Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
ပါဝင်သောအကြောင်းအရာများ
အကျဥ်းချုပ်
နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်းသည် နှလုံးသည် ကိုယ်ခန္ဓာအတွင်း သွေးကိုလှည့်ပတ်စီးဆင်းအောင် မညှစ်ထုတ် ပေးနိုင်ခြင်းကို ဆိုလိုသည်။ ဒါက ဘာကြောင့်ဖြစ်ရတာလဲဆိုရင် နှလုံးအားနည်းလာခြင်း သို့မဟုတ် တင်းမာလာခြင်းကြောင့် ဖြစ်သည်။
၎င်းကို အခေါ်အဝေါ်အဖြစ် "congestive heart failure" ဟုလည်း ခေါ်ဆိုကြပါသည်၊ သို့သော် ယခုအခါ ဤအမည်ကို လူသိနည်းပါသည်။
နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်းသည် သင့်နှလုံးသည် အလုပ်မလုပ်တော့ခြင်းမဟုတ်ပါ။ ၎င်းသည် သင့်နှလုံးကို ပိုမိုကောင်းမွန်စွာ အလုပ်လုပ်နိုင်ရန် အထောက်အကူလိုအပ်နေကြောင်း ကို ဆိုလိုသည်။
၎င်းသည် မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်နိုင်ပါသည်၊ သို့သော် အသက်ကြီးလာသောလူများတွင် ပိုမိုတွေ့ရှိကြသည်။
နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်းသည် ရေရှည် ဖြစ်သောရောဂါဖြစ်ပြီး၊ အချိန်ကြာလာတာနဲ့ အမျှ ပိုမိုဆိုးဝါးလာသော အခြေအနေတစ်ခုဖြစ်သည်။အများအားဖြင့် အကောင်းဆုံးကုသ၍ မရနိုင်ပါ၊ သို့သော် လက္ခဏာများကို နှစ်ပေါင်းများစွာ ထိန်းချုပ်ထားနိုင်သည်။
လက္ခဏာများ
နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း၏ လက္ခဏာများသည် တစ်ဦးနှင့်တစ်ဦးကွဲပြားနိုင်ပါသည်။ လက္ခဏာများသည် ရုတ်တရက် သို့မဟုတ် အချိန်ကြာသည်နှင့် အမျှတဖြည်းဖြည်းပေါ်လာနိုင်ပါသည်။
အဓိကလက္ခဏာများ:
နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း၏ အဓိကလက္ခဏာများမှာ:
- အသက်ရှူရခက်ခြင်း – ၎င်းသည် လှုပ်ရှားပြီးနောက် သို့မဟုတ် အနားယူနေစဉ်တွင် ဖြစ်နိုင်သည်။ လှဲနေစဥ်တွင် ပို၍ ဆိုးဝါးလာပြီး အသက်ရှူရခက်သောကြောင့် ညအိပ်ချိန်တွင် မကြာခဏနိုးနိုင်သည်။
- မောပန်းခြင်း – သင်သည် အချိန်တော်တ်ောများများ ပင်ပန်းနေသလို ခံစားရပြီး လေ့ကျင့်ခန်းများကို ပြုလုပ်လျှင် အလွန်မောပန်းခြင်း ဖြစ်နိုင်သည်။
- ခြေချင်းဝတ်နှင့် ခြေထောက်များဖောခြင်း – ဤသည်မှာ အရည်များစုလာခြင်း (Oedema) ကြောင့် ဖြစ်သည်။ မနက်ခင်းတွင် ပိုမိုကောင်းမွန်နိုင်ပြီး ညပိုင်းတွင် ပိုမိုဆိုးဝါးလာနိုင်သည်။
- ခေါင်းနောက်ခြင်းနှင့် သတိလစ်သလိုဖြစ်ခြင်း
အဖြစ်နည်းသောလက္ခဏာများ
အနည်းငယ်သော လက္ခဏာများ နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း၏ အခြားလက္ခဏာများတွင်:
- ရက်ရှည် ချောင်းဆိုးခြင်း,ညတွင် ပိုမိုဆိုးဝါးနိုင်သည်
- အသက်ရှုရာတွင် အသံမြည်ခြင်း
- လေပွခြင်း
- အစားစားချင်စိတ်မရှိခြင်း
- ကိုယ်အလေးချိန်တိုးလာခြင်း သို့မဟုတ် လျော့နည်းလာခြင်း
- စိတ်အာရုံ ထွေပြားမှု
- နှလုံးခုန်မြန်ခြင်း
- ရင်တုန်ခြင်း (Palpitations)
စိတ်ပင်ပန်းခြင်း၊စိတ်ဓာတ်ကျခြင်း တစ်ချို့သည် နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်းအတွက် စိတ်ပင်ပန်းမှု ခံစားရနိုင်သည်
ဖြစ်ပွားရသောအကြောင်းအရင်း
နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်းသည် မကြာခဏ နှလုံးကို ထိခိုက်စေသော ပြဿနာအတော်များများ၏ အကျိုးဆက်ဖြစ်ပါသည်။
နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်းကို ဖြစ်စေသော ရောဂါများမှာ:
- နှလုံးသွေးကြောရောဂါ – သွေးကို နှလုံးသို့ ပို့ဆောင်ပေးသော သွေးကြောများသည် အဆီများဖြင့် ပိတ်ဆို့ (atherosclerosis) ထားခြင်းဖြစ်ပြီး ၎င်းသည် နှလုံးအောင့်ခြင်း သို့မဟုတ် နှလုံးထိခိုက်ခြင်းကို ဖြစ်စေပါသည်။
- သွေးပေါင်တက်ခြင်း – ၎င်းသည် နှလုံးပေါ်တွင် ဖိအားပေးပြီး အချိန်ကြာလာတာနဲ့ အမျှနှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်းကို ဖြစ်စေပါသည်။
- နှလုံးကြွက်သား ပုပ်ခြင်း (cardiomyopathy)
- နှလုံးစည်းချက် နှင့် ပက်သက် သော (arrhythmias) ရောဂါများ - အထူးသဖြင့် atrial fibrillation
- နှလုံးအဆို့ရှင် ထိခိုက် ပျက်စီးခြင်း
- မွေးရာပါ နှလုံးရောဂါ – မွေးဖွားချိန်တွင် ပျက်စီးသော နှလုံးလုပ်ဆောင်မှုများ
တစ်ခါတစ်ရံ တွင် အဝလွန် ခြင်း၊ သွေးအားနည်းခြင်း၊ အရက်အလွန်သောက်ခြင်း၊ thyroid ရောဂါသို့မဟုတ် အဆုတ်သွေးလွှတ်ကြောမှာ ဖိအားများခြင်း (pulmonary hypertension) မှလည်း နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်းကို ဖြစ်စေပါသည်။
ရောဂါရှာဖွေခြင်း
နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း ရောဂါသေချာစေရန် စစ်ဆေးခြင်းများ
နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်းရောဂါအဖြစ်အတည်ပြုရန် သင့်ရဲ့ စစ်ဆေးခြင်းများမှာ:
- သွေးစစ်ဆေးခြင်း– သင့်ရဲ့ သွေးတွင် နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း သို့မဟုတ် အခြားရောဂါတစ်ခုကြောင့် ဖြစ်ပေါ်မှုများကို ပြသနိုင်မည့်အရာရှိပါသလားစစ်ဆေးရန်
- an electrocardiogram (ECG) – ၎င်းသည် သင့်ရဲ့ နှလုံး၏ လျှပ်စစ်လုပ်ဆောင်မှုကို မှတ်တမ်းတင်ပြီး ပြဿနာများရှိမရှိစစ်ဆေးရန်
- an echocardiogram –အသံလှိုင်းများကို အသုံးပြုပြီး သင့်ရဲ့ နှလုံးကို စစ်ဆေးခြင်းဖြစ်သည်
- breathing tests – သင့်ရဲ့ အသက်ရှုမှုကို ဆန်းစစ်ရန်
- a chest X-ray – နှလုံးပုံမှန်ထက် ကြီးမကြီး ၊ သင့်ရဲ့ အဆုတ်ထဲတွင် အရည်ရှိမရှိ (နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း၏အချက်)၊ သို့မဟုတ် အဆုတ်ရောဂါတစ်ခုသည် သင့်ရဲ့ အလက္ခဏာများကို ဖြစ်စေပါသလားစစ်ဆေးရန်
နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း၏အဆင့်များ
နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း သေချာသောအခါတွင် ဆရာဝန်သည် ယင်း၏အဆင့်ကို ပြောပြနိုင်ပါသည်။
နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း၏ အဆင့်သည်၊ ရောဂါအတိမ်အနက်ကို ဖော်ပြပါသည်။
အဆင့်များသည် ၁ မှ ၄ အထိရှိ ပြီး၊ ၁ သည် အနည်းဆုံးအဆင့် ကိုပြသပြီး ၄ သည် အများဆုံး အဆင့် ကိုပြသပါသည် :
- class 1 – သင့်ရဲ့ ပုံမှန်ခန္ဓာကိုယ်လှုပ်ရှားမှုတွင် လက္ခဏာများမရှိပါ
- class 2 –သင်သည် အနားယူနေစဉ်တွင် သက်တောင့်သက်သာရှိသော်လည်း ပုံမှန်ခန္ဓာကိုယ်လှုပ်ရှားမှုများအခါတွင် အခြေအနေများဖော်ပြပါသည်
- class 3 – သင်သည် အနားယူနေစဉ်တွင် သက်တောင့်သက်သာရှိ သော်ခန္ဓာကိုယ်လှုပ်ရှားမှုအနည်းငယ်လုပ်ရာတွင် လက္ခဏာများဖော်ပြပါသည်
- class 4 – သင်သည် အနားယူနေစဉ်နှင့် ခန္ဓာကိုယ်လှုပ်ရှားမှုများလုပ်သော အခါတွင် လည်း အခြေအနေများဖော်ပြပါသည်
ကုသမှု
နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်းအတွက် ကုသမှုများသည် ပုံမှန်အားဖြင့် ရောဂါလက္ခဏာများကို ထိန်းချုပ်ရန်နှင့် ပိုမိုဆိုးရွားလာမှုကိုနှေးကွေးစေရန်ဖြစ်သည်။
သင့်ကို ကုသပေးသောနည်းလမ်းသည် သင့်ရဲ့ နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်းကို ဖြစ်စေသော အကြောင်းရင်းအပေါ် မူတည်ပါသည်။
တွေ့လေ့ရှိ သော ကုသမှုများမှာ:
- lifestyleပြောင်းလဲခြင်း – နေထိုင်စားသောက်မှုပုံစံပြောင်းလဲခြင်း၊ ကျန်းမာသောအစားအစာစားခြင်း၊ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့် ဆေးလိပ်သောက်ခြင်းကို ရပ်တန့်ခြင်း
- ဆေးဝါး– ဆေးဝါးများစွာရှိပြီး၊ မတူညီသောဆေးအမျိုးအစားများ၂ မျိုး ၃မျိုးထိသောက်ရန်လိုအပ်နိုင်သည်
- ရင်ဘတ်အတွင်းထည့်သွင်းထားသော ကိရိယာများ – သည် နှလုံးရဲ့ လှုပ်ရှားမှုကို ထိန်းသိမ်းရာတွင် အထောက်အကူပြုသည်
- ခွဲစိတ်မှု– ဥပမာ နှလုံးအစားထိုးခြင်း
ကုသမှုများသည် ပုံမှန်အားဖြင့် ဘဝတစ်လျောက် လိုအပ်ပါသည်
ဆေးဝါးတစ်ခုခုဖြင့် ကုသနိုင်သော အကြောင်းရင်းတစ်ခုရှိပါက ကုသရန်ဖြစ်နိုင်သည်။ ဥပမာ၊ သင့်ရဲ့ နှလုံးအဆို့ရှင်များ ပျက်စီးခဲ့ပါက ၎င်းများကို ပြန်လည်ထည့်သွင်းခြင်း သို့မဟုတ် ပြုပြင်ခြင်းဖြင့် ရောဂါကို ကုသနိုင်ပါသည်။
ဆရာဝန်နှင့်ပြသ ရန်အချိန်
သင့်တွင် နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း လက္ခဏာများ မပြတ်ဖြစ်ပေါ်ခြင်း သို့မဟုတ် တဖြည်းဖြည်းဆိုးရွားလာခြင်း ရှိပါက GP ထံသို့ သွားရောက်စစ်ဆေးရန် လိုအပ်ပါသည်။
ဒီလက္ခဏာများသည် နောက်ထပ် မကြီးမားသည့် ကျန်းမာရေးပြဿနာများကြောင့် ဖြစ်နိုင်သောကြောင့် စောင့်ကြည့်စစ်ဆေးခြင်းလိုအပ်နိုင်ပါသည်။
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.