Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
ပါဝင်သောအကြောင်းအရာများ
အကျဥ်းချုပ်
ခေါင်းတစ်ခြမ်းကိုက်တယ်ဆိုတာခေါင်းရဲ့တစ်ဖက်ခြမ်းမှာ တဒိန်းဒိန်း နဲ့ထိုးပြီးကိုက်တာမျိုးပါ။ ခေါင်းတစ်ခြမ်းကိုက်တာက အဖြစ်များတဲ့ ရောဂါ တစ်ခုပါ။
လက္ခဏာများ
ခေါင်းတစ်ခြမ်းကိုက်တယ်ဆိုတာခေါင်းရဲ့တစ်ဖက်ခြမ်းမှာ တဒိန်းဒိန်း နဲ့ထိုးပြီးကိုက်တာမျိုးပါ။
ခေါင်းတစ်ခြမ်းကိုက်ခြင်းရဲ့ လက္ခဏာတွေကတော့ :
- အလွန်အမင်းပင်ပန်းနွမ်းနယ်ပြီး မကြာခဏ သမ်းတာ
- ရေဆာခြင်းအစာစားချင်စိတ်များတာ
- စိတ်အပြောင်းအလဲများတာ
- လည်ပင်းတင်းတာ
- ဆီးသွားများခြင်း
ခေါင်းတစ်ခြမ်းကိုက် ခါနီးမှာ aura အဆင့်ကို ကျော်ဖြတ်ရတာမျိုးရှိပါတယ်။ လက္ခဏာတွေကတော့:
- မျက်လုံးထဲမှာ အစက်အပြောက်တွေဖြစ်တာ၊ လျှပ်စီးလက်သလိုဖြစ်တာ
- မျက်နှာ ဒါမှမဟုတ် ကိုယ်တစ်ခြမ်းထုံတာ၊ အားနည်းတာလက်နဲ့ခြေထောက်မှာ အပ်နဲ့ထိုးသလို စူးတာ
- ခေါင်းမူးတာ
- စကားပြောရလေးတာ
aura လက္ခဏာ တွေက တစ်နာရီထက်ပိုပြီးမကြာသင့်ပါဘူး။
ခေါင်းတစ်ခြမ်းကိုက်ပြီဆိုရင် ၂ နာရီကနေ အများဆုံး ၃ရက် ထိကြာနိုင်ပါတယ်။ တစ်ခါတစ်ရံ ပင်ပန်းနွမ်းနယ်တာက ခေါင်းမကိုက်ခင် ၂ရက်လောက်တည်းက ကြိုဖြစ်ပြီး ခေါင်းကိုက်တာ ပြီးမှပြန်ပေျာက်သွားတာမျိုးရှိပါတယ်။
တချို့သူတွေမှာ ခေါင်းတစ်ခြမ်းကိုက်တာက တစ်ပတ်အတွင်း အကြိမ်ရေများစွာ ဖြစ်နိုင်ပြီး တစ်ချို့တွေမှာတော့ အကြာကြီးနေမှဖြစ်တာမျိုးပါ။
ဓမ္မတာလာခါနီးနဲ့ လာနေချိန်မှ ဖြစ်တဲ့ ခေါင်းတစ်ခြမ်း ကိုက်တာလည်းရှိပါတယ်။
အသက်ရလာတာနဲ့ အမျှ တဖြည်းဖြည်းသက်သာလာတာမျိုးလည်းရှိပါတယ်။
ဖြစ်ပွားရသောအကြောင်းအရင်း
ရောဂါကို ဘာကြောင့် ဖြစ်စေတယ်ဆိုတာ မသိရပါဘူး။
မိသားစုဝင်တစ်ယောက်ယောက်က ခေါင်းတစ်ခြမ်းကိုက်ရောဂါရှိမယ်ဆိုရင် သင့်မှာလည်းဖြစ်နိုင်ခြေရှိပါတယ်။
ခေါင်းတစ်ခြမ်းကိုက်ခြင်းကိုဖြစ်စေသည်။
- ဓမ္မတာစလာတဲ့ အချိန်
- စိတ်ဖိစီးမှုများတဲ့ အချိန်
- စိတ်ပူပင်သောကရောက်တဲ့ အချိန်, စိတ်ပင်ပန်းတဲ့ အချိန်
- အစားစားချိန်မမှန်တာ
- ကဖင်းဓာတ်များတာ
- ကိုယ်လက်လှုပ်ရှားမှုလုံလုံလောက်လောက် မရှိတာ စတာတွေ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ကုသမှု
ကုသမှုတွေကတော့ :
- အကိုက်အခဲပျောက်ဆေး ( ibuprofen, paracetamol)
- triptans စတဲ့ ဆေး
- နေထိုင်မကောင်းဖြစ်တာကိုသက်သာစေမည့် ဆေးများကိုဆရာဝန် နှင့်တိုင်ပင်ပြီးသောက်နိုင်ပါတယ်။
ဆေးကိုပေါင်းပြီး သောက်ရတာမျိုး လည်းရှိနိုင်ပါတယ်။
ဆရာဝန်က ခေါင်းကိုက်တာသက်သာစေမယ့် အခြားနည်းလမ်းတေွလည်း ပြောပြပါလိမ့်မယ်။ အစားပုံမှန်စားတာ, ကော်ဖီလျှော့သောက်တာစတာတေွလုပ်လို့ရပါတယ်။
အကယ်၍ ခေါင်းကိုက်တာကဆိုးတယ်ဆိုရင် ဦးနှောက်ကို အပန်းပြေစေတဲ့ နည်းလမ်း, အပ်စိုက် ကုတာ စတာတွေ နဲ့ ကုသလို့ရပါတယ်။
ဤကုသမှုများနှင့် သင့်ခေါင်းကိုက်ရောဂါများကို ထိန်းချုပ်၍ မရပါက သင့်အား ဂျီပန့် (Gepant) ဟုခေါ်သော ဆေးအမျိုးအစားအသစ်တစ်ခု ကမ်းလှမ်းနိုင်ပါသည်။ ဤဆေးများသည် သာမန်ခေါင်းကိုက်ဆေးများနှင့် ကွဲပြားသောနည်းလမ်းဖြင့် အလုပ်လုပ်သည်ဖြစ်ပြီး သင့်အတွက် ပိုမိုထိရောက်နိုင်ပါသည်။
ကာကွယ်ရန်အချက်များ
ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေမယ့် နည်းလမ်းတချို့ကတော့
လိုက်နာရန် :
- ခေါင်းတစ်ခြမ်းကိုက်တဲ့ အချိန် အိပ်လိုက်တာ ဒါမှမဟုတ် အလင်းခပ်မှိန်မှိန်ရှိတဲ့ အခန်းမှာလဲလျောင်းပါ။
- ခေါင်းကိုက်တာကိုဖြစ်စေနိုင်မယ့် အစားအစာအနေအထိုင်တို့ကို ရှောင်ကြဥ်တာမျိုးလုပ်ပါ။
- ရေဓာတ်ပြည့်ဝ အောင်ရေများများသောက်ပါ။ ကော်ဖီလက်ဖက်ရည်, အရက် စတာတွေလျှော့သောက်ပါ။
- ဝိတ်ထိန်းပါ။
- အစာစားချိန်ကို ပုံမှန်ဖြစ်အောင်ကြိုးစားပါ။
- လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။
- အိပ်ရေးဝဝအိပ်ပါ။
- စိတ်ဖိစီးမှုလျှော့ချပါ။
ဆရာဝန်နှင့်ပြသ ရန်အချိန်
ဆရာဝန်နှင့် ပြသပါ:
- ခေါင်းတစ်ခြမ်းကိုက်တာက ပိုဆိုးလာတာ, ကိုက်တဲ့ အချိန်က ပုံမှန်ထက်ပိုကြာတာဖြစ်လာပြီဆိုရင်
- တစ်ပတ်မှာတစ်ကြိမ်ထက် ပိုဖြစ်တာ
- ခေါင်းတစ်ခြမ်းကိုက်တာကမသက်သာတာ
- ဓမ္မတာလာခါနီး ခေါင်းတစ်ခြမ်းကိုက် တာကပုံမှန်ဖြစ်နေတာ
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.