မေးခိုင်ရောဂါ Tinnitus)

Patient Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

အကျဥ်းချုပ်

Tinnitus သည် အပြင်ဘက်မှ မည်သည့်အသံမှ မထွက်ပေါ်ဘဲ နားထဲတွင် အသံများ ကြားရခြင်းကို ခေါ်ဆိုပါသည်။ ၎င်းသည် များသောအားဖြင့် စိုးရိမ်စရာမရှိသော အခြေအနေတစ်ခုဖြစ်ပြီး၊ ကိုယ်တိုင်ပြန်ကောင်းသွားနိုင်ပါသည်။

လက္ခဏာများ

Tinnitus သည် အောက်ပါအသံများကဲ့သို့ ကြားရနိုင်ပါသည်:

  • ဝီဝီသံ
  • ဂျီဂျီသံ
  • လေသံ
  • ဟီးဟီးသံ
  • တရွှီရွှီသံ
  • တဒိန်းဒိန်းသံ
  • ဂီတသံ သို့မဟုတ် သီချင်းဆိုသံ

ဤအသံများကို နားတစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံးတွင် ကြားရနိုင်ပြီး၊ ခေါင်းထဲတွင်လည်း ကြားရနိုင်ပါသည်။ အသံများသည် လာလိုက် ပျောက်လိုက်ဖြစ်နိုင်သလို၊ တစ်ချိန်လုံးလည်း ကြားရနိုင်ပါသည်။

ဖြစ်ရသည့် အကြောင်းရင်းများ

Tinnitus ဖြစ်ရသည့် အကြောင်းရင်းကို အမြဲတမ်း ရှင်းရှင်းလင်းလင်း မသိရသော်လည်း၊ ၎င်းသည် အောက်ပါအခြေအနေများနှင့် ဆက်စပ်နေတတ်ပါသည် :

  • နားလေးခြင်း သို့မဟုတ် နားအနည်းငယ်ပိတ်ခြင်း
  • Ménière's disease (နားအတွင်းပိုင်းရှိ အရည်များ စုပုံခြင်းကြောင့် ဖြစ်သော ရောဂါ)
  • ဆီးချိုရောဂါ၊ သိုင်းရွိုက်ပြဿနာများ သို့မဟုတ် multiple sclerosis (အာရုံကြောဆိုင်ရာ ရောဂါ) ကဲ့သို့သော ရောဂါများ
  • စိုးရိမ်ပူပန်မှု သို့မဟုတ် စိတ်ကျရောဂါ
  • ဆေးဝါးအချို့၏ ဘေးထွက်ဆိုးကျိုးအဖြစ် Tinnitus ဖြစ်နိုင်ပါသည်။ ဥပမာ - ကင်ဆာဆေးသွင်းကုသခြင်း၊ ပဋိဇီဝဆေးများ၊ NSAIDs (အကိုက်အခဲပျောက်ဆေးများ) နှင့် အက်စ်ပရင်

ရောဂါရှာဖွေခြင်း

ဆရာဝန်သည် သင့်နားထဲတွင် နားပိုးဝင်ခြင်း သို့မဟုတ် နားဖာချေးပိတ်ခြင်းကဲ့သို့သော ကုသလို့ရသည့် အကြောင်းရင်းများကို စစ်ဆေးပါလိမ့်မည်။

နားလေးခြင်း ရှိ/မရှိကိုလည်း စစ်ဆေးနိုင်ပါသည်။

လိုအပ်ပါက ဆရာဝန်သည် သင့်အား အထူးကုဆရာဝန်ထံ လွှဲပေးပြီး နောက်ထပ်စစ်ဆေးမှုများ ပြုလုပ်နိုင်ပါသည်။

ကုသမှု

Tinnitus ရှိပါက သက်သာစေရန် အောက်ပါနည်းလမ်းများကို လုပ်ဆောင်နိုင်ပါသည်

Do:

  • စိတ်ဖိစီးမှုကို လျှော့ချပါ။ ဥပမာ - နက်ရှိုင်းစွာ အသက်ရှုခြင်း သို့မဟုတ် ယောဂကျင့်ခြင်း
  • အိပ်စက်ခြင်းကို ပိုမိုကောင်းမွန်စေရန် ကြိုးစားပါ။ ဥပမာ - အိပ်ချိန်မှန်အောင် ထားခြင်း၊ ကဖိန်းဓာတ်လျှော့သောက်ခြင်း
  • Tinnitus ကို ပိုဆိုးစေနိုင်သည့် အရာများကို ရှောင်ပါ။ ဥပမာ - စိတ်ဖိစီးမှု သို့မဟုတ် အသံကျယ်လောင်ခြင်း
  • Tinnitus ရှိသူများနှင့် စကားပြောခြင်းဖြင့် စိတ်သက်သာရာရစေရန် အုပ်စုတစ်ခုတွင် ပါဝင်ပါ။

မလုပ်သင့်သည်များ

  • အသံဆိတ်ဆိတ်နေခြင်းကို ရှောင်ပါ။ ပျော့ပျောင်းသော ဂီတသံ သို့မဟုတ် အသံများ (sound therapy) နားထောင်ခြင်းဖြင့် Tinnitus ကို အာရုံလွှဲနိုင်ပါသည်။
  • Tinnitus ကို အလွန်အမင်း အာရုံစိုက်ခြင်းမပြုပါနှင့်။ ဝါသနာပါရာများ လုပ်ဆောင်ခြင်းဖြင့် အာရုံလွှဲပါ။

Tinnitus ၏ အကြောင်းရင်းကို မသိပါက သို့မဟုတ် ကုသလို့မရပါက၊ ဆရာဝန်သည် သင့်အား စကားပြောကုထုံး (talking therapy) ခံယူရန် ညွှန်းပေးနိုင်ပါသည်။  

၎င်းတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည် -:

  • Cognitive Behavioural Therapy (CBT) - Tinnitus နှင့်ပတ်သက်၍ သင့်အတွေးများကို ပြောင်းလဲပေးခြင်းဖြင့် စိုးရိမ်ပူပန်မှုကို လျှော့ချပေးပါသည်။
  • Tinnitus Counselling - Tinnitus အကြောင်း ပိုမိုသိရှိစေပြီး၊ ကိုင်တွယ်ဖြေရှင်းနည်းများကို သင်ကြားပေးပါသည်။
  • Tinnitus Retraining Therapy - အသံကုထုံး (sound therapy) ကို အသုံးပြု၍ ဦးနှောက်အား Tinnitus အသံကို လျစ်လျူရှုရန် လေ့ကျင့်ပေးပါသည်။

သင့်တွင် နားလေးခြင်းရှိပါက၊ နားကြပ်ဆေး (hearing aids) ကို အကြံပြုနိုင်ပါသည်။

ဆရာဝန်နှင့်ပြသ ရန်အချိန်

ဆရာဝန်နှင့် ပြသပါ :

  • Tinnitus ကို ပုံမှန်ဖြစ်နေပါက
  • Tinnitus ပိုဆိုးလာပါက
  • Tinnitus ကြောင့် သင့်အား အနှောင့်အယှက်ဖြစ်နေပါက (ဥပမာ - အိပ်မပျော်ခြင်း၊ အာရုံစူးစိုက်မရခြင်း၊ စိတ်ကျခြင်း သို့မဟုတ် စိုးရိမ်ပူပန်မှုများ ဖြစ်နေပါက)

အရေးပေါ် ဆရာဝန်နှင့် ချက်ချင်းပြသပါ:

  • Tinnitus အသံသည် နှလုံးခုန်သံနှင့် တစ်ချိန်တည်းဖြစ်နေပါက

အရေးပေါ်ဌာနသို့ သွားပါ သို့မဟုတ် လူနာတင်ယာဉ်ခေါ်ပါ  :

  • ခေါင်းဒဏ်ရာရပြီးနောက် Tinnitus ဖြစ်ပါက
  • Tinnitus နှင့်အတူ နားအလွန်အမင်းလေးခြင်း၊ မျက်နှာကြွက်သားများ အားနည်းခြင်း သို့မဟုတ် ခေါင်းထဲတွင် လည်နေသကဲ့သို့ ခံစားရခြင်း (vertigo) တို့ ဖြစ်ပါက
​ကိုယ်တိုင်ကားမောင်းမသွားပါနှင့်။သင့်ကို သယ်ပို့ပေးမည့်သူကို ခေါ်ပါ (သို့) အရေးပေါ်လူနာတင်ယာဥ် ခေါ်ပါ။ သောက်နေသောဆေးများကို ယူဆောင်သွားပါ .

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
18 March 2025
ချာချာလည်မူးခြင်း (Vertigo)
Patient Guide