အသည်းရောင် ဘီ ရောဂါ (Hepatitis B)

Patient Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

အကျဥ်းချုပ်

အသည်းရောင်အသားဝါ ဘီ ရောဂါ ဆိုတာ ကူးစက်တတ်တဲ့ အသည်းရောဂါဖြစ်ပါတယ်။ ‌ရောဂါပိုးမကူးစက်အောင် ကာကွယ်ဆေးထိုးလို့ရပါတယ်။

ရောဂါကူးစက်တာက လအနည်းငယ်ပဲကြာနိုင်ပြီး တချို့တွေမှာ ကာလကြာရှည်စွာ ဖြစ်ပွားတတ်ပြီး ခန္ဓာကိုယ်ထဲမှာ ဗိုင်းရပ်ပိုးတွေ ကျန်ရှိနေသည့်အခါ ဖြစ်ပေါ်တတ်ပါတယ်။

လက္ခဏာများ

ရောဂါလက္ခဏာတွေကတော့:

  • အဖျားကြီးခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • ဗိုက်အောင့်ဗိုက်နာခြင်း
  • မအီမသာဖြစ်ခြင်း 
  • အ‌ရေပြားယားယံခြင်း ,အဖုအပိန့်များထွက်ခြင်း
  • အသားဝါခြင်း

ရောဂါပိုးစက်တာက ၁လကနေ၃လအထိကြာနိုင်ပြီး အများအားဖြင့် လက္ခဏာမပြတာ နည်းနည်းပဲပြတာ ဖြစ်နိုင်ပြီး ၆ လထက်ပိုကြာမယ်ဆိုရင်တော့ နာတာရှည် အသည်းရောင်အသားဝါ ဘီပိုးလို့သတ်မှတ်နိုင်ပါတယ်။

ဖြစ်ပွားရသောအကြောင်းအရင်း

အသည်းရောင်အသားဝါ ဘီရောဂါက ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး သွေး , ခန္ဓာကိုယ်မှ ထွက်တဲ့ အရည်များ မှတစ်ဆင့်ကူးစက်နိုင်ပါတယ်။

အသည်းရောင်အသားဝါ ဘီရောဂါကို :

  • အသည်းရောင်အသားဝါဘီပိုး ကူးစက်ခံထားရသူနဲ့ အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း
  • ဆေးထိုးရာတွင် အပ်များကိုမျှဝေသုံးစွဲခြင်း
  • ရောဂါပိုးရှိသောအပ်ကိုသုံးမိခြင်း 
  • ပိုးသတ်ထားခြင်းမရှိတဲ့ ကိရိယာဖြင့် တက်တူးထိုးခြင်း,အပေါက်ဖောက်ခြင်း
  • ရောဂါပိုးရှိသူတဲ့ သွေးသွင်းမိခြင်း

ကိုယ်ဝန်ဆောင်တေွမှာ ရောဂါပိုးရှိရင်လည်း မိခင်ကနေတစ်ဆင့် ကလေးကိုကူးစက်နိုင်ပါတယ်။

ကုသမှု

အသည်းရောင်အသားဝါ ဘီ ရောဂါသည် မကြာမီအလိုလိုပျောက်သွားနိုင်ပြီး ကုသမှုမလိုအပ်သည့် အခြေအနေများ ရှိနိုင်ပါသည်။ သင့်ကို နာကျင်မှုသက်သာဆေး (painkillers) သို့မဟုတ် မသာမအီဖြစ်မှုကို ကူညီပေးနိုင်သော ဆေးများကဲ့သို့ လက္ခဏာများသက်သာစေရန် ဆေးများ ထောက်ပံ့နိုင်ပါသည်။

သင့် GP သည် သင့်အား အသည်းအထူးကု ဆရာဝန်ထံ ပို့ဆောင်မည်ဖြစ်ပြီး၊ ၎င်းသည် သင့်အသည်း လုပ်ဆောင်မှုများကို စစ်ဆေးမည်ဖြစ်သည်။

အသည်းရောင်အသားဝါ ဘီ ရောဂါသည် ၆ လထက်ပိုကြာစွာ ရှိနေပါက၊ ၎င်းကို နာတာရှည် (chronic) အသည်းရောင်အသားဝါ ဘီ ရောဂါ ဟု ခေါ်သည်။

ထိုသို့ ဖြစ်နေပါက၊ ယင်းကို ဗိုင်းရပ်စ်နှိမ်နင်းဆေး (antivirals) နှင့် အရေပြား ယားခြင်း၊ နာကျင်မှု၊ မသာမအီဖြစ်ခြင်းကဲ့သို့သော လက္ခဏာများ သက်သာစေရန် ဆေးများဖြင့် ကုသနိုင်ပါသည်။ သင့်အား အသည်းအထူးကုဆရာဝန်ထံ သွားရောက်ပြီး အခြေအနေကို ပုံမှန် စစ်ဆေးစေရန် လိုအပ်ပါမည်။

ကာကွယ်ရန်အချက်များ

အသည်းရောင် အသားဝါကာကွယ်ဆေးထိုးခြင်းက အထိရောက်ဆုံးကာကွယ်ပေးနိုင်တဲ့ နည်းလမ်းပါ။ကလေးငယ်တွေမှာလည်း ၆မျိုးစပ် ကာကွယ်ဆေး ထဲမှာ ထည့်သွင်းပြီးထိုးပေးလေ့ရှိပါတယ်။

မိခင်က ရောဂါပိုးရှိရင်ကလေးကိုကူးစက်တာမျိုးမဖြစ်အောင် ကလေးမွေးပြီး ၄ ပတ်နဲ့ တစ်နှစ်မှာကာကွယ်‌ ဆေးပေးပါတယ်။

လူကြီး တွေမှာတော့ ကူးစက်နိုင်ခြေမြင့်မားတဲ့ အခြေအနေမျိုးမှာ ကာကွယ်ဆေးထိုးပါတယ်။:

  • ရောဂါဖြစ်ပွားမှုများတဲ့ နေရာဒေသတွေကိုသွားရတာ
  • အသည်း (သို့) ကျောက်ကပ်နဲ့ ပက်သက်တဲ့ ရောဂါရှိတာ
  • HIV ပိုးရှိတာ
  • ရောဂါပိုးကူးစက်နိုင်ခြေရှိတဲ့ နေရာ တွေမှာအလုပ်လုပ်ရတာ စတဲ့အခြေအနေ တွေမှာ ကာကွယ်ဆေးထိုးရန်လိုအပ်ပါတယ်။

အခြားနည်းလမ်းများ

ကူးစက်နိုင်ခြေကို ကာကွယ်လို့ရမယ့် တခြားနည်းလမ်းတွေက:

  • အကာအကွယ်သုံးပြီး လိင်ဆက်ဆံခြင်း
  • လူများနှင့်အတူ မုတ်ဆိတ်ရိတ်ဓါးများ၊ သွားတိုက်တံများနှင့် အပ်များ မမျှဝေသုံးပါနှင့်။

Hepatitis B နှင့်အတူ နေထိုင်ခြင်း

ဆေးဝါးကုသမှုများအပြင်၊ အသည်းရောင်အသားဝါ ဘီ ရောဂါရှိနေစဉ်တွင် လက္ခဏာများ သက်သာစေရန်နှင့် အခြားသူများသို့ မပြန့်ပွားစေရန် မိမိလုပ်ဆောင်နိုင်သည့် အရာများရှိပါသည်:

  • အနားယူပြီး ရေများများသောက်ပါ
  • ပါရာဆီတမောလ် (paracetamol) နှင့် အိုင်ဘူပရိုဖင် (ibuprofen) ကဲ့သို့သော နာကျင်မှုသက်သာဆေးများ သောက်နိုင်ပါသည်။ သို့သော် သင်သောက်သင့်သည့် ပါရာဆီတမောလ် ပမာဏအတွက် ဆရာဝန်ထံတွင် မေးမြန်းပါ။
  • အခန်းကို လေဝင်လေထွက် ကောင်းစေရန်ထားပြီး၊ ကိုယ်ချောင်းချွတ်မှု ရှိပါက ကျစ်လျစ်သော အဝတ်များ မဝတ်ဘဲ၊ ရေပူဖြင့် ရေချိုးခြင်းကိုရှောင်ကြဉ်ပါ
  • အရက်မသောက်ပါနှင့်
  • ကွန်ဒုံး (condom) သို့မဟုတ် ဒမ် (dam) မသုံးဘဲ လိင်ဆက်ဆံခြင်းကိုရှောင်ကြဉ်ပါ
  • သင် တုန်းဓား၊ သွားတိုက်တံ သို့မဟုတ် အပ်များကို အခြားသူများနှင့် မမျှဝေပါနှင့်

ဆရာဝန်နှင့်ပြသ ရန်အချိန်

အသည်းရောင် အသားဝါ ဘီ ရောဂါလက္ခဏာတွေ ခံစားနေရတယ်လို့ သံသယရှိတယ်ဆိုရင် ဆရာဝန်နဲ့ သွားပြပါ။

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
30 September 2024
အသည်းရောင် အေ ရောဂါ (Hepatitis A)
Patient Guide