ္တု(နီကယ်) တု့ိကြောင့်ဖြစ်စေပါသည်။
သားစိမ်းငါးစိမ်းများကိုင်ခြင်း,မချက်ပြုတ်ရသေးသော အသီးအရွက်များကြောင့်လည်းအရေပြားရောင်ရမ်းခြင်း ဖြစ်စေပါသည်။
ကုသမှုရွေးချယ်စရာများ
သင့်ရောဂါလက္ခဏာများကို ဖြစ်စေသော ပစ္စည်းများ ကို လုံးဝ ကာကွယ်နိုင်ပါက၊ရောဂါလက္ခဏာများသည် နောက်ဆုံးတွင် ပြန်လည်ပျောက်ကင်းနိုင်ပါသည်။
သို့သော် ယခုအရာသည် အမြဲမဖြစ်နိုင်သောကြောင့်၊ သင်၏ဆရာဝန်က အောက်ပါဆေးများကို အသုံးပြုရန် အကြံပြုနိုင်ပါသည်-
- အရေပြားရေဓါတ်ဖြည့်ဆေးများ – အရေပြားခြောက်သွေ့ခြင်းမှကာကွယ်ရန် အစိုဓာတ်ဖြည့်လိမ်းဆေးများကို အသုံးပြုရန်
- စတီးရွိက်လိမ်းဆေးများ – အရေပြားတွင် စတီးရွိက်လိမ်းဆေးများကို အသုံးပြုကာ လက္ခဏာများကို အနည်းငယ်လျော့ချရန်
သင့်တွင် အရေပြားရောင်ရမ်းခြင်းဆက်တိုက်ဆိုးရွားပြီး ဖြစ်ပွားသော အရေပြား ၔရိယာ ကြီးသောအခါ၊ ဆရာဝန်က စတီးရွိက်သောက်ဆေးများ ပေးနိုင်ပါသည်။
ကာကွယ်ရန်အချက်များ
ဓါတ်မတည့်ခြင်းကြောင့် အရေပြားရောင်ရမ်းခြင်း ကိုကာကွယ်ရန်အကောင်းဆုံးနည်းလမ်းမှာ သင့်ရောဂါလက္ခဏာများကို ဖြစ်စေသော ပစ္စည်းများ သို့မဟုတ် ဓာတ်မတည့်သော ပစ္စည်းများ နှင့် ထိတွေ့ခြင်းကို ကာကွယ်ခြင်းဖြစ်ပါသည်။
သင့်အား ထိတွေ့မှုကို ကာကွယ်၍ မရနိုင်ပါက၊ အောက်ပါအဆင့်များကို လုပ်ဆောင်နိုင်ပါသည်-
- သင့်အရေပြားကို သန့်စင်ခြင်း – ဓာတ်မတည့်သောပစ္စည်း သို့မဟုတ် အလားအလာရှိသော ပစ္စည်းနှင့် ထိတွေ့ပါက၊ ရေနွေးဖြင့်ဆေးကြောပြီး emollient ကိုအသုံးပြုပါ။
- လက်အိတ်များ သုံးခြင်း – သင့်လက်များကို ကာကွယ်ရန်လက်အိတ်များ သုံးကိုင်တွယ်ပြီးသည်နှင့်လက်အိတ်များကို ဖယ်ရှားပါ၊ လက်တွင်ရှိသောချွေးများက ရောဂါလက္ခဏာများကိုပိုမိုဆိုးရွားလာနိုင်ပါသည်။ Rubber လက်အိတ်အစား ချည်ဖြင့်လုပ်ထားသောလက်အိတ်ကိုလည်းအသုံးပြုနိုင်သည်.
- မတည့်သော ထုတ်ကုန်များကို ပြောင်းလဲခြင်း – မိတ်ကပ် သို့မဟုတ် ဆပ်ပြာတွင် ပါဝင်သည့် ပါဝင်ပစ္စည်းများကို စစ်ဆေးပါ။ ဒါမှမဟုတ် ပါဝင်ပစ္စည်းများကိုသိရန် စက်ရုံ, အွန်လိုင်းမှ မေးမြန်းပါ။
- emollientsများကို မကြာခဏပမာဏများများ အသုံးပြုခြင်း – ဤသည်က သင့်အရေပြားကို ရေဓါတ်ဖြည့်ပြီး၊ ဓာတ်မတည့်သော ပစ္စည်းများ ထံမှ ကာကွယ်ရန် ကူညီပါသည်။ သင်သည် ပုံမှန် ဆပ်ပြာများ (ဆပ်ပြာအခဲ သို့မဟုတ် ဆပ်ပြာရည်) မသုံးဘဲ emollientဆပ်ပြာ အစားထိုးဖြင့် သုံးနိုင်ပါသည်၊ ပုံမှန်ဆပ်ပြာများက သင့်အရေပြားကို ခြောက်စေနိုင်သည်။
ဆရာဝန်နှင့်ပြရန်အချိန်
ဓါတ်မတည့်ခြင်းကြောင့် အရေပြားရောင်ရမ်းခြင်း ရှိနေပါက၊ ဆရာဝန်နှင့်ပြသပါ၊ ဤအခြေအနေများသည် ဆက်လက်ဖြစ်ပေါ်နေသော်လည်း၊ ပြန်လည်ဖြစ်ပေါ်နေခြင်း သို့မဟုတ် ခက်ခဲသော လက္ခဏာများ ရှိပါကလည်းဆရာဝန်နှင့်ပြသပါ။
ဆရာဝန်သည် အောက်ပါအခြေအနေများဖြစ်ပါက အထူးကုဆရာဝန်တစ်ဦးကို အကြံပြု၍ သင့်ကို သက်ဆိုင်ရာ စစ်ဆေးခြင်းများ ပြုလုပ်ရန်ညွှန်ပေးနိုင်ပါသည် (အရေပြားဆိုင်ရာ အထူးကု ဆရာဝန်)။
- သင့်ရောဂါ၏ အကြောင်းရင်းကို တွေ့မရနိုင်ပါက
- သင့်လက္ခဏာများသည် ကုသမှုများဖြင့် တုံ့ပြန်မှုမရှိပါက
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.