လိင်အင်္ဂါရေယုန်(Genital Herpes)

Patient Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

အရေးကြီးသောအချက်
သင်ကိုယ်ဝန်ဆောင်စဉ်တွင် ကိုယ်ဝန်ရှိသည်ဟု သံသယရှိပါက သင့်မီးဖွားဆရာဝန် (midwife) သို့မဟုတ် ဆရာဝန်ကို တွေ့ဆုံပါ။.

အကျဥ်းချုပ်

လိင်အင်္ဂါ ရေယုန် သည် လိင်မှတစ်ဆင့် ကူးစက်ရောဂါ (STI) တစ်ခုဖြစ်ပြီး၊ ၎င်းကို လိင်အင်္ဂါ, စအို, ပါးစပ် တိုဖြင့် လိင်ဆက်ဆံရာမှ ကူးစက်နိုင်ပါသည်။ ကုသမှုများသည် လက္ခဏာများကို သက်သာစေရန် အထောက်အကူပြုနိုင်ပါသည်။ လိင်အင်္ဂါ ရေယုန် ၏ လက္ခဏာများသည် အလိုအလျောက် သက်သာသွားနိုင်သော်လည်း၊ ၎င်းတို့သည် နောက်ထပ် ပြန်ဖြစ်နိုင်ပါသည်။

လက္ခဏာများ

လိင်အင်္ဂါ ရေယုန် ၏ လက္ခဏာများတွင် ပါဝင်သည်မှာ-

  • လိင်အင်္ဂါ၊ စအို၊ ပေါင်ခြံ၊ ပတ်ဝန်းကျင်တွင်နီရဲပြီး ပေါက်ထွက်လုနီးပါး ဖြစ်သောအရည်ကြည်ဖုများ ဖြစ်ပေါ်ခြင်း။ အညိုရောင် သို့မဟုတ် အနက်ရောင်အသားရေတွင် နီရဲခြင်းမသိသာတာမျိုး ဖြစ်နိုင်သည်။
  • "လိင်အင်္ဂါပတ်ဝန်းကျင်တွင် ခပ်စူးစူးဖြစ်ခြင်း၊ လောင်ကျွမ်းမှု၊ယားယံမှု ဖြစ်ခြင်း ဆီးသွားလျှင်နာကျင်ခြင်း ပုံမှန်မဟုတ်သော အရည်များထွက်ခြင်း"

ရောဂါဖြစ်နိုင်ချေရှိသောအချက်များ

လိင်အင်္ဂါရေယုန် (Genital herpes) သည် ထိတွေ့ကူးစက်ရန်လွယ်ကူသောရောဂါ တစ်ခုဖြစ်ပြီး အရည်ကြည်ဖုများ မပေါ်မီအချိန်တွင်ခပ်စူးစူးဖြစ်ခြင်း သို့မဟုတ် ယားယံခြင်း ပထမဦးဆုံးဖြစ်ပေါ်ချိန်မှ အ*ည်ကြည်ဖုများ အပြီးတိုင်ပျောက်ကင်းသည်အထိ အခြားသူများအား ကူးစက်နိုင်သည်။

လက္ခဏာ မပေါ်ပင်ခဲ့ပါကလည်း ဗိုင်းရပ်စ်ကို အခြားသူများအား ဆက်လက်ပြန့်နှံ့စေနိုင်ပါသည်။

လိင်အင်္ဂါ ရေယုန် (Genital herpes) ကိုကူးစက်နိုင်သည့်နည်းများ ရောဂါဖြစ်ပွားနေသော အရေပြားမှတစ်ဆင့် ထိတွေ့မှုမှတဆင့် ရနိုင်သည်။ ဥပမာ- လိင်ဆက်ဆံခြင်း (vaginal, anal, oral sex) မှတဆင့်။မြင်သာသော အရည်ကြည်ဖုများ သို့မဟုတ် အနာများမရှိသော်လည်း ကူးနိုင်သည်။ ပါးစပ်အနာ (cold sore) က လိင်အင်္ဂါကို ထိမိခြင်းကြောင့်လည်း ရနိုင်သည်။ဗိုင်းရပ်စ်ကို လက်ချောင်းမှတဆင့် (တစ်စုံတစ်ယောက်ထံမှ သင်၏လိင်အင်္ဂါကို) ပို့ဆောင်မှုဖြင့် ရနိုင်သည်။ Herpes ရောဂါပိုးရှိသူနှင့် သုံးစွဲထားသော လိင်ဆက်စပ်ကစားစရာများ (sex toys) ကိုမျှဝေခြင်းမှတဆင့်လည်း ရနိုင်သည်။

ကုသမှုရွေးချယ်စရာများ

လိင်အင်္ဂါရေယုန် အတွက် အပြည့်အစုံပျောက်ကင်းအောင်ကုသရန်နည်းလမ်းမရှိသေးပါ။ သို့သော် ရောဂါလက္ခဏာများသည် အလိုအလျောက် သက်သာနိုင် သည်။ သို့သော် အချို့သော blister များသည် ပြန်လည်ပေါက်ဖွားနိုင်ခြင်း (outbreak or recurrence) ဖြစ်နိုင်သည်။

ပထမဆုံး Genital herpes ဖြစ်ပွားချိန်တွင် ဆေးကုသမှု

အောက်ပါဆေးများညွှန်းနိုင်သည်။

  • ဗိုင်းရပ်စ်ပိုးသတ်ဆေး (antiviral medicine) လက္ခဏာများ မဆိုးရွားသွားအောင် ထိန်းချုပ်ရန်အတွက် ဆေးသောက်ရန် လိုအပ်ပါသည်။ အဆိုပါလက္ခဏာများ ပေါ်ပေါက်ပြီး ၅ ရက်အတွင်း စတင်သောက်ရန် အရေးကြီးပါသည်။
  • ကိုက်ခဲမှု သက်သာစေရန်အတွက် Cream,ရောဂါပိုးကြောင့်ဖြစ်ပေါ်သည့် ကိုက်ခဲမှုများကို သက်သာစေရန် လိမ်းဆေးကို ပေးနိုင်ပါသည်။

Blister များ ပြန်လည်ဖြစ်ပေါ်ပါက ကုသရန်အချက်များ

ဆေးခန်း သို့မဟုတ် GP ဆရာဝန် တစ်ဦးထံသို့ သွားရောက်၍ Genital herpes ရောဂါဖြစ်နေကြောင်း သိရှိပြီး အချက်အလက်ပေးရန် လိုအပ်ပါသည်။

စတင်ဖြစ်ပေါ်ချိန်တွင်ဗိုင်းရပ်စ်ပိုးသတ်ဆေးများ (Antiviral medicine) သောက်ရန် လိုအပ်နိုင်ပြီး ကူးစက်ပြန့်ပွားမှုကို ၁ ရက်မှ ၂ ရက်အထိ တိုအောင်လုပ်နိုင်ပါသည်။

သို့သော် outbreaks များသည် အလိုအလျောက် သက်သာသွားလေ့ရှိသောကြောင့် ကုသမှုမလိုအပ်နိုင်ပါ။

ပြန်လည်ဖြစ်ပေါ်သော outbreaks များသည် ပထမအကြိမ်ဖြစ်ပေါ်မှုထက် ပိုမိုပျော့သော လက္ခဏာများဖြင့်သာ ဖြစ်ပေါ်လေ့ရှိသည်။"

အချိန်ကြာလာသည်နှင့်အမျှ outbreaksများ မကြာခဏဖြစ်ပေါ်မှု လျော့ကျလာပြီး လက္ခဏာများသည် ပိုမိုပျော့လာလေ့ရှိသည်။ တစ်ချို့သောသူများတွင် outbreaksများ မဖြစ်ပေါ်ဘဲ နေနိုင်သည်။

တစ်နှစ်တွင် outbreaksများကို ၆ ကြိမ်ထက်ပိုမို ခံစားရသူများအတွက် အချိန် ၆ လမှ ၁၂ လအထိဗိုင်းရပ်ပိုးသတ်ဆေးကို သောက်ခြင်းက အကျိုးရှိနိုင်ပါသည်။

အဆိုပါအချိန်အတွင်း သင့်တွင် (genital herpes) များ ဆက်လက်ရှိနေပါက သင်အား ကျွမ်းကျင်သူဆရာဝန်ထံသို့ ညွှန်ပြပေးနိုင်ပါသည်။

outbreaks များဖြစ်လျှင်ကိုယ်တိုင်ဆောင်ရွက်နိုင်သည့် နည်းလမ်းများ

outbreaks များဖြစ်လျှင်ကိုယ်တိုင်ဆောင်ရွက်နိုင်သည့် နည်းလမ်းများ ရှိပါသည်။

‌လိုက်နာရန်

  • အရည်ကြည်အဖုများ ပိုးဝင်ခြင်း မဖြစ်စေရန် သန့်ရှင်းသောရေ သို့မဟုတ် ဆားရေဖြင့် သန့်ရှင်းထားပါ။
  • နာကျင်မှုသက်သာစေရန် ရေခဲအိတ်ကို အသားပျော့အိတ်ထဲထည့်ပြီး တိုက်ရိုက်ထိတွေ့မဖြစ်အောင် ကပ်ပေးပါ။
  • petroleum jelly (Vaseline) သို့မဟုတ် နာကျင်မှုသက်သာစေသော လိမ်းဆေး (5% lidocaine) ထည့်ပြီး ဆီးသွားသည့်အခါ နာကျင်မှုဖြစ်ခြင်းလျော့နည်းစေပါ။
  • လိမ်းဆေးမလိမ်းမီနှင့်ပြီးနောက် လက်ကို သန့်စင်ဆေးကြောပါ။
  • နာကျင်မှုသက်သာစေရန် ဆီးသွားသည့်အခါ လိင်အင်္ဂါကို ရေဖြင့် လောင်းပါ။

‌ရှောင်ကြဥ်ရန်

  • အဝတ်အစားကြပ်ကြပ်များမဝတ်ပါနှင့်
  • ရေခဲများကို အသားပေါ်တွင် တိုက်ရိုက် မကပ်ပါနှင့်။
  • အရည်ကြည်ဖုများကိုဆေးလိမ်းသည့်အချိန်မှလွဲ၍ ထိတွေ့ကိုင်တွယ်ခြင်းမပြုလုပ်ပါနှင့်။
  • အနာများမပျောက်ခင်အထိ လိင်ဆက်ဆံခြင်းမပြုလုပ်ပါနှင့်

ကာကွယ်ရန်အချက်များ

လိင်အင်္ဂါရေယုန်ကို အောက်ပါအချက်များကိုလိုက်နာခြင်းဖြင့် ကူးစက်ခြင်းမှကာကွယ်နိုင်ပါသည်။

  • သင့်ရဲ့ အဖော်မှ အရည်ကြည်ဖုများအနာများရှိနေပါက သို့မဟုတ် ခပ်စူးစူးဖြစ်ပြီး ယားယံခြင်းရှိပါက လိင်ဆက်ဆံခြင်းကို‌ရှောင်ကြဥ်ပါ။
  • လိင်ကစားစရာအရုပ်များကို မျှဝေသုံးစွဲခြင်းမပြုပါနှင့်။  
  • သုံးစွဲမည်ဆိုပါက ဆေးကြောပြီး ကွန်ုဒုံးကို အသုံးပြုပြီးမှသုံးပါ။

ဆရာဝန်နှင့်ပြရန်အချိန်

လိင်အင်္ဂါရေယုန်ရောဂါလက္ခဏာများရှိပါက ဆရာဝန်နှင့်အမြန်ဆုံး ဆွေးနွေးပြသပါ။

blisters များသည် လများနှစ်များကြာပြီးမှ ပေါ်လာနိုင်သောကြော်အချိန်ကြာရှည်စွာလိင်ဆက်ဆံမှုမရှိခဲ့ရင်တောင်လည်း ဆရာဝန်နှင့် တွေ့ဆုံရန် လိုအပ်ပါသည်။

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
20 December 2024
အမျိုးအစား (၂) ဆီးချိုရောဂါ (Diabetes (Type 2))
Patient Guide