Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
အကျဥ်းချုပ်
နာတာရှည် အူလမ်းကြောင်းရောဂါ (IBS) သည် အစာခြေစနစ်ကို ထိခိုက်သော နာကျင်မှုများဖြစ်သည်။
၎င်းသည် အစာအိမ်တွင် နာကျင်မှုများ၊ လေပွခြင်း၊ ဝမ်းချုပ်ခြင်း၊ နှင့် ဝမ်းလျှောခြင်း အပါအဝင် လက္ခဏာများကို ဖြစ်စေသည်။ ဤလက္ခဏာများသည် ဖြစ်လိုက်ပျောက်လိုက် ရှိနေပြီးရက် ပေါင်းများစွာ ကြာနိုင်ပါသည်။
၎င်းသည် ပုံမှန်အားဖြင့် သက်တမ်းတစ်လုံးတွင် ရှိနေသော ပြဿနာတစ်ခုဖြစ်ပြီး၊ နေ့စဉ်ဘဝတွင် ရင်ဆိုင်ရသော စိတ်ဒုက္ခများကို ဖြစ်စေသည်။
IBS အတွက် တိကျသော ကုသမှုမရှိသော်လည်း အစာအစားပြောင်းလဲခြင်းနှင့် ဆေးဝါးများသည် လက္ခဏာများကို ထိန်းချုပ်ရန် အထောက်အကူပြုနိုင်ပါသည်။
IBS ၏ တိကျသော အကြောင်းအရင်းကို မသိရှိနိုင်သော်လည်း၊ ၎င်းသည် အစာကူးပြောင်းခြင်းမှာ အမြန် သို့မဟုတ် အနည်းငယ် ကြာမြင့်ခြင်း၊ အူလမ်းကြောင်းရဲ့ အာရုံကြောမျာက အထိခိုက်မခံခြင်း ၊ စိတ်ဖိစီးမှု၊ နှင့် IBS ရှိသော မိသားစုမျိုးရိုးနှင့် ဆက်စပ်နိုင်သည်။
လက္ခဏာများ
နာတာရှည် အူလမ်းကြောင်းရောဂါ (IBS) ၏ အဓိက လက္ခဏာများမှာ:
- ဗိုက်အောင့်ခြင်း ဗိုက်နာခြင်း– စားသောက်ပြီးနောက် ပို၍ ဖြစ်ပြီး ဝမ်းသွားပြီးနောက် သက်သာသွားခြင်း။
- လေပွခြင်း – မအီမသာဖြစ်ပြီး ဗိုက်အလွန်တင်းခြင်း
- ဝမ်းသွားခြင်း (diarrhoea) – ဝမ်းအရည်သွားပြီး ရုတ်တရက် ဝမ်းသွားလိုခြင်း
- ဝမ်းချုပ်ခြင်း (constipation)
လက္ခဏာများသည် ပြန်ကောင်းလိုက် ပိုဆိုးလိုက်ဖြစ်နိုင်ပါသည်။ အစားအသောက်များက ဖြစ်စေပါသည်။
နာတာရှည် အူလမ်းကြောင်းရောဂါ (IBS) ၏ အခြားသော လက္ခဏာများ
အခြားသော လက္ခဏာများမှာ :
- လေလည်ခြင်း
- စအိုမှ အကျိအချွဲထွက်ခြင်း
- ပင်ပန်းခြင်း, အားမရှိခြင်း
- မအီမသာဖြစ်ခြင်း
- နောက်ကျောနာခြင်း
- ဆီးသွားရာတွင် ပြဿနာရှိခြင်း ဆီးဝမ်းမထိန်းနိုင်ခြင်း ဆီးကျန်သလိုခံစားရခြင်း
- ဝမ်းမထိန်းနိုင်ခြင်း
ရောဂါရှာဖွေခြင်း
ဆရာဝန်သည် သင်၏ လက္ခဏာများအကြောင်း မေးမြန်းမည်၊ ၎င်းတို့တွင်:
- သင်တွင် ရှိသော လက္ခဏာများ
- ဖြစ်လိုက်ပျောက်လိုက်ဖြစ်တာလား
- ဖြစ်တဲ့ အကြိမ်ရေ
- မည်သည့်အချိန်တွင် ရရှိသလဲ (ဥပမာ၊ အစားအစာ အချို့ စားသောက်ပြီးနောက်)
- မည်မျှကြာမြင့်ခဲ့သလဲ
ဆရာဝန် သည် ဗိုက်တွင်အလုံးရှိမရှိကိုလည်း စစ်ဆေးနိုင်သည်။
IBS အတွက် စမ်းသပ်မှုများ
IBS အတွက် အထူးစမ်းသပ်မှုမရှိသော်လည်း သင်၏ လက္ခဏာများအတွက် အခြားသော အကြောင်းအရင်းများကို မပေါ်ထွန်းနိုင်ရန် စမ်းသပ်မှုများ လိုအပ်နိုင်သည်။
GP သည် အောက်ပါအရာများကို စီစဉ်နိုင်သည်:
- ေသွေးစစ်ခြင်း
- ဝမ်းနမူနာစစ်ခြင်း (inflammatory bowel disease - IBD) ရှိမရှိ စစ်ဆေးနိုင်ပါတယ်။
ကုသမှု
နာတာရှည် အူလမ်းကြောင်းရောဂါ (IBS) ၏ လက္ခဏာများကို လျော့ပါးစေသော ပုံမှန်အကြံပြုချက်များ
လိုက်နာရန် :
- မိမိအိမ်တွင်သာတတ်နိုင်သလောက် အစားအစာချက်ပြုတ်စားပါ။
- သင်စားသောက်သည့် အစားအစာများနှင့် ရှိသော လက္ခဏာများကို မှတ်တမ်းတင်ပါ - သင်၏ IBS ဖြစ်စေသော အရာများကို မစားမိရန် ကြိုးစားပါ။
- အနားယူပါ။
- လေ့ကျင့်ခန်းများလုပ်ပါ။
- probiotics များကို တစ်လလောက်သောက်ကြည့်ပါ။
ရှောင်ရန်:
- အစာစားခြင်းကို နောက်ကျစေခြင်း သို့မဟုတ်အစာမစားခြင်း မလုပ်ပါနှင့်။
- အစားကိုအလျင်စလိုမစားပါနှင့်။
- အဆီများ၊ ဟင်းကြီးများ သို့မဟုတ် ပြုပြင်ထားသော အစားအစာများကို မစားပါနှင့်။
- အသီးများကိုအလွန်အံမစားပါနှင့်။
- နေ့စဉ် လက်ဖက်ရည် သို့မဟုတ် ကော်ဖီ ၃ ခွက်ထက်ပို မသောက်ပါနှင့်။
- အရက် သို့မဟုတ် gasထည့်ထားသော အရ ည်များမသောက်ပါနှင့်။
လေပွခြင်း, ဗိုက်ပွခြင်း, လေလည်ခြင်း,ဗိုက်အောင်ခြင်းကို လျော့ပါးစေရန် -
- အစာပျော့ပျော့ စားပါ။
- နေ့စဉ် linseeds (whole သို့မဟုတ် ground) ထမင်းစားဇွန်းတစ်ဇွန်းစာစားပါ။
- အစာချေဖျက်ရန်ခက်ခဲတဲ့ အစားအစာများ ရှောင်ပါ။ ဘရောကိုလီ၊ ၊ ပန်းကော်ဖီပွင့်၊ ပဲ၊ ဂျုံတွေကို စားခြင်းမှ ရှောင် ပါ။
- Sorbitol ဟုခေါ်သော သကြားဖြစ်စေသော ကုန်ကြမ်းများပါဝင်သော ထုတ်ကုန်များကို ရှောင်ကြဉ်ပါ။
- Buscopan သို့မဟုတ် peppermint oil အကြောင်း ဆေးဝါးပညာရှင်ထံ မေးပါ။
ဝမ်းလျှောခြင်းကို လျော့ပါးစေရန်
- အမျှင်ဓာတ်များသောအစားအစာများရှောင်ပါ။ (ဆန်လုံးညို, ပေါင်မုန့်ညို) အစေ့အဆံ,
- Sorbitol ဟုခေါ်သော သကြားဖြစ်စေသော ကုန်ကြမ်းများပါဝင်သော ထုတ်ကုန်များကို ရှောင်ကြဉ်ပါ။
- Sorbitol ဟုခေါ်သော သကြားဖြစ်စေသော ကုန်ကြမ်းများပါဝင်သော ထုတ်ကုန်များကို ရှောင်ကြဉ်ပါ။
အရေးကြီးပါသည်: - သင်သည်ဝမ်းလျှောနေတာ ဆက်လက်ဖြစ်နေပါက ရေပြည့်ဝစွာ သောက်ပါ၊ ၎င်းသည် ရေဓာတ်ခမ်းခြောက်ခြင်းကို ရှောင်ရှားရန် အရေးကြီးပါသည်။
ဝမ်းချုပ်ခြင်းကို လျော့ပါးစေရန်
- ရေအများကြီး သောက်ပါ။
- အမျှင်ဓာတ်ပါဝင်သော အစားအစာများစားပါ - အစားများတွင် အောက်ပါအစာများ ပါဝင်သည် - oats, pulses, carrots, peeled potatoes နှင့် linseeds (whole သို့မဟုတ် ground)။
- Fybogel သို့မဟုတ် Normacol ကဲ့သို့သော laxatives ဆေးဝါးများအတွက် ဆရာဝန်ထံ မေးပါ။
ဆရာဝန်နှင့်ပြသ ရန်အချိန်
နာတာရှည် အူလမ်းကြောင်းရောဂါ (IBS) ရှိနိုင်သည်ဟု ထင်မြင်လျှင် ဆရာဝန်နှင့်ပြသပါ။၎င်းတို့သည် IBS ကို စစ်ဆေးနိုင်ပြီး အခြားသော ပြဿနာများကို မပေါ်ထွန်းနိုင်ရန် စမ်းသပ်မှုများပြုလုပ်နိုင်သည်။
သင်မှာ အောက်ပါအချက်မှာဖြစ်ပေါ်ပြီးလိုအပ်ပါကအရေးပေါ်ပြသပါ။ ၎င်းသည်:
- အကြောင်းအရင်းမရှိဘဲ ကိုယ် အလေးချိန် လျော့နည်းခြင်း
- စအိုမှသွေးထွက်ခြင်း , ဝမ်းထဲတွင်သွေးပါခြင်း'
- အစာအိမ် ဝမ်းဗိုက်နေရာတွင် အလုံးဖြစ်ခြင်း
- အသက်ရှူရခက်ခြင်း ,ရင်တုန်ခြင်းနှင့် ဖြူဖတ်ဖြူလျော်ဖြစ်ခြင်း ဤအရာများသည် ပိုမိုပြင်းထန်သော ရောဂါ၏ လက္ခဏာများဖြစ်နိုင်သည်။
ဤအရာများသည် ပို၍ အရေးကြီးသောအရာတစ်ခုခု၏ လက္ခဏာများ ဖြစ်နိုင်ပါသည်။
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.