Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
အကျဥ်းချုပ်
အင်ပြင်ကွက်ထခြင်း သည် ပုံမှန်အားဖြင့် ရက်အနည်းငယ်တွင် တိုးတက်ကာ ကောင်းမွန်လာပါသည်။ သင်သည် အင်ပြင်ကွက်ထခြင်း ကို ကိုယ်တိုင် ကုသနိုင်ပါသည်။
လက္ခဏာများ
အင်ပြင်ကွက်ထခြင်း ၏ အဓိကလက္ခဏာမှာ အရေပြားအနီကွက်များဖြစ်ပြီးယားယံ ခြင်း ဖြစ်ပါသည်။ အနီကွက်များသည်-
- အဖုအပိန့်များ အကွက်များဖြစ်နိုင်သည်၊ အရွယ်အစားနှင့် ပုံစံ အမျိုးမျိုးရှိနိုင်ပါသည်
- သင်၏အရေပြားတွင် ဘယ်နေရာတွင်မဆို ပေါ်ပေါက်နိုင်ပါသည်
- တစ်နေရာတွင်သာရှိနိုင်သည် သို့မဟုတ် တစ်ခါတစ်လေ ခန္ဓာကိုယ် နေရာအနှံ့ဖြစ်နိုင်သည်
- ယားယံခြင်း ,စူးခြင်းသို့မဟုတ် လောင်ခြင်းကိုခံစားနိုင်သည်
- အဖြူရောင်အသားရေရှိသူတွင် ပန်းရောင် သို့မဟုတ် အနီရောင်ဖြစ်တတ်သည်။ သို့သော်၊ အညိုနှင့်အမည်းရောင်အသားရေရှိသူတွင် ရောင်ရမ်းခြင်းရဲ့ အရောင်ကို ကြည့်ရှုရခက်နိုင်ပါသည်
ကုသမှုရွေးချယ်စရာများ
ဆရာဝန်သည် menthol ခရင်၊antihistaminesများ သို့မဟုတ် စတီရိုက်ဆေးများ ပေးနိုင်ပါသည်။
အင်ပြင်ကွက်ထခြင်းသည် ကုသမှုဖြင့် မသက်သာပါက၊ သင်ကို အရေပြားဆိုင်ရာ အထူးကုဆရာဝန် (အရေပြားဆရာဝန်) ထံ ညွှန်ပေးနိုင်ပါသည်။
ကာကွယ်ရန်အချက်များ
အင်ပြင်ကွက်ထခြင်း ကို အမြဲတမ်းကာကွယ်နိုင်မည်မဟုတ်ပါ။
သင်သည် အင်ပြင်ကွက်ထခြင်း ရောဂါကို ခံစားရသည်မှာ အရာတစ်ခုခုက သင့်အရေပြားတွင် histamines နှင့် အခြားchemical များ အရမ်းထွက်ပေါ်စေသည့်အခါ ဖြစ်ပါသည်။
ရောင်ရမ်းခြင်းဖြစ်စေသောအကြောင်းအရာများတွင် ပါဝင်နိုင်သော အရာများမှာ -
- မတည့်သောအစားအသောက် အချို့ကို စားသုံးခြင်း
- အပင်များ၊ တိရိစ္ဆာန်များ၊ ကီမီကယ်များနှင့် လေးတက်စ်နှင့်ထိတွေ့မိခြင်း
- အေးသောအရာများ၊ ဥပမာ -ရေအေး သို့မဟုတ် လေအေး
- လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ချွေးထွက်ပြီး အရေပြားပူလာခြင်း စိတ်ဖိစီးမှု သို့မဟုတ် အစပ်ပါသောအစားအစာများစားခြင်း
- ဆေးဝါးတစ်ခုမှ တုံ့ပြန်မှု၊ အင်းစက်ကိုက်ခြင်း
- သင့်အရေပြားကို ကုတ်ဖဲ့ခြင်း သို့မဟုတ် ဖိအားပေးခြင်း၊ ဥပမာ - တင်းကြပ်သော အဝတ်အစားများယားယံမှုဖြစ်စေသောအဝတ်များ
- ကူးစက်ရောဂါ
- သင့်ရဲ့ ကိုယ်ခံအားစနစ်နှင့်ပတ်သက်သော ပြဿနာ
- ရေ သို့မဟုတ် နေရောင်ခြည်၊ (အလွန်ရှားပါးပါသည်)
သင့်အတွက် အင်ပြင်ကွက်ထခြင်း ဖြစ်စေသော အကြောင်းအရာများကို ရှာဖွေပါက၊ ထိုအကြောင်းအရာများကို ရှောင်ကြဉ်နိုင်ပါက အကူအညီဖြစ်နိုင်သည်။ ဤကဲ့သို့ အင်ပြင်ကွက်ထခြင်း တစ်ခုခုဖြစ်ပေါ်ခြင်းကို ကာကွယ်ရန် ကူညီနိုင်ပါသည်။
ဆရာဝန်နှင့်ပြရန်အချိန်
ဆရာဝန်နှင့် အရေးပေါ် ချက်ခြင်း ဆက်သွယ်ပါ
- အင်ပြင်ကွက်ထခြင်း ၏ လက္ခဏာများ ၂ ရက်အကြာ မတိုးတက်ပါက
- သင့်ကလေး၏ အင်ပြင်ကွက်ထခြင်း အတွက် စိုးရိမ်နေပါက
- ယားယံခြင်းသည် ပိုဆိုးလာပါက
- အင်ပြင်ကွက်ထခြင်း သည် အကြိမ်ကြိမ် ပြန်လည်ဖြစ်ပေါ်နေပါက (သင့်အနေဖြင့် ဓာတ်မတည့်မှု တစ်ခုခုဖြစ်နေလားဆိုတာ စဥ်းစားပါ)
- သင်တွင် ကိုယ်အပူချိန်မြင့်ခြင်းနှင့် မကျန်းမာပါက
- သင်တွင် အရေပြားအောက်တွင် swelling (angioadema) ရှိပါက
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.