Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
ပါဝင်သောအကြောင်းအရာများ
အကျဥ်းချုပ်
သွားဖုံးပြည်တည်နာသည် ပါးစပ်အတွင်းရှိ ပိုးဝင်ခြင်းကြောင့် သွားများ သို့မဟုတ် သွားဖုံးများတွင် ပြည်များစုပုံခြင်းဖြစ်သည်။ ၎င်းသည် သွားဆရာဝန်မှ အမြန်ကုသမှုခံယူရန် လိုအပ်ပြီး၊ သူ့ဘာသာ ပျောက်ကင်းသွားမည် မဟုတ်ပါ။
လက္ခဏာများ
သွားဖုံးပြည်တည်နာ၏ လက္ခဏာများမှာ အောက်ပါတို့ပါဝင်သည်။ :
- သွားနှင့် သွားဖုံးတွင် ပြင်းထန်သော နာကျင်မှု
- ပါးစပ်အတွင်း သို့မဟုတ် ပါးစပ်ပြင်ပ၊ မျက်နှာ သို့မဟုတ် မေးရိုးတွင် နီရဲခြင်း
- ပူသော သို့မဟုတ် အေးသော အစားအစာနှင့် အရည်များကို ခံစားရခြင်း
- ပါးစပ်တွင် မကောင်းသောအရသာ ခံစားရခြင်း
- ပါးစပ်ဟရန် ခက်ခဲခြင်းနှင့် အစာဝါးရာတွင် နာကျင်ခြင်း
- မျက်နှာ သို့မဟုတ် မေးရိုး ရောင်ရမ်းခြင်း
- အဖျားတက်ခြင်း
ဖြစ်ရသည့်အကြောင်းရင်းများ
သွားဖုံးပြည်တည်နာသည် များသောအားဖြင့် ပါးစပ်အတွင်း ပိုးဝင်ခြင်းကြောင့် သွားများ သို့မဟုတ် သွားဖုံးများအောက်တွင် ပြည်များစုပုံခြင်းဖြစ်သည်။
အောက်ပါအခြေအနေများတွင် သွားဖုံးပြည်တည်နာ ဖြစ်နိုင်ခြေရှိသည်။ :
- သွားဖုံးမှ မပေါက်ဘဲ ပိတ်နေသော သွား (impacted tooth) ရှိပါက
- သွားပိုးစားခြင်း သို့မဟုတ် သွားဖုံးရောဂါရှိပါက
- သွား၊ သွားဖုံး သို့မဟုတ် ပါးစပ်ကို ထိခိုက်ဒဏ်ရာရပါက
- ဓာတ်ရောင်ခြည်ကုထုံး (radiotherapy) သို့မဟုတ် ကင်ဆာဆေးသွင်းကုသမှု (chemotherapy) ခံယူနေပါက
ကုသမှု
သွားဖုံးပြည်တည်နာကို သွားဆရာဝန်မှ ကုသပါမည်။ ဆရာဝန်က ပြည်များကို စုပ်ထုတ်ပါမည်။
သွားပြဿနာကြောင့် ပြည်တည်နာဖြစ်ပါက၊ သွားအတွင်းပိုင်း ကုသမှု (root canal treatment) သို့မဟုတ် သွားနှုတ်ခြင်းကို ပြုလုပ်နိုင်သည်။ နာကျင်မှုမရှိစေရန် ထုံဆေးပေးပါမည်။
ကုသမှုပြီးနောက် ရက်အနည်းငယ်အတွင်း သောက်ရန် အကိုက်အခဲပျောက်ဆေးများနှင့် ပဋိဇီဝဆေးများ (antibiotics) ပေးနိုင်သည်။
နာကျင်မှုသက်သာစေရန် နည်းလမ်းများ
သွားဆရာဝန်နှင့် မပြမီ နာကျင်မှုသက်သာစေရန် အောက်ပါတို့ကို လုပ်ဆောင်နိုင်သည်။
- ibuprofen သို့မဟုတ် paracetamol ကဲ့သို့သော အကိုက်အခဲပျောက်ဆေးများ သောက်ပါ။ (အသက် ၁၆ နှစ်အောက် ကလေးများသည် aspirin မသောက်သင့်ပါ။)
- ပျော့သော အစားအစာများ (ဥပမာ - ဟင်းချို၊ ကြက်ဥကြော်၊ အာလူးပြုတ်၊ ဒိန်ချဉ်) စားပါ။
- သွားတိုက်ရာတွင် ပျော့သော သွားပွတ်တံကို အသုံးပြုပါ။
- သကြားများသော၊ အလွန်ပူသော သို့မဟုတ် အေးသော အစားအစာနှင့် အရည်များကို ရှောင်ကြဉ်ပါ။
ကာကွယ်ရန်အချက်များ
သွားဖုံးပြည်တည်နာကို ကာကွယ်ရန် အောက်ပါတို့ကို လိုက်နာပါ။
လုပ်သင့်သည်များ:
- ဖလူအိုရိုက်ပါသော သွားတိုက်ဆေးဖြင့် တစ်နေ့လျှင် အနည်းဆုံး နှစ်ကြိမ် သွားတိုက်ပါ။ တိုက်ပြီးနောက် ပလုတ်ကျင်းခြင်းကို ရှောင်ပါ။
- သွားကြားများကို နေ့စဉ် သွားကြားထိုးချည် (floss) သို့မဟုတ် သွားကြားသန့်စင်တံ (interdental brush) ဖြင့် သန့်စင်ပါ။
- သွားပွတ်တံကို ၁ လမှ ၃ လအတွင်း လဲလှယ်ပါ။
- ပြဿနာများကို အချိန်မီသိရှိနိုင်ရန် ပုံမှန်သွားဆေးစစ်ပါ။
မလုပ်သင့်သည်များ
- သွားတိုက်ပြီးနောက် ချက်ချင်း ပလုတ်ကျင်းဆေးမသုံးပါနှင့်။
- ဆေးလိပ်မသောက်ပါနှင့်။
ဆရာဝန်နှင့်ပြသရန်အချိန်
သွားဆရာဝန်နှင့်အမြန် ပြသပါ :
- သွားဖုံးပြည်တည်နာရှိသည်ဟု ထင်ပါက၊
GP (အထွေထွေဆရာဝန်) ထံမသွားပါနှင့်။ ၎င်းတို့သည် သွားကုသမှုမပေးနိုင်ပါ။
အောက်ပါ အ ခြေ အနေများ ဖြစ်ပါက အရေး ပေါ်လူနာတင်ယာဥ် ခေါ်ပါ(သို့) အရေးပေါ်ဌာနသို့ အမြန်သွားပါ :
- အသက်ရှူရန် ခက်ခဲပါက၊
- မျက်လုံးရောင်ရမ်းခြင်း၊ နာကျင်ခြင်း သို့မဟုတ် ရုတ်တရက် အမြင်အာရုံပြဿနာများ ဖြစ်ပေါ်ပါက၊
- ပါးစပ်တွင် အလွန်အမင်း ရောင်ရမ်းနေပါက၊
အရေးပေါ်ဌာနသို့ ကိုယ်တိုင်ကားမောင်းမသွားပါနှင့်။ သင့်အား ကားမောင်းပို့ပေးမည့်သူကို တောင်းဆိုပါ (သို့)လူ နာတင်ယာဉ်အတွက် ဖုန်းဆက်ခေါ်ပါ သင်သောက်သုံးနေသော ဆေးဝါးများအားလုံးကို ယူဆောင်သွားပါ။
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.