HIV နှင့် ခုခံအားကျဆင်းမှုရောဂါ (HIV and AIDS)

Patient Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

အကျဥ်းချုပ်

HIV (ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ပိုး) သည် သင့်၏ ကိုယ်ခံအားစနစ်ရှိ ဆဲလ်များကို ထိခိုက်စေပြီး၊ နေ့စဉ်ရောဂါများနှင့် ကူးစက်မှုများကို ပြန်လည်တိုက်ခိုက်ရန် အားနည်းလာစေသည်။

AIDS (ခုခံအားကျဆင်းမှုကူးစက်ရောဂါ) သည် HIV ဗိုင်းရပ်စ်ကြောင့် သင့်၏ကိုယ်ခံအားစနစ်ကို ချို့ယွင်းခြင်းကြောင့် ဖြစ်ပေါ်လာသော အသက်အန္တရာယ်ရှိသော ကူးစက်မှုနှင့် ရောဂါများကို ဖော်ပြရန် အသုံးပြုသော အမည်ဖြစ်ပါသည်။

AIDS ကို တစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်မည် မဟုတ်သော်လည်း HIV ဗိုင်းရပ်စ်ကကူးစက်နိုင်ပါသည်။

လက်ရှိတွင် HIV အတွက် ကုသမှု မရှိသေးပေမယ့်၊ HIV ဗိုင်းရပ်စ်ရှိသည့် လူများအတွက် ရေရှည်ကျန်းမာမှုရှိရန် အထိရောက်ဆုံး ဆေးကုသမှုများ ရှိပါသည်။  

စောစီးစွာ ခွဲခြားစစ်ဆေးခြင်းနှင့် ထိရောက်သော ဆေးကုသမှုများဖြင့် HIV ဗိုင်းရပ်စ်ရှိသည့် လူအများစုသည် AIDS ရောဂါများ မဖြစ်တော့ပဲ ပုံမှန်အတိုင်းသက်တမ်းစေ့နေထိုင်နိုင်ကြပါသည်။

လက္ခဏာများ

"HIV ကူးစက်ခံထားတဲ့ လူ အများစုသည် တုပ်ကွေးနှင့်ဆင်တူသော ဖျားနာမှုကို ၂-၆ ပတ်အတွင်း တွေ့ကြုံရပါသည်။ ထိုကာလအပြီးတွင် HIV သည် အချိန်အနည်းငယ်အထိ လက္ခဏာများမပြပဲ ရှိနိုင်ပါသည်။  

HIV ကူးစက်ခံထားတဲ့ လူများထဲမှာ ၈၀ ရာခိုင်နှုန်းအထိ လူများသည် ဤကဲ့သို့ တွေ့ကြုံရသည်ဟု ခန့်မှန်းထားပါသည်။

အများဆုံးတွေ့ရသော လက္ခဏာများမှာ:

  • ကိုယ်ပူချိန်မြင့်ခြင်း
  • လည်ပင်းနာခြင်း
  • ခန္ဓာကိုယ် ယားယံခြင်း

အခြားသော လက္ခဏာများတွင်:

  • ပင်ပန်းခြင်း
  • အဆစ်နာခြင်း
  • ကြွက်သားနာခြင်း
  • ဂလင်းများရောင်ခြင်း

လက္ခဏာများသည် ပုံမှန်အားဖြင့် ၁-၂ ပတ်ကြာတတ်ပြီး၊ အချိန်ပိုမိုကြာနိုင်ပါသည်။ ၎င်းများသည် သင့်၏ ကာကွယ်ရေးစနစ်သည် ဗိုင်းရပ်စ်ကို ဆန့်ကျင်တိုက်ခိုက်နေပါသည်ဟု အညွှန်းပေးသော လက္ခဏာများဖြစ်ပါသည်။

သို့ရာတွင် ဤလက္ခဏာများကို ခံစားရခြင်းသည် သင့်တွင် HIV ဗိုင်းရပ်စ်ရှိသည်ဟု အဓိပ္ပာယ်မရှိပါ။ သတိထားပါ: ၎င်းများသည် HIV မှမဟုတ်သော အခြားသော ရောဂါများကြောင့် ပေါ်လာတတ်ပါသည်။

သင်တွင် ဤလက္ခဏာများအနည်းငယ်ရှိပြီး၊ မကြာသေးမီကာလတွင် HIV ကူးစက်ခံရဖို့ အလားအလာ ရှိပါက၊ သင်သည် HIV စစ်ဆေးမှုလုပ်သင့်ပါသည်။

အစောပိုင်းလက္ခဏာများပျောက်ကွယ်သွားပြီးနောက်၊ HIV သည် နောက်ထပ်လက္ခဏာများမဖြစ်စေပဲ နှစ်ပေါင်းများစွာ ကြာရှည်နိုင်ပါသည်။

ဤကာလအတွင်းတွင် ဗိုင်းရပ်စ်သည် ဆက်လက်လည်ပတ်နေပြီး သင့်၏ ခုခံအားစနစ်ကို ဆက်တိုက် တဖြည်းဖြည်းထိခိုက်စေနိုင်ပါသည်။

ဤဖြစ်စဉ်သည် တစ်ဦးနှင့်တစ်ဦးကွာခြားနိုင်ပါသည်၊ သို့သော် ၁၀ နှစ်အထိကြာရှည်နိုင်ပြီး၊ ထိုအချိန်အတွင်းမှာ သင်သည် ကျန်းမာ၍ ဘာမှမခံစားရနိုင်ပါ။

ခုခံအားစနစ်သည် ပြင်းထန်စွာထိခိုက်ပြီး နောက်၊ လက္ခဏာများတွင် အောက်ပါများ ပါဝင်နိုင်ပါသည်:

  • ကိုယ်‌ အ လေချိန်လျော့နည်းခြင်း
  • နာတာရှည်ဝမ်းလျှောခြင်း
  • ညအိပ်ချိန်တွင် ချွေးစေးများထွက်ခြင်း
  • အရေပြားပြဿနာများ
  • ကူးစက်ရောဂါများမကြာခဏပြန်ဖြစ်ခြင်း
  • အသက်အန္တရာယ်ရှိသော ရောဂါများ

HIV ကို စောစီးစွာစစ်ဆေးခြင်းနှင့် ကုသခြင်းသည် ဤပြဿနာများကို ကာကွယ်နိုင်ပါသည်။

ဖြစ်ပွားရသောအကြောင်းအရင်း

HIV ရှိသောလူတစ်ယောက်သည် လက္ခဏာ မရှိသော်လည်း ဗိုင်းရပ်စ်ကို အခြားသူများထံ ကူးစက်နိုင်ပါသည်။ HIV ရှိသူများသည် ကူးစက်ရောဂါများဖြစ်တဲ့ ရက်သတ္တပတ်အတွင်း ဗိုင်းရပ်စ်ကို ပိုမိုလွယ်ကူစွာ ပို့ဆောင်နိုင်ပါသည်။

HIV ကုသမှုသည် HIV ရှိသူတစ်ဦးမှ အခြားသူထံ ဗိုင်းရပ်စ်ကူးစက်ခြင်း အန္တရာယ်ကို အတော်လေးလျော့နည်းစေသည်။

လိင်ဆက်ဆံရာမှကူးစက်ခြင်း

ပါးစပ်ဖြင့် အကာအကွယ်မဲ့ လိင်ဆက်ဆံမှုဖြင့် HIV ကို ကူးစက်နိုင်သည်မှာ ဖြစ်နိုင်ခြေရှိသော်လည်း အလွန်ရှားပါးပါသည်။ ပါးစပ်ဖြင့်လိင်ဆက်ဆံသူသည် ပါးစပ်အနာ, သွားဖုံးမှသွေးထွက်ခြင်းစတာတွေရှိရင်ပိုပြီးကူးစက်နိုင်ခြေမြင့်ပါသည်။  

ပါးစပ်ဖြင့်လိင်ဆက်ဆံသူသည်:

  • ပါးစပ်အနာ, သွားဖုံးမှသွေးထွက်ခြင်းစတာတွေရှိရင်ပိုပြီးကူးစက်နိုင်ခြေမြင့်ပါသည်။
  • ပါးစပ်ဖြင့်ဆက်ဆံခံရသောသူသည် HIV ကူးစက်ခံရပြီး မကြာသေးမီက HIV ဗိုင်းရပ်စ်အား ပမာဏများများအထိခန္ဓာကိုယ်ထဲတွင်ရှိနေပါက သို့မဟုတ် အခြားလိင်မှတစ်ဆင့် ကူးစက်သောရောဂါတစ်ခုရှိသော အခါတွင်လည်းကူးစက်နိုင်ခြေမြင့်နိုင်ပါသည်။

အန္တရာယ်တိုးစေသောအကြောင်းရင်းများ

HIV ကူးစက်မှုခံရနိုင်သော အန္တရာယ်ရှိသူများတွင်:

  • လက်ရှိ သို့မဟုတ် ယခင်က HIV ရှိသော သူနှင့် အတူနေခြင်း
  • HIV ကူးစက်နှုန်းမြင့်မားသော ဒေသတစ်ခုမှ သူနှင့် လက်ရှိ သို့မဟုတ် ယခင်က အတူနေဖူးခြင်း
  • HIV ကူးစက်နှုန်းမြင့်မားသော ဒေသတစ်ခုမှ လာသော လူများ
  • အကာအကွယ်မဲ့ လိင်တူဆက်ဆံသူများ
  • အကာအကွယ်မဲ့ လိင်ဆက်ဆံသော အမျိုးသမီးများ
  • ဆေးထိုးအပ်များကို မျှဝေသုံးစွဲခြင်း
  • အကာအကွယ်မဲ့ လိင်ဆက်ဆံထားသူနှင့် ဆေးထိုးအပ် ကိရိယာများမျှဝေသုံးစွဲခြင်း
  • HIV ကူးစက်သူနှင့် လိင်ဆက်ဆံရေးပစ္စည်းများကို မျှဝေကြသော လူများ
  • လိင်ဆက်ဆံမှုဖြင့် ကူးစက်သောရောဂါများ၊ အသည်းရောင်အသည်းဝါ B သို့မဟုတ် C ပိုးရှိသူများ
  • လိင်ဆက်ဆံဖော် များစွာရှိသော လူများ
  • လိင်အကြမ်းဖက်ခံရသူများ
  • HIV စစ်ဆေးမှု မပြုလုပ်သော နိုင်ငံများတွင် သွေးသွင်းခြင်း သို့မဟုတ် အလားတူဖြစ်စဥ်များ ကို လုပ်ခဲ့သော လူများ
  • ဆေးပညာဝန်ထမ်းများ ရောဂါပိုး ထိတွေ့ထားသော အပ်နှင့် စူးမိသည့် အခါတွင် အန္တရာယ်ရှိပါသော်လည်း ဤအန္တရာယ်သည် အလွန်နည်းပါသည်
  • HIV ပိုးကိုကုသမှု မပြုခဲ့သော မိခင်များမှ မွေးဖွားသော ကလေးများ

ရောဂါရှာဖွေခြင်း

HIV ရှိမရှိကို ရောဂါလက္ခဏာများ မထွက်ခင်တွင် နှစ်များစွာကြာလို့ မမြင်သာနိုင်ပါ။ HIV ရှိတယ်ဟု ထင်မြင်သူတိုင်း HIV စစ်ဆေးမှု လုပ်ရန် လိုအပ်ပါသည်။

ဘယ်အချိန်တွင် စစ်‌ဆေးသင့်လဲ

 HIV ပိုးကူးစက်သည် ဟုထင်ပါက ဆေးဘက်အကြံဉာဏ်ကို ချက်ချင်း ရယူရန်လိုအပ်ပါသည်။ ရောဂါကို စောစီးစိစစ်၍ ကုသမှုစတင်ခြင်းက ရောဂါပြင်းထန်မှုကို ရှောင်ရှားနိုင်ပါသည်။  

အချို့ HIV စစ်ဆေးမှုများသည် HIV ကူးစက်မှုခံစားပြီး 1-3 လကာလအတွင်း ပြန်လုပ်သင့်ပါသည်၊ သို့သော် အကူအညီကို ရယူရန် ကြာရှည်မစောင့်ဆိုင်းသင့်ပါ။

ဆရာဝန်သည် စစ်ဆေးမှုလုပ်ရန်နှင့် အရေးပေါ် HIV ကုထုံး ရယူရန်လိုအပ်မည်ကို ဆွေးနွေးပေးနိုင်ပါသည်။

Post-exposure prophylaxis (PEP) ဟုခေါ်သော Anti-HIV ဆေးကို HIV ဗိုင်းရပ်စ်နှင့် ထိတွေ့ပြီး 72 နာရီအတွင်း သောက်ပါက HIV ကူးစက်မှုမှ ကာကွယ်နိုင်ပါသည်။

ကုသမှု

HIV အတွက် ကုသရန် မရှိပါ၊ သို့သော် HIV ဗိုင်းရပ်စ်ရှိသူ အများစုသည် ဗိုင်းရပ်စ်နှင့်ယှဥ်တွဲနေထိုင်ပြီး ကြာရှည်ကျန်းမာစွာသက်တမ်းစေ့နေနိုင်ရန် အကျိုးရှိသော ကုသမှုများ ရှိပါသည်။

အရေးပေါ် HIV ဆေးများ

အရေးပေါ် HIV ဆေးများ HIV ဗိုင်းရပ်စ်နှင့် ထိတွေ့သွားခဲ့သည်ဟု ထင်မြင်ပါက, post-exposure prophylaxis (PEP) ဆေးသည် ကူးစက်မှုမဖြစ်ရန် ကူညီနိုင်ပါသည်။

PEP သည် ဗိုင်းရပ်စ်နှင့် ထိတွေ့ပြီး 72 နာရီအတွင်း စတင်သောက်ရပါသည်။ ၎င်းသည် အမြင့်ဆုံး အန္တရာယ်ရှိသော အခြေအနေများတွင်သာ အကြံပြုထားပါသည်၊ ထို့အပြင် လိင်ဆက်ဆံသူသည် HIV ရှိကြောင်း သိရှိသော အခြေအနေများတွင်သာ အကြံပြုသည်။

PEP သည် HIV ကုသမှုဆေးကို နေ့စဥ် 1 လကြာသောက်ရမည်။ ၎င်းသည် ဘေးထွက်ဆိုးကျိုးတချို့ ဖြစ်စေနိုင်ပါသည်။


Antiretroviral ဆေးများ

Antiretroviral ဆေးများ HIV ကို antiretroviral ဆေးများဖြင့် ကုသပါသည်၊ ၎င်းသည် ဗိုင်းရပ်စ်ကို ကိုယ်ခန္ဓာတွင် ဗိုင်းရပ်စ်ဆဲလ်ပွားမှုကို ရပ်တန့်ပေးသည်။ အဆိုပါ ကုသမှုသည် သင့်ရဲကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး နောက်ထပ်ပျက်စီးမှု မှ ကာကွယ်ပေးသည်။

HIV ဆေးများကို ပေါင်းစပ်အသုံးပြုခြင်းမှာ HIV သည် အလျင်အမြန် လိုက်လျောညီထွေဖြစ်နိုင်ပြီး ဆေးကို ခုခံနိုင် ခြင်းကြောင့်ဖြစ်သည်။

တချို့ HIV ဆေးများကို ဆေးတစ်ခုတည်းအဖြစ် ပေါင်းစပ်ထားပြီး fixed dose combination ဟုခေါ်သည်၊ သို့သော် ဤသည်ကုန်ကျစရိတ်ပိုများနိုင်ပါသည်။

အများအားဖြင့် HIV ပိုးရှိသည်ဟုသေချာလျှင် တစ်နေ့လျှင် ဆေးတစ်လုံးမှ ၄လုံးထိသောက်ရသည်။

HIV ဆေးများကို လူတစ်ဦးစီအတွက် လိုအပ်သလို ပေါင်းစပ်ထားပါသည်။ 

သင့်သွေးတွင် HIV ဗိုင်းရပ်စ်၏ အချိုး (viral load) ကို တိုင်းတာခြင်းဖြင့် ကုသမှု၏ အကျိုးရှိမှုကို တွက်ချက်ပါသည်။ တိုင်းတာ၍မတော့သောအခါ undetectable ဟုသတ်မှတ်ပါသည်။ HIV ကုသမှုကို စတင်ပြီး ၆လအတွင်းviral load က undetectable ဖြစ်နိုင်ပါသည်။

HIV ကုသမှုများကို GP မှ သတ်မှတ်ထားသော ဆေးများနှင့် အခြားဆေးများနှင့် ဓာတ်ပြုမှုဖြစ်နိုင်ပါသည်။ ထိုဆေးများတွင် ရှူဆေး ဖျန်းဆေးများနှင့် ၊ St John's wort ကဲ့သို့သော ပရဆေးများ တချို့သော အားဆေးများပါဝင်သည်။ အခြားဆေးများ သောက်မည်ဆိုပါက ဆရာဝန် ကိုမေးမြန်းပါ။

ကာကွယ်ရန်အချက်များ

HIV ပိုးဝင်မှုကို ကာကွယ်ရန် သို့မဟုတ် အန္တရာယ်ကို လျှော့ချရန် အကျိုးရှိသော နည်းလမ်းများစွာရှိပါသည်။

ကွန်ဒုံးများ

အမျိုးသား ကွန်ဒုံးများနှင့် အမျိုးသမီး ကွန်ဒုံးများအသုံးပြုသင့်ပါသည်။ ကွန်ဒုံးသည် HIV နှင့် အခြားသော လိင်မှတစ်ဆင့်ကူးစက်ရောဂါများ (STIs) မကူးစက်ရန်အတွက် အထိရောက်ဆုံး ကာကွယ်မှုဖြစ်ပါသည်။ 

HIV ကို သုတ်ရည်, လိင်အင်္ဂါမှထွက်သောအရည်များမှတစ်ဆင့်လည်းကူးစက်နိုင်ပါသည်။

ကွန်ဒုံးကို လိင်အင်္ဂါ၊ မိန်းမအင်္ဂါ၊ ပါးစပ် သို့မဟုတ် စအို နှင့်လိင်ဆက်ဆံမှုမတိုင်မီ အသုံးပြဖို့ အလွန်အရေးကြီးပါသည်။

ချောဆီ

ချောဆီ(lube) သည် လိင်ဆက်ဆံစဥ်အတွင်း သာယာမှုပိုရှိစေရန်နှင့် နာကျင်မှုမရှိစေရန် ကူညီပေးနိူင်သည်။

ချောဆီသည် လိင်ဆက်ဆံမှုကို ပိုမိုလုံခြုံမှုရှိ စေပါသည်။ လိင်အင်္ဂါခြောက်သွေ့မှု ပွတ်တိုက်ခြင်းမှ ကာကွယ်နိုင်ပြီး ကွန်ုဒုံးပေါက်ပြဲမှုကိုလည်းကာကွယ်နိုင်ပါသည်။

ဆီကို အခြေခံထားသော လိပ်ဗြိုက်များ (ဥပမာ- Vaseline, မက်ဆေ့ချ်ဆီနှင့် baby oil )ထက် ရေကို အခြေခံထားသည့် ချောဆီ (ဥပမာ- K-Y Jelly) ကို ကို ပိုပြီး အသုံးပြုသင့်ပါသည်။

ဆီကို အခြေခံထားသည့် ချောဆီများသည် ကွန်ဒုံးတွင်ပါဝင်သော latex ကို အားနည်းစေပြီး ပေါက်ပြဲခြင်း သို့မဟုတ် ပျက်စီးခြင်း ဖြစ်စေနိုင်သည်။

အပ်များနှင့် ဆေးထိုးကိရိယာများ မျှဝေမှု

ဆေးထိုးအပ်ကိုမျှဝေသုံးစွဲပါက, ၎င်းသည် HIV နှင့် သွေးတွင်တွေ့နိုင်သော အခြားဗိုင်းရပ်စ်များ (ဥပမာ- အသည်းရောင်အသည်းဝါ C) ကို ကူးစက်စေနိုင်ပါသည်။

အပ်များ, ဆေးထိုးကိရိယာများ, (ဥပမာ- ဇွန်းများ, ဂွမ်းတံများ) သို့မဟုတ် ဆေးအရည် သို့မဟုတ် ဆေးပါဝင်သော ရေများကို မျှဝေမသုံးသင့်ပါ။

တက်တူး သို့မဟုတ်အရေပြားတွင် အပေါက်များဖောက်ခြင်း ပြုလုပ်လိုပါက, သန့်ရှင်းပြီး ပိုးသတ်ထားသော အပ်အသစ်ကို အသုံးပြုခြင်း ကအရေးကြီးပါသည်။

HIV ကာကွယ်ဆေးများ

HIV ကာကွယ်ဆေးများ သင့်အား HIV မရှိပါက, HIV ရောဂါကူးစက်နိုင်ချေကို လျှော့ချရန် Pre-exposure prophylaxis (PrEP) ဆိုသော ကာကွယ်ဆေးကို သောက်နိုင်ပါသည်။

PrEP သောက်ဆေးသည် HIV ကူးစက်နိုင်ခြေမြင့်မားသော အချို့သူများအတွက် ရနိုင်ပါသည်။ ဥပမာ - မိမိနှင့် လိင်ဆက်ဆံဖော် မှာ HIV ရှိသူဖြစ်လျှင် သောက်နိုင်ပါသည်။

ဆရာဝန်နှင့်ပြသရန်အချိန်

သင့်တွင် HIV ရှိနိုင်ခြေရှိသည်ဟု ထင်ရပါက ချက်ချင်း ဆရာဝန်နှင့် ပြောဆိုတိုင်ပင်ပါ။

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
17 November 2024
ပိုးဝင်အဆစ်ရောင်ခြင်း (Septic Arthritis)
Patient Guide