ဝဲ ယားနာ(Scabies)

Patient Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

IMPORTANT
မည်သူမဆိုဝဲယားနာဖြစ်နိုင်ပြီး သန့်ရှင်းမှုမရှိခြင်းနှင့် မသက်ဆိုင်ပါ။

အကျဥ်းချုပ်

ဝဲ ယားနာသည် ပိုးမွှားများကြောင့် ဖြစ်ပေါ်လာသောယားနာတစ်မျိုးဖြစ်ပါသည်။ ၎င်းကို အ‌ေရပြားချင်း အနီးကပ်ထိတွေ့မှုများမှ ရောဂါကူးစက်နိုင်ပြီး လူတိုင်းတွင်ဖြစ်နိုင်ပါသည်။  ၎င်းကို ကုသရန် ရန် အရေးကြီးပြီး ပိုးမွှားကို အမြန်ဆုံးပျောက်ကွယ်စေရန် လိုအပ်ပါသည်။

လက္ခဏာများ

ဝဲ ယားနာ၏ လက္ခဏာများမှာ -

  • အလွန်အမင်းယားယံ အထူးသဖြင့် ညပိုင်းတွင်
  • အနီစက်များအဖုများထခြင်း။

ယားနာစက်များသည် အနီရောင်ဖြစ်နိုင်ပြီး၊ အသားအရောင်ညိုသူများတွင် မထင်ရှားသော်လည်း ၎င်းတို့ကိုခံစားနိုင်ပါသည်။

ဝဲ ယားနာသည် ပုံမှန်အားဖြင့် ခေါင်းနှင့် လည်ပင်းမှလွဲ၍ ကိုယ်ခန္ဓာတစ်ခုလုံးဖြစ်နိုင်ပါသည်။

၎င်းသည် လက်ချောင်းများအကြား၊ လက်ကောက်ပတ်၊ လက်မောင်း၊ခါးတစ်ဝိုက်၊ ပေါင်ခြံနှင့် ခြေလက်အတွင်းတို့တွင် အများအားဖြင့်ဖြစ်နိုင်ပါသည်။.

အသက်ကြီးသူများနှင့် အသက်ငယ်သောကလေးများသည် ခေါင်း၊ လည်ပင်း၊ လက်ပေါင်များနှင့် အခြေခြေတပ်သည့် ခြေလက်အတွင်း တိုက်ရိုက်ရိုက်သွားသော ရောင်ရမ်းခြင်းတစ်ခုကို တွေ့ရနိုင်ပါသည်။

ကိုယ်ခံအားနည်းသော လူများတွင် crusted scabies ဟုခေါ် သည့် ရှ ားပါးသော ကူးစက်လွယ်သည့်ဝဲ ယားနာအမျိုးအစားမျိုးရနိုင်ပါသည်။.

အဓိကလက္ခဏာမှာ အရေပြားအဖတ်များလန်ပြီးအက်ကွဲကာ လက်တံ၊ ခြေတံများ၊ တံတောင်ဆစ်နှင့်ခြေထောက်များတွင်ဖြစ်သည်။

ရောဂါဖြစ်နိုင်ချေရှိသောအချက်များ

ဝဲ ယားနာသည် အ‌ရေပြားချင်းထိတွေ့ခြင်းမှကူးစက်ပြီး လိင်ဆက်ဆံခြင်းအပါအဝင်ကူးစက်နိုင်သည်။ တိရိစ္ဆာန်များမှ ဝဲ ယားနာမကူးနိုင်ပါ။

တကယ်လို့ ကျောင်းများ၊ တက္ကသိုလ်မှ အိပ်ရာခန်းများ သို့မဟုတ် သက်ကြီးရွယ်အိုရောဂါဂရုစိုက်မည့်နေရာများတွင် နေထိုင်ပြီး သို့မဟုတ် အလုပ်လုပ်နေကြသူများသည် ပိုမိုကူးစက်နိုင်ပါသည်။

ကုသမှုရွေးချယ်စရာများ

ဝဲယားနာသည် ပုံမှန်အားဖြင့် ပြင်းထန်သောရောဂါ မဟုတ်ပါ၊ သို့သော် ဆေးကုသမှု လိုအပ်ပါသည်။

သင့်ကို ဝဲယားနာ ရှိနေသည်ဟု ထင်ပါက သင့်တော်သော ကျန်းမာရေးသူနာပြုများနှင့် ဆွေးနွေးသင့်ပါသည်။ သူတို့သည် သင့်ခန္ဓာကိုယ်တစ်ခုလုံးသို့ လိမ်းရမည့် လိမ်းဆေး ကို အကြံပြုပေးနိုင်ပါသည်။ အသုံးပြုရန် လမ်းညွှန်ချက်များကို စနစ်တကျ ဖတ်ရှုပေးရပါမည်။

 နို့တိုက်နေသူ သို့မဟုတ် ကိုယ်ဝန်ရှိသူ ဖြစ်ပါကအသိပေးပါ။

တစ်ပါတ်အကြာတွင် ဆေးကုသမှုကို ထပ်မံလုပ်ဆောင်ရန် လိုအပ်ပါမည်။

ဝဲ ယားနာသည် အလွန်ကူးစက်နိုင်သည်။ သို့သော် ယားနာအဖုများ ပေါ်လာရန် ၈ ပတ်အထိ ကြာနိုင်သည်။

သင့်အိမ်ထဲရှိ လူတိုင်းကို ရောဂါလက္ခဏာမရှိလဲ တစ်ပြိုင်တည်းကုသရန် လိုအပ်သည်။ သို့သော် ဆေးဆိုင်မှ ကုသမှုများကို နှစ်နှစ်အောက် ကလေးများတွင် မသုံးရပါ။ သူတို့အတွက် ဆရာဝန်နှင့် တွေ့ဆုံရန် လိုအပ်ပါသည်။

လွန်ခဲ့ သော ၈ ပတ်အတွင်း လိင်ဆက်ဆံမှုရှိခဲ့သူအားလုံးကိုလည်း ကုသမှုခံယူရန် လိုအပ်ပါသည်။

သင်သည် ဝဲ ယားနာဆေးဝါးကုသမှုလုပ်နေစဉ်တွင်၊ကူးစက်ခြင်းကိုရပ်တန့်စေသောအရာများ

သင်သို့မဟုတ် မိသားစုဝင်တစ်ယောက်တွင် ဝဲ ယားနာရှိပါက၊ ၎င်းကို ကုးစက်မှုကိုလျော့ချပေးနိုင်သော အရာများရှိပါသည်။

  • ကုသမှုနေ့ပထမနေ့တွင် အိပ်ရာနှင့် အဝတ်အထည်များအား 60C သို့မဟုတ် အထက်အပူချိန်တွင် သန့်စင်ပြီး၊ အကယ်၍ ဖြစ်နိုင်ရင် အပူဖြင့် ပေါင်းစပ်ထားသောအခြောက်ခံစက်တွင် သန့်စင်ပါ။
  • လျှော်၍ မရသော အဝတ်အထည်များကို 3 ရက်အတွင်း ပိုးမွှားများ သေဆုံးသည်အထိ အလုံပိတ်ထားသောအိတ်တွင် ထားပါ။
  • ကုသမှုအစီအစဉ်အပြည့်ကို ပြီးစီးသည်အထိ လိင်ဆက်ဆံခြင်း, တစ်ဦးနှင့်တစ်ဦးနီးနီးကပ်ကပ်နေခြင်းမလုပ်ပါနဲ့။
  • ဝဲယားနာရှိသူနှင့် အိပ်ရာ၊ အဝတ်အထည် သို့မဟုတ်ပုဝါများ မဝေမျှပါနှင့်။

နောက်ဆက်တွဲရောဂါများ

အရေပြားကို ကုတ်ဖဲ့ခြင်းက ပိုးဝင်ခြင်းဖြစ်စေနိုင်သည်၊ ဥပမာ အင်ပီတီဂို။

ဝဲယားနာသည် အင်ဇီမာ သို့မဟုတ် အရေပြားလေးဘက်နာ အခြေအနေများကို ဆိုးရွားစေနိုင်ပါသည်။

ဆရာဝန်နှင့်ပြရန်အချိန်

အောက်ပါ အခြေအနေများဖြစ်ပါက GP ကို တွေ့ရန်လိုအပ်ပါသည်

  • သင်၏ကလေးသည် ၂ နှစ်အောက်ဖြစ်ပြီး ဝဲယားနာ ရောဂါရှိပြီး သင်၏အိမ်ထဲရှိသူတစ်ဦးမှာ ဝဲယားနာ ရှိပါက
  • သင်သည် ဝဲယားနာရှိပြီး သင့်အရေပြားတွင်ပိုးဝင်ခြင်း သို့မဟုတ် အခြားအရေပြားရောဂါတစ်ခု၊ ဥပမာ အင်ဇီမာ ရှိပါက။
  • သင်၏ တံတောင်ဆစ်, ဒူးခေါင်း ၊ လက်များသို့မဟုတ် ခြေတံများတွင်အရေပြားအက်ကွဲနာများရှိပါက
  • ဝဲယားနာ ဆေးကုသခြင်းကို သုံးပြီးနောက် ၂ မှ ၄ ပတ်အတွင်း ယားယံခြင်းမပျောက်ကင်းလျှင်

Go To Conte​​​​nts​​

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
27 December 2024
ခရုသင်း (Vitiligo)
Patient Guide