ဆီးလမ်းကြောင်းပိုးဝင်ခြင်း(Urinary Tract Infections (UTI))

Patient Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

အကျဥ်းချုပ်

ဆီးလမ်းကြောင်းပိုးဝင်ခြင်းဆိုတာ ဆီးလမ်းကြောင်း ထဲ ဘက်တီးရီးယားပိုးဝင်တာကြောင့်ဖြစ်ပြီး ဆီးအိမ်, ဆီးပြွန် , ကောျက်ကပ်တွေ မှာ ပိုးဝင်နိုင်ပါတယ်။ အများအားဖြင့် ပိုးသတ် ဆေးနဲ့ ကုသဖို့လိုပြီး အမြဲတမ်းတော့ မလိုအပ်ပါဘူး။

လက္ခဏာများ

ဆီးလမ်းကြောင်းပိုးဝင်ခြင်းလက္ခဏာတွေကတော့:

  • ဆီးသွားလျှင် ပူခြင်း, နာကျင်ခြင်း
  • ဆီးအောင့်ခြင်း
  • ညဘက်ဆီးခဏခဏသွားခြင်း (nocturia)
  • ဆီးမထိန်းနိုင်ခြင်း
  • ဆီးသွားလျှင်အမြှုပ်ထခြင်း
  • ဆီးထဲတွင် သွေးပါခြင်း
  • ခါးနဲ့ ဆီးခုံနားတစ်ဝိုက် နာကျင်ခြင်း
  • ချမ်းတုန်ဖျားခြင်း
  • ကိုယ်ပူချိန်ကျခြင်း ( 36C အောက်)

ဆီးအရောင်က ရင့်တာ အနံ့ပြင်းတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတစ်ခုတည်းဖြစ်တာဆိုရင်တော့ ရေလုံလုံလောက်လောက်မသောက်လို့လည်းဖြစ်နိုင်ပါတယ်။

‌ကလး ငယ်များ

ကလေးတွေမှာလည်းဆီးလမ်းကြောင်းပိုးဝင်တာဖြစ်နိုင်ပါတယ်။ :

  • ကိုယ်ပူချိန်မြင့်တက်ခြင်း– သင့်ကလေးသည်လည်ပင်း၊ ပခုံး သို့မဟုတ် ခြေထောက်မှ အပူကို ခံစားရပါက ၎င်းသည် ပိုပြီး အပူရှိနေသော ဟု ဆိုနိုင်ပါသည်။
  • ကလေးငယ်များတွင် ဂျီကျခြင်း, အစားမစားခြင်း, အငိုသန်ခြင်း
  • အိပ်ယာထဲတွင် ဆီးသွားခြင်း
  • နေမကောင်းဖြစ်ခြင်း

အသက်ကြီးပြီး အားနည်းသောသူများ သို့မဟုတ် ဆီးပိုက်ထည့်ထားသောသူများ

သက်ကြီးရွယ်အိုများတွင် မှတ်ဉာဏ်၊ သင်ယူခြင်းနှင့် အာရုံစူးစိုက်မှု (စိတ်ကျဝေဒနာကဲ့သို့သော) နှင့် ဆီးပိုက် တပ်ထားသူများတွင် ဖြစ် နိုင်တဲ့ လက္ခဏာတွေက :

  • အမူအကျင့်များပြောင်းလဲခြင်း(ဒီလီရီယမ်) စတဲ့ အမူအကျင့် ပြောင်းလဲမှုတွေ
  • ဆီးမထိန်းနိူင်ခြင်း
  • ချမ်းတုန်ခြင်း

ဖြစ်ပွားရသောအကြောင်းအရင်း

ဆီးလမ်းကြောင်းပိုးဝင်ခြင်းဖြစ်စေရတဲ့ အဓိက အကြောင်းအရင်းက ဝမ်းတွင် တွေ့ရသော ဘက်တီးရီးယား ကြောင့်ဖြစ်ပါ သည်။

ဘက်တီးရီးယားကဆီးလမ်းကြောင်းကို အလွယ်တကူဝင်ရောက်နိုင်ပါတယ်။

အမျိုးသမီးတွေရဲ့ ဆီးလမ်းကြောင်းနဲ့ စအိုက အမျိုးသားများထက် ပိုပြီး နီးကပ်တာကြောင့် ရောဂါဖြစ်နိုင်ချေလည်း ပိုများပါတယ်။

အန္တရာယ်တိုးစေသောအကြောင်းရင်းများ

ဆီးပိုးဝင်နိုင်ချေကို မြင့်စေတဲ့ အချက်များစွာ ရှိပါတယ်။:

  •  လိင်ဆက်ဆံခြင်း
  • ကိုယ်ဝန်ဆောင်
  • ကျောက်ကပ်ကျောက် တည်ခြင်း
  • ဆီးကျိတ်ကြီးခြင်း၊ ကလေးများတွင် ဝမ်းချုပ်ခြင်းကြောင့် ဆီးလမ်းကြောင်းပိတ်ပြီး ဆီးပိုးဝင်လွယ်စေပါတယ်။
  • ဆီးပိုက်ကြာရှည်စွာ ထည့်ခြင်း၊ ပုံမှန်မလဲခြင်းတို့ကြောင့် ချိုးကပ်ပြီး ဆီးလမ်းကြောင်း ပိုးဝင်နိုင်ပါတယ်။
  • ဆီးချိုသွေးချိုနဲ့ ကိုယ်ခံအားကို အားနည်းစေသော အခြားရောဂါများကလည်း ဆီးလမ်းကြောင်းပိုးဝင်ခြင်း ကို မြင့်စေပါတယ်။
  • ရေလုံလောက်စွာမသောက်ခြင်း
  • လိင်အင်္ဂါ တစ်ဝိုက်ကို သန့်ရှင်းခြောက်သွေ့အောင်မထားခြင်း

ကုသမှု

အကယ်၍ ဆရာဝန် က သင့်မှာ ဆီးလမ်းကြောင်းပိုးဝင်တာ (UTI) ရှိနိုင်တယ်လို့ ထင်တယ်ဆိုရင် ဆီးစစ်စမ်းသပ်မှု ပြုလုပ်နိုင်ပါတယ်။အမြဲ တမ်းတော့ မလိုအပ်ပါဘူး။

ဒါ့အပြင် ဆရာဝန်က :

  • ရောဂါလက္ခဏာ သက်သာစေမယ့် မိမိဘာသာလိူက်နာရမယ့်နည်းတွေကို အကြံပေးပြီးလိုအပ်တဲ့ ဆေးဝါးတွေကို အကြံပြုပါလိမ့်မယ်။
  • ပဋိဇီဝဆေးဝါး
  • ပဋိဇီဝဆေးဝါးတွေကို ဆရာဝန်ညွှန်းပေးနိုင်ပြီး ၄၈ နာရီကြာ အရင်စောင့်ကြည့်ပြီးမသက်သာတော့မှ ဆေးသောက်နိုင်ပါတယ်။

သက်သာမှု စတင်ခံစားရရင်တောင်ဆရာဝန်ညွှန်းထားတဲ့ ဆေးအားလုံးကို သုံးဖို့ အရေးကြီးပါတယ်။

ဆီးလမ်းကြောင်းရောဂါများ (UTIs) မကြာခဏဖြစ်ပေါ်လာခြင်း (ပြန်လည်ဖြစ်ပေါ်လာသော UTIs) အတွက်ကုသမှု

အကယ်၍ ဆီးပိုးဝင်တာက ကုသမှုခံယူပြီးတာတောင် ၆ လအတွင်း နှစ်ကြိမ်ထက်ပိုပြီး ဖြစ်နေတယ်ဆိုရင်:

  • ပိူးသတ်ဆေးပြောင်းပေးတာ, ရက်ရှည်သောက်ခိုင်းတာ
  • သေွးဆုံးပြီးတဲ့ အမျိုးသမီးတွေဆို အီစထရိုဂျင်ပါတဲ့ လိမ်းဆေးပေးတာ
  • အခြားလိုအပ်တဲ့ စစ်ဆေးမှု တွေလုပ်တာရှိနိုင်ပါတယ်။

နာတာရှည် ဆီးပိုးဝင်ခြင်း

တချို့လူတွေမှာ UTI ရောဂါလက္ခဏာတွေ မပျောက်သွားပါဘူး။ ရေတိုပဋိဇီဝဆေးများက အလုပ်မလုပ်‌တာ ဆီးစစ်စမ်းသပ်မှုများက လည်းရောဂါကူးစက်မှုကို မဖော်ပြတာမျိုးဖြစ်နိုင်ပါတယ်။

ဒါက နာတာရှည် (ရေရှည်) UTI ရှိတယ်လို့ ဆိုလိုနိုင်ပါတယ်။ ဗက်တီးရီးယားပိုးများက ဆီးလမ်းကြောင်းရဲ့ နံရံ ကို ထိုးဖောက်ဝင်ရောက်လာခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည်။

ဆီးစစ်စမ်းသပ်မှုများလုပ်ပေမယ့် ရောဂါလက္ခဏာများသည် အခြားအခြေအနေများနှင့် ဆင်တူနိုင်သောကြောင့် နာတာရှည် UTIS ရောဂါရှာဖွေရန် ခက်ခဲနိုင်ပါတယ်။

နာတာရှည် ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ပဋိဇီဝဆေးများဖြင့်အချိန်အတော်ကြာကြာ ကုသပေးနိုင်သည်။

နာတာရှည် ဆီးလမ်းကြောင်းပိုးဝင်ခြင်းသည် သင့် ဘဝ အရည်အသွေး အပေါ် ကြီးမား သော အကျိုး သက်ရောက် မှု ရှိ နိုင် ပါ သည် ။ အကယ်၍ ကုသမှု ခံခဲ့ရသော်လည်း ရောဂါလက္ခဏာများ ရှိနေဆဲဖြစ်ပါက ဆရာဝန်ကိုပြောပြပြီး ကုသမှုအကြံဥာဏ်‌ေတာင်းခံပါ။


မိမိဘာသာသက်သာအောင်လုပ်လို့ရမယ့်နည်းလမ်းများ

မိမိဘာသာသက်သာအောင်လုပ်လို့ရမယ့်နည်းတွေကတော့:

  • အဖျားကျဖို့ ပါရာစီတမော အများဆုံး တစ်နေ့၄ ကြိမ် ထိသောက်လို့ရပါတယ်။
  • ကလေးငယ်တွေကိုတော့ ပါရာစီတမောအရည်တိုက်လို့ရပါတယ်။
  • အနားယူပါ။ ရေများများသောက်ပါ။
  • ရောဂါလက္ခဏာရှိနေစဥ် လိင်ဆက်ဆံခြင်းကို ရှောင်ပါ။

ဆီးလမ်းကြောင်းပိုးဝင်တာကိုကာကွယ်ဖို့ cranberry juice ကိုသောက်နိုင်ပါတယ်။ ဒါပေမယ့် ပိုးဝင်ပြီဆိုရင်တော့ ပိုးဝင်တာကို ကုသနိုင်ခြင်းမရှိပါ။

ကာကွယ်ရန်အချက်များ

ဆီးပိုးမဝင်အောင်ကာကွယ်နိုင်မယ့်နည်းလမ်းတွေကတော့

လိုက်နာရန်:

  • အိမ်သာသွားတဲ့အခါ ရှေ့ကနေ နောက်ဘက်ကို ဆေးကြောပါ
  • သန့်ရှင်းပြီး ခြောက်သွေ့အောင်ထားပါ။
  • အရည် အများအပြား သောက် ပါ ၊ အထူးသဖြင့် ရေ အများအပြား သောက် ပါ
  • လိင် မဆက်ဆံခင်နဲ့ ဆက်ဆံပြီးနောက် ရေနဲ့ဆေးပြီး ဆီးသွားခြင်း၊ သန့်ရှင်းအောင်လုပ်ခြင်းတို့ ပြုလုပ်သင့်ပါတယ်။
  • လိင်ဆက်ဆံပြီးနောက်ဆီးသွားခြင်း၊
  • နေ့စဥ်သုံး အတွင်းခံဂွမ်းထုပ်များကို မကြာခဏလဲပါ။ 

ရှောင်ရန်:

  • အမွှေးနံ့လွန်ကဲ သော ဆပ်ပြာကို အသုံးမပြုပါနဲ့
  • ဆီးကိုမအောင့်ထားပါနှင့်
  • ဆီးသွားတဲ့အခါ ဆီးအိမ်ထဲမှာဆီးမကျန်အောင်သွားပါ။
  • Nylon အသားကဲ့သို့ တင်းကျပ်သော အတွင်းခံကို မဝတ်ဆင်ပါနှင့်
  • အရက်အလွန်အကျွံသောက်တာမျိုး မသောက်ပါနဲ့။
  • ဗက်တီးရီးယားတွေကို ကြီးထွားဖို့ အားပေးနိုင်တဲ့အတွက် သကြားဓာတ်အစားအစာ ဒါမှမဟုတ် သောက်စရာတွေ အလွန်အကျွံမသောက်စားပါနှင့်
  • ကွန်ဒုံးများ ပေါ်တွင် သုတ်ပိုးသတ်ဆေး များ မသုံးပါနဲ့ -အခြား သန္ဓေတားနည်းအမျိုးမျိုးကို စမ်းကြည့်ပါ

ဆီးလမ်းကြောင်းပိုးဝင်ခြင်းပြန်ဖြစ်တာကို ကာကွယ်နိုင်မယ့်နည်းလမ်းများ

ဆီးလမ်းကြောင်းပိုးဝင်ခြင်းပြန်ဖြစ်တာကို ကာကွယ်နိုင်မယ့်နည်းတွေကတော့:

  • D-mannose သကြားဖျော်ရည် နဲ့
  • cranberry ဖျော်ရည် ,ဆေးပြားနဲ့ ဆေးလုံး စတာတွေသောက်လို့ရပါတယ်။

ကိုယ်ဝန်ဆောင်ဆိုရင်တော့ ဆရာဝန်နှင့်တိုင်ပင်ပြီး မှ သောက်ပါ။

 D-mannose and cranberry products များသည် သကြားအမြောက်အမြားပါဝင်ပါသည်။ 

သွေးကြဲဆေးသောက်သူဆိုရင် cranberry ကိုမသောက်သင့်ပါ။

ဆရာဝန်နှင့်ပြသ ရန်အချိန်

အောက်ပါအခြေအနေများတွင် ဆရာဝန်နှင့်ပြသပါ :

  • ပထမဆုံးအကြိမ်ဖြစ်ပေါ်သည့် ဆီးလမ်းကြောင်းရောဂါလက္ခဏာများ
  • သင့်ကလေးတွင် ဆီးလမ်းကြောင်းရောဂါ လက္ခဏာများရှိပါက
  • အမျိုးသားဖြစ်ပြီး ဆီးလမ်းကြောင်းရောဂါ လက္ခဏာများရှိပါက
  • ကိုယ်ဝန်ရှိပြီး ဆီးလမ်းကြောင်းရောဂါ လက္ခဏာများရှိပါက
  • အသက်ကြီးသူများတွင် ဆီးလမ်းကြောင်းရောဂါ လက္ခဏာများရှိပါက
  • ခွဲစိတ်မှုအပြီး ဆီးလမ်းကြောင်းရောဂါ လက္ခဏာများပေါ်လာပါက
  • လက္ခဏာများကို ကုသမှုစတင်ပြီး ၂ ရက်အတွင်း မလျော့ပါးဘဲ ဆိုးရွားလာပါက
  • ကုသမှုပြီးနောက် လက္ခဏာများ ပြန်လည်ပေါ်လာပါက

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
04 October 2024
တီဘီရောဂါ(Tuberculosis (TB))
Patient Guide