နှလုံးသွေးကြောကျဉ်းရောဂါ(Coronary Heart Disease (CHD))

Patient Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

အကျဥ်းချုပ်

coronary heart disease ကို ischaemic heart disease (သို့) coronary artery diseaseဟုလည်းခေါ်သည်။

လက္ခဏာများ

နှလုံးသွေးကြောဆိုင်ရာရောဂါ၏ အဓိက လက္ခဏာများမှာ :

  • ရင်ဘတ်အောင့်ခြင်း
  • အသက်ရှူရန်မလွယ်ကူခြင်း
  • လည်ပင်း၊ ပခုံးများ၊ မေးရိုး သို့မဟုတ် လက်များတွင် နာကျင်မှု
  • မူးမေ့ခြင်း
  • မအီမသာဖြစ်ခြင်း

သို့သော် လူတိုင်းတွင် တူညီသော လက္ခဏာများ မရှိနိုင်ပါ၊ အချို့သောသူများမှာ နှလုံးသွေးကြောဆိုင်ရာရောဂါ ရှာဖွေတွေ့ရှိမီအထိ မည်သည့်လက္ခဏာမှ မပြပဲ ဖြစ်နိုင်ပါသည်။

ဖြစ်ပွားရသောအကြောင်းအရင်း

နှလုံးသွေးကြောဆိုင်ရာရောဂါ ဆိုသည်မှာ သင်၏ နှလုံးသို့ သွေးပို့လွှတ်ခြင်းကို သွေးကြောများအတွင်းရှိ အဆီပိုများစုစည်းမှုကြောင့် ပိတ်ဆို့ခြင်း သို့မဟုတ် သွေးကောင်းစွာမလျှောက်ခြင်း ဖြစ်ပေါ်သည့်အခြေအနေဖြစ်သည်။

အချိန်ကြာလာသည်နှင့်အမျှ သွေးကြောများ၏ နံရံများတွင် အဆီများ စုပေါင်းလာနိုင်သည်။ ဤလုပ်ငန်းစဉ်ကိုနှလုံးသွေးကြောကျဥ်းခြင်း (atherosclerosis) ဟုခေါ်ကြပြီး အဆိုပါ အဆီထူထပ်မှုများကို အက်သာရိုမာ (atheroma) ဟုခေါ်ပါသည်။

နှလုံးသွေးကြောကျဥ်းခြင်းသည် ဆေးလိပ်သောက်ခြင်းနှင့် အရက်ကို ပုံမှန်အလွန်အကျွံ သောက်သုံးခြင်းကဲ့သို့သော နေထိုင်မှုပုံစံများကြောင့် ဖြစ်ပေါ်နိုင်ပါသည်။

သင်တွင် သွေးတွင်းအဆီများခြင်း၊ သွေးပေါင်မြင့်ခြင်း(သို့) သွေးတိုးရောဂါ၊ သို့မဟုတ် ဆီးချိုရောဂါကဲ့သို့သော ရောဂါများရှိပါက နှလုံးသွေးကြောကျဥ်းခြင်းဖြစ်ပွားနိုင်သော အန္တရာယ် ပိုမိုများပြားပါသည်။

ရောဂါရှာဖွေခြင်း

ဆရာဝန်က သင်မှာ နှလုံးသွေးကြောဆိုင်ရာရောဂါ ဖြစ်ပွားနိုင်သော အန္တရာယ်ရှိသည်ဟု ခံစားရပါစစ်ဆေးခြင်း ပြုလုပ်နိုင်ပါသည်။

ဆရာဝန်သည် သင့်ရဲ့ ကျန်းမာရေး နှင့် မိသားစု ရာဇဝင်များ၊ နေထိုင်မှုပုံစံကို မေးမြန်းပြီး သွေးစမ်းသပ်ခြင်း ပြုလုပ်ပါမည်။

နှလုံးသွေးကြောဆိုင်ရာရောဂါ အတည်ပြုရန် ထပ်မံ စစ်ဆေးရပါက အောက်ပါ စမ်းသပ်ချက်များ ပါဝင်နိုင်သည်:

  • နှလုံးအားစမ်းသပ်ခြင်း (ECG)
  • နှလုံးအသံလှိုင်းစမ်းသပ်ခြင်း (echocardiogram)
  • ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း
  • နှလုံးသွေးကြောရောင်ခြင်း စမ်းသပ်ခြင်း (coronary angiogram)

ကုသမှု

နှလုံးသွေးကြောဆိုင်ရာရောဂါကို ကုသ၍ မရနိုင်သော်လည်း ကုသမှုက လက္ခဏာများကို ထိန်းချုပ်ရန်နှင့် နှလုံးရုတ်တရက်ဖောက်ခြင်းကဲ့သို့သော ပြဿနာများ ဖြစ်ပွားရန် အန္တရာယ်ကို လျော့ကျစေရန် ကူညီနိုင်ပါသည်။

ကုသမှုတွင် အောက်ပါအရာများ ပါဝင်နိုင်သည်:

  • ပုံမှန် လေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့် ဆေးလိပ်ဖြ
  • ဆေးဝါးများ
  • အင်ဂျီယိုပလာစတီ – နှလုံးသွေးကြောကျဉ်းသောနေရာများကိုပူ‌ေဖာင်းနှင့် stent များ အသုံးပြုပြီး ကုသခြင်း
  • ခွဲစိတ်ကုသမှု

ကာကွယ်ရန်အချက်များ

နှလုံးသွေးကြောရောဂါ (CHD) ဖြစ်ပွားမှုအန္တရာယ်ကို လျော့ချနိုင်သော နည်းလမ်းများရှိပြီး၊ သွေးဖိအားနှင့် သွေးတွင်းအဆီဓာတ်အဆင့်ကို လျှော့ချခြင်းသည် ထိုအနက်မှတစ်ခုဖြစ်ပါသည်။

ကျန်းမာသော အစားအသောက်ကို စားရန်လိုအပ်သည်။

အဆီပါဝင်မှုနည်းပြီး အမျှင်ဓာတ်များသော အစားအသောက်ကို စားရန် အကြံပြုပါသည်။ ထို့အပြင် နေ့စဉ် သန့်စင်သောအသီးအနှံအချို့  နှင့်အားဖြည့်အစာများပါဝင်ရန် လိုအပ်ပါသည်။ 

သင်စားသုံးသော ဆားပမာဏကို တစ်နေ့လျှင် ၆ ဂရမ် (၀.၂ အောင်စ) အထက် မကျော်ရ၊ ဆားများပြားခြင်းသည် သွေးပေါင်ကို တက်စေမည်ဖြစ်သည်။ ၆ ဂရမ် ဆိုသည်မှာ တစ်စီးခြောက်သာခန့်ပမာဏဖြစ်သည်။

အဆီနှစ်မျိုး ရှိပါသည် - ပြည့်ဝအဆီနှင့် မပြည့်ဝအဆီ။ သင့်ရဲ့ သွေးတွင် မကောင်းသော အဆီဓာတ်များ တက်စေခြင်းကြောင့် ပြည့်ဝအဆီပါသော အစားအစာများကို ရှောင်ရှားရန် လိုအပ်သည်။

ပြည့်ဝဆီပါဝင်မှု မြင့်မားသော အစားအစာများတွင် အောက်ပါအရာများ ပါဝင်သည် :

  • အသားဌာပနာမုန့်များ
  • ဝက်အူချောင်းများနှင့် အဆီများသော အသားအပိုင်းများ
  • ထောပတ်
  • ဂီ – အိန္ဒိယအစားအစာတွင်အသုံးပြုသော ထောပတ်တမျိုး
  • ဝက်အူ
  • ခရင်
  • ချိစ်
  • ကိတ်မုန့်များနှင့် ဘီစကွတ်များ
  • အုန်းဆီ သို့မဟုတ် စားအုန်းဆီ ပါဝင်သော အစားအစာများ

သို့သော်၊ သင့်တင့်မျှတသော အစားအစာတွင် မပြည့်ဝသောအဆီများ ပါဝင်သင့်ပြီး၊ ၎င်းတို့သည် ကျန်းမာရေးအတွက်ကောင်းသောအဆီဓာတ်များ၏ အဆင့်များကို တက်စေနိုင်ပြီး သွေးကြောများတွင် ပိတ်ဆို့မှုများ လျော့နည်းစေနိုင်ကြောင်း သက်သေပြခဲ့ပါသည်။

မပြည့်ဝသောအဆီများ အများဆုံး ပါဝင်သော အစားအစာများတွင်:

  • ဆီပါသော ငါးများ
  • ထောပတ်သီး
  • အစေ‌့အဆံများ
  • နေကြာစေ့၊ သံလွင်သီး၊ အုန်းဆီနှင့် ဟင်းသီးဟင်းရွက်ဆီများ

သကြားများသောအစားအစာများကိုလည်း ရှောင်ရှားရန် ကြိုးစားသင့်ပါသည်၊ အကြောင်းကတော့ ဤသည် ဆီးချိုရောဂါဖြစ်ပွားရန် အန္တရာယ်များစေပြီး၊ ဆီးချိုရောဂါသည် နှလုံးသွေးကြောဆိုင်ရာရောဂါ (CHD) ဖြစ်ပွားခြင်းကို ထိန်းချုပ်ရန် အန္တရာယ်များစေနိုင်ပါသည်။


ကိုယ်ခန္ဓာ လှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်ပါ

ကျန်းမာသော အစားအစာနှင့် ပုံမှန် လေ့ကျင့်ခန်းများကို ပေါင်းစပ်လုပ်ဆောင်ခြင်းသည် ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းရန် အကောင်းဆုံးနည်းလမ်း ဖြစ်သည်။ ကျန်းမာသော ကိုယ်အလေးချိန် ရှိခြင်းက သွေးပေါင်မြင့်ခြင်း ဖြစ်ပွားရန် အန္တရာယ်ကို လျော့ကျစေပါသည်။

ပုံမှန်လေ့ကျင့်ခန်းများသည် သင့်၏ နှလုံးနှင့် သွေးလည်ပတ်မှုစနစ်ကို ပိုမိုထိရောက်စေပြီး သင့်ရဲ့ အဆီဓာတ်အဆင့်ကို လျော့ချပြီး သင့်သွေးပေါင်ကို ကျန်းမာသော အဆင့်မှာ ထိန်းသိမ်းထားနိုင်ပါသည်။

ပုံမှန်လေ့ကျင့်ခန်းသည် နှလုံးရုတ်တရက်‌ေဖာက်ခြင်းအန္တရာယ်ကို လျော့ကျစေပါသည်။ နှလုံးသည် ကြွက်သားတစ်ခုဖြစ်ပြီး၊ အခြားကြွက်သားများကဲ့သို့၊ လေ့ကျင့်ခန်းမှ အကျိုးကျေးဇူးရပါသည်။ သန်မာသောနှလုံးကြွက်သားသည် သင့်ခန္ဓာကိုယ်တွင်း သွေးကို ပို၍ ထုတ်ပေးနိုင်ပါသည်။

အားကစားအမျိုးမျိုး၊ အလွယ်တကူ လမ်းလျှောက်ခြင်း၊ ရေကူးခြင်းနှင့် ကခြင်း အားကစားများသည် သင့်နှလုံးကို ပိုမိုသက်တောင့်တင်းစေပြီး ကျန်းမာစွာ ထိန်းသိမ်းထားနိုင်ပါသည်။

ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ


ဆေးလိပ်ဖြတ်ပါ

သင်ဆေးလိပ်သောက်ပါက၊ ‌ဆေးလိပ်ဖြတ်ခြင်းသည် သင့်ရဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါ (CHD) ဖြစ်ပွားခြင်းအန္တရာယ်ကို လျော့ကျစေပါသည်။

ဆေးလိပ်သောက်ခြင်းသည် နှလုံးသွေးကြောပိတ်ခြင်းဖြစ်ပွားရန် အဓိကအန္တရာယ်ဖြစ်သည်။


အရက်သောက်ခြင်းကို လျော့ချပါ

သင်အရက်သောက်ပါက၊ အကြံပြုထားသော အကန့်အသတ်များကို ကျော်လွန်ပြီး မသောက်ရပါ။

အမျိုးသားများနှင့် အမျိုးသမီးများအတွက် တစ်ပတ်လျှင် ၁၄ ယူနစ်ထက် ပိုမ သောက်သင့်ပါ။

သင်အရက်သောက်ခြင်းကို လျော့ချလိုပါက၊ တစ်ပတ်တစ်ခါမှာ အရက်မသောက်သော ရက်များ ရှိစေပါ။အထူးသဖြင့် အရက်တစ်ခါတည်းအလွန်အကျွံသောက်ခြင်းမှ ရှောင်ကြဉ်ပါ၊ အကြောင်းမှာ ဤသည်က နှလုံးရုတ်တရက်ဖောက်ခြင်းအန္တရာယ်ကို ပိုမိုတိုးတက်စေပါသည်။


သွေးပေါင်ကို ထိန်းထားပါ

 သင်၏ သွေးပေါင်ကို ပြည့်ဝအဆီနည်းသော ကျန်းမာသော အစားအစာ စားခြင်း၊ ပုံမှန် လေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့် လိုအပ်ပါက သွေးပေါင်လျော့စေရန် ဆေးဝါးများ သောက်ခြင်းတို့ကို ပြုလုပ်ခြင်းဖြင့် သင်၏ သွေးပေါင်ကို ထိန်းချုပ်နိုင်ပါသည်။

 သင့် သွေးပေါင်ချိန် သတ်မှတ်ရန် အဆင့်မှာ 135/85mmHg အောက်ဖြစ်သင့်ပါသည်။ သင့်တွင် သွေးပေါင်မြင့်ရောဂါရှိပါက ဆရာဝန်ကို ဆက်သွယ်ပြီး သွေးပေါင်ချိန်ကို ပုံမှန်စစ်ဆေးပါ။


သင့်ဆီးချိုကို ထိန်းပါ

သင့်တွင် ဆီးချိုရောဂါရှိပါက၊ ၎င်းသည် CHD ဖြစ်ပွားမှုအန္တရာယ်ကို ပိုမိုတိုးစေပါသည်။ လှုပ်ရှားမှုများပြုလုပ်ခြင်းနှင့် ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်းဖြင့် နှလုံးရောဂါများဖြစ်ပွားခြင်းအန္တရာယ်ကို လျော့ချနိုင်ပါသည်။

သင့်ရဲ့ သွေးပေါင်၊ အဆီဓာတ်နှင့် သွေးချိုအဆင့်များ (HBA1C) ကိုလည်း ပုံမှန်စစ်ဆေးရန် အရေးကြီးပါသည်။

သင့်တွင် ဆီးချိုရောဂါရှိပြီး ၈၀ နှစ်အောက်ရှိပါက၊ သင့်ရဲ့ ပန်းတိုင် သွေးပေါင်အဆင့်သည် 140/90mmHg အောက်တွင် ရှိရပါမည်။


ဆရာဝန်ပေးသော ဆေးများကို သောက်ပါ

သင့်တွင် CHD ရှိပါက၊ သင့်ရဲ့ ရောဂါလက္ခဏာများကို လျော့ချပြီး နောက်ဆက်တွဲအခြေအနေများ ဖြစ်ပွားမှုကို တားဆီးရန် ဆေးပေးအပ်နိုင်ပါသည်။

သင့်တွင် CHD မရှိပါက သို့သော် အဆီဓာတ်မြင့်ခြင်း၊ သွေးပေါင်မြင့်ခြင်း သို့မဟုတ် မိသားစုတွင် နှလုံးရောဂါ ရှိပါက၊ ဆရာဝန်သည် သင့်ကို နှလုံးနှင့်ဆိုင်သော ရောဂါများဖြစ်ပွားခြင်းကို ကာကွယ်ရန် ဆေးပေးနိုင်ပါသည်။

သင့်ကို ဆေးပေးပါက၊ ဆေးကို သေချာစွာ သောက်ပါ မှန်ကန်သော အမျိုးအစားနှင့် ပမာဏကို လိုက်နာပါ။ ဆရာဝန်နှင့် မတိုင်ပင်ပဲသင့်ရဲ့ ဆေးများကို မရပ်ပါနှင့်၊ အကယ်၍ မလိုက်နာပါက သင့်ရဲ့ ရောဂါလက္ခဏာများ ပိုမိုဆိုးလာနိုင်ပြီး သင့် ကျန်းမာရေးကို အန္တရာယ်များစေပါသည်။

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
17 November 2024
အသည်း ရောဂါ (Liver Disease)
Patient Guide