Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
အကျဥ်းချုပ်
အဆစ်အတွင်းပိုးဝင်ရောင်ခြင်း သည် အဆစ်အတွင်းကူးစက်ရောဂါ၏ ပြင်းထန်သောအမျိုးအစားဖြစ်ပြီး အမြန်ဆုံးကုသရန်လိုအပ်ပါသည်။
အချိန်မီ ကုသမှုဖြင့် အပြည့်အဝ သက်သာနိုင်သော်လည်း၊ ကုသမှုမရလျှင် ပိုမို ပြင်းထန်သွားနိုင်ပါသည်။
ဖြစ်ပွားရသောအကြောင်းအရင်း
အဆစ်အတွင်းပိုးဝင်ရောင်ခြင်း ကို ပိုးဝင်မှုကြောင့် အဆစ်တွင်းသို့ ရောက်ရခြင်းမှ ဖြစ်ပေါ်နိုင်ပါသည်။
- ဤအခြေအနေသည် အဆစ်တွင် ထိခိုက်မှု သို့မဟုတ် မတော်တဆမှုများ ဖြစ်ပွားသောအခါ ဖြစ်နိုင်ပါသည်။
- အခြားအင်္ဂါအစိတ်အပိုင်းမှ ပိုးဝင်မှုများ သွေးလွှတ်ကြောမှတဆင့် အဆစ်တွင်းသို့ ရောက်လာခြင်း
- အဆစ်ခွဲစိတ်ကုသမှုအပြီးနောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာခြင်း
အန္တရာယ်တိုးစေသောအကြောင်းရင်းများ
မည်သူမဆို အဆစ်ပိုးဝင်ရောင်ရောဂါ ဖြစ်နိုင်သော်လည်း အောက်ပါလက္ခဏာများ ရှိပါက ပိုမိုထိခိုက်နိုင်ပါသည်:
- လေးဖက်နာအရိုးအဆစ်ရောင်ခြင်းရှိသူများ
- ကိုယ်ခံအားနည်းသူများ
- မကြာသေးမီက အဆစ်ခွဲစိတ်ကုသမှု ခံခဲ့သူများ
- အဆစ်အစားထိုး (ဥပမာ- ဒူးတု သို့မဟုတ် တင်တု) တပ်ဆင်ထားသူများ
- heroin လိုမျိုး ထိုး ဆေးသုံးသူများ
- ဆီးပူ ညောင်းကျ ရောဂါ (ဂွန်နိုရီယား) ရှိသူများ
ကုသမှု
အဆစ်တွင်းပိုးဝင်ရောဂါ၏ အချက်အလက်များရှိပါက ဆရာဝန်က :
- ပိုးသတ်ဆေးထိုးဆေးများသွင်းပေးခြင်း၊
- ပိုးရောဂါကူးစက်ထားသော အဆစ်မှ အရည်များကို ထုတ်ယူရခြင်း
- သင်ဆေးရုံမှ ဆင်းပြီး နောက် ပိုးသတ်ဆေးများကို ရက်တော်တော်ကြာ ဆက်လက် သောက်ရန် လိုအပ်ပါသည်။
အဆစ်တွင်းပိုးဝင်ရောဂါရှိပါက၊ ဆေးရုံတွင် ၂ ပတ်ခန့်နေရနိုင်ပါသည်။
အများစုက ပိုးသတ်ဆေးပေးလျှင် ချက်ချင်းကောင်းမွန်လာနိုင်ပါသည်။
" သင်ဆေးရုံမှ ဆင်းပြီး နောက် ပိုးသတ်ဆေးများကို ရက်တော်တော်ကြာ ဆက်လက် သောက်ရန် လိုအပ်ပါသည်။"
ပြန်လည်ကောင်းမွန်ပြီးနောက်လည်း သတ်မှတ်သည့် အချိန်အထိ ဆေးများကို ဆက်လက် သောက်သင့်သည်။ ဆေးသောက်တာကို စောစီးစွာရပ်ဆိုင်းပါက ရောဂါပြန်ဖြစ်တတ်ပါသည်။
နောက်ဆက်တွဲ ကုသမှု
သင့်ကို physiotherapistထံ သို့ လွှဲပြောင်းပေးလိမ့်မည်၊ ၎င်းသည် အဆစ်ကို ပြန်လည်လှုပ်ရှားစေရန် အထောက်အကူပြုမည်။ ၎င်းသည် အဆစ်တွင်း ပိုမိုကြာရှည်သော တောင့်တင်းမှုမှ ကာကွယ်ရန် ကူညီပါလိမ့်မည်။
ရောဂါသည်အစားထိုးထားသော အဆစ်တွင် ဖြစ်ပေါ်ခဲ့ပါက၊ ဥပမာအားဖြင့် ဒူးသို့မဟုတ်တင်ပါးအစားထိုးထားသည့် အဆစ် တွင် ဖြစ်ပါက၊ အဆစ်ကို ဖယ်ရှားရန် လိုအပ်နိုင်ပါသည်။
ရောဂါကုသပြီးပါက၊ အဆစ် အသစ်ဖြင့် ပြန်လည်အစားထိုးနိုင်ပါသည်။
ဆရာဝန်နှင့်ပြသ ရန်အချိန်
ချက်ချင်းဆေးကုသမှုခံယူပါ။ :
- သင့်တွင် အဆစ်တစ်ခုတည်းတွင် အလွန်ဆိုးဝါးသော နာကျင်မှုရှိပြီး၊ ရုတ်တရက်ဖြစ်လာခဲ့လျှင်
- သင့်တွင် အဆစ်နားတစ်ဝိုက်ရောင်ရမ်းခြင်းရှိပါက
- အဆစ်တစ်ခုအနားရှိ အရေပြားအရောင်ပြောင်းလဲခြင်း
- နေထိုင်မကောင်းဖြစ်ပြီး အပူချိန်မြင့်နေပါက သို့မဟုတ်ချမ်းတုန်သလို ခံစားရပါက
အဆစ်တွင်းပိုးဝင်ရောဂါ၏ လက္ခဏာများသည် ရက်အနည်းငယ်အတွင်း လျင်မြန်စွာဖြစ်ပေါ်လာတတ်ပါသည်။ ထိုအခြေအနေများကို ချက်ချင်းစစ်ဆေးမှုခံယူရန် လိုအပ်ပါသည်။
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.