Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
ပါဝင်သောအကြောင်းအရာများ
အကျဥ်းချုပ်
ဆင်ဖြူတော်ရေယုန်သည် နာကျင်သောအနီကွက်များဖြစ်စေသည့် ဗိုင်းရပ်စ်ပိုးကူးစက်မှုတစ်မျိုးဖြစ်ပါသည်။
လက္ခဏာများ
ပထမဦးစွာ အောက်ပါလက္ခဏာများခံစားရနိုင်ပါသည် :
- အရေပြားတစ်နေရာတွင် စပ်ဖျဉ်းဖျဉ်းခံစားရခြင်း သို့မဟုတ် နာကျင်မှုဝေဒနာ
- ခေါင်းကိုက်ခြင်း သို့မဟုတ် ကိုယ်လက်မအီမသာဖြစ်ခြင်း
ရက်အနည်းငယ်အကြာတွင် အရေပြားတွင် အနီကွက်များပေါ်လာတတ်ပါသည်။ ရှားပါးသောအခြေအနေများတွင် အနီကွက်မပေါ်ဘဲ နာကျင်မှုသာဖြစ်တတ်ပါသည်။
ရင်ဘတ်နှင့် ဝမ်းဗိုက်တွင် အများဆုံးတွေ့ရပြီး မျက်နှာ၊ မျက်လုံးနှင့် လိင်အင်္ဂါများတွင်လည်း ပေါ်နိုင်ပါသည်။
ခန္ဓာကိုယ်၏ တစ်ဖက်တည်းတွင်သာ အကွက်များပေါ်တတ်ပါသည် ခန္ဓာကိုယ်၏ ဘယ်ညာနှစ်ဖက်လုံးတွင် အကွက်များပေါ်ပါက ဆင်ဖြူတော်ရေယုန်မဟုတ်နိုင်ပါ။
ရောဂါကြာချိန် :
အနီကွက်များ ပျောက်ကင်းရန် ၄ ပတ်အထိ ကြာနိုင်ပါသည်။
အနီကွက်ပျောက်သွားပြီးနောက်လည်း အရေပြားနာကျင်မှု ရက်သတ္တပတ်အနည်းငယ်ကြာနိုင်သော်လည်း အချိန်နှင့်အမျှ သက်သာလာတတ်ပါသည်။
ဖြစ်ပွားရသည့်အကြောင်းရင်း
ဆင်ဖြူတော်ရေယုန်ရှိသူမှ တိုက်ရိုက်မကူးစက်နိုင်ပါ။
သို့သော် ရေကေျာက် ဖြစ်ဖူးသူများက ဆင်ဖြူတော်ရေယုန်ရှိသူမှ ရေကေျာက်ရောဂါကူးစက်နိုင်ပါသည်။
ရေ ကျောက်ဖြစ်ဖူးသူများတွင် ဗိုင်းရပ်စ်ပိုး ခန္ဓာကိုယ်အတွင်း၌ ကျန်ရှိနေပြီး ကိုယ်ခံအားကျဆင်းသောအခါ ဆင်ဖြူတော်ရေယုန်အဖြစ် ပြန်လည်ဖြစ်ပွားနိုင်ပါသည်။
စိတ်ဖိစီးမှု၊ အချို့သောရောဂါများ သို့မဟုတ် ကီမိုဆေးသွင်းကုသမှုကဲ့သို့သော ကုသမှုများကြောင့် ဖြစ်နိုင်ပါသည်။
ကုသမှုနည်းလ မ်းများ
ဆင်ဖြူတော်ရေယုန်အတွက် ကုသမှုသည် သင့်ရောဂါလက္ခဏာများ၏ ပြင်းထန်မှုနှင့် နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်နိုင်ခြေပေါ်မူတည်ပါသည်။
အနီကွက်အနည်းငယ်သာဖြစ်ပါက ကုသမှုမလိုအပ်ပါ
အောက်ပါအခြေအနေများတွင် ဗိုင်းရပ်စ်ဆေးဝါး (antiviral tablets) ပေးနိုင်ပါသည် :
- ကိုယ်ခံအားနည်းနေသူများ
- နာကျင်မှု သို့မဟုတ် အနီကွက်အသင့်အတင့် သို့မဟုတ် ပြင်းထန်စွာဖြစ်နေသူများ
- ရင်ဘတ်၊ ဝမ်းဗိုက်နှင့်ကျောအပြင် အခြားနေရာများတွင်ပါ အနီကွက်များဖြစ်နေသူများ
အနီကွက်စပေါ်ပြီး ၃ ရက်အတွင်း ဆေးစတင်သောက်ရန်လိုအပ်ပါသည်
နာကျင်မှုသက်သာစေရန် အကိုက်အခဲပျောက်ဆေး စတီးရွိုက်ဆေးပြား အာရုံကြောနာကျင်မှုသက်သာစေသော ဆေးဝါးများ ပေးနိုင်ပါသည်။
မိမိဘာသာလုပ်ဆောင်နိုင်သည့်အချက်များ :
ဆင်ဖြူတော်ရေယုန်အတွက်လက္ခဏာများ သက်သာစေရန် မိမိဘာသာလုပ်ဆောင်နိုင်သည့်အချက်များ :
- ပါရာစီတမောသောက်ပါ
- အနီကွက်ကို သန့်ရှင်းခြောက်သွေ့စွာထားပါ
- ချောင်ချောင်ချိချိဝတ်ဆင်ပါ
- တစ်နေ့အကြိမ်အနည်းငယ် ရေခဲကပ်ပေးပါ
- အနာကပ်ပလာစတာများ မကပ်ပါစေနှင့်
- အရေပြားကိုထိခိုက်စေနိုင်သော အဝတ်အထည်များမဝတ်ပါနှင့်
ကာကွယ်ရန်အချက်များ
ဆင်ဖြူတော်ရေယုန်သည် အခြားသူများသို့ မကူးစက်နိုင်ပါ သို့သော် ရေကျောက် မဖြစ်ဖူးသူမျာ ရေကျောက်ရောဂါကူးစက်နိုင်ပါသည်
ဆင်ဖြူတော်ရေယုန်သည် ရေ ကျောက် ဗိုင်းရပ်စ် (chicken pox) ကြောင့်ဖြစ်သောကြောင့် ဤသို့ကူးစက်နိုင်ခြင်းဖြစ်ပါသည်။
ရှောင်ကြဉ်ရမည့်သူများ :
- ရေကျောက် မဖြစ်ဖူးသော ကိုယ်ဝန်ဆောင်များ
- ကိုယ်ခံအားနည်းသူများ
- တစ်လအောက်ကလေးငယ်များ
အရေးကြီးသောအချက် : အနီကွက်များမှ အရည်များထွက်နေပါက အလုပ်သို့မဟုတ် ကျောင်းမသွားပါနှင့် အနီကွက်များကို ချောင်ချိသောအဝတ်ဖြင့် ဖုံးအုပ်ထားနိုင်ပါသည်
ဆင်ဖြူတော်ရေယုန်သည် အနီကွက်များမှ အရည်ထွက်နေစဉ်အချိန်တွင်သာ အခြားသူများသို့ ကူးစက်နိုင်ပါသည်။
အနီကွက်များကို ချောင်ချိသောအဝတ်အစား ဖြင့် ဖုံးအုပ်ထားနိုင်ပါသည်
သို့မဟုတ် မကပ်သော အနာဖုံးပလာစတာ အသုံးပြုနိုင်ပါသည်
ဆရာဝန်နှင့်ပြသရန်အချိန်
ဆင်ဖြူတော်ရေယုန်ဖြစ်နိုင်သည်ဟုထင်ပါက အမြန်ဆုံးဆရာဝန်နှင့်ပြသပါ
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.