အကြားအာရုံချို့ယွင်းခြင်း (Hearing Loss)

Patient Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

အကျဥ်းချုပ်

အကြားအာရုံချို့တဲ့ခြင်းဆိုတာအသက်အရွယ်ကြီး လာတဲ့ အခါအဖြစ်များတဲ့ ပြဿနာတစ်ခုပါ။ အကြားအာရုံနဲ့ ပက်သက်တဲ့ ပြဿနာတစ်ခုခုရှိနေပြီဆိုရင်တော့ ဆရာဝန်နင့်ပြသသင့်ပါတယ်။ အကြားအာရုံ ချို့ယွင်းရတဲ့ တစ်ချို့အကြောင်းအရင်းတွေက အလွယ်တကူကုသပေျာက်ကင်းနိုင်တာလည်းရှိပါတယ်။

လက္ခဏာများ

အကြားအာရုံချို့တဲ့လားမချို့တဲ့လားဆိုတာ အလွယ်တကူမှတ်ချက်ချလို့မရနိုင်ပါ။

ဖြစ်တတ်တဲ့ လက္ခဏာတွေကတော့:

  • အခြားသူများပြောတာကို ကြားဖို့ ခက်ခဲဖြင်း ဝေခွဲမရခြင်း နားကြားမှားခြင်း
  • ထပ်ခါတလဲလဲပြန်မေးရခြင်း
  • ရုပ်ရှင်ကြည့်ခြင်း သီးချင်းနားထောင်ခြင်းစတာ တွေမှာ ပုံမှန်လူတေွထက်ပိုပြီးကျယ်လောင်စွာဖွင့်ပြီးနားထောင်ရခြင်း
  • ဖုန်းပြောတဲ့အခါမှာလည်း သေချာမကြားခြင်း
  • စကားဝိုင်းထဲရောက်ရင်လည်း လိုက်နားထောင်ဖို့ ကြားဖို့ ခက်ခဲခြင်
  • နားထောင်နေတဲ့ အချိန်မှာလည်း အာရုံအရမ်းစိုက်ပြီး နားထောင်ရတာကြောင့် စိတ်ဖိစီးလာခြင်း စတဲ့ အချက်တွေဖြစ်နိုင်ပါတယ်။

တစ်ခါတစ်လေ မိမိရဲ့ အကြားအာရုံ နဲ့ ပက်သက်တဲ့ ပြဿနာကို မိမိရဲ့ ပတ်ဝန်းကျင်က အရင်ဆုံးသတိထားမိနိုင်ပါတယ်။

ကလေးအရွယ်တွေမှာ အကြားအာရုံ ချို့တဲ့တဲ့ အခါ စကားပြောစွမ်းရည်နဲ့ ပက်သက်ပြီး တိုးတက်မှုနှေး‌‌ကွေးနိုင်တာမျိုးရှိလာနိုင်ပါတယ် ။

ဖြစ်ပွားရသောအကြောင်းအရင်း

အကြားအာရုံချို့တဲ့ ရတဲ့ အကြောင်းအရင်းများစွာရှိပါတယ်။ တစ်ချို့ကကုသလို့ရပြီး တချို့ကတော့ ကုသလို့မရနိုင်ပဲ တစ်သက်လုံး ချို့ယွင်းသွားတာမျိုးရှိပါတယ်။

ဒါကြောင့် မိမိဘာသာကုသအဖြေရှာခြင်းမလုပ်ပဲ ဆရာဝန်နှင့်ပြသဖို့လိုပါတယ်။

ကုသမှု

ကုသမှုက ဖြစ်ပွားတဲ့ အကြောင်းအရင်းပေါ်မူတည်ပြီး ကွဲပြားပါတယ်။

တစ်ခါတစ်လေ ဆရာဝန်သည် ရောဂါဖြစ်စေသောအကြောင်းရင်းကို ကုသနိုင်ပါသည်၊ ဥပမာ:

  • နားထဲပိုးဝင်တာဆိုရင် ပိုးသတ်ဆေးဖြင့်ကုသခြင်း
  • နားဖာ ချေးပိတ်တာဆိုရင် နာဖာချေးပျော်‌ စေ တဲ့ ဆေးရည် ထည့်ခြင်း နားဖာချေးကိုဖယ်ထုတ်ခြင်း စတဲ့ ကုသမှုတွေလုပ်လို့ရပါတယ်။

အကယ်၍ အထွေထွေရောဂါကုဆရာဝန်က ကုသလို့မရနိုင်တဲ့ အကြောင်းအရင်းဆိုရင် အထူးကုဆရာဝန်ဆီကိုညွှန်ပေးနိုင်ပြီး နောက်ထပ်လိုအပ်တဲ့ စစ်‌ ဆေးမှုတွေလုပ်ရပါတယ်။

နားကြားကိရိယာ

အကြားအာရုံချိုတဲ့တာကကုသလို့မရဘူးဆိုရင် နားကြားကိရိယာသုံးခြင်းက အသံကို ပိုကျယ်စေပြီး ကြည်လင်စွာကြားနိုင်ဖို့အထောက်အကူပြုနိုင်ပါတယ်။

နားကြာ;ကိရိယာ အစားထိုးတပ်ဆင်အသုံးပြုတာလည်းရှိပါတယ်။ ကိရိယာက ဦးခေါင်းခွံမျာတွယ်ဆက်ပြီးနားတွင်းထဲသို့ ထည့်ထားရတဲ့ အမျိုးအစားပုံစံဖြစ်ပါတယ်။

ကာကွယ်ရန်အချက်များ

အကြားအာရုံချို့တဲ့ပြီဆိုရင် ပတ်ဝန်းကျင်နှင့် ဆက်သွယ် ဖို့အထောက်အကူဖြစ်စေမယ့် နည်းလမ်းနဲ့ သင့်ရဲ့ အကြားအာရုံကို ထပ်ပြီးထိခိုက်မှု မရှိအောင်နေရမယ့်နည်းလမး်တွေကတော့:

  • လူတွေနဲ့ စကားပြောတဲ့ အခါ တိတ်ဆိတ်တဲ့ နေရာမျိုးကိုတတ်နိုင်သလောက်ရွေးချယ်ပြီးပြောပါ။
  • မိမိနဲ့ စကားပြောတဲ့ သူကို မျက်နှာချင်းဆိုင်ပြောခြင်းဖြင့် တစ်ဖက်လူရဲ့ မျက်နှာ အမူအရာ, ပါးစပ်လှုပ်တာ, စတာတွေကို သိနိုင်ပါတယ်။
  • လိုအပ်လျှင် စကားကို ခပ်နှေးနှေးပြောပေးဖို့ ‌ နောက်တစ်ခါ ထပ် ပြောပေးဖို့ စာရေးပြီးပြောပေးဖို့စသည်ဖြင့်တောင်းဆိုပါ။
  • အသံကျယ် လောင်တဲ့ နေရာတွေမှာ နားအကာ တပ်ဆင်ပါ။
  • သီချင်းကို ကျယ်လောင်စွာနားမ‌ေထာင်ပါနဲ့ ( ကြားရယုံလောက်အနေအထားလောက်သာ နားထောင်ပါ)
  • လက် သို့မဟုတ် အခြားအရာများဖြင့်နားထဲကို ထည့်ခြင်းကိုရှောင်ပါ။

ဆရာဝန်နှင့်ပြသ ရန်အချိန်

ဆရာဝန်နှင့်ပြသရန်လိုအပ်ပါတယ်။  

  • သင့်ရဲ့ အကြားအာရုံပြဿနာကက တဖြည်းဖြည်း ပိုဆိုးလာတာ
  • နားထဲထည့်တဲ့ ပိုးသတ်ဆေး , နာဖာချေး ပျော်တဲ့ ဆေးများထည့်ပြီးတာတောင် အရင်တိုင်းပြန်မကြားရဘူးဆိုရင်

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
29 September 2024
ဂေါက်ရောဂါ (Gout)
Patient Guide