မျက်နှာအရေပြားနီမြန်းရောင်ရမ်းခြင်း(Rosacea)

Patient Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

Overview

ရိုစေးရှားသည် မျက်နှာတွင်ဖြစ်သော အဓိက ရောဂါအခြေအနေတစ်ခုဖြစ်ပြီး ကာလရှည်အထိရှိတတ်သည်။

အမျိုးသမီးများနှင့် အသားဖြူသူများတွင် ပိုမိုပေါ်ပေါက်သည်။ သို့သော် ယေဘုယျအားဖြင့် ယောက်ျားများတွင် လက္ခဏာများပိုဆိုးနိုင်ပါသည်။

ဆေးကုထုံးသည် လက္ခဏာများကို ကူညီပေးနိုင်ပါသည်။

လက္ခဏာများ

ရိုစေးရှား၏ ပထမဆုံးလက္ခဏာများတွင်:

  • သင့်နှာခေါင်း ၊ပါး၊ နှဖူး၊ မေးစေ့၊ လည်ပင်းနှင့် ရင်ဘတ်ပေါ်တွင် အနီရောင်ဖြစ်ခြင်း ဖြစ်ပြီးဖြစ်လိုက်ပျောက်လိုက်ရှိသည်။ ပုံမှန်အားဖြင့် မိနစ်ပိုင်းတစ်ချိန်အထိဆက်လက်ရှိပါသည်။ သင့်မျက်နှာသည် ပူနွေးခြင်း၊ သို့မဟုတ် နာကျင်ခြင်းလည်း ခံစားရနိုင်ပါသည်။
  • ရေ သို့မဟုတ် skin care များသုံးစွဲသည့်အခါ လောင်ခြင်း သို့မဟုတ် ပူခြင်းခံစားရခြင်း

နီရဲခြင်းသည် အညိုရောင် သို့မဟုတ် အမည်းရောင်အသားပေါ်တွင် မြင်ရရန် ပိုခက်ခဲနိုင်ပါသည်။

ရိုးစေးရှားရောဂါသည် ပြင်းထန်လာပါက မျက်နှာခေါင်း၊ နှာခေါင်းနှင့် နဖူးအရေပြားများအပေါ်မှာ အစဉ်အမြဲနီရောင်နေတတ်ပါသည်။

ရိုးစေးရှားရောဂါကြောင့် အရေပြားပေါ်တွင် သေးငယ်သော သွေးကြောကွဲများ ပေါ်လာပြီး သက်သာမှုမရှိပဲ ရှိနေတတ်ပါသည်။

ရိုးစေးရှားရောဂါရှိပါက မျက်နှာပေါ်တွင် ခြောက်သွေ့သော ပန်းရောင် သို့မဟုတ် အနီရောင် အဖုများပေါ်လာနိုင်ပြီး အချို့မှာ အဝါရောင် အရည်ဖြင့် ပြည့်နေတတ်ပါသည်။

အခြားလက္ခဏာများမှာ:

  • အရေပြားခြောက်သွေ့ခြင်း
  • မျက်လုံးပတ်လည်တွင် ရောင်ရမ်းခြင်း
  • အရေပြားပေါ်တွင်အဝါရောင် အဖတ်များကွာခြင်း
  • မျက်ခွံ ရောင်ခြင်း သို့မဟုတ် မျက်တောင်အောက်ခြေတွင်ရောင်ရမ်းခြင်းများ – ဤသည်မှာ blepharitis ဖြစ်နိုင်ပါသည်။
  • အရေပြားထူထဲခြင်း၊ အများအားဖြင့် နှာခေါင်းပေါ်တွင် (နှစ်များစွာကြာပြီးနောက် ဖြစ်ပေါ်နိုင်ပါသည်)

အကြောင်းရင်းများ

ရိုစေးရှား၏ ဖြစ်စဉ်ကို မသိရသေးပေမယ့် တချို့သော အရာများက လက္ခဏာများကို ပိုမိုဆိုးရွားစေနိုင်ပါသည်။

ရိုစေးရှားဖြစ်စေသောအကြောင်းရင်းများတွင်:

  • အရက်
  • စပ်သောအစားအစာများ
  • ပူသော အရည်များ
  • နေရောင်ခြည်
  • ပူလွန်းအေးလွန်းခြင်း
  • လေ့ကျင့်ခန်းများ၊ ပြေးခြင်းကဲ့သို့ စိတ်ဖိစီးမှုရှိခြင်း
  • စိတ်ဖိစီးမှုရှိခြင်း

ကုသမှုရွေးချယ်စရာများ

ရိုစေးရှားကို မကုသနိုင်ပေမယ့် ဆရာဝန်ထံမှ ကုသမှုက လက္ခဏာများကို ထိန်းချုပ်ရာတွင် အထောက်အကူဖြစ်စေပါသည်။ ကုသမှုမရှိပါက ပိုပြီးဆိုးလာနိုင်ပါသည်။

ဆရာဝန်သည် အောက်ပါအချက်များကို အကြံပြုနိုင်ပါသည်။

  • သင့်အသားပေါ်လိမ်းရန် ခရိမ်းများနှင့် ဂျယ်လ်များ
  • အနည်းဆုံး ၆ ပတ်မှ ၁၆ ပတ်အထိ ပိုးသတ်ဆေးများ သောက်ခြင်း

ကုသမှုများမထိရောက်ပါက ဆရာဝန်က သင့်ကို အ‌ရေပြားအထူးကု ထံ သို့ ညွှန်ပေးနိုင်ပါသည်။

ကာကွယ်ရန်အချက်များ

ရိုစေးရှား သက်သာရန် လုပ်နိုင်သောအရာများ

ရိုစေးရှားသည်သန့်ရှင်းမှုမကောင်းခြင်းကြောင့်မဟုတ်ပါ၊ ထို့အပြင် ကူးစက်ခြင်းလည်းမဖြစ်ပါ။ သို့သော် ခံစားရသော လက္ခဏာများကို ကူညီပေးနိုင်သော အရာများ ရှိပါသည်။

သင့်အတွက် အခြားဆိုးကျိုးရှိတဲ့ အရာတစ်ခုဖြစ်သည်ဆိုရင် ဥပမာ အရက် သောက်ခြင်း သို့မဟုတ် စပ်သောအစားအစာတွေစားခြင်းက ခံစားနေရသော လက္ခဏာများကို ပိုမိုဆိုးလာစေနိုင်သည်ဆိုပါက၊ အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ။

လိုက်နာရန်

  • နေ့စဉ် အနည်းဆုံး SPF 30 ရှိသော နေလောင်ကာခရင်မ်ကို အသုံးပြုပါ။
  • အပူ၊ နေရောင်ခြည် သို့မဟုတ် စိုထိုင်းမှုများသော အခြေအနေများကို ရှောင်ကြဉ်ရန် ကြိုးစားပါ။
  • ရာသီဥတုအေးသောအခါ မျက်နှာကို ကာကွယ်ပါ။
  • ထိခိုက်လွယ်သော အသားအရေအတွက် အ‌ရေပြားထုတ်ကုန်များကို အသုံးပြုပါ။
  • blepharitis ရှိပါက မျက်လုံးများကို တစ်နေ့လျှင် တစ်ကြိမ် သန့်ရှင်းပါ။
  • စိတ်ဖိစီးမှုကို လျှော့ချပါ။

ရှောင်ကြဥ်ရန်

  • အရက်မသောက်ပါနဲ့
  • ပူသောအရည်များကိုမသောက်ပါနဲ့
  • အစပ်များသောအစာများမစားပါနဲ့
  • လေ့ကျင့်ခန်းအလွန်အကျွံ မလုပ်ပါနဲ့၊ ဥပမာအားဖြင့်ပြေးခြင်း

ဆရာဝန်နှင့်ပြရန်အချိန်

သင့်မှာ ရိုစေးရှား၏ လက္ခဏာများရှိပါက ဆရာဝန်ကို ပြပါ:

အရေးပေါ် GP ဆရာဝန်နင့်ပြပါ ရိုစေးရှားရှိပြီး -

  • မျက်လုံးနာကျင်ခြင်း
  • အမြင် ဝေဝါးခြင်း
  • အလင်းရောင်ကို မခံနိုင်ခြင်း
  • မျက်လုံးနီခြင်း
  • မျက်ရည်ယိုခြင်း

ဤသို့သော လက္ခဏာများသည် (keratitis)ဖြစ်နိုင်ပြီး အရေးပေါ်ကုသမှုမရလျှင် အပြင်းအထန် ဖြစ်နိုင်ပါသည်

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
27 December 2024
ဆံပင်ကျွတ်/ထိပ်ပြောင်ခြင်းAlopecia (Hair Loss)
Patient Guide