Ménière's disease

Patient Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

အကျဥ်းချုပ်

မီနီးယားရောဂါဆိုတာ နားအတွင်းပိုင်းကို ထိခိုက်စေတဲ့ ရှားပါးတဲ့ရောဂါတစ်မျိုးဖြစ်ပြီး ဟန်ချက်ညီမှုနဲ့ အကြားအာရုံကို ထိခိုက်စေနိုင်ပါတယ်။ ဒီရောဂါကို အပြီးအပိုင် ကုသနိုင်တဲ့နည်းမရှိသေးပေမယ့် ကုသမှုနဲ့ လက္ခဏာတွေကို သက်သာအောင် လုပ်နိုင်ပါတယ်။

လက္ခဏာများ

မီနီးယားရောဂါရဲ့ လက္ခဏာတွေက တစ်ခါတစ်ရံသာ ပေါ်လာတတ်ပြီး

 ရုတ်တရက် စဖြစ်ကာ မိနစ်အနည်းငယ်မှ ၂၄ နာရီအထိ ကြာနိုင်ပါတယ်။ တချို့လူတွေမှာ ပိုအဖြစ်များနိုင်ပါတယ်။

အဓိကလက္ခဏာတွေမှာ :

  • သင့်ကိုယ်သင် (သို့) ပတ်ဝန်းကျင်က အရာတွေ လည်နေသလို ခံစားရခြင်း (ခေါင်းမူးဝါးခြင်း - vertigo)
  • ဟန်ချက်မထိန်းနိုင်ခြင်း
  • နားတစ်ဖက် (သို့) နှစ်ဖက်လုံးတွင် အသံမြည်ခြင်း (tinnitus)
  • အကြားအာရုံ ချို့ယွင်းလာခြင်း
  • နားအတွင်းပိုင်းတွင် ဖိအားခံစားရခြင်း၊ နာကျင်မှုဖြစ်ခြင်း
  • ပျို့အန်ချင်စိတ် (သို့) အန်ခြင်း

ကြာလာတဲ့အခါ အကြားအာရုံ တဖြည်းဖြည်းပိုဆိုးလာပြီး နားအသံမြည်တာ အမြဲဖြစ်နေတတ်ပါတယ်။


မီနီးယားရောဂါဆိုတာမသေချာဘူးဆိုရင်

ဒီလက္ခဏာတွေရှိတိုင်း မီနီးယားရောဂါပဲလို့ အတည်မပြုနိုင်ပါဘူး။

တူညီတဲ့လက္ခဏာပြနိုင်တဲ့ အခြားရောဂါတွေမှာ

  • နားပိုးဝင်ခြင်း
  • နားအတွင်းပိုင်းရောင်ရမ်းခြင်း (labyrinthitis, vestibular neuritis)
  • ခေါင်းတစ်ခြမ်းကိုက်ခြင်း (migraine)

ဘာရောဂါဖြစ်နေလဲဆိုတာ ကိုယ့်ဘာသာ မှန်းဆမသင့် ဘဲ  ဆရာဝန်နဲ့ ပြသပါ။

ရောဂါရှာဖွေခြင်း

မီနီးယားရောဂါလို့သံသယရှိရင် ဆရာဝန်က သင့်လက္ခဏာတွေကို မေးမြန်းပြီး နား၊ ဦးခေါင်းနဲ့ လည်ပင်းကို စစ်ဆေးမှာဖြစ်ပါတယ်။

တခါတလေ ခြေကျင်းဝတ်စုံပြီး မျက်လုံးမှိတ်ထားခိုင်းတာ (သို့) နေရာတစ်ခုတည်းမှာ ခြေလှမ်းမှတ်ခိုင်းတာ စတဲ့ လေ့ကျင့်ခန်းတွေလည်း လုပ်စေနိုင်ပါတယ်။

ဆရာဝန်က မီနီးယားရောဂါလို့ သံသယရှိရင် သင့်ကို အထူးကုဆရာဝန်ဆီ လွှဲပေးမှာဖြစ်ပြီး သွေးစစ်ခြင်း၊ MRI ရိုက်ခြင်း စတဲ့ စစ်ဆေးမှုတွေ ထပ်လုပ်ရနိုင်ပါတယ်။

ကုသမှုနည်းလမ်းများ

မီနီးယားရောဂါကို အပြီးပျောက်အောင် ကုလို့မရပေမယ့် လက္ခဏာတွေကို ထိန်းချုပ်နိုင်ပါတယ်။

ကုသနည်းများမှာ:

  • ခေါင်းမူးခြင်း၊ ပျို့အန်ခြင်းကို သက်သာစေသော ဆေးများ
  • အကြားအာရုံအတွက် နားကိရိယာ (hearing aid) အသုံးပြုခြင်း
  • နားအသံမြည်ခြင်းကို ကုသရန် အထောက်အကူပြုကုထုံးများ
  • ဟန်ချက်ညီမှုကို ပြန်လည်တည်ဆောက်ပေးသော လေ့ကျင့်ခန်းများ (vestibular rehabilitation)

အလွန်ဆိုးရွားပါက နားအတွင်းပိုင်း ခွဲစိတ်ကုသမှု (အရမ်းရှားပါတယ်)

စိတ်ဖိစီးမှုကိုလည်း ဖြစ်စေနိုင်တဲ့အတွက်

စိတ်ပညာရှင်နဲ့ တိုင်ပင်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်း စတဲ့ နည်းလမ်းတွေကလည်း အထောက်အကူဖြစ်စေပါတယ်။


လူနေမှုပုံစံပြောင်းလဲခြင်းဖြင့် သက်သာစေမယ့်နည်းလမ်းများ

မီနီးယားရောဂါရဲ့ လက္ခဏာတွေက ကြိုတင်သတိပေးချက်မရှိဘဲ ရုတ်တရက် ဖြစ်နိုင်ပါတယ်။

ဒါကြောင့် အောက်ပါနည်းလမ်းတွေကို လိုက်နာပြီး ကာကွယ်နိုင်ပါတယ်။

လုပ်သင့်သောအရာများ

  • ဆေးဝါးများကို အမြဲဆောင်ထားပါ။
  • ရေကူးခြင်း၊ လှေကားတက်ခြင်း၊ စက်ပစ္စည်းသုံးခြင်းတို့မှာ အထူးသတိထားပါ။
  • ရေများများသောက်ပါ။
  • ဆားလျှော့စားဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။
  • လက်ဖက်ရည်၊ ကော်ဖီနဲ့ ချောကလက်တို့မှာပါတဲ့ ကဖိန်းဓာတ်ကို ရှောင်ပါ။

မလုပ်သင့်သောအရာများ

  • ခေါင်းမူးနေရင် ကားမောင်းခြင်းကို ရှောင်ပါ။
  • အရက်သောက်ခြင်းကို ရှောင်ပါ။
  • ဆေးလိပ်သောက်ခြင်းကို ရှောင်ပါ။

ဆရာဝန်နှင့်ပြသရန်အချိန်

ဆရာဝန်နဲ့ ချက်ချင်းပြသင့်တဲ့ အခြေအနေများ:

  • မီနီးယားရောဂါလက္ခဏာတွေ ခံစားနေရပါက။

အရေးပေါ်လိုအပ်သော အခြေအနေများ :

သင့်ကိုယ်သင် (သို့) ပတ်ဝန်းကျင်က အရာတွေ လည်နေသလို ခံစားရပြီး အောက်ပါလက္ခဏာတွေ ပါရှိပါက :

  • သင့်မျက်နှာ တစ်ခြမ်းရုတ်တရက် ကျဆင်းသွားခြင်း (ပါးစပ်နဲ့ မျက်လုံး တွဲကျခြင်း)
  • လက်နှစ်ဖက်ကို မမြှောက်နိုင်ခြင်း
  • စကားပြောရခက်ခဲခြင်း (စကားလုံးများ မပီသခြင်း)
  • မျက်လုံးတစ်ဖက်တွင် အမြင်အာရုံ ရုတ်တရက် ပြောင်းလဲခြင်း

ဒီလက္ခဏာတွေဟာ လေဖြတ်ခြင်းရဲ့ လက္ခဏာတွေ ဖြစ်နိုင်တဲ့အတွက် အရေးပေါ်ဆေးကုသမှု ခံယူပါ။

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
25 March 2025
Myasthenia gravis
Patient Guide