ဝက်သက်ရောဂါ (Measles)

Patient Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

အရေးကြီးသောအချက်
ယားနာများပထမဆုံးပေါ်လာသောနေ့မှ စ၍ မူကြို ကျောင်း သို့မဟုတ် အလုပ်ကို ၄ ရက်အထိ ရပ်တန့်ပါ။
ကိုယ်ဝန်ဆောင်မိန်းကလေးများ သို့မဟုတ် အားနည်းသည့်ကိုယ်ခံအားနည်းသူများနှင့် ကလေးများနှင့် အနီးကပ်ဆက်ဆံမှုကိုလည်း ရှောင်ကြဉ်ပါ။

အကျဥ်းချုပ်

ဝက်သတ်‌ရောဂါ ဆိုတာ ကူးစက်လွယ်တဲ့ပြင်းထန်တဲ့ ရောဂါတစ်မျိုးဖြစ် ပေမယ့် ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရပါတယ်။

လက္ခဏာများ

ဝက်သတ်ရောဂါက အအေးမိတဲ့ လက္ခဏာ နဲ့ ဆင်တူပြီး ရက်အနည်းငယ်ကြာတဲ့ အခါ အနီအစက်အပြောက်တွေ ခန္ဓာကိုယ်မှာထွက်လာတတ်ပါတယ်။ တချို့တွေမှာ ပါးစပ်ထဲမှာပါ အစက်အပြောက်အသေးလေးတွေဖြစ်တတ်ပါတယ်။

အအေးမိလက္ခဏာများ

ဝက်သတ်ရောဂါရဲ့ အစပိုင်း လက္ခဏာတွေကတော့:

  • ကိုယ်ပူချိန်တက်ခြင်း
  • နှာစေးနှာပိတ်ခြင်း
  • နှာချေခြင်း
  • ချောင်းဆိုးခြင်း
  • မျက်လုံးများနီရဲ ရောင်ရမ်းခြင်း

ပါးစပ်တွင် အဖြူစက်များဖြစ်ခြင်း

ရက်အနည်းငယ်ကြာတဲ့ အခါပါးအတွင်းဘက်နဲ့ နှုတ်ခမ်းရဲ့ အနောက်ဘက်တွေမှာ အဖြူစက်တွေပေါ်လာတတ်ပါတယ်။

အနာစက်များ

အအေးမိရောဂါဆိုင်ရာလက္ခဏာများ ပေါ်လာပြီး ရက်အနည်းငယ်အကြာတွင်ယားနာ အနီစက်များ(rash) ပေါ်လာလေ့ရှိသည်။

အရေပြားအနီစက်များသည် မျက်နှာနှင့် နားအနောက်ဘက်မှ စတင်ပြီး ကိုယ်တစ်ခုလုံးသို့ ပြန့်နှံ့သွားလေ့ရှိသည်။

အစက်များသည် စုစည်းပြီး အဖုပုံစံဖြစ်နိုင်ပြီး၊ ပုံမှန်အားဖြင့် ယားယံမှုမရှိပါ။

ဖြူသောအရေပြားပေါ်တွင် အနီရောင် သို့မဟုတ် အညိုရောင်ပုံစံဖြစ်ပြီး၊ အညိုရောင် သို့မဟုတ် အမည်းရောင်အရေပြားပေါ်တွင် ပိုမိုခဲယဉ်းစွာသာ မြင်ရနိုင်ပါသည်။

ကုသမှု

ဝက်သတ်ရောဂါက တစ်ပတ်လောက်ကြာပြီးရင် တဖြည်းဖြည်းပြန်ကောင်းလာပါတယ်။

ဆရာဝန်နှင့်ပြသပြီး ရောဂါလက္ခဏာသက်သာအောင်ရယ် , ကူးစက်မူမပျံ့ပွားအောင်ရယ် ညွှန်ကြား ပေးနိုင်ပါတယ်။

သက်သာစေရန်

  • အနားယူပါ။ ရေများများသောက်ပါ။
  • အဖျားရှိရင် ပါရာစီတမောအဖျားကျဆေးသောက်ပါ။
  • ကလေးငယ်များတွင် ဆရာဝန်နှင့်တိုင်ပင်ပြီးမှ အဖျားကျ‌ ဆေးတိုက်ပါ။
  • ရေနွေးနွေးဖြင့် ရေပတ်တိုက်ပေးပါ။

ကာကွယ်ရန်အချက်များ

ဝက်သတ်ရောဂါက ရောဂါဖြစ်တဲ့ သူ ချောင်းဆိုး နှာချေတဲ့ အခါကူးစက်နိုင်ပါတယ်။

ရောဂါလက္ခဏာစပြတဲ့ အချိန်ကနေ အနီစက်များဖြစ်တဲ့ အချိန်တွင်းမှာကူးစက်နိုင်ခြေအမြင့်ဆုံးဖြစ်ပါတယ်။

ကာကွယ်လို့ ရနိုင်မယ့်နည်း တွေကတော့-:

  • လက်ကို ဆပ်ပြာနှင့်ရေဖြင့်မကြာခဏဆေးပါ။
  • ခေျာင်းဆုိးနှာချေတဲ့ အခါ တစ်ရှုူးဖြင့်အုပ်ပါ။
  • သုံးပြီးသားတစ်ရှူးကို စနစ်တကျစွန့်ပစ်ပါ။
  • မျက်နှာသုတ်ပုဝါ, အသုံးအ‌ေဆာင်, အဝတ်အစားများကို ဝေမျှသုံးစွဲခြင်းရှောင်ပါ။

ဆရာဝန်နှင့်ပြသ ရန်အချိန်

သင့်အနေဖြင့် အောက်ဖော်ပြပါ အခြေအနေများရှိပါက အရေးပေါ်ဆရာဝန်ကို တွေ့ဆုံရန် လိုအပ်ပါသည်:

  • သင် သို့မဟုတ် သင့်ကလေးအနေနှင့်ဝက်သတ်ရောဂါရှိသည်ဟု သံသယရှိပါက
  • သင့်ကလေးသည် ၁ နှစ်အောက်ဖြစ်ပြီး ‌ဝက်သတ်ရောဂါရှိသူနှင့် ထိတွေ့ခဲ့ပါက
  • သင်သည် ကိုယ်ဝန်ဆောင်ဖြစ်ပြီး ‌‌ဝက်သတ်ရောဂါရှိသူနှင့် ထိတွေ့ခဲ့ သို့မဟုတ် သင့်ကိုယ် ခံ အားနည်းနေပါက
  • သင် သို့မဟုတ် သင့်ကလေး၏ ကိုယ်အပူချိန်သည် ပါရာဆီတမောလ် သို့မဟုတ် အိုင်ဘူပရိုဖင် သောက်ပြီးလည်း မကျပါက
  • သင် သို့မဟုတ် သင့်ကလေးသည် ရှူရတာ ခက်ခဲခြင်းရှိပြီး ပုံမှန်ထက် ပိုမိုတိမ်းမွမ်းနေသော လက္ခဏာ ရှိပါက
  • သင့်ကလေး သို့မဟုတ် ကလေးငယ်သည် ရေရောက်သုံးမှုလျော့နည်းခြင်း သို့မဟုတ် ရေဓာတ် လုံလောက်စွာ မရရှိခြင်းရှိပါက
  • သင် သို့မဟုတ် သင့်ကလေးသည် ဆီးသွားနည်းနေခြင်း 
  • သင် သို့မဟုတ် သင့်ကလေးသည် ပိုမိုလွန်စွာ မကျန်းမာခြင်းရှိပါက၊ သို့မဟုတ် အလွန်အရေးကြီးသော အခြေအနေတစ်ခု ဖြစ်နေသည်ဟု သင်စိုးရိမ်ပါက

ရောဂါသည် အခြားသူများကို အလွယ်တကူ ကူးစက်နိုင်သည်။ ဆေးရုံသို့ သွားမယ့်အချိန်တွင် သင့် GP ဆေးခန်းကို စတင်၍ ဖုန်းခေါ်ဆိုပြီး အကြောင်းကြားရန် လိုအပ်ပါသည်။ သူတို့ အနေဖြင့် ဖုန်းမှတစ်ဆင့် အကြံပေးနိုင်ပါသည်။

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
07 October 2024
ငှက်ဖျားရောဂါ (Malaria)
Patient Guide