နေလောင်ခြင်း(Sunburn)

Patient Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

အကျဥ်းချုပ်

နေလောင်ခြင်းသည် အလွန်ပူပြင်းပြီး အရေပြားရောင်ရမ်းခြင်းဖြစ်ပြီး နေရောင်၏ အလွန်ကြီးမားသော သက်ရောက်မှုကြောင့် ဖြစ်ပေါ်သည်။ 

သင့်အနေဖြင့် ကိုယ်တိုင် ကုသနိုင်ပါသည်။

 ၎င်းသည် ပုံမှန်အားဖြင့် ၇ ရက်အတွင်း သက်သာတတ်သည်။

လက္ခဏာများ

သင်သည် နေလောင်ခြင်းရှိပါက၊ သင့်အရေပြားသည် -

  • ပူပြီးကိုင်တွယ်ရန်ခက်ခြင်း
  • နာကျင်ခြင်း သို့မဟုတ် နာကျင်သောခံစားမှု ရှိခြင်း
  • အရေခွံကွာသည် - ၎င်းသည် ပုံမှန်အားဖြင့် နေလောင်ခြင်းခံရပြီး ရက်အနည်းငယ်အတွင်း ဖြစ်ပေါ်ပါသည်

သင့်အရေပြားသည် နေလောင်ခြင်းဆိုးရွားပါက၊ အရည်ကြည်ဖုများဖြစ်ပါလိမ့်မည်။

သင်သည် အသားဖြူပါက၊ အရေပြားသည် ပုံမှန်အားဖြင့် အနီရောင် သို့မဟုတ် ပန်းရောင် ဖြစ်သည်။  သင်၏အရေပြားသည် အမည်း သို့မဟုတ် အညိုရောင်ရှိပါက၊ အရေပြားအရောင်တွင် ပြောင်းလဲမှုမရှိနိုင်ပါ။

‌ရောဂါဖြစ် နိုင်ချေရှိသော အချက်များ

အရေပြားကင်ဆာ အန္တရာယ်

နေလောင်ခြင်းသည် အရေပြားကင်ဆာဖြစ်နိုင် ချေကိုပိုမိုမြင့်တက်စေပါသည်။ 

ကုသမှုရွေးချယ်စရာများ

နေလောင်ခြင်းကို ကိုယ်တိုင် သက်သာစေခြင်းနည်းများ

နေလောင်ခြင်း၏ လက္ခဏာများကို သက်သာစေဖို့ သင့်တင့်သော လုပ်ဆောင်နိုင်သော အရာများရှိပါသည်။

လိုက်နာရန် 

  • အမြန်ဆုံး နေရောင်မှ ထွက်ပါ
  • သင့်အရေပြားကို အေးမြသော ရေချိုးခြင်း၊ ရေကူးခြင်း သို့မဟုတ် ၏စိုစွတ်သော အဝတ်ဖြင့်ရေပတ်တိုက်ပါ (ကလေး သို့မဟုတ်ကလေးငယ်များကို အအေးမလွန်ကဲစေအောင်သတိပြုပါ)
  • aftersun cream or spray အသုံးပြုပါ
  • ရေဓာတ်ခန်းခြောက်ခြင်းကို ကာကွယ်ရန် ရေများများသောက်ပါ
  • နာကျင်မှုရှိပါက ပရာဆီတာမောလ် သို့မဟုတ် အိုင်ဘူပရိုဖင် ကဲ့သို့သော ဆေးများ သောက်ပါ
  • နေလောင်ခြင်းခံထားရသော အရေပြားကို နေရောင်ဖြင့် တိုက်ရိုက်ထိမှုမှ ကာကွယ်ပါ အရေပြား အပြည့်အဝ ကုစားပြီးသည်အထိ

ရှောင်ရန်

  • နေလောင်ခြင်းခံထားရသော အရေပြားတွင် ပီထရိုလီယမ် ဂျလီ မတင်ပါနှင့်
  • နေလောင်ခြင်းခံထားရသော အရေပြားတွင် ရေခဲကပ်ခြင်း များ မလုပ်ပါနှင့်
  • အရည်ကြည်ဖုများကို မဖောက်ပါနှင့်
  • အရေခွံကွာသောအ‌ရေပြားကို မကုတ်ဖဲ့ ပါနှင့်
  • နေလောင်ခြင်းခံထားရသော အရေပြားပေါ်တွင် တင်းကြပ်သော အဝတ်အထည် မဝတ်ပါနှင့်

မှတ်ချက်: အချို့ဆေးများသည် လူတိုင်းအတွက်မသင့်တော်ပါ။  (ဥပမာ - ကိုယ်ဝန်ဆောင်သည်များ).ဆေးမသောက်ခင် ဆေးဝါးပညာရှင် ကိုမေးမြန်းခြင်း သို့မဟုတ် ‌ဆေးညွှန်းကိုဖတ်ပါ။

ဆရာဝန်နှင့်ပြသရန်အချိန်

အရေးပေါ် GP ချိန်းဆိုခြင်းကို တောင်းဆိုပါ သင်သည် နေရောင်ထဲ တွင် အချိန်ကြာနေပြီးနောက် -

  • သင့်အရေပြားသည် အရည်ကြည်ဖုဖြစ်ခြင်း သို့မဟုတ် ရောင်နေပါက
  • သင့်အပူချိန် အလွန်မြင့်သည် သို့မဟုတ် ကိုယ်ပူပြီး ချမ်းတုန်ပါက
  • သင်သည် အလွန်ပင်ပန်းခြင်း ၊ မူးဝေခြင်း နှင့် နေမကောင်းခြင်းခံစားရပါက
  • သင်သည် ခေါင်းကိုက်ခြင်း နှင့် ကြွက်တက်ပါက
  • သင့်ကလေးသည် နေလောင်ခြင်းဖြစ်ပါက

နေလောင်ခြင်းပြင်းထန်ခြင်းသည် အပူရှပ်ခြင်း (heatstroke) ဖြစ်စေပြီး ၎င်းသည် အလွန်ပြင်းထန်နိုင်ပါသည်။

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
27 December 2024
ခြေဖဝါးကြွက်နို့ (Warts and Verrucas)
Patient Guide