ပွေး(Ringworm)

Patient Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

အကျဥ်းချုပ်

ပွေးသည် ရောဂါပိုးမှိုကြောင့် ဖြစ်ပေါ်သောအရေပြားရောဂါတစ်ခုဖြစ်ပြီး၊ ပိုးကောင် (worms) ကြောင့် မဟုတ်ပါ။

လက္ခဏာများ

ပွေး၏ အဓိကလက္ခဏာမှာ အရေပြားယားနာပါ။ ၎င်းသည် သင့်အရေပြားအရောင်ပေါ်မူတည်ပြီး အနီရောင် သို့မဟုတ်ပုံမှန် အရေပြားထက် အရောင်ရင့်ခြင်းဖြစ်နိုင်ပါသည်။

အနီကွက်များသည်အရေခွံကွာခြင်း၊ ခြောက်ခြင်း၊ ရောင်ခြင်း သို့မဟုတ် ယားယံခြင်းဖြစ်နိုင်ပါသည်။

ပွေးသည် ခန္ဓာကိုယ်တစ်ခုလုံးတွင် မည်သည့်နေရာမဆို ဖြစ်နိုင်ပြီး၊ ဦးရေပြား (tinea capitis) နှင့် ဆံပင်ကြား၊ ဒါမှမဟုတ်ပေါင်ခြံ ကြား (jock itch) တို့တွင်လည်း ဖြစ်နိုင်ပါသည်။

ယားနာကွက်များသည် ပုံမှန်အားဖြင့် အဝိုင်းပုံစံရှိတတ်ပါသည်။ သို့သော် ၎င်းသည် မျက်နှာ၊ လည်ပင်း သို့မဟုတ်ဦးရေပြားတွင် သွင်ပြင်လက္ခဏာကွဲပြားစွာ တွေ့နိုင်ပါသည်။

ပွေးကြောင့် ဖြစ်သည့် အနီကွက်များ၏ အရောင်သည် အညိုရောင် သို့မဟုတ် အမဲရောင်အရေပြားပေါ်တွင် ပိုမိုမရှင်းလင်းနိုင်ပါ။

အခါအားလျော်စွာ၊အနီကွက်များသည် ကြီးထွားလာခြင်း၊ ပြန့်နှံ့ခြင်း သို့မဟုတ် တစ်နေရာထက်ပိုများပြီး ဖြစ်နိုင်ပါသည်။

မျက်နှာ သို့မဟုတ် ဦးရေပြားပေါ်ရှိ ပွေးကြောင့် ဆံပင်ကျွတ်ပြီး အစက်အပြောက်ဖြစ်ပေါ်ခြင်းလည်း ဖြစ်နိုင်ပါသည်။

အကြောင်းအရင်းများ

"ပွေးသည် မှိုပိုးအမျိုးအစားတစ်ခုကြောင့် ဖြစ်ပေါ်သည်။ "

၎င်းသည် အနီးကပ် ထိတွေ့မှုမှတဆင့် ကူးစက်နိုင်ပါသည်-

  • ရောဂါပိုးရှိသော လူတစ်ဦး သို့မဟုတ် တိရိစ္ဆာန်
  • ရောဂါပိုးနှင့် ညစ်ညမ်းနေသော အဝတ်ခင်းများ၊ ဘီးများ သို့မဟုတ် မျက်နှာသုတ်ပဝါများ
  • ရောဂါပိုးရှိသော မြေဆီလွှာများ (ဒါဟာ ပုံမှန်ထက်နည်းပါးကြောင်းကိုမှတ်သားပါ)

ကုသမှုရွေးချယ်စရာများ

သင်ကိုယ်တိုင် ပွေးရောဂါ (ringworm) ရှိမည်ဟု မျှော်မှန်းပါက သင့်တော်သော ကျန်းမာရေးအထောက်အကူပြု ပညာရှင်နှင့် တိုင်ပင်ရန် လိုအပ်ပါသည်။ သူတို့သည် အရေပြားပေါ်ရှိ အနာများကို ကြည့်ရှုပြီး သင့်အတွက်ဆေး (antifungal medicine) ကို အကြံပြုနိုင်ပါသည်။ ၎င်းသည်နေရာပေါ်မူတည်၍ ဆေးပြား၊ ဆေးခရင်မ်၊ ဂျယ်လ်သို့မဟုတ် ဖြန်းဆေး ဖြစ်နိုင်ပါသည်။

ဆေးကို တစ်နေ့လျှင် တစ်ကြိမ်လည်းကောင်း၊ ၄ ပတ်အထိ လိုအပ်တတ်ပါသည်။ ရောဂါပျောက်သွားသော်လည်း ဆက်လက်အသုံးပြုရန် များစွာအရေးကြီးပါသည်။

ကာကွယ်ရန်အချက်များ

ရောဂါပျံ့နှံ့ခြင်းကို ဘယ်လိုရပ်တန့်နိုင်မလဲ

  • ရောဂါပိုးနှင့် အနီးကပ်ထိတွေ့ပြီးပါက ကုသမှုကို မြန်ဆန်စွာ စတင်ပါ။
  • မျက်နှာသုတ်ပဝါများနှင့် အိပ်ယာခင်းများကို ပုံမှန်လျှော်ဖွတ်ထားပါ။
  • သင့်အရေပြားကို သန့်ရှင်းစွာထိန်းသိမ်းပါ၊ တိရိစ္ဆာန် သို့မဟုတ် မြေကြီးများကို ထိပြီးလျှင် လက်ကို ဆေးကြောပါ။
  • ရောဂါပိုးရှိသော လူတစ်ဦး သို့မဟုတ် တိရိစ္ဆာန်နှင့် ထိတွေ့ပြီးပါက သင့်အရေပြားကို ပုံမှန်စစ်ဆေးပါ။
  • သင့်အိမ်မွေးတိရိစ္ဆာန်တွင် ပွေးရှိနိုင်သည်ဟု ယူဆပါက သက်ဆိုင်ရာ ဆရာဝန်ဆေးခန်းသို့ ခေါ်သွားပါ (ဥပမာ- အချို့သော အစက်အပြောက်များတွင် အမွှားကျွတ်နေပါက)။
  • ပွေးရှိသောသူနှင့် မျက်နှ, သုတ်ပဝါ၊ ဘီး သို့မဟုတ်အိပ်ယာခင်းများ မဝေမျှပါနှင့်။
  • ပွေးဖြစ်သောအနာကို မကုတ်မဆွဲပါနှင့်၊ ဒါကြောင့် ရောဂါပိုးသည် ခန္ဓာကိုယ်၏ အခြားနေရာများသို့ ပြန့်နှံ့နိုင်ပါသည်။

ဆရာဝန်နှင့်ပြရန်အချိန်

အောက်ပါအခြေအနေများရှိပါက ဆရာဝန်ကို တွေ့ရန်လိုအပ်ပါသည်

  • ပွေးရှိသည်ဟုယူဆပါက
  • ဆရာဝန်မှ အကြံပေးထားသော ပိုးသတ်ဆေးများကို သုံးပြီးလည်း ပွေးအခြေအနေကောင်းမွန်မှုမရရှိပါကt
  • ဦးရေပြားပေါ်တွင် ပွေးရှိပါက – ပုံမှန်အားဖြင့် ဆရာဝန်မှမှို ပိုးသတ်ဆေးနှင့်ခေါင်းလျှော်ရည်လိုအပ်ပါသည်
  • ကိုယ်ခံအားလျော့နည်းသောအခြေအနေရှိပါက – ဥပမာ - ကင်ဆာကုထုံး၊ စတီးရှိက်ဆေးများ သို့မဟုတ် ဆီးချိုရောဂါဖြစ်ခြင်း

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
20 December 2024
ပန်ကရိယရောင်ခြင်း(Acute Pancreatitis)
Patient Guide