ကြက်ညှာချောင်းဆိုးရောဂါ(Whooping Cough)

Patient Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

အရေးကြီးချက်
ဆေးသောက်စီစဉ်ထားသော အန်တီဘိုင်ယိုတစ်ကို သတ်မှတ်ထားသည့် အကြိမ်ရေ အားလုံးအပြည့်အဝ သောက်ပါ၊ သင့်ရဲ့ လက္ခဏာများသက်သာလာပါကလည်း ဆေးကိုရပ်လိုက်ပါက  ရောဂါပြန်လည်လာနိုင်ပါသည်။

အကျဥ်းချုပ်

ကြက်ညှာချောင်းဆိုးရောဂါ (Whooping Cough or Pertussis) သည် အဆုတ်နှင့် အသက်ရှူလမ်းကြောင်းတွင် ဖြစ်ပွားသော ရောဂါတစ်ခုဖြစ်သည်။ ၎င်းသည် လွယ်ကူစွာ ကူးစက်နိုင်ပြီး အလွန် ပြင်းထန်နိုင်ပါသည်။ သို့ဖြစ်၍ ကလေးများ၊ ဆယ်ကျော်သက်များနှင့် ကိုယ်ဝန်ရှိသူများအတွက် ကာကွယ်ဆေး ထိုးသွင်းခြင်းမှာ အရေးကြီးပါသည်။

လက္ခဏာများ

ကြက်ညှာချောင်းဆိုးရောဂါ၏ ပထမဦးဆုံးလက္ခဏာများမှာ အအေးမိရောဂါကဲ့သို့ ဖြစ်ပြီး နှာရည်ယိုခြင်းနှင့် လည်ချောင်းနာခြင်းတို့ ဖြစ်တတ်သည် (အဖျားတက်ခြင်းမှာ ရှားပါးသည်)။

တစ်ပတ်ကြာပါက သင် သို့မဟုတ် သင့်ကလေးမှာ-:

  • ချောင်းဆိုးခြင်း ဖြစ်လာပြီး မိနစ်အနည်းငယ်ကြာသည်။ ညဘက်တွင် ပိုဆိုးတတ်သည်။
  • ချောင်းဆိုးရင်း အသက်ရှူကြပ်ပြီး "whoop" လို့ သံထွက်တတ်သည် (တချို့ ကလေးငယ်များနှင့် အရွယ်ရောက်သူများမှာ "whoop" သံမထွက်နိုင်ပါ)
  • ချောင်းဆိုးပြီးနောက် အသက်ရှူခြင်း ခက်ခဲတတ်သည်။ အပြာရောင် သို့မဟုတ် မီးခိုးရောင်ဖြစ်တတ်သည် (အထူးသဖြင့် ကလေးငယ်များတွင်)
  • သလိပ်ပြစ်ပြစ်များအန်ခြင်း
  • မျက်နှာ နီတတ်သည် (အရွယ်ရောက်သူများတွင် ပိုမိုဖြစ်တတ်သည်)

ဒီချောင်းဆိုးခြင်းဟာ လများစွာကြာရှည် ဖြစ်နိုင်ပါသည်။

ကုသမှု

ကြက်ညှာချောင်းဆိုးရောဂါအတွက် ကုသမှုမှာ သင့်အသက်အရွယ်နှင့် ရောဂါကူးစက်နေချိန်အကြာအရွယ်ပေါ်မူတည်ပါတယ်။

ကြက်ညှာချောင်းဆိုးရောဂါပြင်းထန်သောလူနာများ သို့မဟုတ် အသက် ၆ လအောက် ကလေးငယ်များမှာ ဆေးရုံတွင် ကုသရခြင်း လိုအပ်တတ်သည်။

ချောင်းဆိုးရင်း ၂ ပတ်အတွင်း ကြက်ညှာချောင်းဆိုးရောဂါရှိကြောင်းသိရပါက အခြားသူများထံ ဆက်လက်မပျံ့နှံ့အောင် ကာကွယ်ရန် ပိုးသတ်ဆေးများ ပေးသွားပါမည်။

ချောင်းဆိုးစပြုပြီး ၃ ပတ်အတွင်း ကျန်းမာရေးဝန်ထမ်းများကိုလည်း ပိုးသတ်ဆေးများ ပေးနိုင်သည်။

ပိုးသတ်ဆေးများသည် ရောဂါလက္ခဏာများကို လျော့ပါးစေခြင်း မရှိကြောင်း သိထားရန်လိုသည်။

အရေးကြီးချက်- သင်သက်သာသွားတယ်ထင်ပြီးလည်း ပိုးသတ်ဆေးများကို ဆက်လက်သောက်ပါ။ ဆေးကုသခြင်း မပြီးဆုံးပါက ရောဂါပြန်ဖြစ်လာနိုင်ပါသည်။


ကြက်ညှာချောင်းဆိုးရောဂါကို သက်သာအောင်လုပ်ဆောင်နိုင်မည့်နည်းလမ်းများ

 ကြက်ညှာချောင်းဆိုးရောဂါကို သက်သာစေဖို့ လုပ်ဆောင်နိုင်တဲ့ အရာများရှိပါတယ်။

လိုက်နာရန်:

  • အနားယူမှုများအပြည့်အဝ ရယူပါ။
  • ရေများများသောက်ပါ။
  • သင့်တင့်သော ပါရာဆီတမောလ် သို့မဟုတ် အိုင်ဘူပရိုဖင်းကို သင့်ရဲ့ နာကျင်မှု သို့မဟုတ် သင့်ရဲ့ ကလေး၏ နာကျင်မှုကို သက်သာစေဖို့ သောက်ပါ။ – သင့်သို့မဟုတ် သင့်ရဲ့ ကလေးအတွက် သင့်တော်သည်ဟု မသေချာပါက ဆေးအညွှန်းကို စစ်ဆေးပါ။

ရှောင်ကြဥ်ရန်

  • ၁၆ နှစ်အောက်ကလေးများကို အက်စပီရင် မပေးပါနှင့်။

ကြက်ညှာချောင်းဆိုး ကူးစက် ပျံ့နှံ့သည့် ကာလ

အဆိုပါကြက်ညှာချောင်းဆိုး ရှိပါက ချောင်းဆိုးအစပြုထားပြီး ၃ ပတ်အထိ ကူးစက်နိုင်ပါသည်။

ချောင်းစတင်ဆိုးပြီး ၂ ပတ်အတွင်း ပိုးသတ်ဆေး သောက်ပါက ကူးစက်နိုင်ခြေကိုလျှော့ ချပေးပါသည်။

အရေးကြီးသည်: ကျောင်း၊ အလုပ် သို့ သွားခြင်းကို ပိုးသတ်ဆေးစသောင်ပြီ း ၄၈ နာရီ သို့မဟုတ် ပိုးသတ်ဆေးမသောက်ပါ က ၂ပတ်အတွင်း ရှောင်ပါ။ 

အကယ်၍ သင် သည် ကျန်းမာရေးဝန်ထမ်း သို့မဟုတ် ကလေးမူကြိုတွင် အလုပ်လုပ်နေသူ ဖြစ်ပါက   ပိုးသတ်ဆေးမသောက်ပဲ ချောင်းဆိုးစတင်ပြီး ၃ ပတ်အထိ အလုပ်မလုပ်သင့်ပါ။

ကာကွယ်ရန်အချက်များ

ကြက်ညှာချောင်းဆိုး ကာကွယ်ဆေး

ကြက်ညှာချောင်းဆိုး ကာကွယ်ဆေးသည် နို့စို့အရွယ်ကလေးများနှင့် ကလေးများကို ကြက်ညှာချောင်းဆိုးရောဂါကာကွယ်ရန် အထောက်အကူပြုသည်။

ကြက်ညှာချောင်းဆိုး ကာကွယ်ဆေးကို ပုံမှန်အားဖြင့်အချို့နိုင်ငံများ တွင်။ :

  • ၆ မျိုးစပ် ကာကွယ်ဆေး - နို့စို့အရွယ် ကလေးများအတွက် ၈၊ ၁၂ နှင့် ၁၆ ပတ်တွင်
  • ၄ မျိုးစပ် ကာကွယ်ဆေး အထောက်အကူပေးကာကွယ်ဆေး - ၃ နှစ် ၄ လအရွယ် ကလေးများအတွက်

ကိုယ်ဝန်ဆောင်ဖြစ်ပါကကြက်ညှာချောင်းဆိုး ကာကွယ်ဆေးကိုကိုယ် ဝန်ရက်သတ္တပတ် ၂၀ ပတ်ခန့်လျှင်ထိုးသင့်သည်။ အကယ်၍ ကာကွယ်‌ ဆေးမထိုးရသေးပါက ဆရာဝန်နှင့် တိုင်ပင်ပါ။

ကိုယ်ဝန် ၂၀ ပတ်ရှိပြီး ကြက်ညှာချောင်းဆိုး ကာကွယ်ဆေးကို မထိုးပေးရသေးပါက သင့် GP ဆေးခန်း သို့မဟုတ် သားဖွား မီးယပ် ဆရာဝန်နှင့် ဆက်သွယ်ပြောဆိုပါ။

ဆရာဝန်နှင့်ပြသ ရန်အချိန်

ကြက်ညှာချောင်းဆိုး သည် အန္တရာယ်ရှိနိုင်ပါသည်။

 ကြက်ညှာချောင်းဆိုး ရှိသော သားငယ်များ (၁၂ လ မပြည့်သေးသော) တွင် အောက်ပါပြဿနာများ ဖြစ်ပွားနိုင်သည်-

  • ရေဓာတ်လျော့နည်းခြင်း
  • အသက်ရှူရ ခက်ခဲခြင်း
  • နမိုးနီးယား
  • တက်ခြင်း (fit)

ကြက်ညှာချောင်းဆိုး သည် အရွယ်ရောက်ပြီးသူများတွင် အရမ်းမဆိုးနိုင်သော်လည်း ချောင်းဆိုးခြင်းသည် အောက်ပါပြဿနာများ ဖြစ်စေနိုင်ပါသည်-:

  • နံရိုးများ ရောင်ရမ်းနာကျင်ခြင်း
  • အူကျခြင်း
  • နားအလယ်ပိုင်းပိုးဝင်ခြင်း
  • ချောင်းဆိုးစဥ် ဆီးမထိန်းနိုင်ခြင်း

ချောင်းဆိုးချိန်တွင် သင်သည် သို့မဟုတ် သင့်ကလေးသည် ချောင်းဆိုးတာနဲ့ ပက်သက်ပြီး အောက်ပါပြဿနာများ ရှိပါက အရေးပေါ် ကို အမြန်ဆုံးသွားပါ။:

  • သင့်သို့မဟုတ် သင့်ကလေး၏ နှုတ်ခမ်း၊ မျက်နှာ သို့မဟုတ် အရေပြားသည်အပြာရောင် မီးခိုး‌ေရာင်ပြောင်းလာပါက လက်များ သို့မဟုတ် ခြေလက်များအောက်တွင် ပို၍ မြင်ရသည်)
  • သင့်သို့မဟုတ် သင့်ကလေးသည် အသက်ရှူ ရန် ခက်ခဲနေပါက
  • သင့်သို့မဟုတ် သင့်ကလေးတွင် ချောင်းဆိုးတာ ဒါမှမဟုတ် အသက်ရှူတဲ့ အခါ ရင်ဘတ်အောင့်တာ ဖြစ်ပါက ( နမိုးနီးယားလက္ခဏာဖြစ်နိုင်သည်)
  • သင့်ကလေး တက်ပါက 

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
12 October 2024
ဆီးလမ်းကြောင်းပိုးဝင်ခြင်း(Urinary Tract Infections (UTI))
Patient Guide