ရေတိမ်ရောဂါ

Patient Guide
2025- ဇွန် 14 by
ရေတိမ်ရောဂါ
Zwe Htoo
This page is for educational purposes only. Always consult a healthcare provider for medical concerns.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

အကျဥ်းချုပ်

ရေတိမ်သည် မျက်လုံးနှင့် ဦးနှောက်ကို ဆက်သွယ်ပေးသော အမြင်အာရုံကြော (optic nerve) ပျက်စီးခြင်းကြောင့် ဖြစ်ပွားသည့် မျက်စိရောဂါတစ်မျိုးဖြစ်သည်။

အများအားဖြင့် မျက်လုံး၏အရှေ့ပိုင်းတွင် အရည်များ စုပုံလာကာ မျက်လုံးအတွင်းဖိအား တက်လာခြင်းကြောင့် ဖြစ်တတ်ပါသည်။

အချိန်မီမကုသပါက အမြင်အာရုံဆုံးရှုံးနိုင်ပါသည်။

အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သော်လည်း အထူးသဖြင့် အသက် ၇၀ နှင့် ၈၀ အတွင်း လူကြီးများတွင် အဖြစ်များပါသည်။

ရေတိမ်အမျိုးအစားများ

ရေတိမ်အမျိုးအစားများစွာရှိပါသည်။

ထောင့်ပွင့်ရေတိမ် (Primary Open Angle Glaucoma)အဖြစ်အများဆုံးဖြစ်ပြီး နှစ်ပေါင်းများစွာ ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာတတ်သည်။

မျက်လုံးအတွင်းရှိ အရည်စီးကြောင်းများ တဖြည်းဖြည်း ပိတ်ဆို့လာခြင်းကြောင့် ဖြစ်ရသည်။

အခြား ရေတိမ်အမျိုးအစားများ:

  • ထောင့်ပိတ်ရေတိမ် (Acute Angle Closure Glaucoma)  – ရုတ်တရက် အရည်စီးကြောင်းပိတ်ဆို့ပြီး မျက်လုံးအတွင်းဖိအား အလွန်အမင်းမြန်မြန်တက်လာနိုင်သည့် ရှားပါးသောအမျိုးအစား
  • အခြားမျက်စိရောဂါများကြောင့်ဖြစ်သော ရေတိမ် (Secondary Glaucoma)– မျက်စိအတွင်းရောင်ရမ်းခြင်း (uveitis) ကဲ့သို့သော အခြေခံမျက်စိရောဂါများကြောင့် ဖြစ်ပေါ်
  • ကလေးဘဝရေတိမ် (Childhood Glaucoma) – အလွန်ရှားပါးပြီး မွေးရာပါမျက်လုံးချို့ယွင်းမှုကြောင့် ဖြစ်ပေါ်

လက္ခဏာများ

အစပိုင်းတွင် သိသာသောလက္ခဏာမပြတတ်ပါ။

နှစ်ပေါင်းများစွာ ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာကာ ဘေးဘက်အမြင်ကို စတင်ထိခိုက်နိုင် သည်။

ဤအကြောင်းကြောင့် လူများစွာသည် မိမိတွင် ရေတိမ်ရှိမှန်း မသိကြဘဲ၊ ပုံမှန်မျက်စိစစ်ဆေးမှုများတွင်သာ သတိထားမိတတ်ပါသည်။

လက္ခဏာများ သတိထားမိပါက အမြင်ဝေဝါးခြင်း အလင်းစူးသောနေရာများတွင် သက်တံ့ရောင်စက်ဝန်းများ မြင်ရခြင်းများဖြစ်နိုင်သည်။

မျက်လုံးနှစ်ဖက်လုံး ထိခိုက်တတ်သော်လည်း တစ်ဖက်က ပိုဆိုးနိုင်ပါသည်။

ရုတ်တရက်ဖြစ်ပေါ်နိုင်သော ပြင်းထန်လက္ခဏာများ :

  • မျက်လုံးအလွန်အမင်းနာကျင်
  • ပျို့အန်ခြင်း
  • မျက်လုံးနီရဲခြင်း
  • ခေါင်းကိုက်ခြင်း
  • မျက်လုံးအနီးတစ်ဝိုက် နာကျင်နိုင်
  • အလင်းများပတ်လည်တွင် စက်ဝန်းများမြင်ရခြင်း
  • အမြင်ဝေဝါးခြင်း

ဖြစ်ပွားရသည့်အကြောင်းရင်းများ

ရေတိမ်ဖြစ်ပွားရသောအကြောင်း အရင်းများစွာရှိပါသည်။ 

ရေတိမ်သည် မျက်လုံးအတွင်းဖိအား တက်ခြင်း (အရည်စီးကြောင်းပိတ်ဆို့၍) ကြောင့် အများဆုံးဖြစ်ပြီး၊

ထိုဖိအားများခြင်းက အမြင်အာရုံကြော (optic nerve) ကို ပျက်စီးစေပါသည်။

အန္တရာယ်မြင့်စေသောအချက်များ :

  • အသက်ကြီးခြင်း (အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ ဖြစ်နိုင်ခြေများ)
  • အာဖရိက၊ ကာရစ်ဘီယံ သို့မဟုတ် အာရှမျိုးနွယ်များ
  • မိသားစုတွင် ရေတိမ်ရောဂါရာဇဝင်ရှိခြင်း
  • အဝေးမှုန်ခြင်း၊ အနီးမှုန်ခြင်း နှင့် ဆီးချိုရောဂါများ

ရေတိမ်ကို အပြည့်အဝကာကွယ်နည်းမရှိသော်လည်း၊ ပုံမှန်မျက်စိစစ်ဆေးမှုခံယူခြင်းဖြင့် အစောပိုင်းတွင် သိရှိနိုင်ပါသည်။

ရောဂါရှာဖွေခြင်း

ရေတိမ်ကို များသောအားဖြင့် မျက်မှန်ဆိုင်တွင် ပုံမှန်မျက်စိစစ်ဆေးမှုများဖြင့် သိသာသောလက္ခဏာမပြမီကတည်းက စောစီးစွာ သိရှိနိုင်ပါသည်။

မျက်မှန်ပညာရှင် (optometrist) မှ စစ်ဆေးပေးမည်

အနည်းဆုံး ၂ နှစ်တစ်ကြိမ် ပုံမှန်စစ်ဆေးသင့်သည်

နာကျင်မှုမရှိသော အမြန်စစ်ဆေးနည်းများဖြင့် စစ်ဆေးနိုင်ပါသည်။ ဥပမာ: အမြင်အာရုံစစ်ဆေးခြင်း မျက်လုံးအတွင်းဖိအားတိုင်းတာခြင်း

ရေတိမ်ရှိကြောင်း စစ်ဆေးတွေ့ရှိပါက မျက်စိအထူးကုဆရာဝန် (ophthalmologist) ထံ ကုသမှုခံယူရန် ညွှန်းပေးမည်။

ကုသမှုနည်းလမ်းများ

ရေတိမ်ရောဂါ မတွေ့မီ ဆုံးရှုံးသွားသော အမြင်အာရုံကို ပြန်လည်ရရှိနိုင်မည်မဟုတ်သော်လည်း၊ ကုသမှုဖြင့် အမြင်အာရုံ ပိုဆိုးမလာစေရန် တားဆီးနိုင်ပါသည်။

The treatment recommended for you will depend on the type of glaucoma you have, but the options are:

  • မျက်စဉ်းခပ်ခြင်း - မျက်လုံးအတွင်းဖိအားလျော့ကျစေရန်
  • လေဆာကုထုံး - ပိတ်နေသောအရည်စီးကြောင်းများကိုဖွင့်ရန် သို့မဟုတ် အရည်ထုတ်လုပ်မှုလျော့ကျစေရန်
  • ခွဲစိတ်ကုသမှု - အရည်စီးဆင်းမှုကောင်းမွန်စေရန်

ပြီးနောက် သင့်အခြေအနေနှင့် ကုသမှုအကျိုးရှိမရှိ စောင့်ကြည့်ရန် ပုံမှန်ပြန်လည်စစ်ဆေးမှုများ လိုအပ်မည်။

ဆရာဝန်နှင့်ပြသရန်အချိန်

သင့်အမြင်အာရုံနှင့်ပတ်သက်၍ စိုးရိမ်စရာရှိပါက မျက်မှန်ဆိုင် သို့မဟုတ် မိမိဆရာဝန်ထံ သွားရောက်ပြသပါ။

ရေတိမ်ရောဂါရှိပါက စောစီးစွာ ရောဂါရှာဖွေကုသမှု ခံယူခြင်းဖြင့် အမြင်အာရုံပိုမိုဆိုးရွားလာခြင်းကို ကာကွယ်နိုင်ပါသည်။

ကုသမှုမခံယူပါက ရေတိမ်သည် အဆုံး၌ မျက်စိကွယ်ခြင်း အထိ ဖြစ်စေနိုင်ပါသည်။

ရေတိမ်၏ ရုတ်တရက်လက္ခဏာများ (ပြင်းထန်မျက်လုံးနာကျင်ခြင်း၊ အမြင်ဝေဝါးခြင်း၊ မျက်လုံးနီရဲခြင်း စသည်) ပေါ်ပေါက်ပါက အနီးဆုံး မျက်စိဆေးခန်းသို့ အမြန်ဆုံးသွားပါ။

ဤအခြေအနေသည် အရေးပေါ်ဆေးကုသမှု လိုအပ်နိုင်သော အရေးကြီးသည့် အခြေအနေတစ်ခုဖြစ်ပါသည်။

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
20 May 2025