တုံ့ပြန်အဆစ်ရောင်ရောဂါ (Reactive Arthritis)

Patient Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

အကျဥ်းချုပ်

"Reactive arthritis သည် ကိုယ် ခန္ဓာ အစိတ်အပိုင်းများ အထူးသဖြင့် ဒူး၊ ခြေထောက်၊ ခြေချောင်းများ၊ တင်ပါး၊ နှင့် ခြေချင်းဝတ်များတွင် နီရဲခြင်းနှင့် ရောင်ရမ်းခြင်းဖြစ်စေသော ရောဂါတစ်မျိုး ဖြစ်သည်။

ဒီရောဂါအမျိုးအစားသည်သင့်တွင် ကူးစက်ရောဂါတစ်မျိုးမျိုး ( လိင်မှတစ်ဆင့် ကူးစက်ရောဂါ သို့မဟုတ် အစာအဆိပ်သင့်ခြင်း ) ဖြစ်သည့်အခါ ပေါ်ပေါက်လာတတ်ပါသည်။  

အများအားဖြင့် ရောဂါသည် လအနည်းငယ်အတွင်း သက်သာလာပြီး ရေရှည်ပြဿနာများမဖြစ်စေပါ။

မည်သည့်အသက်အရွယ်ရှိအမျိုးသား၊ အမျိုးသမီးမဆို ရောဂါဖြစ်နိုင်ပါသည်၊ သို့သော် အမျိုးသားများနှင့် အသက် ၂၀ မှ ၄၀ အတွင်းရှိ လူများတွင် ပိုမိုဖြစ်လေ့ရှိသည်။

လက္ခဏာများ

တုံ့ပြန်အဆစ်ရောင်ရောဂါ၏ ရောဂါလက္ခဏာများသည် ရောဂါပိုးကူးစက်ခံရခြင်း (ဥပမာ- လိင်မှတစ်ဆင့် ကူးစက်ရောဂါ သို့မဟုတ် အူလမ်းကြောင်းပိုးဝင်ခြင်း ရောဂါ) ပြီးနောက် ပေါ်ထွက်လာလေ့ရှိသည်။

ရောဂါပိုးကူးစက်ခံရ နိုင်သည်။ 

  • လိင်အင်္ဂါလမ်းကြောင်း
  • မျက်စိ

သို့သော် လူတိုင်းသည် အဆိုပါ နေရာများတွင် ရောဂါလက္ခဏာများ ပေါ်ထွက်မည်ဟုမဆိုလိုနိုင်ပါ။

အထူးသဖြင့် မကြာသေးမီက ဝမ်းလျှောခြင်း သို့မဟုတ် ဆီးသွားရာတွင် ပြဿနာရှိခဲ့ပါက၊ ဤလက္ခဏာများထဲမှ မည်သည့်အရာမဆို ဖြစ်ပေါ်ပါက၊ ဆရာဝန်ကို အမြန်ဆုံး ပြသသင့်ပါသည်။

အဆစ်ဆိုင်ရာ လက္ခဏာများ

တုံ့ပြန်အဆစ်ရောင်ရောဂါသည် မည်သည့်အဆစ်တွင်မဆို ဖြစ်နိုင်သော်လည်း၊ ဒူး၊ ခြေထောက်၊ လက်ချောင်းများ၊ တင်ပါးနှင့် ခြေချင်းဝတ်များတွင် ပိုမိုဖြစ်လေ့ရှိသည်။

လက္ခဏာများမှာ:

  • အဆစ်များတွင် နာကျင်မှု, တင်းကျပ်မှုနှင့် ရောင်ရမ်းခြင်း
  • ခြေဖနောက် ကဲ့သို့ တချို့သော ကြွက်သားချည်များတွင် နာကျင်မှုနှင့် တောင့်တင်း တင်းကျပ်မှု
  • ကျောအောက်ပိုင်းနှင့် တင်ပါးတွင် နာကျင်မှု
  • လက်ချောင်းများနှင့် ခြေချောင်းများ ရောင်ရမ်းခြင်း
  • အဆစ်များ တောင့်တင်းခြင်း – အထူးသဖြင့် မနက်အစောပိုင်းတွင်

လိင်အင်္ဂါနှင့် ဆက်စပ်သော လက္ခဏာများ

တစ်ခါတစ်ရံ ဆီးလမ်းကြောင်းပိုးဝင် ခြင်းလက္ခဏာ (UTI)များလည်းဖြစ်ပေါ်နိုင်ပါသည်။ :

  • ဆီးသွားရန် ရုတ်တရက်လိုအပ်ခြင်း သို့မဟုတ် ပုံမှန်ထက် မကြာခဏ ဆီးသွားလိုခြင်း
  • ဆီးသွားစဉ် နာကျင်မှု သို့မဟုတ် ပူစပ်ပူလောင်ခံစားရခြင်း
  • ဆီးမှ ဆိုးသော အနံ့ရှိခြင်း သို့မဟုတ် အမြှုပ်ထခြင်း
  • ဆီးထဲတွင် သွေးပါဝင်နေခြင်း
  • ဗိုက်အောက်ပိုင်း နာခြင်း
  • ပင်ပန်းနွမ်းနယ်မှုနှင့်မ သက်မသာဖြစ်နေခြင်း

မျက်စိဆိုင်ရာ လက္ခဏာများ

တခါတရံ မျက်စိရောင်ရမ်းခြင်း (မျက်ခမ်းရောင်ခြင်း သို့မဟုတ် မျက်စံမည်းစက်ရောင်ရမ်းခြင်း) ဖြစ်တတ်ပါသည်။

လက္ခဏာများမှာ:

  • မျက်လုံးနီခြင်း
  • မျက်ရည်ထွက်ခြင်း
  • မျက်စိနာကျင်ခြင်း
  • မျက်ခွံရောင်ခြင်း
  • အလင်းရောင် မခံနိုင်ခြင်း

မျက်စိသည် နာကျင်မှု ပြင်းပြင်းထန်ထန် ဖြစ်ပြီး မြင်ကွင်းမှာ ဝေဝါးလာပါက မျက်စိဆရာဝန်သို့မဟုတ် အရေးပေါ်ဆေးရုံသို့ အမြန်ဆုံး သွားရောက်ပါ။

ယင်းသည် (iritis) ၏ ရောဂါလက္ခဏာတစ်ခု ဖြစ်နိုင်သည်။ ကုသမှုကို အမြန်ဆုံး စတင်လျှင် ကောင်းမွန်သော အကျိုးရှိမည်ဖြစ်သည်။

အခြားလက္ခဏာများ

Reactive arthritis သည် အောက်ပါလက္ခဏာများကိုလည်း ဖြစ်စေနိုင်သည်:

  • တုပ်ကွေးနှင့်ဆင်တူသော ရောဂါလက္ခဏာများ
  • ကိုယ်ပူချိန်မြင့် ခြင်း
  • ကိုယ်အလေးချိန်ကျဆင်းခြင်း
  • ပါးစပ်အနာများ
  • လက်နှင့်ခြေထောက်များတွင် အရေပြားအဖတ်လန်ပြီးယားယံခြင်း

ဖြစ်ပွားရသောအကြောင်းအရင်း

ပုံမှန်အားဖြင့်, reactive arthritis သည် (chlamydia) ကဲ့သို့သော လိင်မှတစ်ဆင့်ကူးစက်ရောဂါ သို့မဟုတ် အူလမ်းကြောင်းကူးစက်‌ရောဂါပိုး (food poisoning) ကဲ့သို့သော ရောဂါစတင်ခြင်းကြောင့် ဖြစ်ပေါ်သည်။

Reactive arthritis သည် glandular fever သို့မဟုတ် slapped cheek syndrome ရောဂါဖြစ်ခဲ့သော သို့မဟုတ် မိသားစုဝင်တစ်ဦးမှ ရောဂါအမှတ်အသား ပြသလျှင်လည်း ဖြစ်ပေါ်နိုင်ပါသည်။

ကိုယ်ခံအားစနစ်ပုံစံသည် ရောဂါများကို ပုံမှန်ထက် လွန်ကဲသော တိုက်ခိုက်မှုဖြစ်စေပြီး ကျန်းမာသော အဆစ်များကိုစတင် တိုက်ခိုက်ပြီး ရောင်ရမ်းခြင်း ဖြစ်သည်။ သို့သော် ယင်းကြောင့်ဖြစ်ပေါ်သောအကြောင်းရင်းကို သေချာမသိရပါ။

အန္တရာယ်တိုးစေသောအကြောင်းရင်းများ

HLA-B27 ဆိုသော gene ရှိသော လူများသည် reactive arthritis ဖြစ်ပေါ်နိုင်ခြေ ပိုမိုရှိကြသည်။ သို့သော် ဤအကြောင်းရင်းကို လည်းမသိရှိရပါ။ HLA-B27 သည် ကိုယ့်ရဲ့ ကိုယ်ခံအားစနစ်နှင့် ပတ်သက်ပြီး ပြန်လည်တုံ့ပြန်မှုများကို ဖြစ်စေသောအခါ reactive arthritis ကဲ့သို့သော ရောဂါများဖြစ်ပေါ်လာနိုင်ပါသည်။

ကုသမှု

Reactive arthritis ရောဂါကုသမှုသည် အောက်ပါအတိုင်း ကူသနိုင်ပါသည်

  • Reactive arthritis ဖြစ်စေသော STI (sexually transmitted infection) ကို ကုသရန် ပိုးသတ်ဆေး(antibiotics) အသုံးပြုခြင်း။
  • အဆစ်နာခြင်းနှင့် တောင့်တင်းမှုကို သက်သာစေဖို့ အကိုက်အခဲပျောက်‌ဆေး (painkillers) များသုံးခြင်း၊
  • အဆစ်ရောင်ရမ်းနာကျင်မှုသည် ဆက်လက်ရှိနေပါက သက်ရောက်နေသော ရောဂါကို ကုသရန် ဆေးဝါးများ (steroids သို့မဟုတ် DMARDs) အသုံးပြုခြင်း

ဆရာဝန်နှင့်ပြသ ရန်အချိန်

Reactive arthritis ရောဂါလက္ခဏာများရှိပါကဆရာဝန်နှင့်ပြသပါ။ အထူးသဖြင့် မကြာသေးမီက ကူးစက်ရောဂါလက္ခဏာများ – ဥပမာ ဝမ်းလျှောခြင်း (diarrhoea) သို့မဟုတ် ဆီးသွားလျှင် နာကျင်ခြင်း (pain when peeing) များဖြစ်ပေါ်လာခဲ့ပါက ဆရာဝန်နှင့်ပြသသင့်ပါသည်။

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
17 November 2024
ဆိုရီရေးစစ်အဆစ်ရောင်ရောဂါ (Psoriatic Arthritis)
Patient Guide