Sciatica

Patient Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

အကျဥ်းချုပ်

Sciatica ဆိုတာ ခါးအောက်ပိုင်းကနေ ခြေထောက်အထိ ရှည်လျားတဲ့ အရိုးဆစ်နာဗ်ကြောကြီး (sciatic nerve) ဖိမိတာ (သို့) ထိခိုက်တာကြောင့် ဖြစ်တတ်ပါတယ်။ ဒီဝေဒနာဟာ ရက်သတ္တပတ်အနည်းငယ်မှ လအနည်းငယ်အတွင်း သက်သာသွားတတ်ပေမယ့် တချို့မှာ ပိုကြာတတ်ပါတယ်။

တစ်ခါ Sciatica ဖြစ်ဖူးရင် နောက်ထပ် ထပ်ဖြစ်နိုင်ခြေရှိပါတယ်။

လက္ခဏာများ

Sciatica ရဲ့ လက္ခဏာတွေက တင်ပါးနဲ့ ခြေထောက်တစ်ဖက် (အထူးသဖြင့် ခြေဖဝါးနဲ့ ခြေချောင်းလေးတွေ) မှာ အဓိကခံစားရတတ်ပါတယ်။

ခံစားရနိုင်တဲ့ ဝေဒနာများ:

  • ခြေထောက်နောက်ဘက်တစ်လျှောက် စူးရှပူစပ်သောနာကျင်မှု
  • စူးခြင်း (ပုရွက်ဆိပ်ထိုးသလို)
  • ထုံကျင်ခြင်း
  • ထုံကျင်ခြင်း

လက္ခဏာတွေက ရုတ်တရက်ကြီး (သို့) တဖြည်းဖြည်း စဖြစ်နိုင်ပါတယ်။ လှုပ်ရှားမှု၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း တို့မှာ နာကျင်မှု ပိုဆိုးတတ်ပါတယ်။

ခါးနာတာပါတွဲဖြစ်နိုင်ပေမယ့်၊ ခြေထောက်နာတာထက် နာကျင်မှုနည်းတတ်ပါတယ်။

သိထားရန် :

ခါးနာတာတစ်ခုတည်းဆိုရင် Sciatica မဟုတ်နိုင်ပါ။

ဖြစ်ရတဲ့ အကြောင်းရင်းများ

Sciatica က အရိုးဆစ်နာဗ်ကြောကို တစ်ခုခုက ဖိမိတာ (သို့) ပွတ်တိုက်မိတာကြောင့် ဖြစ်ပါတယ်။

အဓိကအကြောင်းရင်းတွေကတော့:

  • ခါးရိုးဆစ်အကြားအရွတ်ပြားရွေ့ခြင်း (Slipped Disc) ကျောရိုးရှိ အရိုးအကြားက အရွတ်ပြား ရွေ့ထွက်ပြီး နာဗ်ကြောကို ဖိမိတာ (အသက်ကြီးလာတာနဲ့အမျှ ပိုဖြစ်နိုင်ခြေများ)။
  • ကျောရိုးပိုင်းကျဉ်းခြင်း (Spinal Stenosis) နာဗ်ကြောတွေဖြတ်သန်းတဲ့ ကျောရိုးအပေါက်ကျဉ်းလာတာ။
  • ကျောရိုးအရိုးဆစ်လွဲခြင်း (Spondylolisthesis) ကျောရိုးမှ အရိုးတစ်ခု မူလနေရာမှ လွဲသွားတာ။
  • ခါးဒဏ်ရာရဖူးခြင်း

ကုသမှုနည်းလမ်းများ

Sciatica ဟာ ရက်သတ္တပတ်အနည်းငယ်မှ လအနည်းငယ်အတွင်း သက်သာသွားတတ်ပါတယ်။ သို့သော် တချို့မှာ ပိုကြာတတ်ပြီး တစ်ခါဖြစ်ဖူးရင် နောက်ထပ်ပြန်ဖြစ်နိုင်ခြေရှိပါတယ်။

နာကျင်မှုသက်သာစေရန် လုပ်ဆောင်သင့်သည်များ:

လိုက်နာရန်

  • ပုံမှန်လှုပ်ရှားမှုများ ဆက်လုပ်ပါ နေ့စဉ်လှုပ်ရှားမှုတွေကို ဖြစ်နိုင်သမျှ ပုံမှန်လုပ်ပါ။
  • Sciatica အတွက် အထူးလေ့ကျင့်ခန်းများ လုပ်ပါ။
  • နာကျင်မှုသက်သာလာပါက ဖြည်းဖြည်းချင်း လေ့ကျင့်ခန်းစပါ (လမ်းလျှောက်ခြင်းကဲ့သို့ ပေါ့ပေါ့ပါးပါးလှုပ်ရှားမှုများ)။
  • နာတဲ့နေရာကို အပူအိတ် (heat pack) ကပ်ပါ (ဆေးဆိုင်များတွင် ဝယ်ယူနိုင်ပါတယ်)။
  •  ဆေးဆိုင်တွင် ibuprofen ကဲ့သို့ NSAIDs ဆေးများကို မေးမြန်းနိုင်ပါတယ် (သို့သော် paracetamol က Sciatica အတွက် အထောက်အကူမဖြစ်နိုင်ပါ)။

ရှောင်ရန်အချက်များ

  • အကြာကြီးထိုင်ခြင်း/လှဲနေခြင်း မလုပ်ပါနှင့် – လှုပ်ရှားရင် နာကျင်မှုရှိပေမယ့်၊ ဒါက အန္တရာယ်မရှိပါဘဲ ပြန်ကောင်းဖို့ အထောက်အကူဖြစ်စေပါတယ်။

ဆရာဝန်နှင့်ကုသမှု

ဆရာဝန်က အောက်ပါနည်းလမ်းတွေနဲ့ ကုသပေးနိုင်ပါတယ် :

  • လေ့ကျင့်ခန်းနှင့် အကြောဆန့်နည်းများ ညွှန်ကြားခြင်း
  • အကိုက်အခဲပျောက်ဆေးများ ပေးခြင်း

ဒါ့အပြ:

  • ပြန်လည်သန်စွမ်းရေးကုထုံး (Physiotherapy) လေ့ကျင့်ခန်းနည်းလမ်းများ၊ နှိပ်နယ်ကုသခြင်း (manual therapy)
  • စိတ်ပိုင်းဆိုင်ရာအထောက်အပံ့ (နာကျင်မှုကို စိတ်ဖိစီးမှုမဖြစ်အောင် ကိုင်တွယ်နည်း)

 Sciatica အတွက် အခြားကုသမှုများ

အထက်ပါကုသမှုတွေနဲ့ မသက်သာရင်၊ ဆရာဝန်က ဆေးရုံအထူးကုဆရာဝန်ထံ ညွှန်းပေးနိုင်ပါတယ် :

  • အာရုံကြောပိတ်ဆို့မှုဖြေရှင်းခြင်း (Radiofrequency Denervation) – နာကျင်မှုအချက်ပြမှုကို လျှော့ချဖို့ နာဗ်ကြောတွေကို ပိတ်ဆို့ခြင်း
  • ထုံဆေးထိုးခြင်း (Epidural Injection) – နာကျင်မှုကို ချက်ချင်းသက်သာစေခြင်း
  • ခွဲစိတ်ကုသမှု (Decompression Surgery) – နာဗ်ကြောကို ဖိမိနေတဲ့ အရိုးအပိုအစိတ်အပိုင်းတွေကို ဖယ်ရှားခြင်း

ကာကွယ်ရန် နည်းလမ်းများ

Sciatica ဖြစ်ဖူးသူတိုင်းမှာ နောက်တစ်ခါထပ်ဖြစ်နိုင်ခြေရှိပါတယ်။ ဒါပေမယ့် အောက်ပါနည်းလမ်းတွေနဲ့ နာကျင်မှုကိုသက်သာစေပြီး ထပ်မဖြစ်အောင် ကာကွယ်နိုင်ပါတယ် :

လိုက်နာရန်

  • ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ (ခါးနဲ့ခြေထောက်သန်မာစေမယ့် လှုပ်ရှားမှုများ)
  • အလေးအပင်မတဲ့အခါ မှန်ကန်စွာမပါ (ဒူးကွေးပြီး ခါးကိုမတ်မတ်ထားပါ)
  • ထိုင်တဲ့အခါ ကိုယ်နေဟန်ထား (Posture) မှန်အောင်ထားပါ
  • ကွန်ပျူတာအသုံးပြုရင် မှန်ကန်စွာထိုင်ပါ
  • ကိုယ်အလေးချိန်လျှော့ပါ (အဝလွန်နေပါက)

ရှောင်ရန်

  • ဆေးလိပ်မသောက်ပါနှင့် – ဆေးလိပ်သောက်ခြင်းက Sciatica ဖြစ်နိုင်ခြေကို ပိုများစေပါတယ်။

ဆရာဝန်နှင့်ပြသရန်အချိန်

ဆရာဝန်ပြပါ

အိမ်တွင် ကုသမှုများစမ်းကြည့်ပြီး အောက်ပါအခြေအနေတွေဖြစ်ရင်:

  • ရက်သတ္တပတ်အနည်းငယ်ကြာသည်အထိ နာကျင်မှုမသက်သာလျှင်
  • နာကျင်မှု ပိုဆိုးလာလျှင်
  • နေ့စဉ်လုပ်ငန်းဆောင်တာတွေ မလုပ်နိုင်အောင် နာလာလျှင်

အောက်ပါလက္ခဏာများရှိပါက အရေးပေါ်ကုသမှုခံယူပါ:

  • ခြေထောက်နှစ်ဖက်လုံးတွင် Sciatica နာကျင်မှုဖြစ်ခြင်း
  • ခြေထောက်နှစ်ဖက်လုံး အားနည်းခြင်း/ထုံကျင်ခြင်း (ပြင်းထန်လာလျှင်)
  • လိင်အင်္ဂါအနီးနှင့် တင်ပါးဆုံတဝိုက် ထုံကျင်ခြင်း
  • ဆီးသွားရန် အခက်အခဲရှိခြင်း၊ ဆီးမထိန်းနိုင်ခြင်း (ရုတ်တရက်ဖြစ်လာလျှင်)
  • ဝမ်းသွားလိုသည်ကို မသိရှိခြင်း (သို့) ဝမ်းမထိန်းနိုင်ခြင်း

ဤလက္ခဏာများသည် ကျောရိုးဆိုင်ရာ အရေးပေါ်ပြဿနာ၏ လက္ခဏာများဖြစ်နိုင်ပြီး ချက်ချင်းကုသမှုလိုအပ်ပါသည်။

ကိုယ်တိုင်ကားမောင်းမသွားပါနှင့်။သင့်ကို သယ်ပို့ပေးမည့်သူကို ခေါ်ပါ (သို့) အရေးပေါ်လူနာတင်ယာဥ် ခေါ်ပါ။ သောက်နေသောဆေးများကို ယူဆောင်သွားပါ .

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
23 March 2025
သွေးဆိပ်တက်ခြင်း(Sepsis)
Patient Guide