Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
အကျဥ်းချုပ်
ရင်ပူခြင်း ဆိုတာ အစာခြေရည်တွေ အစာအိမ်မှတစ်ဆင့် အစာရေမျိုပြွန်ထဲကို ပြန်တက်လာခြင်းကြောင့် ရင်ဘတ် ထဲတွင် ပူပြီး မသက်မသာခံစားရတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ အဲ့ အတိုင်း ခဏခဏ ဆက်လက် ဖြစ်ပွားနေမည်ဆိုလျှင် စားချဥ့်ပြန်ရောဂါလို့ခေါ်ပါတယ်။
လက္ခဏာများ
အဓိကဖြစ်တတ်တဲ့ လက္ခဏာတွေကတော့:
- ရင်ပူခြင်း- ရင်ခေါင်းအလယ်တည့်တည့်မှာ ပူတဲ့ ခံစားချက်မျိုးရခြင်း
- ပါးစပ်ထဲမှာ ချဥ်တဲ့ အရသာမျိုးရခြင်း - အဲ့ဒါက အစာခြေရည်တွေပြန်တက် လာတာကြောင့်ဖြစ်ပါတယ်။
ဒါ့အပြင်:
- ချောင်းဆိုးခြင်း, မကြာခဏကြို့ထိုးခြင်း
- အသံဝင်ခြင်း
- ခံတွင်းအနံ့ဆိုးထွက်ခြင်း
- မအီမလည်ဖြစ်ခြင်း စတဲ့ လက္ခဏာတွေဖြစ်နိုင်ပါတယ်။
လက္ခဏာတွေက အစားစားပြီးတဲ့အချိန် ,လဲလျောင်းတဲ့အချိန်, ကွေးပြီးအိပ်တဲ့အချိန်တေွမှာပိုဖြစ်တတ်ပါတယ်။
ဖြစ်ပွားရသည့် အကြောင်းရင်းများ
လူအတော်များများဟာ အခါအားလျော်စွာ ရင်ပူတာမျိုးဖြစ်တတ်ကြတယ်။ ဘာကြောင့်လဲဆိုတာ သိသာထင်ရှားတဲ့ အကြောင်းပြချက် မရှိပါဘူး။
တစ်ခါတလေ ဖြစ်ပေါ်လာတာ ဒါမှမဟုတ် ပိုဆိုးလာတာက:
- အချို့သော အစားအစာများ - ကော်ဖီ၊ ခရမ်းချဉ်သီး၊ အရက်၊ ချောကလက်နှင့် အဆီများ၊ ဟင်းခတ်အမွှေးအကြိုင်များ စသော အစားအစာများ
- ကိုယ်အလေးချိန်များခြင်း
- ဆေးလိပ်သောက်ခြင်း
- ကိုယ်ဝန်ဆောင်ခြင်း
- စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေ
- ပရိုဂျက်စထရွန်နှင့် အိုစထရိုဂျင်ကဲ့သို့သော အချို့ဟော်မုန်းအမျိုးအစားများ တိုးများလာခြင်း
- အကိုက်အခဲပျောက်ဆေး (ibuprofen ကဲ့သို့) ကဲ့သို့သော ဆေးဝါးအချို့
- hiatus hernia - အစာအိမ်ရဲ့ အစိတ်အပိုင်းက ရင်ဘတ်ပိုင်းကို ရွေ့သွားတဲ့အခါ
- အစာအိမ်အနာ
- အစာအိမ်ထဲက ဗက်တီးရီးယားပိုးဝင်ရောက်တာ စတာတေွကြောင့်ဖြစ်နိုင်ပါတယ်။
ရောဂါရှာဖွေခြင်း
GPကပေးတဲ့ဆေးဝါးတေွနဲ့ မသက်သာဘူး ပိုဆိုးလာတာမျိုးရှိရင်တော့ အထူးကုသမားတော်နဲ့ပြသပြီး :
- လိုအပ်ရင် အစာအိမ်မှန်ပြောင်းကြည့်တာ
- ပိုးဝင်တာမျိုးရှိမရှိစစ်ဆေးတာလုပ်လို့ရတဲ့အပြင်
- အစာရေမျိုပြွန်ခွဲစိတ်တာမျိုးပါလုပ်ရတာရှိနိုင်ပါတယ်။
ကုသမှု ရွေးချယ်စရာများ
သင့်မှာ စားချဥ့်ပြန်ရောဂါရှိနေတာသေချာပြီဆိုရင် ဆရာဝန်က PPI လို့ခေါ်တဲ့ အစာအိမ်ဆေးတစ်မျိုးကို ပေးပါလိမ့်မယ်။ PPI ကအစာအိမ်ထဲမှာရှိတဲ့ အစာခြေရည်အက်စစ်ကို လျှော့ချပေးပြီး
PPIsများတွင် :
- omeprazole
- lansoprazole
ဒီလိုဆေးမျိုးကို ၄ပတ်ကနေ၈ပတ်လောက်ထိ သောက်ရနိုင်ပါတယ်။ အချိန်ဘယ်လောက်ကြာကြာသောက်ရမလဲဆိုတာကတော့ မိမိရဲ့ ရောဂါအခြေအနေပေါ်မူတည်ပြီးဆရာဝန်ကညွှန်းပေးပါလိမ့်မယ်။
PPI တစ်မျိုးထဲနဲ့ မသက်သာဘူးဆိုရင် တခြားအမျိုးအစားဖြစ်တဲ့ H2 receptor antagonist လိုမျိုး famotidine ဆေးကိုတွဲပေးတာမျိုးလည်းရှိပါတယ်။
ကာကွယ်ရန်အချက်များ
နေထိုင်မှု ပုံစံကို ရိုးရှင်းစွာပြောင်းလဲပြီး ရင်ပူခြင်းကိုသက်သာစေနိုင်ပါသည်။
လိုက်နာရန် :
- အစားအစာများကို နည်းနည်းစီ မကြာခဏ စားပါ။
- အဝလွန်နေပါက ကိုယ်အလေးချိန်ကို လျော့ချရန် ကြိုးစားပါ။
- အနားယူပြီး စိတ်ဖိစီးမှုကို လျော့နည်းစေရန် နည်းလမ်းများ ရှာဖွေပါ။
ရှောင်ရန် :
- သင့်ရောဂါလက္ခဏာများကို ဖြစ်စေသော အစားအစာ သို့မဟုတ် အရည်များကို မစားမသောက်ပါနဲ့။
- အိပ်ရာဝင်ရန် မတိုင်မီ ၃ မှ ၄ နာရီအတွင်း မစားမသောက်ပါနဲ့။
- ခါးတစ်ဝိုက်ကို တင်းကျပ်စေသော အဝတ်အစား မဝတ်ဆင်ပါနဲ့။
- ဆေးလိပ် မသောက်ပါနဲ့။
- အရက်ကို အလွန်အကျွံ မသောက်ပါနဲ့။
- ဆရာဝန်နှင့် မတိုင်ပင်ပဲ သတ်မှတ်ထားသော ဆေးများကို မရပ်ပါနဲ့။
ဆရာဝန်နှင့်ပြသရန်အချိန်
ဆရာဝန်နှင့်ပြသပါ။:
- စားသောက်နေထိုင်မှုပုံစံပြောင်းလဲတဲ့အပြင် OTC ဆေးဝါးတေွနဲ့ပါမသက်သာလာဘူးဆိုရင်
- ရင်ပူတာက နေ့တိုင်းနီးပါးဖြစ်နေတာမျိုး
- အကြောင်းအရင်းမရှိပဲပိန်သွားတာ, အစာကလည်ချောင်းထဲမှာ နင်နေသလိုမျိုးဖြစ်နေတယ်ဆိုရင်
ဆရာဝန်က သင်၏ရောဂါလက္ခဏာများကို သက်သာစေသစေ ထိရောက်မှုရှိသော အခြားဆေး သို့မဟုတ် ပို၍ အားကောင်းသောကုသမှုများပေးနိုင်ပြီး ပိုမိုထိခိုက်စေသည့် အကြောင်းရင်းများကို ဖယ်ရှားစေရန် ကူညီပေးနိုင်ပါသည်။
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.