ဆီးသွားရောဂါ (Diabetes Insipidus)

Patient Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

အကျဥ်းချုပ်

ဆီးသွားရောဂါ (Diabetes Insipidus) သည် ရှားပါးသော ရောဂါတစ်ခုဖြစ်ပြီး ဆီးအကြိမ်ရေများစွာသွားရခြင်းနှင့် ရေငတ်ခြင်းကို မကြာခဏခံစားရခြင်းတို့ ဖြစ်လေ့ရှိသည်။

ဆီးသွားရောဂါ (Diabetes Insipidus) သည် အမျိုးအစား ၁ဆီးချိုရောဂါ (Type 1 Diabetes) သို့မဟုတ်အမျိုးအစား ၂ဆီးချိုရောဂါ (Type 2 Diabetes)၊ (Diabetes Mellitus) နှင့် သက်ဆိုင်မှုမရှိသော်လည်း အချို့သော တူညီသော လက္ခဏာများရှိပါသည်။

လက္ခဏာများ

ဆီးသွားရောဂါ ၏ အဓိက လက္ခဏာများမှာ – များသောအားဖြင့် ဆီးအလွန်အကျွံသွားခြင်း အလွန်အမင်း ရေငတ်မှုဖြစ်ခြင်း

ဆီးသွားရောဂါရှိသောလူများတွင် ဆီးအရောင်သည် အလွန်ဖျော့ပြီး မိနစ် ၁၅ မှ ၂၀ အတွင်းတိုင်း ဆီးသွားရလေ့ရှိသည်။

ဆီးပမာဏသည် – မပြင်းထန်သောအဆင့်တွင် ၃ လီတာ အလွန်ဆိုးသောအဆင့်တွင် တစ်နေ့ ၂၀ လီတာ အထိရှိနိုင်သည်။

ရေငတ်မှုဖြစ်လျှင် ရေကို ဘယ်လောက်ပမာဏ သောက်သောက် အမြဲ အာခြောက်သလို ခံစားရပြီး ရေငတ်သည့် ခံစားချက် မပျောက်ကွယ်နိုင်ပါ။

ဆီးများ၍ ဆီးသွားရခြင်းနှင့် ရေငတ်ခြင်းများကြောင့် – အိပ်စက်ခြင်းကိုအနှောင့်အယှက်ဖြစ်နိုင်ပြီး နေ့စဉ်လုပ်ဆောင်ချက်များထဲတွင် အနှောင့်အယှက်ဖြစ်သည်။ဤအခြေအနေများကြောင့် – ပင်ပန်းနွမ်းနယ်မှု စိတ်အလိုမကျခြင်း အာရုံမစိုက်နိုင်ခြင်း များဖြစ်ကာ နေ့စဥ် လုပ်ငန်းများကို ထိခိုက်စေတတ်သည်။ အချို့လည်း စိတ်မကောင်းမှုနှင့် နေမကောင်းရသ နေထိုင်မကောင်း ခြင်း များစွာ ခံစားရနိုင်သည်။" "

ကလေးများတွင် လက္ခဏာများ

 အသက်ငယ်ပြီးစကားမပြောတတ်သေးသောကလေးများတွင် ရေအလွန်ငတ်ခြင်းကို စူးစမ်းသိရန်ခက်ခဲနိုင်သည်။

တစ်ချို့သောလက္ခဏာများ:

  • အလွန်အမင်းငိုခြင်း
  • ဂျီကျခြင်း
  • တိုးတက်မှု နှေးကွေးမှု
  • ခန္ဓာကိုယ်အပူချိန်မြင့်ခြင်း (Hyperthermia)
  • အကြောင်းအရင်းမရှိ ကိုယ် အလေးချိန်ကျခြင်း

အသက်ပိုကြီးသော ကလေးများတွင်:

  • အိပ်ရာထဲဆီးသွားခြင်း (Enuresis) (အိပ်ယာထဲ ဆီးသွားသောကလေးများအားလုံးတွင် ဆီးသွားရောဂါ မရှိသော်လည်း) 
  • အစားမစားခြင်း
  • အမြဲပင်ပန်းနွမ်းနယ်နေခြင်း (Fatigue)

ဖြစ်ပွားရသောအကြောင်းအရင်း

ဆီးသွားရောဂါသည် အာဂျင်င်း ဗေးဆိုပရက်ဆင်း (Arginine Vasopressin - AVP) ဟုခေါ်သော ဟော်မုန်းတစ်မျိုး (Antidiuretic Hormone - ADH)) သက်ဆိုင်ရာ ပြဿနာများကြောင့် ဖြစ်ပေါ်လာသည်။

AVP သည် ကိုယ်ခန္ဓာအတွင်းရှိ အရည်ပမာဏကို ထိန်းညှိရန် အရေးကြီးသောအခန်းကဏ္ဍ တစ်ခုအဖြစ်ပါဝင်သည်။ AVP သည် ဦးနှောက်ရှိ (Hypothalamus) ဟုခေါ်သော အပိုင်းတွင် ရှိသော အထူးအာရုံကြောဆဲလ်များမှ ထုတ်လုပ်သည်။

ထိုအပိုင်းမှ AVP သည် ပစ်ကျူးထရီဂလင်း (Pituitary Gland) သို့ ရောက်ရှိကာ လိုအပ်သည့်အချိန်တွင် သုံးရန် သိုလှောင်ထားသည်။ ကိုယ်ခန္ဓာအတွင်း ရေပမာဏ လျော့နည်းလာသောအခါ ပစ်ကျူးဂလင်း သည် AVP ကို ဖြန့်ချိပေးသည်။AVP သည် ကျောက်ကပ်မှ ရေထွက်ပမာဏကို လျှော့ချခြင်းဖြင့် ရေကို ထိန်းသိမ်းစေပြီး ပိုမိုပြင်းအားများသောဆီးကို ထုတ်လုပ်စေသည်။

အများစုတွင် AVP ကို လိုအပ်သလို ထုတ်လုပ်မရခြင်းကြောင့် ကျောက်ကပ်သည် ဆီးကို မလုပ်နိုင်ဘဲ ရေကို ပမာဏများစွာ ထုတ်ရသည်။ ၎င်းကို AVP ချို့တဲ့ခြင်းဟု ခေါ်သည်။  

ရှားပါးသောအခါတွင် ကျောက်ကပ်များ သည် AVP ကို တုံ့ပြန်ခြင်း မပြုနိုင်ပါ။ ၎င်းကို AVP ဆန့်ကျင်မှု (မကြာသေးမီက နက်ဖရိုဂျင်းနစ်ဆီးသွားရောဂါ ဟုခေါ်သော) ဟုခေါ်သည်။

ကိုယ်ခန္ဓာမှ ရေထွက်ပမာဏ များသောကြောင့် များသောအားဖြင့် ခန္ဓာကိုယ်မှရောဓာတ်ဆုံးရှုံးမှုပိုဖြစ်လာပြီး ရေပိုငတ်ခြင်း ဖြစ်သည်။

ရောဂါရှာဖွေခြင်း

ဆီးသွားရောဂါ၏ ရောဂါလက္ခဏာများရှိပါက GP ဆရာဝန်ကို တွေ့ဆုံပါ GP ဆရာဝန်သည် သင့်ရဲ့ရောဂါလက္ခဏာများကို မေးမြန်းပြီး လိုအပ်သည့် စမ်းသပ်မှုများ ပြုလုပ်မည်ဖြစ်သည်။

သင့်အား ဟော်မုန်းဆိုင်ရာ ရောဂါများ စမ်းသပ်ရာတွင် ဟော်မုန်းအထူးကု (Endocrinologist) ထံသို့ ပို့ဆောင်ပေးနိုင်ပါသည်။ ဆီးသွားရောဂါ ၏ ရောဂါလက္ခဏာများသည် type 1 ဆီးချိုရောဂါ နှင့် type 2 ဆီးချိုရောဂါ (Diabetes Mellitus) တို့လိုမျိုး ဆင်တူသောကြောင့် သင့်တွင် မည်သည့်ရောဂါရှိသည်ကို အတည်ပြုရန် စမ်းသပ်မှုများ လိုအပ်ပါသည်။

ဆီးသွားရောဂါ အတည်ပြုလျှင် သင့်တွင် အာဂျင်င်း ဗေးဆိုပရက်ဆင်း ချို့တဲ့ (AVP-D) သော ဆီးသွားရောဂါ သော်လည်းကောင်း၊ အာဂျင်င်း ဗေးဆိုပရက်ဆင်း ချို့တဲ့ (AVP-R) သော ဆီးသွားရောဂါ ဖြစ်သည်ဟုတ်သော်လည်းကောင်း စစ်ဆေးနိုင်မည်ဖြစ်သည်။


ရေမသောက်ပဲ စမ်းသပ်ခြင်း (Water Deprivation Test)

ရေမသောက်ပဲ စမ်းသပ်မှု သည် မိနစ်များစွာရေမသောက်ဘဲ နေခြင်းဖြင့် ကိုယ်ခန္ဓာ၏ တုံ့ပြန်မှုကို စစ်ဆေးသည်။

ဆီးသွားရောဂါ (Diabetes Insipidus) ရှိပါက၊ ရေမသောက်ဘဲနေရစဉ် ဆီးပမာဏအနည်းငယ်သာသွားရမည့်အချိန်တွင် သင်၏ဆီးပမာဏသည် များလိမ့်မည်။

စမ်းသပ်မှုအတွင်း သင့်ဆီးထွက်ပမာဏကို တိုင်းတာမည်။ သင့်သွေးထဲတွင် (Antidiuretic Hormone - ADH) ၏ ပမာဏကို အကဲဖြတ်ရန် လိုအပ်နိုင်သည်။

သွေးချို (Glucose), ကယ်စီယမ် (Calcium), ပိုတက်စီယမ် (Potassium) စသော အရာများကို စမ်းသပ်ပါမည်။

ဆီးသည် ပြင်းအားနည်းပြီး အခြားဓာတ်များနည်းပါးနေမည်ဖြစ်သည်။

ဆီးထဲတွင် သကြားပမာဏ အများအပြားပါဝင်ပါက ၎င်းသည် type 1 သို့မဟုတ် type 2 ဆီးချိုရောဂါ (Diabetes Mellitus) ၏ အရိပ်အယောင်ဖြစ်နိုင်ပြီး ဆီးသွားရောဂါ (Diabetes Insipidus) သို့မဟုတ်ပဲ မဟုတ်နိုင်ပါ။


ဗေးဆိုပရက်ဆင်းစမ်းသပ်မှု (Vasopressin Test)

ရေမသောက်စမ်းသပ်မှု ပြီးနောက် သင့်အား ဗေးဆိုပရက်ဆင်း (AVP) ဟော်မုန်း၏ ပမာဏအနည်းငယ်ကို ထိုးဆေးမှ တစ်ဆင့်ပေးလိမ့်မည်။

ဤစမ်းသပ်မှုသည် သင့်ကိုယ်ခန္ဓာ၏ ဤဟော်မုန်းအား တုံ့ပြန်မှုကို စစ်ဆေး၍ သင့်တွင် မည်သည့်အမျိုးအစား ၏ ဆီးသွားရောဂါ ရှိသည်ကို သိရှိစေနိုင်သည်။

ဗေးဆိုပရက်ဆင်း (AVP) လျှင် ဆီးထွက်မှု ရပ်ဆိုင်းပါက သင့်ရောဂါသည် ဗေးဆိုပရက်ဆင်းချို့တဲ့မှု

(AVP-D) ကြောင့် ဖြစ်လိမ့်မည်။

ဗေးဆိုပရက်ဆင်းပမာဏပေးပြီးနောက်တောင် ဆီးထွက်မှု ဆက်လက်ရှိနေပါက သင့်ကိုယ်ခန္ဓာတွင် လိုအပ်လောက်သော ဗေးဆိုပရက်ဆင်း (AVP) ရှိပြီးသားဖြစ်ပြီး ကျောက်ကပ်များသည် 

ဤဟော်မုန်းအား မတုံ့ပြန်နိုင်ခြင်း (AVP-R) ဖြစ်နိုင်သည်။


MRI စစ်ဆေးခြင်း (MRI Scan)

MRI Scan သည် ခန္ဓာကိုယ်အတွင်း, အထူးသဖြင့် ဦးနှောက် ၏ ရုပ်ပုံများကို ထုတ်ဖော်ရန် သက်ရောက်မှုအားပြင်းသော သံလိုက်ကွင်းနှင့် ရေဒီယိုလှိုင်းများကို အသုံးပြုသည်။

သင့်အထူးကုဆရာဝန် (Endocrinologist) အနေဖြင့် ဦးနှောက်ရောဂါဆိုင်ရာ ဆီးသွားရောဂါ (Cranial Diabetes Insipidus) သည် ဟိုင်ပိုထာလမပ် (Hypothalamus) သို့မဟုတ် ပီကျူတာရီ (Pituitary Gland) ပျက်စီးမှုကြောင့် ဖြစ်တတ်ကြောင်း ခန့်မှန်းပါက MRI စမ်းသပ်မှု လိုအပ်မည်။

သင့်ရောဂါသည် ဟိုင်ပိုသလမပ် သို့မဟုတ် ပီတူအိုတာရီကလံ ၏ ပုံမှန်မဟုတ်ခြင်းကြောင့်ဖြစ်ပါက, ဆီးသွားရောဂါကုသမှုအပြင်, ထိုမူလအခြေအနေကိုပါ ကုသရန် လိုအပ်နိုင်သည်။

ကုသမှု

"AVP-D မပြင်းထန်သောရောဂါများအတွက် ပုံမှန်အားဖြင့်ကုသမှု မလိုအပ်ပါ။ ဆီးအလွန်သွားခြင်းကြောင့်ရေဓာတ်ဆုံးရှုံးမှု အတွက် ရေ သောက်သည့်ပမာဏကို တိုးမြှင့်ရန် လိုအပ်သည်။"

ဒက်စမိုပရက်ဆင်း (Desmopressin) ဟုခေါ်သော ဆေးဝါးကို ဗေးဆိုပရက်ဆင်း (AVP) ၏ လုပ်ဆောင်ချက်များကို ပြန်လည်ဖြည့်စွက်ရန် အသုံးပြုနိုင်သည်။

ကျောက်ကပ်များမှ ဆီးထွက်ပမာဏကို လျှော့ချပေးရန်, Thiazide Diuretics ဟုခေါ်သော ဆေးဝါးများကို ပုံမှန်အားဖြင့် အသုံးပြုကြသည်။

ဆရာဝန်နှင့်ပြသ ရန်အချိန်

"အမြဲရေငတ်သည့်လက္ခဏာ ဆက်လက်ဖြစ်နေပါက ဆရာဝန်နှင့် တိုင်ပင်ရန် အရေးကြီးပါသည်။ မည်သည့်အခြေအနေဖြစ်စေ၊ ၎င်းသည် ဆီးသွားရောဂါ (Diabetes Insipidus) မဖြစ်နိုင်ပေမယ့် သက်ဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်ပါသည်။ "

အခြားအခြေအနေများအတွက် ဆရာဝန်နှင့်တွေ့ရန် လိုအပ်ပါသည်။:

  • ပုံမှန်ထက် ပို၍ ဆီးသွားနေရပါက – ကျန်းမာသော လူကြီးများသည် ၂၄ နာရီအတွင်း ၄ ကြိမ်မှ ၇ ကြိမ်အထိ ဆီးသွားပါသည်။
  • ပုံမှန်ထက် ခဏခဏနည်းငယ်စီ ဆီးသွားနေရပါက – ထိုအခြေအနေတွင် ဆီးသွားချင်စိတ် ရုတ်တရက်ဖြစ်တတ်ပါသည်။

ကလေးများတွင် ဆီးအိမ်ပိုသေးသောကြောင့် မကြာခဏပိုမို ဆီးသွားရတတ်သည်။ သို့သော် ကလေးတစ်ယောက်မှာ တစ်နေ့ကို ၁၀ ကြိမ်ထက်ပို၍ ဆီးသွားလျှင် ဆရာဝန်ထံ သွားရောက် အကြံဉာဏ်ရယူပါ။

ဆရာဝန်သည် လိုအပ်သော စမ်းသပ်မှုများပြုလုပ်၍ အကြောင်းရင်းကို သတ်မှတ်ပေးနိုင်ပါမည်။

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
17 November 2024
လူကြီးများတွင်ဖြစ်သော စိတ်ကျရောဂါ (Depression in adults)
Patient Guide