Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
အကျဥ်းချုပ်
အသည်းရောင် အသားဝါ စီရောဂါဆိုတာ အသည်းကိုဖျက်စီးတဲ့ ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်ပိုးပါ။အကယ်၍ မကုသပဲထားမယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ ဆိုးဝါးလာနိုင်ပြီး အသည်းပျက်စီးနိုင်သည်အထိဖြစ်နိုင်ပါတယ်။
စောစောကြိုသိမယ်ဆိုရင်တော့ ဆေးနဲ့ကုသထိန်းသိမ်းလို့ရနိုင်ပြီး သက်တမ်းစေ့နေလို့ရပါတယ်။
ရောဂါပိုးရှိတဲ့ သူရဲ့ သွေးနဲ့ ထိတွေ့မိရင် ကူးစက်နိုင်ပါတယ်။
လက္ခဏာများ
အသည်းရောင်အသားဝါ စီပိုးက ကူးစက်ခံရပြီဆိုရင် လက္ခဏာပြလေ့မရှိပဲ အသည်းက တော်တော်လေးပျက်စီးတဲ့ အချိန်ကျမှ လက္ခဏာပြတာပါ။
လက္ခဏာပြပြီဆိုရင်လညး် တခြားရောဂါများနဲ့ မှားနိုင်ပါတယ်။
ဖြစ်တဲ့ လက္ခဏာတွေကတော့:
- တုပ်ကွေးလိုနာမကျန်းဖြစ်ခြင်း( အဖျားတက်ခြင်း, ကြွက်သာများကိုက်ခဲခြင်း)
- အမြဲတမ်းလိုလိုပင်ပန်းနေခြင်း
- အစားစားချင်စိတ်မရှိခြင်း
- ဗိုက်အောင့်ခြင်း
- နေထိုင်မကောင်းဖြစ်ခြင်း
စီပိုးရှိမရှိကိုအတည်ပြုဖို့အ သေချာဆုံးနည်းလမ်းကတော့ သွေးစစ်ခြင်းပဲဖြစ်ပါတယ်။
ဖြစ်ပွားရသောအကြောင်းအရင်း
စီပိုးက ရောဂါပိုးရှိတဲ့ သွေးကနေတစ်ဆင့်ကူးစက်တာဖြစ်ပါတယ်။
ကူးစက်နိုင်တဲ့ နည်းလမ်းတွေကတော့:
- ဆေးနဲ့ ဆေးထိုးအပ်များ မျှဝေသုံးစွဲခြင်း
- သွားတိုက်တံ, သင်တုန်းဓားများ မျှဝေသုံးစွဲခြင်း
- ကိုယ်ဝန်ဆောင်မိခင်မှ သန္ဓေသား
- အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း
မှလည်းကူးစက်နိုင်ပါတယ်။ ဒါကတော့ဖြစ်နိုင်ခြေအလွန်နညး်ပါတယ်။
အန္တရာယ်တိုးစေသောအကြောင်းရင်းများ
အချို့သော လူအုပ်စုများသည် အသည်းရောင်အသားဝါ စီ ရောဂါဖြစ်နိုင်မှု မြင့်မားသည်:
- ယခင် မူးယစ်ဆေးသုံးသူများနှင့် လက်ရှိသုံးနေသူများ၊ အထူးသဖြင့် အပ်ဖြင့် ထိုးသွင်းသုံးသူများ
- အသည်းရောင်အသားဝါ စီ ရှိသော မိခင်များမှ မွေးဖွားသည့် ကလေးများ
- ဗိုင်းရပ်စ်နှင့် မတော်တဆထိတွေ့မိသည့် လူများ (ဥပမာ - ကျန်းမာရေးဝန်ထမ်းများ)
- ပိုးမသတ်ထားသောကိရိယာဖြင့် တက်တူးထိုးခြင်း, ကိုယ်ခန္ဓာတွင်အပေါက်ဖောက်ခြင်း
- မိသားစုဝင်တစ်ယောက်ယောက်ဒါမှမဟုတ် လိင်ဆက်ဆံဖော်တွင် စီပိုးရှိခြင်း, ပိုးရှိသူနှင့် အနီးကပ်နေရခြင်း
သင် အပ်ဖြင့်ထိုးသွင်းသုံးခြင်းကဲ့သို့ ဆက်လက်ဖြစ်နိုင်သည့် အန္တရာယ်မြင့်လုပ်ဆောင်မှုများကို ဆက်လက်ပြုလုပ်နေပါက ပုံမှန် စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်နိုင်ပါသည်။ ထိုသို့ ပြုလုပ်ရန် သင့်လျှော်မှုကို သင့်ဆရာဝန်ထံတွင် မေးမြန်းနိုင်ပါသည်။
ရောဂါရှာဖွေခြင်း
အသည်းရောင်အသားဝါစီပိုးကူးစက်ခံရတယ်လို့ သံသယရှိတယ်ဆိုရင် စစ်ဆေးပြီး ကုသမှုစောစောခံယူဖို့လိုအပ်ပါတယ်။
သင်သည် အသည်းရောင်အသားဝါ စီ ဖြစ်နိုင်ခြေကြောင့် စိုးရိမ်နေပါက၊ သို့မဟုတ် ဖြစ်နိုင်မှုမြင့်မားသည့် လူအုပ်စုများထဲတွင် ပါဝင်ပါက စစ်ဆေးမှု ခံယူရန် စဉ်းစားသင့်ပါသည်။
ပိုးကူးစက်ခံရပေမယ့် ရောဂါလက္ခဏာပြတာမျိုးမရှိတာကြောင့် ပုံမှန်အတုိင်းကျန်းမာသလိုဖြစ်နေနိုင်ပါတယ်။
အသည်းရောင်အသားဝါ စီ ကို သွေးစစ်ဆေးမှု ၂ မျိုးဖြင့် စစ်ဆေးနိုင်သည်—ကိုယ်ခံအားတု (antibody) စစ်ဆေးမှုနှင့် PCR စစ်ဆေးမှု။ အမြန်ဆုံး ၂ ပတ်အတွင်း သိနိုင်ပါသည်။
သင့်တွင် အသည်းရောင်အသားဝါ စီ ပိုးရှိနေသေးပါက အသည်းရောဂါရှိ/မရှိ စစ်ဆေးရန် ဆရာဝန်အသိပေးပို့လိမ့်မည်။
စစ်ဆေးမှုများတွင် သွေးစစ်ဆေးခြင်းနှင့် အသည်းအား အမည်မဖော်နိုင်သော လှိုင်းသံရောင်ခြည် (ultrasound scan) ဖြင့် စစ်ဆေးခြင်းများ ပါဝင်နိုင်ပါသည်။
ကုသမှု
အသည်းရောင်အသားဝါစီပိုးကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးများဆက်ပြီး မပွားအောင် ဆေးဝါးများနှင့် ကုသလို့ရပါတယ်။ ဆေးကို ရေရှည်စွဲသောက်ဖို့လိုပါတယ်။
အဓိကအားဖြင့် ထိုးဆေးနဲ့ သောက်ဆေးကိုတွဲပြီး ပေးလေ့ရှိပါတယ်။
ယခုအခါ တက်ဘလက်ဖြင့်သာသောက်နိုင်သော ကုသမှုများ ရရှိနိုင်ပြီဖြစ်သည်။
အသည်းရောင်အသားဝါ စီ အတွက် ထွက်ရှိလာသည့် ဆေးသစ်များသည် ကုသမှု အကျိုးရှိစေမှု ပိုမိုကောင်းမွန်စေပြီး၊ ကိုယ်ခံနိုင်ရည်နည်းသောသူများလည်း လွယ်ကူစွာ သောက်နိုင်ရန် ထိရောက်မှု မြှင့်တင်ထားသည်။ ထို့အပြင် ကုသမှုကာလ ပိုမိုတိုလာသည်။
ထိုဆေးများတွင် sofosbuvir နှင့် daclatasvir ပါဝင်သည်။
နောက်ဆုံးပေါ် ဆေးများ အသုံးပြုခြင်းဖြင့် အသည်းရောင်အသားဝါ စီ ရှိသူများ၏ ၉၀% ခန့်သည် ပျောက်ကင်းနိုင်သည်။
သို့သော် သင့်ကိုယ်တွင် ပိုးကာကွယ်မှုမရှိ သောကြောင့် ပြန်လည်ခံရနိုင်မှုကို လျှော့ချရန် သင်လိုက်နာသင့်သည့် လုပ်ဆောင်ချက်များကို သတိထားပါ။
ကာကွယ်ရန်အချက်များ
အသည်းရောင် အသားဝါစီပိုးအတွက် ကာကွယ်ဆေးမရှိသေးပါဘူး။
ပိုးမကူးစက်အောင် ကာကွယ်နေထိုင်နည်း တွေကတော့-:
- အခြားသူများနှင့် ဆေးထိုးအပ်များ အတူတကွမျှဝေသုံးစွဲတာမျိုးမလုပ်ပါနဲ့
- သွေးကနေတစ်ဆင့်ကူးစက်တာကြောင့် သွားတိုက်တံ , သင်တုန်းဓားစတာတွေကို မျှဝေသုံးစွဲခြင်းကိုရှောင်ပါ။
လိင်ဆက်ဆံခြင်းမှတစ်ဆင့်ကူးစက်ဖို့ အလားအလာနည်းပါတယ်။ ရာသီလာချိန်လိင်ဆက်ဆံရင်း ရာသီသွေးနဲ့ ထိတွေ့မိတာမျိုးရှိရင်တော့ ကူးစက် နိုင်ပါတယ်။
ဒါကြောင့် မိမိနှင့် အတူနေသူက စီပိုးရှိမရှိမသိနိုင်ရင် အကာအကွယ်သုံးပြီး အတူ နေသင့်ပါတယ်။
ဆရာဝန်နှင့်ပြသ ရန်အချိန်
အသည်းရောင်အသားဝါ စီ နှင့်သက်ဆိုင်သော ရောဂါလက္ခဏာများ ဆက်လက်ရှိနေသည်များ၊ သို့မဟုတ် ပိုးကူးစက်ခံရနိုင်သည့် အခြေအနေရှိပါက၊ သင်မှာ ရောဂါလက္ခဏာ မရှိသော်လည်း ဆေးဘက်ဆိုင်ရာ အကြံဉာဏ် ရယူရန် လိုအပ်ပါသည်။
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.