Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
ပါဝင်သောအကြောင်းအရာများ
အကျဥ်းချုပ်
အဆိပ်သင့်ရှော့ခ်ရောဂါလက္ခဏာစု TSS သည် ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့် ရုတ်တရက်ဖြစ်ပွားနိုင်ပြီးအဖြစ်နည်းသော်လည်း အသက်အန္တရာယ်ရှိသော အရေးပေါ်အခြေအနေဖြစ်သည်။ တမ်ပွန် သို့မဟုတ်ရာသီ ခံ ခွက် အသုံးပြုစဉ် ၊ ပိုးဝင်နေသော ဒဏ်ရာ များမှတစ်ဆင့် ဖြစ်နိုင်သည်။ လက္ခဏာများ အလျင်အမြန်ပေါ်လာတတ်သည် အရေးပေါ်ကုသမှု ချက်ချင်းလိုအပ်ပါသည်
လက္ခဏာများ
TSS သည် အလျင်အမြန်ဖြစ်ပေါ်တတ်ပြီး အောက်ပါလက္ခဏာများ ပါဝင်သည်
လက္ခဏာများ:
- အဖျားတက်ခြင်း၊
- ကြွက်သားနာကျင်ခြင်း
- သဲကဲ့သို့ ကြမ်းတမ်းသော အရေပြားအကွက်ထခြင်း
- တုပ်ကွေးနှင့်ဆင်တူသော လက္ခဏာများ
ဖြစ်ပွားရသောအကြောင်းအရင်း
TSS သည် ရှားပါးသော ဘက်တီးရီးယားကူးစက်မှုတစ်ခုဖြစ်ပြီး
အောက်ပါနည်းလမ်းများဖြင့် ဖြစ်နိုင်သည်:
- တမ်ပွန်သို့မဟုတ် ရာသီခံခွက် အသုံးပြုခြင်း
- သန္ဓေတားဒိုင်ယာဖရမ်/အဖုံးသုံးခြင်း
- မွေးဖွားပြီးနောက် (သဘာဝမွေးဖွားခြင်း သို့မဟုတ် ဗိုက်ခွဲမွေးဖွားခြင်း)
- ပိုးဝင်သော ဒဏ်ရာ၊ အနာ သို့မဟုတ် မီးလောင်ဒဏ်ရာ
ယခင်က TSS ဖြစ်ဖူးသူများတွင် ပြန်ဖြစ်နိုင်ခြေပိုများသည်
ကုသမှုနည်းလမ်းများ
TSS အတွက် ဆေးရုံတက်ကုသမှုချက်ချင်းလိုအပ်ပါသည်။
ကုသမှုတွင် ပါဝင်နိုင်သည်များ :
- ပိုးသတ်ဆေးများ (ကူးစက်မှုကိုကုသရန်)
- သွေးကြောထဲအရည်သွင်းခြင်း (ရေဓာတ်ပြန်လည်ဖြည့်တင်းရန်)
- သွေးပေါင်ချိန်ထိန်းဆေးများ
- အောက်ဆီဂျင်ပေးခြင်း
- ဒဏ်ရာမှပိုးမွှားများဖယ်ရှားရန် ခွဲစိတ်ကုသမှု
ကာကွယ်ရန် အချက်များ
အဆိပ်သင့်ရှော့ခ်ရောဂါလက္ခဏာစု (TSS) သည် ရှားပါးသော်လည်း ဘက်တီးရီးယားပိုးဝင်ခြင်းမှ ကာကွယ်ရန် အောက်ပါနည်းလမ်းများကို လိုက်နာနိုင်ပါသည်
လုပ်သင့်သည်များ
- တမ်ပွန်၊ ရာသီခွက်ခံ ၊ သန္ဓေတားအဖုံးများ အသုံးပြုချိန်တွင် လက်ကိုစင်ကြယ်စွာဆေးကြောပါအကြံပြုထားသည့် အချိန်ထက် ပိုမထားပါနှင့်
- အနာ/မီးလောင်ဒဏ်ရာများကို ပိုးမဝင်အောင်ဂရုစိုက်ပါ ပိုးဝင်လက္ခဏာများ (အနီကွက်၊ ရောင်ရမ်းခြင်း၊ နာကျင်မှု) ရှိမရှိ စစ်ဆေးပါ
ယခင်က TSS ဖြစ်ဖူးပါက ဆရာဝန်မှ တမ်ပွန်၊ သန္ဓေတားအဖုံးများ မသုံးရန် အကြံပြုနိုင်ပါသည်
ဆရာဝန်နှင့်ပြသရန်အချိန်
လူနာတင်ယာဥ် ခေါ်ပါ သို့ မဟုတ် အရေး ပေါ် ဌာနသို့ သွားပါ :
ကလေးငယ်များတွင် အောက်ပါလက္ခဏာတစ်ခုခုရှိပါက :
- အသား၊ နှုတ်ခမ်း၊ လျှာ ပြာ၊ မီးခိုးရောင်၊ ဖြူဖတ်ဖြူရော်ဖြစ်ခြင်း(အသားညိုသူများတွင် လက်ဖဝါး/ခြေဖဝါးတွင် ပိုမြင်သာ)
- ဖန်ခွက်ဖြင့်ဖိကြည့်လျှင် မပျောက်သောအနီကွက်(ဦးနှောက်အမြှေးရောင်လက္ခဏာနှင့်တူ)
- အသက်ရှူခက်ခြင်း (ဗိုက်ခေါက်ဝင်ခြင်း၊ အသက်ရှူမြန်ခြင်း)
- ပုံမှန်မဟုတ်သောစူးစူး ဝါးဝါးငိုသံ
- ပုံမှန်မဟုတ်သော တုံ့ပြန်မှုများ၊ အစာစားလိုစိတ်မရှိခြင်း
- ပုံမှန်ထက် ပိုအိပ်ငိုက်ခြင်း၊ နှိုးရခက်ခြင်း
ဤလက္ခဏာများ အားလုံးဖြစ်မည်ဟု မယူဆနိုင်ပါ
လူနာတင်ယာဥ် ခေါ်ပါ သို့ မဟုတ် အရေး ပေါ် ဌာနသို့ သွားပါ :
ကလေးများနှင့် လူကြီးများတွင် အောက်ပါလက္ခဏာများရှိပါက:
- စိတ်ရှုပ်ထွေးခြင်း၊ စကားပြောမပီသခြင်း
- အသား၊ နှုတ်ခမ်း၊ လျှာ ပြာ၊ မီးခိုးရောင်၊ ဖြူဖတ်ဖြူရော်ဖြစ်ခြင်း(အသားညိုသူများတွင် လက်ဖဝါး/ခြေဖဝါးတွင် ပိုမြင်သာ)
- ဖန်ခွက်ဖြင့်ဖိကြည့်လျှင် မပျောက်သောအနီကွက်(ဦးနှောက်အမြှေးရောင်လက္ခဏာနှင့်တူ)
- အသက်ရှူခက်ခြင်း၊ အသက်ရှူမြန်ခြင်း
- အရေပြားအစုလိုက်ကွာခြင်း
ဤလက္ခဏာများ အားလုံးဖြစ်မည်ဟု မယူဆနိုင်ပါ
ကိုယ်တိုင်ကားမောင်းမသွားပါနှင့် တစ်စုံတစ်ဦးကိုမောင်းခိုင်းပါ သို့မဟုတ် လူနာတင်ယာဉ်ခေါ်ပါ
သောက်သုံးနေသောဆေးဝါးများကို ယူဆောင်လာပါ
ဆရာဝန်နှင့်ချက်ချင်း ပြသရန်:
TSS (အဆိပ်သင့်ရှော့ခ်ရောဂါ) ဖြစ်နိုင်သည်ဟုသံသယရှိပြီး အောက်ပါလက္ခဏာများထဲမှ တစ်ခုခုရှိပါကဆရာဝန်နှင့် ချက်ချင်းပြပါ:
- အဖျားတက်ခြင်း၊
- ချမ်းတုန်ခြင်းနှင့် ကြွက်သားနာကျင်ခြင်း
- အန်ခြင်းနှင့် ဝမ်းလျှောခြင်း
- လက်မောင်း၊ ခြေထောက်နှင့် ကိုယ်ခန္ဓာအနှံ့ ပြင်းထန်နာကျင်မှု
- သဲကဲ့သို့ကြမ်းတမ်းသော အနီကွက် (အသားညိုသူများတွင် မြင်ရခက်နိုင်)
- လက်ဖဝါး၊ ခြေဖဝါး၊ လျှာနှင့် မျက်လုံးဖြူသားများ နီမြန်းလာခြင်း
- အရေပြားရောင်ရမ်းခြင်း/ကွာကျခြင်း
- မူးဝေခြင်း၊ စိတ်ရှုပ်ထွေးခြင်း
တမ်ပွန် (သို့) ရာသီခံ ခွက်သုံးနေပါက → ချက်ချင်းဖယ်ရှားပါ ဆရာဝန်အား သင်အသုံးပြုနေကြောင်း အသိပေးပါ
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.