လိပ်ခေါင်းရောဂါ (Haemorrhoids | Piles)

Patient Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

အကျဥ်းချုပ်

လိပ်ခေါင်းရောဂါဆိုတာက စအို ဒါမှမဟုတ် အူမကြီးရဲ့ အောက်ဘက်က သွေးပြန်ကြောတွေ ရောင်ရမ်းတဲ့ဝေဒနာဖြစ်ပါတယ်။ များသောအားဖြင့် ရက်အနည်းငယ် ကြာရင် သက်သာသွားနိုင်ပါတယ်။

လက္ခဏာများ

လိပ်ခေါင်းရောဂါရဲ့ လက္ခဏာတွေကတော့:

  • ဝမ်းသွားပြီးလျှင်စအိုမှ သွေးထွက်ခြင်း
  • စအိုယားယံခြင်း
  • ဝမ်းသွားပြီးသော်လည်း ထပ်သွားချင်သလိုဖြစ်ခြင်း
  • အတွင်းခံမှာအကျိအချွဲလိုမျိုးကပ်ခြင်း, တစ်ရှူးနှင့်စအိုကိုသုတ်လိုလျှင် အကျိအချွဲများပါခြင်း
  • စအိုတစ်ဝိုက် အဖုအလုံးလေးများရှိခြင်း
  • စအိုတစ်ဝိုက်နာကျင်ခြင်း

ဖြစ်ပွားရသောအကြောင်းအရင်း

စအို ဒါမှမဟုတ် အူမကြီးရဲ့ အောက်ဘက်က သွေးပြန်ကြောတွေ ရောင်ရမ်းတာကြောင့် ဖြစ်ပါတယ်။ ဘာက ဖြစ်စေလဲဆိုတာတော့ သေချာမသိရပါဘူး။

ဖြစ်နိုင်ခြေရှိတာတွေက:

  • ဝမ်းချုပ်ခြင်း
  • ဝမ်းသွားစဥ် တအားညှစ်ခြင်း
  • အလေးမခြင်း
  • ကိုယ်ဝန်ဆောင် စတဲ့အချက်တေွကြောင့်ဖြစ်နိုင်ပါတယ်။

ကုသမှု

ဆေးဝါးပညာရှင်က :

  • နာကျင်တာ ယားယံတာ, ရောင်တာတွေကိုသက်သာစေဖို့ လိမ်းဆေးပေးခြင်း
  • ဝမ်းချုပ်တာသက်သာစေဖို့ ဝမ်းပျော့စေဖို့ကုသမှုများ
  • ရေခဲကပ်ခြင်း စတာတွေအကြံပေးနိုင်ပါတယ်။

အကယ်၍ အိမ်တွင်းကုထုံးများနဲ့ မသက်သာဘူးဆိုရင်တော့ ဆေးရုံဆေးခန်းပြသဖို့လိုပါတယ်။

သင့်အတွက် အကောင်းဆုံးကုထုံးကို ဆရာဝန်နှင့် ဆွေးနွေးပါ။ ကုထုံးသည် လိပ်ခေါင်းပြန် မဖြစ် အောင် ကာကွယ်နိုင်မည် မဟုတ်ပါ။

မခွဲစိတ်ပဲကုသခြင်း

ဆေးရုံမှာကုသနည်း တွေက:

  • rubber band ligation:ရာဘာကွင်းကို လိပ်ခေါင်းမှာ ချည်ပြီး ကြွေကျအောင်လုပ်ခြင်း
  • sclerotherapy:လိပ်ခေါင်းကျုံ့ သွားစေရန် အရည်တစ်မျိုးကို လိပ်ခေါင်းတွင်းသို့ထိုးသွင်းခြင်း
  • electrotherapy: ညင်သာသော လျှပ်စစ်ဓာတ်ကိုအသုံးပြုခြင်း
  • infrared coagulation: လိပ်ခေါင်းရဲ့ သွေးလည်ပတ်မှုကိုinfrared light သုံ့းပြီး ရပ်တန့်ခြင်း

ကုသမှုခံယူတဲ့အချိန်မှာ လူနာကသတိရှိနေမှာဖြစ်ပြီး ထုံဆေးနဲ့ ကုသခြင်းဖြစ်ပါတယ်။

ကုသမှုပြီးတာနဲ့ အိမ်သို့ပြန်နားနိုင်ပါတယ်။ 

အထက်ပါ ကုသမှု တွေက အလုပ်မဖြစ်ဘူးဆိုရင်‌ တော့ ခွဲစိတ်ပြီး ဖယ်ရှားတာမျိုးလုပ်ရနိုင်ပါတယ်။

ခွဲစိတ်ကုထုံးများ

ခွဲစိတ်ကုထုံးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ :

  • haemorrhoidectomy: လိပ်ခေါင်းကို ဖြတ်တောက်ခြင်း
  • stapled haemorrhoidopexy: လိပ်ခေါင်း ကို ပြန်လည်ထည့်သွင်း ခြင်း
  • haemorrhoidal artery ligation: လိပ်ခေါင်း ကို ကျုံ့ သွားစေရန် သွေး‌လျှောက်မှုကို ဖြတ်တောက်ခြင်း

ဤလိုမျိုးကုထုံးများအတွက် သင့်ကို အိပ်ချိန်လိုအပ်ပြီး ဆေးရုံတွင် တစ်ရက်ထက်ပိုနေရန် လိုအပ်နိုင်ပါသည်။

ကာကွယ်ရန်အချက်များ

လိပ်ခေါင်းသက်သာရန် နှင့် ကာကွယ်ရန်

လိုက်နာရန် : ​

  • ဝမ်းပျော့စေရန် အရည်အများကြီးသောက်ပြီး အမျှင်အမြောက်အမြားစားပါ
  • စအိုကို သန့်ရှင်းတဲ့ အခါ စိုစွတ်တဲ့ အိမ်သာသုံးစက္ကူနဲ့ သုတ်ပါ
  • နာကျင်မှု သက်သာစေရန်ပါရာစီတမောသောက်နိုင်ပါတယ်။
  • နာကျင်မှုနှင့် ယားယံခြင်းသက်သာစေရန် ‌ ရေနွေးဖြင့်ရေစိမ်ချိုးပါ။
  • နေထိုင်ရသက်သာစေရန် ပဝါဖြင့်ထုပ်ထားသော ရေခဲထုပ်ကိုကပ်ပေးနိုင်ပါတယ်။
  • လိပ်ခေါင်းကို စအိုအတွင်းသို့ ညင်ညင်သာစွာ တွန်းပါ
  • စအိုတစ်ဝိုက်ကို သန့်ရှင်းအောင်ထားပြီး ခြောက်သွေ့နေပါစေ။
  • လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။
  • ဝမ်းမချုပ်စေရန် အရက်နဲ့ ကဖင်းဓာတ်ပါသောအရည်များ လျှော့သောက်ပါ။

ရှောင်ရန်:

  • ဝမ်းသွားပြီးနောက် စအိုကို ကြမ်းတမ်းစွာမသုတ်ပါနှင့်
  • ဝမ်းကိုအချိန်ကြာမြင့်စွာမအောင့်ထားပါနှင့်
  • ဝမ်းသွားတဲ့ အခါအလွန်အမင်းမညှစ်ပါနှင့်
  • ကိုဒင်းပါဝင်တဲ့ ဆေးဝါးတွေက ဝမ်းချုပ်စေတာကြောင့် ဆရာဝန်နင့်တိုင်ပင်ပြီးမှသောက်ပါ။
  • စအိုက သွေးထွက်နေရင် ibuprofen မသောက်ပါနှင့်
  • အိမ်သာတက်တဲ့အချိန်ကိုလိုတာထက်ပိုပြီး မကြာပါစေနှင့်။

ဆရာဝန်နှင့်ပြသ ရန်အချိန်

ဆရာဝန်ကိုတွေ့ရန်လိုအပ်ပါသည်၊ :

  • လိပ်ခေါင်းရောဂါလက္ခဏာများ ရှိပြီး၊ 7 ရက်အတွင်း အိမ်မှာကုသမှုနောက်ဆုံးတွင် အခြေအနေမကောင်းလာပါက
  • လိပ်ခေါင်းပြန်လည်ထပ်တလဲလဲ ဖြစ်နေပါက
  • စအို နားတွင် ပုံမှန်မဟုတ်သော ပြောင်းလဲမှုများကို တွေ့ရှိပါက

ဆရာဝန် သည် လိပ်ခေါင်းသို့မဟုတ် အူလမ်းကြောင်း အတွင်းပိုင်းအရေးပေါ် သက်ရောက်မှုအတွက်ဆေးဝါးများ ကို ပေးနိုင်ပြီး၊လိပ်ခေါင်းနှင့် သက်ဆိုင်သော အခြားကြောင့် ဖြစ်နေတာလားဆိုတာလည်း စစ်ဆေးနိုင်ပါသည်။

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
04 October 2024
အရိုးနှင့်အဆစ်ရောင်ရောဂါ(Osteoarthritis)
Patient Guide