Crohn's disease

Patient Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

အကျဥ်းချုပ်

ခရုန်းရောဂါ ဆိုတာ အစာခြေလမ်းကြောင်းရဲ့ အစိတ်အပိုင်းတွေ ရောင်ရမ်းတဲ့ နာတာရှည်ရောဂါတစ်မျိုးဖြစ်ပါတယ်။  

ဒါဟာ အူလမ်းကြောင်းရောင်ရမ်းမှုရောဂါ (Inflammatory Bowel Disease - IBD) ရဲ့ အမျိုးအစားတစ်ခုဖြစ်ပါတယ်။

လက္ခဏာများ

ကုသမှုမခံယူရင် လက္ခဏာတွေက ဆက်တိုက်ဖြစ်နေတတ်ပြီး တစ်ခါတလေ သက်သာသွားကာ ပြန်ပေါ်လာတတ်ပါတယ်။

လက္ခဏာပြန်ပေါ်ခြင်း ကို Flare-up/Relapseလို့ခေါ််ပြီး လက္ခဏာသက်သာခြင်း ကို Remissionလို့ခေါ် ပါတယ်။ 

အဖြစ်များသော လက္ခဏာများ

အဖြစ်များသော လက္ခဏာများ​:မှာ 

  • ဝမ်းလျှောခြင်း (ရုတ်တရက်စဖြစ်နိုင်)
  • ဗိုက်အောင့်ခြင်း (အထူးသဖြင့် ဗိုက်ညာဘက်အောက်ပိုင်း)
  • ဝမ်းထဲသွေးပါခြင်း
  • မောပန်းနွမ်းနယ်ခြင်း
  • ကိုယ်အလေးချိန်ကျခြင်း

ဒီ လက္ခဏာတွေ အားလုံး ရှိမယ်လို့ မဆိုလိုနိုင်ပါ။ 


အခြားလက္ခဏာများ

အခြားလက္ခဏာများ​:မှာ

  • အဖျားတက်ခြင်း
  • ပျို့အန်ခြင်း
  • အဆစ်နာခြင်း
  • မျက်လုံးနီရဲနာကျင်ခြင်း
  • အရေပြားအနီကွက်ထခြင်း (အထူးသဖြင့်ခြေထောက်မှာ)
  • ပါးစပ်အနာဖြစ်ခြင်း

ကလေးများတွင် ကြီးထွားမှုနှေးခြင်း

ဖြစ်ရသည့်အကြောင်းရင်းများ

ခရုန်းရောဂါရဲ့ တိကျတဲ့အကြောင်းရင်းကို မသိရသေးပါ။

ဒါပေမယ့် အောက်ပါအချက်တွေက ပါဝင်နိုင်ပါတယ် :

  • မျိုးရိုးဗီဇ (မိသားစုထဲမှာ ဖြစ်ဖူးသူရှိရင် ဖြစ်နိုင်ခြေများ)
  • ကိုယ်ခံအားစနစ်ပြဿနာ (အစာခြေလမ်းကြောင်းကို ပြန်တိုက်ခြင်း)
  • ဆေးလိပ်သောက်ခြင်း
  • အစာအိမ်နှင့်အူလမ်းကြောင်းပိုးဝင်ဖူးခြင်း
  • အူထဲက ဘက်တီးရီးယားမျှခြေပျက်ခြင်း

အစားအသောက်တစ်မျိုးတည်းကြောင့် ခရုန်းရောဂါဖြစ်တယ်ဆိုတဲ့ အထောက်အထား မရှိပါ။

ရောဂါရှာဖွေခြင်း

ခရုန်းရောဂါကို တစ်ခါတစ်ရံရှာဖွေရခက်ပါသည်။ အဘယ်ကြောင့်ဆိုသော် - အခြားရောဂါများနှင့် လက္ခဏာဆင်တူသောကြောင့် (ဥပမာ - အူလမ်းကြောင်းပိုးဝင်ခြင်း၊ အူမကြီးရောင်ရမ်းခြင်း) ရောဂါလက္ခဏာများက တစ်ဦးနှင့်တစ်ဦး မတူညီနိုင်သောကြောင့်

ဆရာဝန်က သင့်လက္ခဏာများ၏ အကြမ်းဖျင်းအကြောင်းရင်းများကို ရှာဖွေမည် လိုအပ်ပါက နောက်ထပ်စစ်ဆေးမှုများအတွက် လွှဲပေးမည်

ဆရာဝန်နှင့်ပြသခြင်း

ဆရာဝန်က သင့်လက္ခဏာများကို စစ်ဆေးပြီး အောက်ပါအချက်များကို မေးမြန်းနိုင်ပါသည် :

  • ခံစားနေရသော လက္ခဏာများ
  • နေ့စဉ်စားသောက်မှုပုံစံ
  • နိုင်ငံခြားခရီးထွက်ဖူးခြင်း (ပိုးဝင်နိုင်ခြေ)
  • သောက်သုံးနေသော ဆေးဝါးများ
  • မိသားစုတွင် ခရုန်းရောဂါရှိသူများ

သူတို့ သည်:

  • ဗိုက်ကို စမ်းသပ်စစ်ဆေးခြင်း
  • သွေးနမူနာယူခြင်း
  • ဝမ်းနမူနာတောင်းခံခြင်း

သွေးနှင့်ဝမ်းစစ်ဆေးမှုများဖြင့် ရောင်ရမ်းမှုနှင့် ပိုးဝင်မှုရှိမရှိ စစ်ဆေးနိုင်ပါသည်။ ရလဒ်များရရှိရန် ရက်သတ္တပတ်အနည်းငယ် ကြာနိုင်ပါသည်။


အထူးကုဆရာဝန်ထံ လွှဲပြောင်းခြင်း

ခရုန်းရောဂါဟုသံသယရှိပါက ဆရာဝန်က အစာအိမ်နှင့်အူလမ်းကြောင်းအထူးကု (Gastroenterologist) ထံ လွှဲပေးမည်။

အထူးစစ်ဆေးမှုများ :

  • ကိုလိုနိုစကိုပီ (Colonoscopy) ပါးလွှာသောပြွန်ငယ်ဖြင့် အူမကြီးအတွင်းကို ကင်မရာဖြင့်ကြည့်ရှုခြင်း
  • အသားစယူစစ်ဆေးခြင်း (Biopsy) ကိုလိုနိုစကိုပီပြုလုပ်စဉ် အူမှဆဲလ်နမူနာယူ၍ စစ်ဆေးခြင်း
  • (MRI/CT Scan) အူလမ်းကြောင်းပိုမိုရှင်းလင်းစွာမြင်နိုင်ရန် အထူးအရည်တစ်မျိုးသောက်ရနိုင်ပါသည်။

ကုသမှုနည်းလမ်းများ

ခရုန်းရောဂါကို လုံးဝပျောက်ကင်းအောင်မကုသနိုင်သေးသော်လည်း လက္ခဏာများကို ထိန်းချုပ်နိုင်ပါသည်

ဆေးဝါးများဖြင့် အဓိကကုသပြီး တစ်ခါတစ်ရံ ခွဲစိတ်ကုသမှုလိုအပ်နိုင်သည်

စတီးရွိုက်ဆေးများ (Steroids)

ခရုန်းရောဂါရှိသူ အများစုသည် အချိန်အခါအလိုက် ပရက်နီဆိုလုံးကဲ့သို့သော စတီးရွိုက်ဆေးများ သောက်သုံးရန် လိုအပ်ပါသည်။

စတီးရွိုက်ဆေးမျာ:

  • အစာခြေလမ်းကြောင်းရောင်ရမ်းမှုကိုလျှော့ချခြင်းဖြင့် လက္ခဏာများသက်သာစေသည် ဆေးသောက်ပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း သက်သာမှုစတင်နိုင်သည်
  • တစ်နေ့တစ်ကြိမ် သောက်ဆေးအဖြစ်ပေးလေ့ရှိပြီး တစ်ခါတစ်ရံထိုးဆေးပေးနိုင်သည်
  • လအတန်ကြာသောက်ရန် လိုအပ်နိုင်သည်။ ဆရာဝန်ညွှန်ကြားချက်မပါဘဲ ဆေးရပ်မပစ်ရ
  • ဘေးထွက်ဆိုးကျိုးများ: ကိုယ်အလေးချိန်တက်၊ အစာမကြေ၊ အိပ်မပျော်၊ ကူးစက်ရောဂါဖြစ်နိုင်ခြေများ၊ ကလေးများတွင် ကြီးထွားမှုနှေးခြင်း

အရည်အခြေခံအစားအစာ

အထူးသဖြင့် ကလေးများနှင့် လူငယ်များအတွက်လက္ခဏာများသက်သာစေနိုင်သည်။

ဤကုသမှုတွင် သင့်တော်သော အာဟာရဓာတ်များ ပါဝင်သည့် အထူးဖော်စပ်ထားသော အရည်များကို ပုံမှန်စားသောက်မှုအစား သီတင်းပတ်အနည်းငယ်ကြာ သောက်သုံးရပါမည်။

ဤနည်းလမ်းသည် စတီးရွိုက်ဆေးများကြောင့် ဖြစ်ပေါ်နိုင်သော ကြီးထွားမှုနှေးကွေးခြင်းဆိုင်ရာ အန္တရာယ်ကို ရှောင်ရှားနိုင်ပါသည်။

အရည်အခြေခံအစားအစာတွင် ဘေးထွက်ဆိုးကျိုးနည်းပါးသော်လည်း တစ်ခါတစ်ရံတွင် ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။


ကိုယ်ခံအားကျဆေးများ

တစ်ခါတစ်ရံတွင် သင့်ကိုယ်ခံအားစနစ်၏ လုပ်ဆောင်မှုကို လျှော့ချရန်ကိုယ်ခံအားကျဆေးများ သောက်သုံးရန် လိုအပ်နိုင်ပါသည်။

azathioprine၊ mercaptopurine နှင့် methotrexate

ကိုယ်ခံအားကျဆေးများ :

  • ဤဆေးများသည် စတီးရွိုက်ဆေးများ တစ်မျိုးတည်းဖြင့် မထိရောက်ပါက ရောဂါလက္ခဏာများကို သက်သာစေနိုင်ပြီး
  • ရေရှည်တွင် လက္ခဏာများ ပြန်လည်မပေါ်ပေါက်စေရန် ကာကွယ်ပေးနိုင်ပါသည်။
  • ဤဆေးများကို ပုံမှန်အားဖြင့် တစ်နေ့တစ်ကြိမ် သောက်ဆေးအနေဖြင့် ပေးလေ့ရှိသော်လည်း တစ်ခါတစ်ရံတွင် ထိုးဆေးအနေဖြင့်လည်း ပေးနိုင်ပါသည်။
  • ဆေးကို လပေါင်းများစွာ သို့မဟုတ် နှစ်ချီ၍ သုံးစွဲရန် လိုအပ်နိုင်ပြီး
  • ပျို့အန်ခြင်း၊ ကူးစက်ရောဂါဖြစ်နိုင်ခြေများခြင်း နှင့် အသည်းပြဿနာများစသော ဘေးထွက်ဆိုးကျိုးများ ရှိနိုင်ပါသည်။

ဇီဝဆေးများ (Biological Medicines)

အခြားဆေးဝါးများ အလုပ်မဖြစ်ပါက  ပိုမိုအာနိသင်ရှိသည့် ဇီဝဆေးများ လိုအပ်နိုင်ပါသည်။

dalimumab၊ infliximab၊ vedolizumab၊ ustekinumab နှင့် risankizumab

ဇီဝဆေးများ :

  • ဤဆေးများသည် အခြားဆေးဝါးများ အလုပ်မဖြစ်ပါက ရောဂါလက္ခဏာများကို သက်သာစေနိုင်ပြီး
  • ရေရှည်တွင် လက္ခဏာများ ပြန်လည်မပေါ်ပေါက်စေရန် ကာကွယ်ပေးနိုင်ပါသည်။
  • ဤဆေးများကို ၂ ပတ်မှ ၈ ပတ်တစ်ကြိမ် ထိုးဆေး သို့မဟုတ် သွေးကြောထဲသို့ ဆေးထိုးခြင်းဖြင့် ပေးလေ့ရှိပါသည်။
  • ဆေးကို လပေါင်းများစွာ သို့မဟုတ် နှစ်ချီ၍ သုံးစွဲရန် လိုအပ်နိုင်ပြီး
  • ကူးစက်ရောဂါဖြစ်နိုင်ခြေများခြင်း နှင့် ယားယံခြင်း၊ အဆစ်နာခြင်း၊ အဖျားတက်ခြင်းစသော ဆေးနှင့်ဓာတ်မတည့်သည့် တုံ့ပြန်မှုများ ဖြစ်ပေါ်နိုင်ပါသည်။

ခွဲစိတ်ကုသမှု (Surgery)

သင့်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့က အကျိုးကျေးဇူးများသည် အန္တရာယ်ထက် ပိုမိုများပြားသည်ဟု ယူဆပါက သို့မဟုတ် ဆေးဝါးများဖြင့် အလုပ်မဖြစ်နိုင်ဟု ယူဆပါက ခွဲစိတ်ကုသမှုကို အကြံပြုနိုင်ပါသည်။

ခွဲစိတ်ကုသမှုသည် သင့်ရောဂါလက္ခဏာများကို သက်သာစေပြီး အချိန်အတိုင်းအတာတစ်ခုအထိ ပြန်လည်မပေါ်ပေါက်စေရန် ကာကွယ်ပေးနိုင်သော်လည်း နောက်ဆုံးတွင် လက္ခဏာများ ပြန်လည်ပေါ်ပေါက်လာနိုင်ပါသည်။

အဓိကခွဲစိတ်မှုမှာ အူဖြတ်တောက်ခြင်း (resection) ဖြစ်ပါသည်။ ဤခွဲစိတ်မှုတွင်:

  1. ဗိုက်တွင် အပေါက်ငယ်များဖောက်၍ (keyhole surgery)
  2. ရောင်ရမ်းနေသော အူ၏အစိတ်အပိုင်းကို ဖယ်ရှားပြီး
  3. ကျန်းမာသော အူအစိတ်အပိုင်းများကို ပြန်လည်ချုပ်ရပါမည်။

ဤခွဲစိတ်မှုကို မေ့ဆေးဖြင့် (သင့်အိပ်ပျော်နေစဉ်) ပြုလုပ်လေ့ရှိပါသည်။

သင့်အနေဖြင့် ဆေးရုံတွင် တစ်ပတ်ခန့်နေရနိုင်ပြီး လုံးဝပြန်လည်နာလန်ထူရန် လအနည်းငယ်ကြာနိုင်ပါသည်။

တစ်ခါတစ်ရံတွင် အူများပြန်လည်နာလန်ထူစေရန် လပေါင်းများစွာအတွက် အူလမ်းကြောင်းပြင်ပသို့ ဝမ်းစွန့်သည့်နေရာဖောက်ထုတ်ခြင်း (ileostomy) လိုအပ်နိုင်ပါသည်။

ခွဲစိတ်ပြီးနောက်တွင် ရောဂါလက္ခဏာများ ပြန်လည်မပေါ်ပေါက်စေရန် ဆေးဝါးများ သောက်သုံးရန် လိုအပ်နိုင်ပါသည်။

ဆရာဝန်နှင့်ပြသရန်အချိန်

သင့်တွင် သို့မဟုတ် သင့်ကလေးတွင် အောက်ပါလက္ခဏာများ ရှိပါက ဆရာဝန်နှင့် ပြသင့်ပါသည်:

  • ဝမ်းထဲသွေးပါခြင်း
  • ၇ ရက်ထက် ပိုကြာသည့် ဝမ်းလျှောခြင်း
  • ဗိုက်အောင့်ခြင်း သို့မဟုတ် ဗိုက်ကြောင့့်ခြင်း ခဏခဏဖြစ်ခြင်း
  • အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်ကျဆင်းခြင်း သို့မဟုတ် သင့်ကလေး၏ ကြီးထွားမှုနှုန်း မျှော်လင့်ထားသည်ထက် နှေးကွေးနေခြင်း

ဆရာဝန်သည် သင့်လက္ခဏာများ၏ အကြောင်းရင်းကို ရှာဖွေရန် ကြိုးစားမည်ဖြစ်ပြီး ခရုန်းရောဂါရှိမရှိ စစ်ဆေးရန် စစ်ဆေးမှုများ ပြုလုပ်ရန် ညွှန်ကြားနိုင်ပါသည်။

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
24 March 2025
Chronic pancreatitis
Patient Guide