ဂျာမန်ဝက်သက်(Rubella | German Measles)

Patient Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

အကျဥ်းချုပ်

ဂျာမန်ဝက်သတ် ရောဂါက ရှားပါးတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ခန္ဓါကိုယ်တွင် အနီစက်များ ပေါ်လာစေပါတယ်။ တစ်ပတ်လောက်ကြာပြီးရင် သက်သာလာနိုင်ပြီး ကိုယ်ဝန်ဆောင်တွေမှာဖြစ်ရင်‌ တော့ အခြေအ နေဆိုးရွားနိုင်ပါတယ်။

လက္ခဏာများ

ဂျာမန်ဝက်သတ်ရဲ့ အဓိကရောဂါလက္ခဏာက ခန္ဓာကိုယ်နဲ့ မျက်နာမှာ အနီစက်တွေထွက်တာပဲဖြစ်ပါတယ်။ ‌

‌ရောဂါကူးစက်ပြီး ၂ ပတ်က နေ၃ပတ် အတွင်းမှာ အနီစက်တွေပေါ်ပေါက်လာပါတယ်။

အခြားလက္ခဏာတွေက:

  • လက်ချောင်းများ, လက်ကောက်ဝတ်,ဒူးခေါင်းကိုက်ခြင်း
  • ကိုယ်ပူချိန်တက်ခြင်း
  • ချောင်းဆိုးခြင်း
  • နှာချေခြင်း, နှာစေးခြင်း
  • ခေါင်းကိုက်ခြင်း
  • လည်ချောင်းနာခြင်း
  • မျက်လုံးနီခြင်း, ရောင်ခြင်း

ဝက်သတ်ရောဂါ ကာကွယ်‌ဆေးထိုးထားမယ်ဆိုရင် ဒါမှမဟုတ် အရင်က ဝက်သတ်ဖြစ်ဖူးတယ်ဆိုရင် နောက်တစ်ကြိမ်ထပ်ဖြစ်ဖို့ အလားအလာနည်းပါတယ်။

ကိုယ်ဝန်ဆောင်ချိန်

ကိုယ်ဝန်ဆောင်စဉ် ရောဂါကူးစက်ခြင်းသည် အလွန်ရှားပါးပါသည်။ သို့သော် ကိုယ်ဝန်ဆောင်စဉ် ရောဂါ ဖြစ်ပါက ကလေးအား ထိခိုက်စေနိုင်ပါသည်။

ရူဘဲလ်လာရောဂါက

  • ကလေးကိုဆုံးရှုံးခြင်း (ကိုယ်ဝန်ပျက်ကျခြင်း)
  • ကလေးမွေးဖွားပြီးနောက် မျက်စိ၊ နားမကြားရခြင်း၊ နှလုံး သို့မဟုတ် ဦးနှောက်နှင့် ဆိုင်သောပြဿနာများကို ဖြစ်စေနိုင်သည်။

ကိုယ်ဝန်စတင်အချိန်ကာလတွင် ရူဘဲလ်လာရောဂါ ဖြစ်ပါက အန္တရာယ် အလွန်ကြီးပါသည်။

ကိုယ်ဝန် ၂၀ ပတ်ကျော်ပြီးမှ ရူဘဲလ်လာရောဂါ ကူးစက်မိပါက သင့်ကလေးအတွက် အန္တရာယ် မရှိနိုင်ဘူးဟု ယူဆကြသည်။

ကုသမှု

ရောဂါလက္ခဏာဖြစ်ပြီး တစ်ပတ်အတွင်း သက်သာလာနိုင်ပါတယ်။

ဆရာဝန်ထံမှ အကြံဥာဏ်များရယူပြီး အောက်ပါအတိုင်းလိုက်နာပါ။

  • အနားများများယူပါ။
  • ရေများများသောက်ပါ။
  • paracetamol or ibuprofen သောက်နိုင်ပါသည်။– အသက်၁၆နှစ်အောက် aspirin ဆေးမပေးရပါ။

ကာကွယ်ရန်အချက်များ

ဂျာမန်ဝက်သတ်သည် ချောင်းဆိုးခြင်းနှင့် နှာစေးခြင်းများဖြင့် ပြန့်ပွားသည်။

လက္ခဏာများ စတင်ပေါ်ဖွားမှုမတိုင်မီ ၁ ပတ်နှင့် အနီကွက်များ ပထမဆုံး ဖြစ်ပေါ်လာသောအချိန်မှ ၅ ရက်အထိ အခြားသူများအား ကူးစက်နိုင်သည်။

အချို့သောလူများအတွက် ရူဘဲလ်လာရောဂါသည် စိုးရိမ်ဖွယ် ရောဂါဖြစ်နိုင်သဖြင့် အခြားသူများအား ကူးစက်မှုမဖြစ်စေရန် သတိပြုသင့်ပါတယ်။

ကူးစက်မှုကိုရှောင်ရှားရန်လိုက်နာရမည့် အချက်များ

  • အနီကွက်များ ပေါ်လာပြီး ၅ ရက်အထိ မူကြိုကျောင်း၊ ကျောင်းသို့မဟုတ် အလုပ်သို့ မသွားပါနှင့်။
  • မဟုတ် အလုပ်သို့ မသွားပါနှင့်။ ကိုယ်ဝန်ဆောင်များနှင့် အနီးကပ်ထိတွေ့မှုကို ရှောင်ကြဉ်ရန် ကြိုးစားပါ။
  • ဆပ်ပြာနှင့် ရေဖြင့်မကြာခဏ လက်ဆေးပါ။
  • ချောင်းဆိုးခြင်း သို့မဟုတ် နှာဆေးခြင်း လုပ်သောအခါ တစ်ခါသုံး တစ်ရှူးများကို အသုံးပြုပါ။
  • အသုံးပြုပြီးသော တစ်ရှူးများကို အမှိုက်ပုံးထဲထည့်ပစ်ပါ။
  • ခက်ရင်း၊ ခွက်များ၊ သုတ်ပဝါများ၊ အဝတ်အစားများ သို့မဟုတ် အိပ်ရာသုံးအလွှာများကို မမျှဝေပါနှင့်

ဆရာဝန်နှင့်ပြသရန်အချိန်

ဂျာမန်ဝက်သတ်ရောဂါလက္ခဏာတွေဖြစ်ပြီဆိုတာနဲ့ ဆရာဝန်နှင့်ပြသဖို့လိုအပ်ပါတယ်။

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
08 October 2024
နာတာရှည်အဆစ်ရောင်ခြင်း (Rheumatoid Arthritis)
Patient Guide