Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
အကျဥ်းချုပ်
Multiple sclerosis (MS) သည် ဦးနှောက်နှင့် ပင်မအာရုံကြောကို သက်ရောက်စေနိုင်သော အခြေအနေတစ်ခုဖြစ်သည်။
လက်ရှိတွင် ကုသနိုင်မည်မဟုတ်ပေမယ့်၊ ဆေးကုသမှုများသည် ရောဂါလက္ခဏာများကိုသက်သာစေရန် အကူအညီပေးနိုင်သည်။
လက္ခဏာများ
Multiple sclerosis (MS) ၏ လက္ခဏာများသည် အများအပြားရှိပါသည်။ ယင်းရောဂါရှိသော လူတိုင်းကို ကွဲပြားစွာ သက်ရောက်ပါသည်
အများဆုံးတွေ့ရသော လက္ခဏာများထဲမှ အချို့မှာ:
- အလွန် မောပန်းခြင်း (fatigue)
- မျက်စိသို့မဟုတ် မြင်ကွင်းတွင် ပြဿနာများ၊ ဥပမာ - အမြင်ဝေဝါးခြင်း သို့မဟုတ် မျက်စိနာကျင်ခြင်း
- ခန္ဓာကိုယ်အတွင်း အစိတ်အပိုင်း အမျိုးမျိုးတွင် ထုံကျင်ခြင်း သို့မဟုတ် ခပ်စူးစူးခံစားရခြင်း
- လှုပ်ရှားမှုများတွင် အဆင်မပြေခြင်း (တည်ငြိမ်မှုမရှိခြင်း)
- ကြွက်တက်ခြင်း တောင့်တင်းခြင်း
- ပုံမှန်ထက်ဆီးမကြာခဏသွားခြင်း သို့မဟုတ် ဆီးသွားရာတွင် ထိန်းချုပ်မှုမရခြင်း
- မှတ်ဉာဏ် သို့မဟုတ် အာရုံစိုက်မှုများနှင့် ပတ်သက်သော ပြဿနာများ
- လိင်အင်္ဂါနှင့်ပက်သက်သောပြဿနာများ , ဥပမာ- မိန်းမကိုယ်ခြောက်သွေ့ခြင်း, အမျိုးသားများတွင် လိင်အင်္ဂါထောင်မတ်မှုပြဿနာများ
ဤလက္ခဏာများသည် အလွန်ပုံမှန်ဖြစ်ပြီး အခြားရောဂါအခြေအနေများကြောင့် လည်းဖြစ်ပေါ်နိုင်ပါသည်။
ဤလက္ခဏာများရှိခြင်းက သင်မှာ (MS) ရှိကြောင်း အတည်မပြုနိုင်ပါ။ သို့သော် GP ဆရာဝန်ထံသို့ စစ်ဆေးခြင်းအရေးကြီးသည်။
ဖြစ်ပွားရသောအကြောင်းအရင်း
Multiple sclerosis (MS) သည် သင့်အခြားအာရုံကြောများနှင့် ဦးနှောက်ကို သင့်၏ ကိုယ်ခံအားစနစ် က တိုက်ခိုက်သောအခါ ဖြစ်ပေါ်သည်။ ၎င်း၏အကြောင်းအရင်း မှာမရှင်းလင်းပါ။
အန္တရာယ်တိုးစေသောအကြောင်းရင်းများ
သင်သည် MS ရောဂါပိုမိုဖြစ်နိုင်ပါသည်၊ အကယ်၍ :
- သင်၏အသက် 20 နှင့် 50 ကြားရှိပါက
- သင်သည် အမျိုးသမီးဖြစ်ပါက – အမျိုးသားများထက် အမျိုးသမီးများသည် MS ပိုမိုဖြစ်နိုင်သည်
- သင့်တွင် MS ရှိသော မောင်နှမ သို့မဟုတ် မိဘရှိပါက
- ဆေးလိပ်သောက်ပါက – ဆေးလိပ်သောက်သောလူများသည် MS ရှိလာနိုင်ခြေသည် နှစ်ဆ ပိုမြင့်တတ်သည်
- Epstein-Barr ဗိုင်းရပ်စ်ကို ကူးစက်ခံထားဖူးသည် – Epstein-Barr ဗိုင်းရပ်စ်သည် glandular fever တို့ကို ဖြစ်စေသော ဗိုင်းရပ်စ်တစ်မျိုးဖြစ်သည်
ရောဂါရှာဖွေခြင်း
ဆရာဝန် သည် သင် Multiple sclerosis (MS) ရှိနိုင်သည်ဟု တွေးပါက သင်ကို ဦးနှောက်နှင့် အာရုံကြောအထူးကု (Neurologist) သို့ ပို့ပေးပါမည်။
Neurologist သည် သင့်လက္ခဏာများအကြောင်း မေးမြန်းပါမည်။
MS ရောဂါအား စစ်ဆေးရန် တစ်ခုတည်းသော စမ်းသပ်မှုမရှိပါ။
သင့်ကို စမ်းသပ်နိုင်သော ပစ္စည်းများတွင် :
- သင့်လှုပ်ရှားမှု၊ တည်ငြိမ်မှု၊ မြင်ကွင်း၊တုံ့ပြန်မှု နှင့် ဟန်ချက်ညီမှုကို စစ်ဆေးခြင်း
- သွေးစမ်းသပ်မှုများ
- MRI စကင် - ဦးနှောက်သို့မဟုတ် ပင်မအာရုံကြောတွင် အာရုံကြောပြဿနာများရှိနေကြောင်း ကြည့်ခြင်း
- ကျောရိုးမှ ရိုးတွင်းခြင်ဆီနမူနာကိုထုတ်ယူစမ်းသပ်ခြင်း (Lumbar Puncture)
- သင့်အရေပြားတွင် တပ်ဆင်ထားသော အာရုံခံကိရိယာမှ မျက်လုံးနှင့် နားရွက်မှ ဦးနှောက်သို့ သတင်းပေးပို့မှု မြန်နှုန်း ကိုတိုင်းတာခြင်း
ကုသမှု
လက်ရှိတွင် Multiple sclerosis (MS) အတွက် ကုသမှုမရှိပါ။ သို့သော် MS ၏ ဖွံ့ဖြိုးမှုကို ဖြည်းဖြည်းချင်းနှေးကွေ့စေပြီး လက္ခဏာများကို သက်သာစေသော ဆေးကုသမှုများရှိပါသည်။
MS ၏ အမျိုးအစားနှင့် သင့်လက္ခဏာများပေါ် မူတည်၍ ဆေးကုသမှု အမျိုးအစားကွဲပြားနိုင်ပါသည်။ သင်သည် အချိန်ကြာလာသည်နှင့်အမျှ မတူညီသော ဆေးကုသမှုများကို လိုအပ်နိုင်ပါသည်။
သင့်ကို အထူးကုဆရာဝန်များကထောက်ပံ့မှုပေးနိူင်ပါသည် ။ ထိုအများအပြားတွင် Specialist MS nurse, Neurologist (ဦးနှောက်နှင့် အာရုံစနစ်ဆိုင်ရာ)၊ Physiotherapist နှင့် Occupational Therapist ပါဝင်ပါသည်။
MS ရောဂါအတွက် ဆေးကုသမှုများ
ဆေးကုသမှုများ တွင်:
- စတီးရွိက်ဆေး (Steroid) - ရောင်ရမ်းခြင်း သက်သာစေရန်နှင့် အာရုံကြောများ ပိုပြီး ကောင်းမွန်စွာအလုပ်လုပ်နိုင်ရန်
- Disease-modifying therapies - သင့်ရောဂါလက္ခဏာများနှင့် ပြဿနာများပြန်ဖြစ်ခြင်းကို လျော့ကျအောင် နှင့် ပိုမဆိုးလာစေရန် ကူညီပါသည်
- ကြွက်သားပြေလျော့စေသော ဆေး (Muscle relaxant medicine) -ကြွက်တက်ခြင်း, တောင့်တင်းခြင်း များကိုသက်သာစေရန်
- မြင်ကွင်းပြဿနာများနှင့် အခြားလက္ခဏာများကို ဆေးကုသမှု
ဆရာဝန်နှင့်ပြသ ရန်အချိန်
MS ရောဂါလက္ခဏာများရှိသည်ဟုယူဆပါက ဆရာဝန်နှင့်ပြသပါ။
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.